သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္နယ္ေျမရွင္းလင္းေရးအတြင္း ဒီပဲယင္းနယ္ေဒသခံ ၈ ဦး အသတ္ခံရ


ဒီပဲယင္းၿမိဳ႕


[[Zawgyi/Unicode]]

စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းေနတ့ဲ စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ ဒီပဲယင္းၿမိဳ႕ နယ္၊ မင္းေဆြႏွစ္ေက်းရြာမွာ ေဒသခံ ၈ ဦး သတ္ျဖတ္ခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္တပ္ေတြ ဝင္လာတဲ့အတြက္ ႐ြာသားေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ စစ္ကိုင္းတိုင္း ယင္းမာပင္နဲ႔ ကနီနယ္ၾကားမွာလည္း စစ္ေကာင္စီတပ္က ဆက္တိုက္ နယ္ေျမရွင္းေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္က တင္ျပေပးထားပါတယ္။

စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြရွိေနတဲ့ စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ ဒီပဲယင္းၿမိဳ႕နယ္ထဲက မင္းေဆြႏွစ္ေက်းရြာကို ဒီေန႔ မတ္လ ၄ ရက္ ေသာၾကာေန႔ မနက္ လင္းအားႀကီးအခ်ိန္မွာ စစ္ေကာင္စီတပ္ေတြ ေရာက္လာၿပီး ကင္းေစာင့္ေပးေနသူ ၈ ဦးကို သတ္ျဖတ္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္သားေတြ ဝင္ လာတဲ့အတြက္ မင္းေဆြႏွစ္ေက်းရြာသားေတြ ေၾကာက္ရြံ႕ၿပီး ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မင္းေဆြႏွစ္မွာျဖစ္တာ။ မနက္ခင္း ေဝလီေဝလင္း ၅ နာရီေက်ာ္ ၆ နာရီေလာက္ မွာ စိုင္ျပင္ကထြက္လာတဲ့ စစ္ေၾကာင္းကေနၿပီးေတာ့ ကင္းေစာင့္ေနတဲ့ကေလးေတြ ရြာသူရြာသားေလးေတြကို သူတို႔က ကာကြယ္ေရးက ကေလးေတြလို႔ထင္မွာေပါ့ဗ်ာ။ အဲ့ဒါ သတ္သြားတာဗ်။ ၈ ေယာက္ ။ ရပ္ရြာမွာ ၾကားကာလ ဒီလိုဖရိုဖရဲေတြျဖစ္ေနေတာ့ သူတို႔ရန္ေၾကာက္လို႔ အားလံုးစုၿပီးေတာ့ ေကာင္းေကာင္း အိပ္လို႔ ရေအာင္ သူတို႔လာရင္ စစ္သားေတြလာလို႔ရွိရင္ ေျပးလို႔ရေအာင္ ဒါမ်ိဳးေစာင့္ၾကည့္တဲ့အဖြဲ႔ပါ။ ဘာမွေတာ့မရွိဘူး။ ဘာမွမရွိဘဲ ဒီတိုင္းခံရတာေပါ့။ စုစုေပါင္း သူတို႔ ျဖစ္တာက ၁၀ ေယာက္ေက်ာ္ေပါ့။ ဒါေပမယ့္ ၂ ေယာက္ ၃ ေယာက္ေလာက္ လြတ္ခဲ့တယ္ေပါ့ေနာ္။ တေယာက္ကေတာ့ လက္ေမာင္းမွန္တယ္။ တေယာက္ ကေတာ့ ကြင္းလံုးကြ်တ္လြတ္ခဲ့တာေပါ့။ အဲ့ရြာသားေတြ ေျပးေနရတယ္။ စစ္ေဘး ေရွာင္ေနရတယ္။ သူတို႔ေနာက္တခါ ျပန္လာမွာစိုးလို႔ ေၾကာက္လို႔ေရွာင္ေနရတယ္။”

႐ြာသားေတြကို သတ္ျဖတ္ မီး႐ႈိ႕သြားတာျဖစ္ပါတယ္။ အခုလို မင္းေဆြႏွစ္ရြာမွာျဖစ္တဲ့ ကိစၥနဲ႔ပတ္သက္လုိ႔ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္လာတာ မရွိေသးပါဘူး။ ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ ပစ္ခတ္တိုက္ခိုက္မႈေတြမ႐ွိတာ လနဲ႕ခ်ီ႐ွိေနခ်ိန္မွာ ခုလို စစ္တပ္က နယ္ေျမ႐ွင္းလင္းေနတာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ဒီဇင္ ဘာ တုန္းက စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းမႈေတြ လုပ္ခ့ဲလို႔ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်းရြာေတာ္ေတာ္မ်ားက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ စစ္ေဘးဒုကၡသည္ျဖစ္ေနၿပီး စားနပ္ရိကၡာ အကူအညီေတြလည္း လိုအပ္ေနပါတယ္။

ေဖေဖာ္ဝါရီ ၂၆ ရက္ကစလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ယင္းမာပင္ခ႐ုိင္ ကနီၿမိဳ႕နယ္မွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈေတြ ဆက္လုပ္ေနပါတယ္။ ကနီၿမိဳ႕နယ္ ေခ်ာင္းမ အေရွ႕ေက်းရြာကိုလည္း မတ္လ ၄ ရက္ ေသာၾကာေန႔က စစ္တပ္ဝင္ေရာက္လာၿပီး ပစ္ခတ္ခဲ့တာမွာလည္း အရပ္သားတဦး က်ည္ဆံထိမွန္ခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ေခ်ာင္းမေက်းရြာ ေခ်ာင္းမ အေနာက္ရြာေပါ့ဗ်ာ။ ေခ်ာင္းမအေနာက္ရြာ ဘုန္းႀကီးေက်ာင္းမွာ တပ္စြဲထားတယ္။ အဲ့ဒီမွာသူတို႔ ရြာကို ဝင္တဲ့အခါက်ေတာ့ လက္နက္ေတြနဲ႔ပစ္ၿပီးေတာ့ပဲ ၿခိမ္းေျခာက္အသံေတြေပးၿပီး ဝင္ေတာ့တာေပါ့ဗ်ာ။ အဲ့လို ဝင္ၿပီး ျမင္တဲ့သူကိုပစ္ေတာ့တာပဲ။ အဲ့လိုပစ္တဲ့အခါက်ေတာ့ ဒီေန႔လည္း ေခ်ာင္းမရြာသားတေယာက္ ဦးေခါင္းမွန္ၿပီးထိသြားတယ္။”

ယင္းမာပင္ၿမိဳ႕နယ္ထဲက ခ်င္းပုန္းရြာနဲ႔ ေညာင္ကိုင္းရြာဘက္မွာလည္း ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔က စစ္ေကာင္စီတပ္က ေလေၾကာင္းကေန ပစ္ခတ္ခဲ့လို႔ အရပ္သားနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ဝင္ ၉ ဦးထက္ မနည္း ေသဆံုးခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၂၈ ရက္မွာလည္း ယင္းမာပင္နဲ႔ ကနီၿမိဳ႕နယ္ၾကားက သေျပေအးရြာကို ေလေၾကာင္းကေန ပစ္ခတ္ၿပီး ေနအိမ္ေတြကို မီးရိႈ႕ဖ်က္ဆီးခဲ့လို႔ ေနအိမ္ ၂၀၀ ထက္ မနည္း မီးေလာင္ဆံုးရံႈးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ယင္းမာပင္နဲ႔ ကနီၿမိဳ႕ၾကားက သေျပေအးေက်း႐ြာ၊ လင္ပုန္းရည္ေက်း႐ြာ၊ မိုးေကာင္းေက်း႐ြာ၊ ဇီးပင္တြင္းေက်း႐ြာ၊ ေခ်ာင္းမေက်း႐ြာ စတဲ့ ေက်းရြာ ၆ ရြာက စစ္ေဘးဒုကၡသည္ ၂ ေထာင္ေလာက္ဟာ ေတာေတာင္ေတြထဲ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း ဒီပဲယင်းနယ်ဒေသခံ ၈ ဦး အသတ်ခံရ

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းနေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ်၊ မင်းဆွေနှစ်ကျေးရွာမှာ ဒေသခံ ၈ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တွေ ဝင်လာတဲ့အတွက် ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီနယ်ကြားမှာလည်း စစ်ကောင်စီတပ်က ဆက်တိုက် နယ်မြေရှင်းနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်ထဲက မင်းဆွေနှစ်ကျေးရွာကို ဒီနေ့ မတ်လ ၄ ရက် သောကြာနေ့ မနက် လင်းအားကြီးအချိန်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး ကင်းစောင့်ပေးနေသူ ၈ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်သားတွေ ဝင် လာတဲ့အတွက် မင်းဆွေနှစ်ကျေးရွာသားတွေ ကြောက်ရွံ့ပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မင်းဆွေနှစ်မှာဖြစ်တာ။ မနက်ခင်း ဝေလီဝေလင်း ၅ နာရီကျော် ၆ နာရီလောက် မှာ စိုင်ပြင်ကထွက်လာတဲ့ စစ်ကြောင်းကနေပြီးတော့ ကင်းစောင့်နေတဲ့ကလေးတွေ ရွာသူရွာသားလေးတွေကို သူတို့က ကာကွယ်ရေးက ကလေးတွေလို့ထင်မှာပေါ့ဗျာ။ အဲ့ဒါ သတ်သွားတာဗျ။ ၈ ယောက် ။ ရပ်ရွာမှာ ကြားကာလ ဒီလိုဖရိုဖရဲတွေဖြစ်နေတော့ သူတို့ရန်ကြောက်လို့ အားလုံးစုပြီးတော့ ကောင်းကောင်း အိပ်လို့ ရအောင် သူတို့လာရင် စစ်သားတွေလာလို့ရှိရင် ပြေးလို့ရအောင် ဒါမျိုးစောင့်ကြည့်တဲ့အဖွဲ့ပါ။ ဘာမှတော့မရှိဘူး။ ဘာမှမရှိဘဲ ဒီတိုင်းခံရတာပေါ့။ စုစုပေါင်း သူတို့ ဖြစ်တာက ၁၀ ယောက်ကျော်ပေါ့။ ဒါပေမယ့် ၂ ယောက် ၃ ယောက်လောက် လွတ်ခဲ့တယ်ပေါ့နော်။ တယောက်ကတော့ လက်မောင်းမှန်တယ်။ တယောက် ကတော့ ကွင်းလုံးကျွတ်လွတ်ခဲ့တာပေါ့။ အဲ့ရွာသားတွေ ပြေးနေရတယ်။ စစ်ဘေး ရှောင်နေရတယ်။ သူတို့နောက်တခါ ပြန်လာမှာစိုးလို့ ကြောက်လို့ရှောင်နေရတယ်။”

ရွာသားတွေကို သတ်ဖြတ် မီးရှို့သွားတာဖြစ်ပါတယ်။ အခုလို မင်းဆွေနှစ်ရွာမှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိတာ လနဲ့ချီရှိနေချိန်မှာ ခုလို စစ်တပ်က နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင် ဘာ တုန်းက စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့လို့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတော်တော်များက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်ဖြစ်နေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။ ကနီမြို့နယ် ချောင်းမ အရှေ့ကျေးရွာကိုလည်း မတ်လ ၄ ရက် သောကြာနေ့က စစ်တပ်ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့တာမှာလည်း အရပ်သားတဦး ကျည်ဆံထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ချောင်းမကျေးရွာ ချောင်းမ အနောက်ရွာပေါ့ဗျာ။ ချောင်းမအနောက်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ အဲ့ဒီမှာသူတို့ ရွာကို ဝင်တဲ့အခါကျတော့ လက်နက်တွေနဲ့ပစ်ပြီးတော့ပဲ ခြိမ်းခြောက်အသံတွေပေးပြီး ဝင်တော့တာပေါ့ဗျာ။ အဲ့လို ဝင်ပြီး မြင်တဲ့သူကိုပစ်တော့တာပဲ။ အဲ့လိုပစ်တဲ့အခါကျတော့ ဒီနေ့လည်း ချောင်းမရွာသားတယောက် ဦးခေါင်းမှန်ပြီးထိသွားတယ်။”

ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းရွာနဲ့ ညောင်ကိုင်းရွာဘက်မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ အရပ်သားနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၉ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ယင်းမာပင်နဲ့ ကနီမြို့နယ်ကြားက သပြေအေးရွာကို လေကြောင်းကနေ ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၀၀ ထက် မနည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယင်းမာပင်နဲ့ ကနီမြို့ကြားက သပြေအေးကျေးရွာ၊ လင်ပုန်းရည်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ဇီးပင်တွင်းကျေးရွာ၊ ချောင်းမကျေးရွာ စတဲ့ ကျေးရွာ ၆ ရွာက စစ်ဘေးဒုက္ခသည် ၂ ထောင်လောက်ဟာ တောတောင်တွေထဲ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။

=================

XS
SM
MD
LG