သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္စစ္ေဘးေရွာင္ေတြ ေနအိမ္မျပန္ရဲေသး


ပစ္ခတ္မႈေတြေၾကာင့္ ထြက္ေျပးေနရတဲ့ မင္းတပ္ေဒသခံမ်ား

(Zawgyi / Unicode)

စစ္ေဘးေရွာင္ ေသာင္းနဲ႔ခ်ီရွိေနတဲ့ မင္းတပ္ေဒသမွာ သီတင္း ၂ ပတ္ၾကာ အပစ္ရပ္ဆိုင္းထားဖုိ႔ စစ္ေကာင္စီနဲ႔ မင္းတပ္ CDF တပ္ဖဲြ႔တို႔ၾကား ေဆြးေႏြးခဲ့ၾကတယ္လို႔ CDF က တာဝန္ရွိသူတဦးက ေျပာပါတယ္။ ေနအိမ္ျပန္ၾကသူေတြကို ဖမ္းဆီးမႈေတြ ရွိတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ စစ္ေဘးေရွာင္ေတြကလည္း အိမ္မျပန္ရဲဘဲ ျဖစ္ေနတာပါ။ မင္းတပ္က ေနာက္ဆံုးအေျခေနနဲ႔ ပတ္သက္ၿပီး ရန္ကုန္ကလာတဲ့ သတင္းကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ မင္းတပ္ CDF တို႔ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားၿပီးေနာက္ပိုင္း ေတာေတာင္ေတြထဲ ထြက္ေျပးပုန္းေရွာင္ေနရတဲ့ ေဒသခံ ဒုကၡသည္ေတြ ေနအိမ္ျပန္ႏုိင္ေရးအတြက္္ ဇြန္ ၂၀ ရက္ကေန ဇူလိုင္ ၄ ရက္အထိ အပစ္ရပ္ဖို႔ စစ္ေကာင္စီနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ မင္းတပ္ CDF တပ္ဖြဲ႔ တာဝန္ရွိသူတဦးက ဗီြအိုေအကို ေျပာပါတယ္။

“အပစ္ရပ္မယ္ေပါ့ေနာ္၊ စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ႏိုင္ေရး ရည္ရြယ္ၿပီးေတာ့ လုပ္ထားတာေပါ့။ အဓိက ဒုကၡသည္ေတြ မင္းတပ္ဘက္ကဆိုရင္ တၿမိဳ႕လံုး တရြာလံုးနီးပါးက စစ္ေဘးေရွာင္ျဖစ္သြားေတာ့ေလ အဲ့ဒါေတြ အခက္အခဲကို သူတို႔ အိမ္ျပန္လို႔ရတဲ့ အေျခအေနကို ဖန္တီးတဲ့သေဘာျဖစ္တယ္။ စစ္တပ္ဘက္က တူမီးေသနတ္ ၆ လက္ေလာက္၊ ၿပီးရင္ သူတို႔ရဲ႕ လက္နက္အေသးစား က်ေနာ္တုိ႔ယူထားတဲ့ AK47 တလက္ႏွစ္လက္ေလာက္ေပါ့ ျပန္အပ္ပါ၊ အဲ့ဒါေတြအပ္ၿပီးရင္ ျပန္လို႔ရမယ္၊ ၿပီးရင္ က်ေနာ္တုိ႔လည္း တပ္ေဖ်ာက္မယ့္ပံုစံမွာ ရွိတယ္။”

အခုလို အပစ္ရပ္ထားေရး ေဆြးေႏြးၿပီး ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး လုပ္ေဆာင္ေနေပမယ့္ စစ္ေဘးေရွာင္ေတြ အေနနဲ႔ ေနရပ္ျပန္ႏိုင္ဖို႔ မလြယ္ကူေသးဘဲ အေျခအေနကို ေစာင့္ၾကည့္ေနရတယ္လို႔ မင္းတပ္ ဒုကၡသည္စခန္း စီမံခန္႔ခြဲမႈ မိန္းေကာ္မတီက တာဝန္ရွိသူတဦးက ေျပာပါတယ္။

“မင္းတပ္ျပည္သူေတြအေနနဲ႔ မင္းတပ္ျပန္ဖို႔ဆိုတာက ထင္သေလာက္ေတာ့ မလြယ္ေလာက္ေသးဘူး အေျခအေနကေလ။ ဘာလို႔လဲဆိုေတာ့ စကစနဲ႔ အပစ္အခတ္ရပ္စဲၿပီး ျပန္တယ္ဆိုရင္လည္း CDF နဲ႔က တႀကိမ္ႀကိမ္ တိုက္ပြဲက ထပ္ျဖစ္လာႏိုင္ေသးတာေပါ့ေနာ္။ အဲ့လိုဆိုေတာ့ က်ေနာ္တုိ႔ထင္သေလာက္ ျပည္သူေတြအေနနဲ႔ လံုၿခံဳစိတ္ခ်စြာ ျပန္ရမယ့္ အေနအထားမ်ိဳး မရွိေသးဘူးလုိ႔ ထင္မိတယ္။ ဘယ္ေလာက္အတိုင္းအတာထိ ခြင့္ျပဳမယ္၊ ဘယ္ေလာက္အတိုင္းအတာထိ သြားလာလို႔ရမယ္ဆိုတာ က်ေနာ္တုိ႔က ေသေသခ်ာခ်ာ မသိရေသးဘူး။ က်ေနာ္တုိ႔ဘက္ကဆိုေတာ့ အေစာပိုင္း ကာလတုန္းက တခ်ိဳ႕ျပန္တယ္။ မင္းတပ္ျပန္သြားတယ္။ ဒါေပမယ့္ အဆက္အသြယ္ မရတဲ့သူေတြ ရွိတယ္ခင္ဗ်။ ဘာေတြျဖစ္သြားလဲဆိုတာ က်ေနာ္တုိ႔ေတာ့ မသိဘူး။ တခ်ိဳ႕ကလည္း စကစဘက္က ဖမ္းဆီးႏွိပ္စက္တာ ျမင္ေတြ႔ရတယ္လို႔ တခ်ိဳ႕ကေျပာပါတယ္။ အခုကာလမွာ တခ်ိဳ႕သေဘာတူညီခ်က္ၿပီးရင္ေတာ့ ထပ္ၿပီး ေစာင့္ၾကည့္ၿပီးမွ အေျခအေနသိရမယ့္သေဘာ ျဖစ္ေနတယ္။”

မင္းတပ္ၿမိဳ႕ကို ေမ ၁၃ ရက္က စစ္အုပ္ခ်ဳပ္ေရးအမိန္႔ ေၾကညာၿပီးေနာက္ပိုင္းမွာလည္း မင္းတပ္ CDF နဲ႔ စစ္ေကာင္စီတို႔ၾကား တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းအသံုးျပဳ တိုက္ခိုက္လာတာေၾကာင့္ မင္းတပ္ၿမိဳ႕ ေနထိုင္သူေတြ စစ္ေဘးေရွာင္ေနၾကတာ ျဖစ္ပါတယ္။

မင္းတပ္ေဒသတဝိုက္မွာ စစ္ေဘးဒုကၡသည္ ေသာင္းေက်ာ္ရွိၿပီး အစားအေသာက္နဲ႔ ေဆးဝါးအကူအညီေတြ လိုအပ္ေနသလို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ေဆးကုသခြင့္မရလို႔ အသက္ ၇ လအရြယ္ ကေလးတဦးနဲ႔ သက္ႀကီးဘုိးဘြား ၂ ဦး ေသဆံုးခဲ့ရတာပါ။

အခုလို တုိက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ေတြ ေပၚမလာေအာင္ အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္ၾကဖို႔ လိုအပ္တယ္လို႔ ဇြန္ ၂၀ ရက္မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ ဒုကၡသည္ေန႔မွာ မင္းတပ္ ဒုကၡသည္စခန္း စီမံခန္႔ခြဲမႈ မိန္းေကာ္မတီက တိုက္တြန္းလိုက္ပါတယ္။

“အျပည္ျပည္ဆိုင္ရာ ဒုကၡသည္မ်ားေန႔ ဆိုေတာ့ေပါ့၊ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံမွာ ေနရတာ တမ်ိဳးလည္း ကံေကာင္းတယ္။ ကံေကာင္းတဲ့အပိုင္းကေတာ့ စိတ္ရင္းေစတနာ အရမ္းကို ထက္သန္ၾကတယ္။ ႏိုင္ငံသူ ႏိုင္ငံသား တိုင္းရင္းသား ေမာင္ႏွမေတြ မ်ားတယ္။ တဖက္မွာလည္း ျပည္တြင္းစစ္ေတြ အရမ္းမ်ားတယ္။ အရင္က ျပည္တြင္းစစ္ျဖစ္တယ္ ဆုိေပမယ့္ က်ေနာ္တုိ႔ ခ်င္းျပည္နယ္က ေအးခ်မ္းခဲ့တဲ့အတြက္ နဖူးေတြ႔ ဒူးေတြ႔ မႀကံဳဖူးဘူး။ တကယ္ႀကံဳဖူးလာတဲ့ အေနအထားမ်ိဳးမွာ တကယ္ကိုယ္ခ်င္းစာမိတယ္။ အခက္အခဲနဲ႔ ထပ္ထပ္ၿပီးေနရတာရယ္၊ မိုးထဲေလထဲ တဲထုိုးၿပီး အိပ္ရတဲ့ အေနအထားေတြရယ္ တကယ္ကို ႀကံဳေတြ႔လာရတဲ့အခါမွာ စစ္ေဘးေရွာင္ေတြရဲ႕ ဒုကၡက တကယ္ကို မေသးဘူးေပါ့ေနာ္။ အလားတူပဲ က်ေနာ္တုိ႔ႏိုင္ငံမွာရွိတဲ့ ႏိုင္ငံသူ ႏိုင္ငံသားေတြ အားလံုးကိုလည္း တိုက္တြန္းခ်င္တယ္။ တကမၻာလံံုးမွာရွိတဲ့ လူေတြကို မွ်ေဝခ်င္တာက ဒီလို အေနအထားမ်ိဳးေတြ ျဖစ္မလာေအာင္ ကာကြယ္ၿပီးေတာ့မွ အခ်င္းခ်င္းပူးေပါင္းၿပီး လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ေျပာခ်င္ပါတယ္။”

လက္ရွိ မင္းတပ္ၿမိဳ႕က စစ္ေဘးဒုကၡသည္ေတြဟာ နီးစပ္ရာ ေတာေတာင္ေတြမွာ ခိုလံႈေနရၿပီး စစ္ေကာင္စီတပ္ေတြ သူတုိ႔ပုန္းေအာင္ရာ ေနရာေတြနားအထိ ထိုးစစ္ဆင္လာတဲ့အခါ ေနရာေရႊ႕ေျပာင္းၿပီး ေနထိုင္ရတာေတြလည္း ရွိေနပါတယ္။ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီက ဖြင့္လွစ္ထားတဲ့ ဒုကၡသည္စခန္းက ၁၀ ခုရွိေပမယ့္ လာေရာက္ခိုလံႈသူက အနည္းငယ္ပဲ ရွိပါတယ္။

မင္းတပ္စစ္ေဘးေရွာင္ေတြ ေနအိမ္မျပန္ရဲေသး
please wait

No media source currently available

0:00 0:05:05 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မင်းတပ်စစ်ဘေးရှောင်တွေ နေအိမ်မပြန်ရဲသေး

စစ်ဘေးရှောင် သောင်းနဲ့ချီရှိနေတဲ့ မင်းတပ်ဒေသမှာ သီတင်း ၂ ပတ်ကြာ အပစ်ရပ်ဆိုင်းထားဖို့ စစ်ကောင်စီနဲ့ မင်းတပ် CDF တပ်ဖွဲ့တို့ကြား ဆွေးနွေးခဲ့ကြတယ်လို့ CDF က တာဝန်ရှိသူတဦးက ပြောပါတယ်။ နေအိမ်ပြန်ကြသူတွေကို ဖမ်းဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ဘေးရှောင်တွေကလည်း အိမ်မပြန်ရဲဘဲ ဖြစ်နေတာပါ။ မင်းတပ်က နောက်ဆုံးအခြေနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီးနောက်ပိုင်း တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံ ဒုက္ခသည်တွေ နေအိမ်ပြန်နိုင်ရေးအတွက် ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၄ ရက်အထိ အပစ်ရပ်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အပစ်ရပ်မယ်ပေါ့နော်၊ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ရည်ရွယ်ပြီးတော့ လုပ်ထားတာပေါ့။ အဓိက ဒုက္ခသည်တွေ မင်းတပ်ဘက်ကဆိုရင် တမြို့လုံး တရွာလုံးနီးပါးက စစ်ဘေးရှောင်ဖြစ်သွားတော့လေ အဲ့ဒါတွေ အခက်အခဲကို သူတို့ အိမ်ပြန်လို့ရတဲ့ အခြေအနေကို ဖန်တီးတဲ့သဘောဖြစ်တယ်။ စစ်တပ်ဘက်က တူမီးသေနတ် ၆ လက်လောက်၊ ပြီးရင် သူတို့ရဲ့ လက်နက်အသေးစား ကျနော်တို့ယူထားတဲ့ AK47 တလက်နှစ်လက်လောက်ပေါ့ ပြန်အပ်ပါ၊ အဲ့ဒါတွေအပ်ပြီးရင် ပြန်လို့ရမယ်၊ ပြီးရင် ကျနော်တို့လည်း တပ်ဖျောက်မယ့်ပုံစံမှာ ရှိတယ်။”

အခုလို အပစ်ရပ်ထားရေး ဆွေးနွေးပြီး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေပေမယ့် စစ်ဘေးရှောင်တွေ အနေနဲ့ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘဲ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ မင်းတပ် ဒုက္ခသည်စခန်း စီမံခန့်ခွဲမှု မိန်းကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။

“မင်းတပ်ပြည်သူတွေအနေနဲ့ မင်းတပ်ပြန်ဖို့ဆိုတာက ထင်သလောက်တော့ မလွယ်လောက်သေးဘူး အခြေအနေကလေ။ ဘာလို့လဲဆိုတော့ စကစနဲ့ အပစ်အခတ်ရပ်စဲပြီး ပြန်တယ်ဆိုရင်လည်း CDF နဲ့က တကြိမ်ကြိမ် တိုက်ပွဲက ထပ်ဖြစ်လာနိုင်သေးတာပေါ့နော်။ အဲ့လိုဆိုတော့ ကျနော်တို့ထင်သလောက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ ပြန်ရမယ့် အနေအထားမျိုး မရှိသေးဘူးလို့ ထင်မိတယ်။ ဘယ်လောက်အတိုင်းအတာထိ ခွင့်ပြုမယ်၊ ဘယ်လောက်အတိုင်းအတာထိ သွားလာလို့ရမယ်ဆိုတာ ကျနော်တို့က သေသေချာချာ မသိရသေးဘူး။ ကျနော်တို့ဘက်ကဆိုတော့ အစောပိုင်း ကာလတုန်းက တချို့ပြန်တယ်။ မင်းတပ်ပြန်သွားတယ်။ ဒါပေမယ့် အဆက်အသွယ် မရတဲ့သူတွေ ရှိတယ်ခင်ဗျ။ ဘာတွေဖြစ်သွားလဲဆိုတာ ကျနော်တို့တော့ မသိဘူး။ တချို့ကလည်း စကစဘက်က ဖမ်းဆီးနှိပ်စက်တာ မြင်တွေ့ရတယ်လို့ တချို့ကပြောပါတယ်။ အခုကာလမှာ တချို့သဘောတူညီချက်ပြီးရင်တော့ ထပ်ပြီး စောင့်ကြည့်ပြီးမှ အခြေအနေသိရမယ့်သဘော ဖြစ်နေတယ်။”

မင်းတပ်မြို့ကို မေ ၁၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီးနောက်ပိုင်းမှာလည်း မင်းတပ် CDF နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်လာတာကြောင့် မင်းတပ်မြို့ နေထိုင်သူတွေ စစ်ဘေးရှောင်နေကြတာ ဖြစ်ပါတယ်။

မင်းတပ်ဒေသတဝိုက်မှာ စစ်ဘေးဒုက္ခသည် သောင်းကျော်ရှိပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆေးကုသခွင့်မရလို့ အသက် ၇ လအရွယ် ကလေးတဦးနဲ့ သက်ကြီးဘိုးဘွား ၂ ဦး သေဆုံးခဲ့ရတာပါ။

အခုလို တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ပေါ်မလာအောင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဇွန် ၂၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်နေ့မှာ မင်းတပ် ဒုက္ခသည်စခန်း စီမံခန့်ခွဲမှု မိန်းကော်မတီက တိုက်တွန်းလိုက်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ ဆိုတော့ပေါ့၊ ကျနော်တို့ မြန်မာနိုင်ငံမှာ နေရတာ တမျိုးလည်း ကံကောင်းတယ်။ ကံကောင်းတဲ့အပိုင်းကတော့ စိတ်ရင်းစေတနာ အရမ်းကို ထက်သန်ကြတယ်။ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား မောင်နှမတွေ များတယ်။ တဖက်မှာလည်း ပြည်တွင်းစစ်တွေ အရမ်းများတယ်။ အရင်က ပြည်တွင်းစစ်ဖြစ်တယ် ဆိုပေမယ့် ကျနော်တို့ ချင်းပြည်နယ်က အေးချမ်းခဲ့တဲ့အတွက် နဖူးတွေ့ ဒူးတွေ့ မကြုံဖူးဘူး။ တကယ်ကြုံဖူးလာတဲ့ အနေအထားမျိုးမှာ တကယ်ကိုယ်ချင်းစာမိတယ်။ အခက်အခဲနဲ့ ထပ်ထပ်ပြီးနေရတာရယ်၊ မိုးထဲလေထဲ တဲထိုးပြီး အိပ်ရတဲ့ အနေအထားတွေရယ် တကယ်ကို ကြုံတွေ့လာရတဲ့အခါမှာ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခက တကယ်ကို မသေးဘူးပေါ့နော်။ အလားတူပဲ ကျနော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးကိုလည်း တိုက်တွန်းချင်တယ်။ တကမ္ဘာလံုံးမှာရှိတဲ့ လူတွေကို မျှဝေချင်တာက ဒီလို အနေအထားမျိုးတွေ ဖြစ်မလာအောင် ကာကွယ်ပြီးတော့မှ အချင်းချင်းပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ တောတောင်တွေမှာ ခိုလှုံနေရပြီး စစ်ကောင်စီတပ်တွေ သူတို့ပုန်းအောင်ရာ နေရာတွေနားအထိ ထိုးစစ်ဆင်လာတဲ့အခါ နေရာရွှေ့ပြောင်းပြီး နေထိုင်ရတာတွေလည်း ရှိနေပါတယ်။ မင်းတပ်မြို့မှာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းက ၁၀ ခုရှိပေမယ့် လာရောက်ခိုလှုံသူက အနည်းငယ်ပဲ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG