သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဖြစ်ခဲ့တဲ့ သံပေါက်ကျေးရွာနားက တခြားရွာသားတွေ အိုးအိမ်စွန့်ထွက်ပြေးနေရ


တော တွင်း ပုန်းရှောင်နေရတဲ့ မင်းတပ်ဒေသခံရွာသားများ (ဓာတ်ပုံ - Courtesy)
တော တွင်း ပုန်းရှောင်နေရတဲ့ မင်းတပ်ဒေသခံရွာသားများ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကြား ကြာသပတေးနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ သံပေါက်ကျေးရွာ အနီးနားကျေးရွာတွေက ဒေသခံအားလုံးလိုလို အိုးအိမ်စွန့် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ ဒီကနေ့မှာတော့ ပုလဲမြို့နယ်နားမှာ စစ်တပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်း ထွက်လာပြီး စစ်ကောင်စီဘက်ကတော့ ဒါကိုငြင်းထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မင်းကင်းမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့ကစပြီး မင်းကင်း PDF နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ဒေသခံကျေးရွာသား သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ကြားထဲက မနေ့ ဇွန်လ ၂၄ ရက်နေ့ကလည်း သံပေါက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတွေ ထပ်ပြီး ထွက်ပြေးနေရတာပါ။

ထွက်ပြေးပုန်းအောင်းနေရတဲ့ စစ်ရှောင်တွေ အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။
“ထွက်ပြေးနေရတဲ့အခြေအနေက ချောင်းဘေးတွေမှာကော တဲလေးတွေဘာတွေ ထိုးပြီးနေနေရတယ်။ တော်တော်များများပေါ့။ မနေ့ကလိုဖြစ်တဲ့ သံပေါက်ရွာအနားမှာရှိတဲ့ ရွာတွေ ားလုံးက ထွက်ပြေးနေရတယ်။ သံပေါက်နဲ့ပတ်သက်တဲ့ ထီတလုတ် ဝက်ပုတ် စမြင်ကြီး စမြင်လေး မြောင်းစင်းတို့ တခြား ဟိုအင်းတရိုးမှာ ရှိတယ်ဆိုရင်လည်း တုံတို့ ဘိုင်တို့ မြေခြား ပြည်သူလူထုက အိမ်တွေထဲမှာ မနေရဲကြဘူး။ ဘယ်လို အခက်အခဲ တွေရှိနေလည်းဆိုရင် စားနပ်ရိက္ခာလိုအပ်တယ် ဆေးဝါးလေးတွေလိုအပ်တယ်။ တောထဲမှာဆိုတော့ ခြင်တွေကိုက်တော့ ေ ဆးဝါးလေးတွေလည်း လိုအပ်တယ်။”

စစ်ကိုင်းတိုင်းထဲကပဲ မင်းကင်းမြို့ ချင်းတွင်းမြစ်ရိုးအောက်ဘက်က ကျေးရွာတွေဟာ စစ်တပ်တွေနဲ့ မင်းကင်း PDF ကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်က ကျေးရွာတွေထဲ မကြာခနဆိုသလို ဝင်ရောက် တပ်စွဲ ရှာဖွေတာတွေ လုပ်တဲ့အတွက် ဘေးလွတ်ရာ တောတောင်တွေထဲကို ရွှေ့ပြောင်းနေရပါတယ်။

ဇွန်လ ၂၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီး ဖန်းခါးချောင်းဘေးနဲ့ တရော်ကျင်းကျေးရွာတို့မှာ စစ်တပ်နဲ့ ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတဦးအပါအဝင် အယောက် ၂၀ ကျဆုံးခဲ့တယ်လို့ PDF ဘက်က ပြောပါတယ်။ ကျဆုံးတယ်ဆိုတဲ့ ဒီပြောဆိုချက်နဲ့ အရေအတွက်ကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်နားမှာ စစ်တပ်ယာဉ်တန်းကို ဒေသခံ PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် PDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပုလဲဖြစ်စဉ်အခြေအနေက မနက်ခင်းတုန်းက ၄ နာရီခွဲလောက်မှာ မုံရွာကထွက်တယ် ရွှေတောင်ဦး (ကျေးရွာ) ကို ၅ နာရီကျော်ကျော်လောက်မှာ ရောက်တယ်။ အဲ့ကနေ ဆက်ပြီး ထွက်သွားတာ ရွှေတောင်ဦး ဝမ်ပေါင် ယင်းမာပင် ပုလဲ လမ်းကြောင်းကိုတက်တယ်။ မင်းတိုင်ပင်ရဲ့အနောက်ဖက် ကန့်ဒေါင့်ဆိုတဲ့ စံပြကျေးရွာရှိတယ်။ အရပ်အခေါ် အများအသိက နဂါးမတောင်ပေါ့ဗျာ။ အဲ့ဒီနေရာမှာ ထိတယ်။ ပြည်သူတွေ ထောင်ထားတဲ့ မိုင်း ၃ လုံး သူတို့မောင်းလာတဲ့ ယာဉ်တန်း ကား ၃ စီး အဲ့မှာ ထိခိုက်မှုရှိပါတယ်။ လတ်တလော သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုကတော့ မသိရသေးဘူး။”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး နဂါးမတောင်နားမှာ စစ်ကား သုံးစီး မိုင်းနင်းမိတယ်ဆိုတာမရှိဘဲ စက်ချို့ယွင်းပြီး ရပ်တန့်နေတဲ့အတွက် ပြန်လည်ပြင်ဆင်နေတာသာရှိပြီး လုံခြုံရေးလည်း အပြည့်အစုံရှိတယ်လို့ တုံ့ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့ သတင်းဌာနတွေကို လိုင်စပ်ရုပ် ပိတ်သိမ်းခဲ့တာရှိသလို သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာလည်းရှိခဲ့ပြီး အခုချိန်မှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေအနေနဲ့ အခင်းဖြစ်နေရာတွေကို ကိုယ်တိုင်သွားပြီး သတင်းရယူနိုင်ခြင်းမရှိတာကြောင့် အခုလို နှစ်ဘက်ပြောဆိုချက်တွေအပေါ် သီးခြားအတည်ပြုဖို့ အခက်အခဲတွေ့နေကြရပါတယ်။

...................................................................................

တိုက်ရိုက် လင့်ခ်


တိုကျပှဲဖွဈခဲ့တဲ့ သံပေါကျကြေးရှာနားက တခွားရှာသားတှေ အိုးအိမျစှန့ျထှကျပွေးနရေ

(Unicode)








XS
SM
MD
LG