သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္ ၿမိဳ႕တြင္းသြားလာေရးနဲ႔အကူအညီကိစၥ ၿမိဳ႕မိၿမိဳ႕ဖနဲ႔ စစ္တပ္ေဆြးေႏြးညိႈႏိႈင္း


မင္းတပ္ ယာယီစစ္ေရွာင္စခန္းတခု (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)

စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ၾကား ျဖစ္ပြားခဲ့တဲ့ မင္းတပ္ၿမိဳ႕နယ္မွာ လက္ရွိေဒ သခံေတြ ႀကံဳေတြ႕ေနရတဲ့ အခက္အခဲေတြနဲ႔ ပတ္သတ္ၿပီး ေဒသတြင္းမွာ ေဒသခံေတြ သြားလာေရးအဆင္ေျပဖုိ႔ စစ္ေကာင္စီနဲ႔ ၿမိဳ႕ျမိဳ႕ဖတို႔ ေဆြးေႏြး သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ အဲဒီထဲမွာ စစ္ေရွာင္ေတြအတြက္ စားနပ္ရိကၡာသည္ယူေရးနဲ႔ လက္နက္ခဲယမ္းမပါပဲ လြတ္လပ္စြာသြားလာခြင့္ျပဳမယ့္ အခ်က္ေတြလည္းပါဝင္ပါတယ္။ ရန္ကုန္က လာတဲ့ သတင္း အျပည့္အစုံကို ကိုေဇာ္၀င္းလိႈင္ ေျပာျပပါမယ္။

စစ္ေကာင္စီတပ္နဲ႔ မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ CDF တို႔ၾကား တိုက္ပြဲ ျပင္းထန္ခဲ့တဲ့ မင္းတပ္ၿမိဳ႕ နယ္အတြင္းမွာ ေဒသခံေတြ လြတ္လပ္စြာသြားလာေရးနဲ႔ စစ္ေဘးဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာသည္ယူႏုိင္ေရး ဦးစားေပးၿပီး မင္းတပ္ၿမိဳ႕ မိၿမိဳ႕ဖေတြနဲ႔ စစ္ေကာင္စီၾကား ဒီကေန႔ ေဆြေႏြးခဲ့ၾကတယ္လို႔ မင္းတပ္ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္တဲ့ ဦးထန္းနိန္ကေျပာပါတယ္။

“ က်ေနာ္ေျပာႏိုင္တာ တစ္ခုကေတာ့ မင္းတပ္ၿမိဳ႕မွာ လြတ္လြတ္လပ္လပ္ လက္နက္ခဲယမ္းမပါပဲနဲ႔ သြားလာၿပီးေတာ့မွ မိမိေနအိမ္ကို ျပန္လည္ေနထိုင္ခြင့္ရွိတယ္။ သြားလာခြင့္ရွိတယ္။ စားနပ္ရိကၡာသည္ယူေရးခက္ခဲတဲ့ အခါမွာလည္း ၿမိဳ႕မိၿမို႕ဖေတြကေနတစ္ဆင့္ ျပန္ၿပီးေတာ့ အကူအညီေပးဖို႔ လတ္တေလာေပါ့ေနာ္ ညွိႏွုိင္းထားတာရွိပါတယ္။ အဲဒီအတြက္ အခက္အခဲရွိရင္ ၿမိဳ႕မိၿမိဳ႕ဖေတြေနတစ္ဆင့္ ကူညီဖို႔ ဖုန္းနံပတ္ ေပးထားတာရွိပါတယ္။ ”

ဒီကေန႔ေဆြးေနြးၾကတဲ့ အထဲမွာ မင္းတပ္ၿမိဳ႕နယ္အတြင္း လက္နက္ကိုင္ေဆာင္ ေစာင့္ၾကည့္ တာေတြမလုပ္ဖို႔ ၊အစိုးရဌာနဆိုင္ရာ ဝန္ထမ္းေတြကို မၿခိမ္းေျခာက္ဖို႔နဲ႔ ျပည္သူလူ ထုေတြကိုျခိမ္းေျခာက္တာေတြ မလုပ္ဖို႔ ပါရွိတဲ့ ထုတ္ျပန္ခ်က္တစ္ေစာင္ဟာလည္း လူမွုကြန္ယွက္ေတြေပၚမွာ ျပန္နွ႔ံေနတာပါ။ ေၾကညာခ်က္ပါ အခ်က္ေတြအတုိင္း စစ္ေကာင္စီနဲ႔ မင္းတပ္ၿမိဳ႕မိၿမို႕ဖတို႔ေဆြးေႏြးခဲ့တာ မွန္ေပမယ့္ အေသးစိတ္မေျပာႏိုင္ဘူးလို႔လည္း ဦးထန္းနိန္ကေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြအေနနဲ႔ မင္းတပ္ၿမိဳ႕အတြင္း သြားလာေရးခက္ခဲသူေတြ၊ စစ္ေရွာင္ေတြအတြက္ ရိကၡသည္ယူေရးေတြနဲ႔ ပတ္သတ္ၿပီး မင္းတပ္ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ဒီကေန႔ေဆြးေႏြးခဲ့ၿပီး လုိအပ္တာေတြကို ကူညီမယ္လို႔လည္း ဒီေဆြးေႏြးပြဲမွာ ပါ၀င္တဲ့ ဗုိလ္မွူး ေအာင္ကိုကိုက ေျပာပါတယ္။

“ သြားရလာတာရ အခက္အခဲရွိရင္ေတာ့ ဖုန္းဆက္လို႔ရပါတယ္ခင္မ်ာ။ တျခားသီးျခား သတင္းနဲ႔ ဆိုရင္ေတာ့ က်ေနာ္လည္း ေျပာပိုင္ခြင့္မရွိပဲ ျဖစ္ေနလို႔ပါခင္မ်ာ။ ေျမျပင္မွာ သြားရ လာရတာ အခက္အခဲရွိတဲ့ အခ်ိန္ တပ္နဲ႔ ညွိႏွုိင္းစရာရွိတဲ့ အခ်ိ္န္က်ရင္ က်ေနာ္နဲ႔ အလြယ္တကူ ဖုန္းဆက္လို႔ရေအာင္ က်ေနာ္ဖုန္းနံပတ္ေလး တင္ထားတာပါခင္မ်ာ။ သတင္းအတိအက်ေတာ့ အဲလို ထုတ္ျပန္ပါလိမ့္မယ္အစ္ကိုဟုတ္။”

စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ၾကား ျဖစ္ပြားခဲ့တဲ့ တို္က္ပြဲေတြေၾကာင့္ မင္းတပ္ၿမိဳ႕နယ္တစ္ခုလံုးနီးပါး ေဘးလြတ္ရာကို လက္ရွိအခ်ိန္ထိ ထြက္ေျပး တိမ္းေရွာင္ ေနရတယ္လို႔ မင္းတပ္ေဒသခံေတြက ေျပာပါတယ္။

မင္းတပ္ၿမိဳ႕နယ္အတြင္းမွာ ရွိတဲ့ စစ္ေရွာင္ေတြအတြက္ အဓိက ရိကၡာသယ္တဲ့ ခ်င္း-မေကြး နယ္စပ္ လမ္းေၾကာင္းအားလုံးကို စစ္ေကာင္စီတပ္ေတြက ပိတ္ဆို႔စစ္ေဆးမႈ လုပ္ေနတာေၾကာင့္ ရိကၡာသယ္ယူရာမွာအခက္ခဲရွိေနတယ္လို႔လည္း မင္းတပ္ေဒသခံေတြက ေျပာပါတယ္။

မင္းတပ္ၿမိဳ႕နယ္မွာ ပစ္ခတ္တိုက္ခိုက္တာေတြ ရပ္ဆိုင္းေနတယ္ဆိုေပမယ့္ တစ္ၿမိဳ႕လံုးနီးပါး စစ္ေဘးေရွာင္ေနရသလို သြားေရးလာေရးေတြ အခက္အခဲရွိတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာဖူလံုေရး ႏို္င္ငံတကာအဖြဲ႔အစည္း ေတြအေနနဲ႔ ကူညီေပးေစခ်င္တယ္လို႔လည္း စစ္ေရွာင္တစ္ဦးျဖစ္တဲ့ ကို Silver ႏုိင္က ေျပာပါတယ္။

“ မင္းတပ္တၿမိဳ ့လံုးက စစ္ေဘးေရွာင္အေျခအေနနဲ႔ ႀကံုေနရတဲ့ အခါက်ေတာ့ က်ေနာ္တို႔ အလွဴရွင္ေတြကလည္း ျပည္တြင္းက အလွဴရွင္ေတြ ျဖစ္ၾကတယ္။ ျပည္တြင္း အရပ္ဖက္အဖြဲ႔အစည္းက လူေတြ ျဖစ္တဲ့ အခါက်ေတာ့ က်ေနာ္တို႔ အေနနဲ႔ အဓိက လိုခ်င္တာကေတာ့ ဒါကို ႏို္င္ငံတကာ အဖြဲ႔အစည္းေတြ ျဖစ္တဲ့ UN လိုမ်ိဳး၊ ICRC တို႔လိုမ်ိဳး တရားဝင္လာၿပီး ကူညီေပးမယ္ဆိုရင္ေတာ့ မင္းတပ္ၿမို႕နယ္မွာ ရွိတဲ့ စစ္ေဘးေရွာင္ေတြ အတြက္ အဲလိုမ်ိဳး စားဝတ္ေနေရး ေတာ္ေတာ္အဆင္ေျပမယ္လို႔ က်ေနာ္ထင္ပါတယ္။”

ခ်င္းျပည္နယ္ထဲမွာျဖစ္ေနတဲ့ စစ္ေရးပဋိပကၡေၾကာင့္ ျပည္သူ (၅၀,၀၀၀)ေက်ာ္ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေန ရတယ္လို႔ ျပည္တြင္း ဒုကၡသည္အေရး ကူညီေပးေနၾကသူေတြက ခန႔္မွန္းထားပါတယ္။ သူတို႔ ယာယီခိုလႈံေနၾကတဲ့ ေနရာေတြကို တိုက္ပြဲကင္းမဲ့ဇုန္ အျဖစ္သတ္မွတ္ေပးဖို႔ စစ္ေရွာင္ေကာ္မီတီက ၂ ဘက္လုံးကို ေတာင္းဆိုခဲ့ေပမဲ့ စစ္တပ္ဘက္က လက္ခံျခင္း မရွိတဲ့အတြက္ သူတို႔ရဲ့ဘဝလုံျခဳံေရးဟာ စိုးရိမ္ေနရတယ္လို႔ ဒုကၡသည္ေတြအေရး ကူညီသူေတြကေျပာပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


မင်းတပ် မြို့တွင်းသွားလာရေးနဲ့အကူအညီကိစ္စ မြို့မိမြို့ဖနဲ့ စစ်တပ်ဆွေးနွေးညှိုနှိုင်း

(Unicode)

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့နယ်မှာ လက်ရှိဒေ သခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး ဒေသတွင်းမှာ ဒေသခံတွေ သွားလာရေးအဆင်ပြေဖို့ စစ်ကောင်စီနဲ့ မြို့မြို့ဖတို့ ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာသည်ယူရေးနဲ့ လက်နက်ခဲယမ်းမပါပဲ လွတ်လပ်စွာသွားလာခွင့်ပြုမယ့် အချက်တွေလည်းပါဝင်ပါတယ်။ ရန်ကုန်က လာတဲ့ သတင်း အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် ပြောပြပါမယ်။

စစ်ကောင်စီတပ်နဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် CDF တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ မင်းတပ်မြို့ နယ်အတွင်းမှာ ဒေသခံတွေ လွတ်လပ်စွာသွားလာရေးနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသည်ယူနိုင်ရေး ဦးစားပေးပြီး မင်းတပ်မြို့ မိမြို့ဖတွေနဲ့ စစ်ကောင်စီကြား ဒီကနေ့ ဆွေနွေးခဲ့ကြတယ်လို့ မင်းတပ်မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးထန်းနိန်ကပြောပါတယ်။

“ ကျနော်ပြောနိုင်တာ တစ်ခုကတော့ မင်းတပ်မြို့မှာ လွတ်လွတ်လပ်လပ် လက်နက်ခဲယမ်းမပါပဲနဲ့ သွားလာပြီးတော့မှ မိမိနေအိမ်ကို ပြန်လည်နေထိုင်ခွင့်ရှိတယ်။ သွားလာခွင့်ရှိတယ်။ စားနပ်ရိက္ခာသည်ယူရေးခက်ခဲတဲ့ အခါမှာလည်း မြို့မိမြို့ဖတွေကနေတစ်ဆင့် ပြန်ပြီးတော့ အကူအညီပေးဖို့ လတ်တလောပေါ့နော် ညှိနှိုင်းထားတာရှိပါတယ်။ အဲဒီအတွက် အခက်အခဲရှိရင် မြို့မိမြို့ဖတွေနေတစ်ဆင့် ကူညီဖို့ ဖုန်းနံပတ် ပေးထားတာရှိပါတယ်။ ”

ဒီကနေ့ဆွေးနွေးကြတဲ့ အထဲမှာ မင်းတပ်မြို့နယ်အတွင်း လက်နက်ကိုင်ဆောင် စောင့်ကြည့် တာတွေမလုပ်ဖို့ ၊အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေကို မခြိမ်းခြောက်ဖို့နဲ့ ပြည်သူလူ ထုတွေကိုခြိမ်းခြောက်တာတွေ မလုပ်ဖို့ ပါရှိတဲ့ ထုတ်ပြန်ချက်တစ်စောင်ဟာလည်း လူမှုကွန်ယှက်တွေပေါ်မှာ ပြန်နှံ့နေတာပါ။ ကြေညာချက်ပါ အချက်တွေအတိုင်း စစ်ကောင်စီနဲ့ မင်းတပ်မြို့မိမြို့ဖတို့ဆွေးနွေးခဲ့တာ မှန်ပေမယ့် အသေးစိတ်မပြောနိုင်ဘူးလို့လည်း ဦးထန်းနိန်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ မင်းတပ်မြို့အတွင်း သွားလာရေးခက်ခဲသူတွေ၊ စစ်ရှောင်တွေအတွက် ရိက္ခသည်ယူရေးတွေနဲ့ ပတ်သတ်ပြီး မင်းတပ်မြို့မိမြို့ဖတွေနဲ့ ဒီကနေ့ဆွေးနွေးခဲ့ပြီး လိုအပ်တာတွေကို ကူညီမယ်လို့လည်း ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဗိုလ်မှူး အောင်ကိုကိုက ပြောပါတယ်။

“ သွားရလာတာရ အခက်အခဲရှိရင်တော့ ဖုန်းဆက်လို့ရပါတယ်ခင်မျာ။ တခြားသီးခြား သတင်းနဲ့ ဆိုရင်တော့ ကျနော်လည်း ပြောပိုင်ခွင့်မရှိပဲ ဖြစ်နေလို့ပါခင်မျာ။ မြေပြင်မှာ သွားရ လာရတာ အခက်အခဲရှိတဲ့ အချိန် တပ်နဲ့ ညှိနှိုင်းစရာရှိတဲ့ အချိန်ကျရင် ကျနော်နဲ့ အလွယ်တကူ ဖုန်းဆက်လို့ရအောင် ကျနော်ဖုန်းနံပတ်လေး တင်ထားတာပါခင်မျာ။ သတင်းအတိအကျတော့ အဲလို ထုတ်ပြန်ပါလိမ့်မယ်အစ်ကိုဟုတ်။”

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မင်းတပ်မြို့နယ်တစ်ခုလုံးနီးပါး ဘေးလွတ်ရာကို လက်ရှိအချိန်ထိ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ရှောင်တွေအတွက် အဓိက ရိက္ခာသယ်တဲ့ ချင်း-မကွေး နယ်စပ် လမ်းကြောင်းအားလုံးကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးမှု လုပ်နေတာကြောင့် ရိက္ခာသယ်ယူရာမှာအခက်ခဲရှိနေတယ်လို့လည်း မင်းတပ်ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်ဆိုင်းနေတယ်ဆိုပေမယ့် တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရသလို သွားရေးလာရေးတွေ အခက်အခဲရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဖူလုံရေး နိုင်ငံတကာအဖွဲ့အစည်း တွေအနေနဲ့ ကူညီပေးစေချင်တယ်လို့လည်း စစ်ရှောင်တစ်ဦးဖြစ်တဲ့ ကို Silver နိုင်က ပြောပါတယ်။

“ မင်းတပ်တမြို့လုံးက စစ်ဘေးရှောင်အခြေအနေနဲ့ ကြုံနေရတဲ့ အခါကျတော့ ကျနော်တို့ အလှူရှင်တွေကလည်း ပြည်တွင်းက အလှူရှင်တွေ ဖြစ်ကြတယ်။ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းက လူတွေ ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ အနေနဲ့ အဓိက လိုချင်တာကတော့ ဒါကို နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ UN လိုမျိုး၊ ICRC တို့လိုမျိုး တရားဝင်လာပြီး ကူညီပေးမယ်ဆိုရင်တော့ မင်းတပ်မြို့နယ်မှာ ရှိတဲ့ စစ်ဘေးရှောင်တွေ အတွက် အဲလိုမျိုး စားဝတ်နေရေး တော်တော်အဆင်ပြေမယ်လို့ ကျနော်ထင်ပါတယ်။”

ချင်းပြည်နယ်ထဲမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် ပြည်သူ (၅၀,၀၀၀)ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေ ရတယ်လို့ ပြည်တွင်း ဒုက္ခသည်အရေး ကူညီပေးနေကြသူတွေက ခန့်မှန်းထားပါတယ်။ သူတို့ ယာယီခိုလှုံနေကြတဲ့ နေရာတွေကို တိုက်ပွဲကင်းမဲ့ဇုန် အဖြစ်သတ်မှတ်ပေးဖို့ စစ်ရှောင်ကော်မီတီက ၂ ဘက်လုံးကို တောင်းဆိုခဲ့ပေမဲ့ စစ်တပ်ဘက်က လက်ခံခြင်း မရှိတဲ့အတွက် သူတို့ရဲ့ဘဝလုံခြုံရေးဟာ စိုးရိမ်နေရတယ်လို့ ဒုက္ခသည်တွေအရေး ကူညီသူတွေကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG