သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိုင္ဇာအနီး စစ္ေကာင္စီစစ္ယာဥ္တန္းကို KIA တိုက္ခိုက္


ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ ့၀င္မ်ားအား လိုင္ဇာအနီး ေရွ ့တန္းတေနရာတြင္ေတြ ့ရစဥ္ (ဓာတ္ပံု- AP)

(Zawgyi/Unicode)
ကခ်င္လြတ္ေျမာက္ေရးတပ္ KIA ဌာနခ်ဳပ္႐ွိရာ လိုင္ဇာၿမိဳ႔အနီး ျမစ္ၾကီးနား - ဗန္းေမာ္ကားလမ္းမွာ ျဖတ္သြားတဲ့ စစ္ေကာင္စီယာဥ္တန္းကို KIA က ဒီကေန႔ မနက္က ၾကားျဖတ္ တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ကား ၄ စီး ထိခုိက္ခဲ့ပါတယ္။ ျမစ္ၾကီးနား - ဗန္းေမာ္ကားလမ္းမွာ စစ္ေကာင္စီတပ္ေတြရ့ဲ လူ၊ ရိကၡာတင္ယာဥ္ေတြကို KIA က အခုရက္ပိုင္း KIA က ေန႔စဥ္လို ၿခံဳခိုတိုက္ခိုက္မႈေတြ လုပ္ေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုသိန္းထိုက္ဦးတင္ျပထားပါတယ္။

ကခ်င္ျပည္နယ္မွာ စစ္တပ္နဲ႔ ကခ်င္လြတ္ေျမာက္ေရး KIA တပ္ေတြၾကား ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ ေဒ့ါဖုန္းယန္ၿမိဳ႔နယ္ခဲြက လဂ်ာယန္ရြာမွာ ဒီကေန႔ မနက္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပဲြျဖစ္ပြားတဲ့ လဂ်ာယန္ရြာဟာ KIA ဌာနခ်ဳပ္႐ွိရာ ကခ်င္ျပည္နယ္ေတာင္ပိုင္း လုိင္ဇာၿမိဳ႕ အ၀င္နားမွာ တည္ရိွတာပါတယ္။ တိုက္ပဲြ အေျခအေနကို ေဒါ့ဖုန္းယန္ေဒသခံတစ္ေယာက္က VOA ကို အခုလို ေျပာပါတယ္။

“မေန႔က တက္သြားတဲ့ စစ္ယာဥ္တန္း။ စစ္သားေတာ့ မပါဘူး။ ဟို ရိကၡာပို႔တာေပါ့ေနာ။ မေန႔ညကေတာ့ ၁၄၂ မွာ အိပ္ၿပီးမွ ဒီမနက္ တက္သြားတယ္လို႔ ၾကားတယ္။ ခနေနက်ရင္ ၉နာရီ၊ ၁၀နာရီေလာက္မွာ တိုက္ပဲြျဖစ္တယ္လို႔ ၾကားတယ္။ KIA ျဖတ္တိုက္တာေပါ့။ ”

KIA ဖက္ကတိုက္ခိုက္မႈေၾကာင့္ ရိကၡာပို႔တဲ့ စစ္ကား ၄ စီးေလာက္ ထိိခိုက္ပ်က္ဆီးခဲ့တယ္လို႔ ေနာက္ထပ္ ေဒသခံက ေျပာပါတယ္။

“ကား ၁၇ စီးလား၊ ၁၂ စီးလား မသိဘူး တက္သြားတာ။ ၄ စီးထိတယ္တဲ့ ဟိုမွာ။ လဂ်ားယန္မွာ။ ေနာက္ဆံုးကား ၄စီးကို ပစ္ခဲ့တယ္လို႔ ေျပာတယ္။”

တနလၤာေန႔ မနက္ ၁၀နာရီေလာက္ကလည္း ေဒါ့ဖုန္းယန္ၿမိဳ႔နယ္ ရင္ကဲြေတာင္ေနရာမွာ စစ္ေကာင္စီတပ္ရဲ့ ယာဥ္တန္းကို KIA က ၾကားျဖတ္တိုက္ခိုက္ခဲ့ပါတယ္။ အူထန္ယန္ရြာဘက္မွာလည္း ညေနပိုင္း ၃နာရီေလာက္က တိုက္ပဲြျဖစ္ခဲ့တယ္လို႔ ႏွစ္ဘက္ ထိခိုက္ေသဆံုးတာေတြ ရိွတယ္လို႔ ေဒသခံကေျပာပါတယ္။

မေန႔က ၃နာရီေလာက္မွာ သူတို႔က ဒီ ေခ်ာင္းဟိုဘက္ကမ္းမွာ သူတို႔ ေနရာယူထားတဲ့ေနရာမွာ KIA က ၀င္တုိက္တဲ့အခါက်ေတာ့ မေန႔ညက ဒီ အေျမွာက္ၾကီးေတြလည္း ပစ္တယ္ေလ။ တပ္ထဲက ၄- ၅ ေယာက္ ေလာက္ ေသတယ္လို႔ ေျပာတယ္။ ဒဏ္ရာရတာက ၁၀ေယာက္ေက်ာ္လို႔ ေျပာတယ္။ ၿပီးေတာ့ ဟို ေတာဘက္ကလည္း ထမ္းတဲ့လူက ထမ္း၊ ပိုးတဲ့လူက ပိုး၊ ေတာ္ေတာ္ေလးေတာ့ အထိနာတယ္လို႔ ေျပာတယ္။ မေန႔က ၃ နာရီမွာ ျဖစ္တာ။ အူထန္ယန္အထက္။”

ၿပီးခဲ့တဲ့လပိုင္းကေတာ့ မုိးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္၊ ကုန္းေလာ၊ စီဟတ္ရြာဘက္ေတြမွာ တိုက္ပဲြေတြ ျပင္းထန္ခဲ့ပါတယ္။ ဒီရက္ပိုင္းမွာေတာ့ ေဒါ့ဖုန္းယန္ၿမိဳ႔နယ္ နားတ၀ိုက္မွာ လူ၊ ရိကၡာပို႔တဲ့ စစ္ယာဥ္တန္းေတြကို KIA က ၾကားျဖတ္တိုက္ခုိက္ေနတာျဖစ္ပါတယ္။ ဗန္းေမာ္ခရိုင္ဘက္မွာ စစ္ေကာင္စီနဲ႔ KIA အၾကား စစ္ေရးတင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာ ရွမ္းျပည္နယ္ ေတာင္ပိုင္း ေက်းသီးၿမိဳ႔နယ္ဘက္မွာ ရွမ္းတပ္ဖဲြ႔ ၂ဖဲြ႔အၾကား တုိက္ပဲြေတြ ျပင္းထန္ေနခဲ့ပါတယ္။

SSPP ေခၚ ေျမာက္ပိုင္း ရွမ္းတပ္ဖဲြ႔နဲ႔ RCSS ေခၚ ေတာင္ပိုင္းရွမ္းတပ္ဖဲြ႔ေတြအၾကားျဖစ္တဲ့တုိက္ပဲြေၾကာင့္ ေက်းရြာ ၁၂ ရြာေလာက္က ေဒသခံ ၁ေထာင္ေက်ာ္ဟာ ေက်းသီးၿမိဳ႔ေပၚက ဘုန္းၾကီးေက်ာင္း ၄ ေက်ာင္းနဲ႔ ေနာင္ဆြမ္းရြာ ဘုန္းၾကီးေက်ာင္းေတြမွာ တိမ္းေရွာင္ေနၾကရပါတယ္။ ေရရွည္ၾကာမယ္ဆို ရိကၡာအခက္အခဲၾကံဳႏိုင္ေၾကာင္း ေဒသတြင္း ကူညီသူတစ္ဦးက ေျပာပါတယ္။

“ေလာေလာဆည္ အေထာက္အပံ့အေျခအေနေတာ့ ၿမိဳ႔တြင္း ျပည္သူေတြရဲ့ လႈဒါန္းမႈေတြနဲ႔ ဘာနဲ႔လည္းဆိုေတာ့ မဆုိးဘူးေပါ့။ အခု အျပင္က ကေန႔ကေတာ့ IR တို႔ ဘာတို႔ လည္း လာတယ္။ အျပင္က အဖဲြ႔အစည္းေတြလည္း တစ္စစ လာၾကပါတယ္။ ေနာက္ၿပီးေတာ့ အျပင္က အဆက္အသြယ္ရတဲ့သူေတြလည္း လႈလာၾကေတာ့ ခဏတျဖဳတ္ဆိုရင္ေတာ့ အဆင္ေျပေသးတယ္လု႔ိ ေျပာရမယ္ေပါ့ခင္ဗ်။ တိုက္ပဲြၾကာရွည္မယ္ ဆုိရင္ေတာ့ ေတာ္ေတာ္ အခက္အခဲေတာ့ ရိွလိမ့္မယ္။ ဒီလူဦးေရနဲ႔ ခု အလုပ္ခ်ိန္နဲ႔ဆုိေတာ့ေလ။”

မိုးရာသီ လယ္ယာစိုက္ပ်ိဳးခ်ိန္ျဖစ္တာေၾကာင့္ ခုလို ေရွာင္တိမ္းေနရတာ အခက္အခဲျဖစ္ေနေၾကာင္းလည္း ေျပာပါတယ္။ ေက်းသီးၿမိဳ႔နယ္အတြင္း တုိက္ပဲြေတြကေတာ့ ဒီလ ၁ရက္ေန႔က ေန ၆ ရက္ေန႔ေလာက္အထိ ျပင္းထန္ခဲ့ၿပီး ဒီ ၂ရက္မွာေတာ့ ၿငိမ္ေနပါတယ္။

စစ္တပ္က အာဏာသိမ္းခဲ့တဲ့ေနာက္ ကခ်င္၊ ကရင္၊ ခ်င္း၊ ကယားနဲ႔ စစ္ကိုင္း၊ မေကြးစတဲ့ ျပည္နယ္နဲ႔ တုိင္း ေတြမွာ တုိက္ပဲြေတြ ျပင္းထန္ေနသလို ရွမ္းျပည္နယ္အတြင္းမွာေတာ့ တိုင္းရင္းသားတပ္ေတြ အခ်င္းအခ်င္းအၾကား တိုက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနတာပါ။

..........................................................................

လိုင်ဇာအနီး စစ်ကောင်စီစစ်ယာဉ်တန်းကို KIA တိုက်ခိုက်

(Unicode)
ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး မြစ်ကြီးနား - ဗန်းမော်ကားလမ်းမှာ ဖြတ်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA က ဒီကနေ့ မနက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၄ စီး ထိခိုက်ခဲ့ပါတယ်။ မြစ်ကြီးနား - ဗန်းမော်ကားလမ်းမှာ စစ်ကောင်စီတပ်တွေရဲ့ လူ၊ ရိက္ခာတင်ယာဉ်တွေကို KIA က အခုရက်ပိုင်း KIA က နေ့စဉ်လို ခြုံခိုတိုက်ခိုက်မှုတွေ လုပ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုသိန်းထိုက်ဦးတင်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တွေကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေ့ါဖုန်းယန်မြို့နယ်ခွဲက လဂျာယန်ရွာမှာ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ လဂျာယန်ရွာဟာ KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ်တောင်ပိုင်း လိုင်ဇာမြို့ အဝင်နားမှာ တည်ရှိတာပါတယ်။ တိုက်ပွဲ အခြေအနေကို ဒေါ့ဖုန်းယန်ဒေသခံတစ်ယောက်က VOA ကို အခုလို ပြောပါတယ်။

“မနေ့က တက်သွားတဲ့ စစ်ယာဉ်တန်း။ စစ်သားတော့ မပါဘူး။ ဟို ရိက္ခာပို့တာပေါ့နော။ မနေ့ညကတော့ ၁၄၂ မှာ အိပ်ပြီးမှ ဒီမနက် တက်သွားတယ်လို့ ကြားတယ်။ ခနနေကျရင် ၉နာရီ၊ ၁၀နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ KIA ဖြတ်တိုက်တာပေါ့။ ”

KIA ဖက်ကတိုက်ခိုက်မှုကြောင့် ရိက္ခာပို့တဲ့ စစ်ကား ၄ စီးလောက် ထိခိုက်ပျက်ဆီးခဲ့တယ်လို့ နောက်ထပ် ဒေသခံက ပြောပါတယ်။

“ကား ၁၇ စီးလား၊ ၁၂ စီးလား မသိဘူး တက်သွားတာ။ ၄ စီးထိတယ်တဲ့ ဟိုမှာ။ လဂျားယန်မှာ။ နောက်ဆုံးကား ၄စီးကို ပစ်ခဲ့တယ်လို့ ပြောတယ်။”

တနင်္လာနေ့ မနက် ၁၀နာရီလောက်ကလည်း ဒေါ့ဖုန်းယန်မြို့နယ် ရင်ကွဲတောင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အူထန်ယန်ရွာဘက်မှာလည်း ညနေပိုင်း ၃နာရီလောက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ နှစ်ဘက် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ဒေသခံကပြောပါတယ်။

မနေ့က ၃နာရီလောက်မှာ သူတို့က ဒီ ချောင်းဟိုဘက်ကမ်းမှာ သူတို့ နေရာယူထားတဲ့နေရာမှာ KIA က ဝင်တိုက်တဲ့အခါကျတော့ မနေ့ညက ဒီ အမြှောက်ကြီးတွေလည်း ပစ်တယ်လေ။ တပ်ထဲက ၄- ၅ ယောက် လောက် သေတယ်လို့ ပြောတယ်။ ဒဏ်ရာရတာက ၁၀ယောက်ကျော်လို့ ပြောတယ်။ ပြီးတော့ ဟို တောဘက်ကလည်း ထမ်းတဲ့လူက ထမ်း၊ ပိုးတဲ့လူက ပိုး၊ တော်တော်လေးတော့ အထိနာတယ်လို့ ပြောတယ်။ မနေ့က ၃ နာရီမှာ ဖြစ်တာ။ အူထန်ယန်အထက်။”

ပြီးခဲ့တဲ့လပိုင်းကတော့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟတ်ရွာဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ ဒေါ့ဖုန်းယန်မြို့နယ် နားတဝိုက်မှာ လူ၊ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းတွေကို KIA က ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်ခရိုင်ဘက်မှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်မှာ ရှမ်းတပ်ဖွဲ့ ၂ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။

SSPP ခေါ် မြောက်ပိုင်း ရှမ်းတပ်ဖွဲ့နဲ့ RCSS ခေါ် တောင်ပိုင်းရှမ်းတပ်ဖွဲ့တွေအကြားဖြစ်တဲ့တိုက်ပွဲကြောင့် ကျေးရွာ ၁၂ ရွာလောက်က ဒေသခံ ၁ထောင်ကျော်ဟာ ကျေးသီးမြို့ပေါ်က ဘုန်းကြီးကျောင်း ၄ ကျောင်းနဲ့ နောင်ဆွမ်းရွာ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရပါတယ်။ ရေရှည်ကြာမယ်ဆို ရိက္ခာအခက်အခဲကြုံနိုင်ကြောင်း ဒေသတွင်း ကူညီသူတစ်ဦးက ပြောပါတယ်။

“လောလောဆည် အထောက်အပံ့အခြေအနေတော့ မြို့တွင်း ပြည်သူတွေရဲ့ လှုဒါန်းမှုတွေနဲ့ ဘာနဲ့လည်းဆိုတော့ မဆိုးဘူးပေါ့။ အခု အပြင်က ကနေ့ကတော့ IR တို့ ဘာတို့ လည်း လာတယ်။ အပြင်က အဖွဲ့အစည်းတွေလည်း တစ်စစ လာကြပါတယ်။ နောက်ပြီးတော့ အပြင်က အဆက်အသွယ်ရတဲ့သူတွေလည်း လှုလာကြတော့ ခဏတဖြုတ်ဆိုရင်တော့ အဆင်ပြေသေးတယ်လု့ိ ပြောရမယ်ပေါ့ခင်ဗျ။ တိုက်ပွဲကြာရှည်မယ် ဆိုရင်တော့ တော်တော် အခက်အခဲတော့ ရှိလိမ့်မယ်။ ဒီလူဦးရေနဲ့ ခု အလုပ်ချိန်နဲ့ဆိုတော့လေ။”

မိုးရာသီ လယ်ယာစိုက်ပျိုးချိန်ဖြစ်တာကြောင့် ခုလို ရှောင်တိမ်းနေရတာ အခက်အခဲဖြစ်နေကြောင်းလည်း ပြောပါတယ်။ ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲတွေကတော့ ဒီလ ၁ရက်နေ့က နေ ၆ ရက်နေ့လောက်အထိ ပြင်းထန်ခဲ့ပြီး ဒီ ၂ရက်မှာတော့ ငြိမ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် ကချင်၊ ကရင်၊ ချင်း၊ ကယားနဲ့ စစ်ကိုင်း၊ မကွေးစတဲ့ ပြည်နယ်နဲ့ တိုင်း တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်နယ်အတွင်းမှာတော့ တိုင်းရင်းသားတပ်တွေ အချင်းအချင်းအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG