သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီပဲယင္းနဲ႔ ေကာလင္းမွာ စစ္ေကာင္စီတပ္နဲ႔ PDF တပ္ တိုက္ပြဲျဖစ္


PDF ေတာင္ပိုင္းတို္င္းစစ္ဌာနခ်ဳပ္ သင္တန္းဆင္းပြဲ အခမ္းအနား။ (ဓာတ္ပုံ - Screenshot from CRPH Facebook)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ေဒသႀကီး ဒီပဲယင္းၿမိဳ႕နဲ႔ ေကာလင္းၿမိဳ႕တို႔မွာ စစ္ေကာင္စီနဲ႔ ေဒသခံ PDF ေတြ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ တိုက္ပြဲေၾကာင့္ ၂ ဖက္ အက်အဆံုးရွိသလို ေကာလင္းၿမိဳ႕မွာဆိုရင္ စစ္ေကာင္စီဘက္က ပစ္ခတ္လို႔ ေဒသခံေတြ ဒဏ္ရာရတာေတြ ရွိပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကလာတဲ့သတင္းကိုကိုရန္ႏိုင္ကေျပာျပပါမယ္။

ဒီကေန႔ ဇူလိုင္ ၂ ရက္ေန႔ မနက္အေစာပိုင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕ ၾကည္ရြာနဲ႔ ဆပ္ျပာက်င္းေက်းရြာၾကားမွာ ဒီပဲယင္း PDF တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႔ အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ၿပီး ၂ ဖက္ အက်အဆံုး ရွိခဲ့ပါတယ္။ဒီကေန႔တိုက္ပြဲ အေျခအေနနဲ႔ ပတ္သက္လို႔ ဒီပဲယင္း PDF က တာ၀န္ရွိသူ တဦးကအခုလိုေျပာပါတယ္။

“ဘယ္လိုျဖစ္တာလည္းဆိုေတာ့ သူတို႔က စစ္ဆင္ေရးထိုးစစ္အေနနဲ႔ဆင္လာတာေပါ့။ မေန႔က အင္အား ကား ၅စီး၀င္တယ္ လူဦးေရအရဆို အင္အား ၄၀၀ ေလာက္ရွိတယ္။ အဲ့ဒါက မနက္ခင္း ၄ နာရီခြဲေလာက္ကေန ထိုးစစ္ စဆင္လာတယ္။ ေဒသခံ PDF ေတြနဲ႔ ထိပ္တိုက္ေတြ႕မႈျဖစ္တာေပါ့။ တိုက္ပြဲၾကာခ်ိန္ကေတာ့ မနက္ ၄ နာရီေလာက္ေန အခု ညေန ၄ နာရီခြဲ ေလာက္မွ နည္းနည္း စဲသြားတယ္ေျပာရမွာေပါ့။ ျပင္းထန္တယ္ဗ်။ သူတို႔ဘက္က လက္နက္ႀကီးေတြ သံုးတယ္။ လက္နက္ႀကီးေတြ တရစပ္ထုတယ္။ ၁၂ နာရီ ဒုတိယအႀကိမ္ ျဖစ္တဲ့တိုက္ပြဲမွာ လက္နက္ႀကီးေတြ အသားကုန္သံုးတယ္။ သူတို႔ဘက္က ၁၂ နာရီ ပတ္၀န္းက်င္ေလာက္က ၄ ေယာက္ထိထားတယ္။ လူနာလာေကာက္တယ္သူတို႔ ကြ်န္ေတာ္တို႔ PDF ဘက္ကလည္း ကြ်န္ေတာ္သိသေလာက္ဆို ၃ ဦးက်ဆံုးတယ္။”

စစ္ေကာင္စီတပ္ေတြနဲ႔ ဒီပဲယင္းPDFတို႔ဟာ ၿပီးခဲ့တဲ့ ဇြန္ ၈ ရက္ကစလို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္ကလည္း ဒီပဲယင္းၿမိဳ႕နယ္အပိုင္က ေက်းရြာေတြမွာ မၾကာခဏဆိုသလို ၀င္ေရာက္ရွာေဖြ ဖမ္းဆီးတာေတြျပဳလုပ္ေနပါတယ္။

တဆက္တည္းမွာပဲ စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕အထြက္က ေတာင္ေပၚမွာ ဒီကေန႔ ေန႔လည္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေကာလင္း PDF တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အဲ့ဒီေနာက္မွာေတာ့ စစ္ေကာင္စီတပ္က ၿမိဳ႕တြင္းမွာ ဗံုးသီးလုိ႔ ယူဆရတဲ့ လက္နက္နဲ႔ ပစ္ခတ္လို႔ အိမ္ေခါင္မိုး ေပါက္ၿပီး အဲ့ဒီ့အိမ္မွာေနထိုင္တဲ့ မိသားစု၀င္၂ ဦးနဲ႔ လမ္းသြား လမ္းလာတဦး ထိခိုက္ဒဏ္ရာရတာေတြ ရွိခဲ့ပါတယ္။ ဒီအေျခအေနကိုေတာ့ ေကာလင္းၿမိဳ႕ခံတဦးကခုလို ေျပာပါတယ္။

“၁၂ နာရီ၀န္းက်င္ေလာက္မွာ စစ္ေကာင္စီက ရဲကား အင္အား ၂၀ ၀န္းက်င္ခန္႔ အေရွ႕ဘက္ကိုသြားတယ္။ သြားတဲ့အခ်ိန္မွာ ၾကားတာက ေတာင္ေမာ္ေတာင္ရိုးမွာ ပစ္ခတ္မႈျဖစ္တယ္ေပါ့။ ေတာင္ေမာ္ေတာင္ရိုးမွာ ပစ္ခတ္မႈ ျဖစ္တယ္။ အက်အဆံုးရွိတယ္ၾကားတယ္။ ျမင္လိုက္ရသေလာက္ ဒဏ္ရာရတဲ့သူေတြ ျပန္သယ္လာတာကို ကြ်န္ေတာ့္မ်က္စိနဲ႔ ျမင္လိုက္ပါတယ္။ ၿမိဳ႕ထဲမွာ ပစ္ခတ္မႈကေတာ့ ကြ်န္ေတာ္သိသေလာက္ စ.က.စ ဘက္ကပဲ ေဖာက္တယ္လို႔သိတာခင္ဗ်။ ၿမိဳ႕ထဲမွာေတာ့ အျပန္အလွန္ ပစ္ခတ္မႈ မရွိပါဘူး။ ဒဏ္ရာရတာ ကြ်န္ေတာ္သိတာပဲ ၃ ဦးရွိပါတယ္။ အိမ္ေခါင္မိုးေပါက္သြားတဲ့အိမ္က အမ်ိဳးသမီး ၂ ေယာက္ အေမနဲ႔ သမီးနဲ႔ေပါ့။ ဒဏ္ရာက ေသဆံုးေလာက္တဲ့ ဒဏ္ရာမဟုတ္ဘူးဆိုတာေတာ့ သိရတယ္။ ေနာက္တေယာက္က မိန္းကေလး တေယာက္ပါ။ ကားဂိတ္ကို ပစၥည္းသြားပို႔ရင္း ပခံုးလက္ျပင္ကို မွန္တယ္ေပါ့။”

ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္တာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကလည္း သတင္းမထုတ္ျပန္သလို ေကာလင္း PDF ဘက္ကလည္း အတိအက် မေျဖဆိုႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF ေတြ မၾကာခဏ ဆိုသလို တိုက္ပြဲေတြျဖစ္ပြားေနၿပီး ေဒသခံေတြက ရရာလက္နက္စြဲကိုင္ၿပီး စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နဲ့ ကောလင်းမြို့တို့မှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် ၂ ဖက် အကျအဆုံးရှိသလို ကောလင်းမြို့မှာဆိုရင် စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဒေသခံတွေ ဒဏ်ရာရတာတွေ ရှိပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကလာတဲ့သတင်းကိုကိုရန်နိုင်ကပြောပြပါမယ်။

ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့ ကြည်ရွာနဲ့ ဆပ်ပြာကျင်းကျေးရွာကြားမှာ ဒီပဲယင်း PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ၂ ဖက် အကျအဆုံး ရှိခဲ့ပါတယ်။ဒီကနေ့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဒီပဲယင်း PDF က တာဝန်ရှိသူ တဦးကအခုလိုပြောပါတယ်။

“ဘယ်လိုဖြစ်တာလည်းဆိုတော့ သူတို့က စစ်ဆင်ရေးထိုးစစ်အနေနဲ့ဆင်လာတာပေါ့။ မနေ့က အင်အား ကား ၅စီးဝင်တယ် လူဦးရေအရဆို အင်အား ၄၀၀ လောက်ရှိတယ်။ အဲ့ဒါက မနက်ခင်း ၄ နာရီခွဲလောက်ကနေ ထိုးစစ် စဆင်လာတယ်။ ဒေသခံ PDF တွေနဲ့ ထိပ်တိုက်တွေ့မှုဖြစ်တာပေါ့။ တိုက်ပွဲကြာချိန်ကတော့ မနက် ၄ နာရီလောက်နေ အခု ညနေ ၄ နာရီခွဲ လောက်မှ နည်းနည်း စဲသွားတယ်ပြောရမှာပေါ့။ ပြင်းထန်တယ်ဗျ။ သူတို့ဘက်က လက်နက်ကြီးတွေ သုံးတယ်။ လက်နက်ကြီးတွေ တရစပ်ထုတယ်။ ၁၂ နာရီ ဒုတိယအကြိမ် ဖြစ်တဲ့တိုက်ပွဲမှာ လက်နက်ကြီးတွေ အသားကုန်သုံးတယ်။ သူတို့ဘက်က ၁၂ နာရီ ပတ်ဝန်းကျင်လောက်က ၄ ယောက်ထိထားတယ်။ လူနာလာကောက်တယ်သူတို့ ကျွန်တော်တို့ PDF ဘက်ကလည်း ကျွန်တော်သိသလောက်ဆို ၃ ဦးကျဆုံးတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ဒီပဲယင်းPDFတို့ဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဒီပဲယင်းမြို့နယ်အပိုင်က ကျေးရွာတွေမှာ မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေပြုလုပ်နေပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း ကောလင်းမြို့အထွက်က တောင်ပေါ်မှာ ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကောလင်း PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်က မြို့တွင်းမှာ ဗုံးသီးလို့ ယူဆရတဲ့ လက်နက်နဲ့ ပစ်ခတ်လို့ အိမ်ခေါင်မိုး ပေါက်ပြီး အဲ့ဒီ့အိမ်မှာနေထိုင်တဲ့ မိသားစုဝင်၂ ဦးနဲ့ လမ်းသွား လမ်းလာတဦး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ကောလင်းမြို့ခံတဦးကခုလို ပြောပါတယ်။

“၁၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ရဲကား အင်အား ၂၀ ဝန်းကျင်ခန့် အရှေ့ဘက်ကိုသွားတယ်။ သွားတဲ့အချိန်မှာ ကြားတာက တောင်မော်တောင်ရိုးမှာ ပစ်ခတ်မှုဖြစ်တယ်ပေါ့။ တောင်မော်တောင်ရိုးမှာ ပစ်ခတ်မှု ဖြစ်တယ်။ အကျအဆုံးရှိတယ်ကြားတယ်။ မြင်လိုက်ရသလောက် ဒဏ်ရာရတဲ့သူတွေ ပြန်သယ်လာတာကို ကျွန်တော့်မျက်စိနဲ့ မြင်လိုက်ပါတယ်။ မြို့ထဲမှာ ပစ်ခတ်မှုကတော့ ကျွန်တော်သိသလောက် စ.က.စ ဘက်ကပဲ ဖောက်တယ်လို့သိတာခင်ဗျ။ မြို့ထဲမှာတော့ အပြန်အလှန် ပစ်ခတ်မှု မရှိပါဘူး။ ဒဏ်ရာရတာ ကျွန်တော်သိတာပဲ ၃ ဦးရှိပါတယ်။ အိမ်ခေါင်မိုးပေါက်သွားတဲ့အိမ်က အမျိုးသမီး ၂ ယောက် အမေနဲ့ သမီးနဲ့ပေါ့။ ဒဏ်ရာက သေဆုံးလောက်တဲ့ ဒဏ်ရာမဟုတ်ဘူးဆိုတာတော့ သိရတယ်။ နောက်တယောက်က မိန်းကလေး တယောက်ပါ။ ကားဂိတ်ကို ပစ္စည်းသွားပို့ရင်း ပခုံးလက်ပြင်ကို မှန်တယ်ပေါ့။”

နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သလို ကောလင်း PDF ဘက်ကလည်း အတိအကျ မဖြေဆိုနိုင်သေးဘူးလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မြို့တော်တော်များများမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ မကြာခဏ ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေက ရရာလက်နက်စွဲကိုင်ပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG