-----------------------
မြစ်ကြီးနားမြို့ဝင်တံတားဂိတ် KIA စတင်တိုက်ခိုက်
မြစ်ကြီးနားမြို.အဝင် တံတားဂိတ်နားမှာ KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်တို့အကြား၊ မနေ့ညက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။
ဗလမင်းထင်တံတားရဲ့ ဝိုင်းမော်မြို.ဘက်၊ မိုင်းနားရွာရှိ စုပေါင်းဂိတ်နားတိုက်ပွဲတွင်း၊ ဒေသခံတွေကတော့ ပြင်းထန်တဲ့ ပစ်ခတ်ပေါက်ကွဲသံတွေကြောင့်၊ အရမ်းကို ကြောက်လန့်ပုန်းခိုနေခဲ့ကြပြီး၊ မြန်မာတပ်နဲ့ ဘယ်သူတွေနဲ့ ဖြစ်ကြမှန်းတောင် မသိခဲ့ကြဘူးလို့ဆိုပါတယ်။
KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မူးကြီးနော်ဘူကတော့၊ သူတို့တပ်တွေသွားတိုက်ခဲ့တာပါလို့ အတည်ပြုပေးပါတယ်။ ဘယ်လို ဘယ်ပုံဖြစ်ခဲ့ရပါလဲ။ ကိုဝင်းမင်းကမေးထားပါတယ်။