သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မၿငိမ္းေသးတဲ႔ မင္းတပ္ေဒသခံတို႔ရဲ႕ ဒုကၡ


ထြက္ေျပးလာတဲ့ မင္းတပ္ေဒသခံမ်ား

(Zawgyi/Unicode)

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြနဲ႔ မင္းတပ္ေဒသခံ CDF အဖဲြ႔ေတြ တိုက္ပြဲျဖစ္ပြားတဲ့အခ်ိန္ကစၿပီး စစ္ေဘးလြတ္ရာကို ထြက္ေျပးေနၾကသူေတြအတြက္ ေက်း႐ြာတခ်ဳိ႕နဲ႔ ခရစ္ယာန္ဘုရားေက်ာင္းတခ်ဳိ႕က ယာယီစခန္းသေဘာမ်ဳိးဖြင့္ၿပီး ကူညီေပးေနပါတယ္။ တခ်ိန္ထဲမွာပဲ မင္းတပ္ၿမိဳ႕မွာ ပစ္ခတ္မႈတခ်ဳိ႕ျပန္ျဖစ္ေနသလို၊ ဆက္သြယ္ေရးလိုင္းေတြ ျပတ္ေတာက္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုေအာင္ျမတ္သူက ေျပာျပေပးပါမယ္။

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြနဲ႔ မင္းတပ္ေဒသခံကာကြယ္ေရး CDF အဖဲြ႔ေတြၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ ၿမိဳ႕မွာေနထိုင္သူ အမ်ားအျပားဟာ စစ္ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေျပးဒုကၡသည္ေတြ မ်ားလာတဲ့ အတြက္ မင္းတပ္ ၿမိဳ႕နဲ႔အလွမ္းေ၀းတဲ့ ႐ြာတခ်ဳိ႕နဲ႔ ခရစ္ယာန္ ဘုရားေက်ာင္း တခုမွာ ယာယီ ျပည္တြင္းဒုကၡသည္စခန္း ၅ ခု ဖြင့္လွစ္ထားရပါတယ္။ အဲဒီစခန္းေတြမွာ စုစုေပါင္း လူဦးေရ ၅ ေထာင္ေက်ာ္ ခိုလံႈေနရ ၿပီး တပိုင္တႏိုင္ ဖြင့္ထားတဲ့ ယာယီဒုကၡသည္ စခန္းေတြရဲ႕ လံုၿခံဳေရးအတြက္ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ အေနနဲ႔ အစိုးရနဲ႔ ညွိႏိႈင္းေဆာင္႐ြက္ဖုိ႔ ဒုကၡသည္ေတြက လိုလားေနပါတယ္။ ယာယီစခန္းတခုရဲ႕ တာဝန္ခံက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ကြ်န္မတို႔ကို နည္းနည္းလွမ္းၿပီးေတာ့မွေပါ့ေနာ္ ေျပာတာဆိုတာေတြက UN လည္းရွိတယ္ ေျပာတာကေတာ့ အကုန္လံုးကေတာ့ ေျပာတယ္ WFP လည္းေျပာတယ္။ ေမးတာက အကုန္လံုးက ေမးၾကတယ္။ ဒါေပမယ့္ အခုထိ ေပးတာကမ္းတာေတာ့ ဘာမွမရွိေသးဘူး။ ကြ်န္မတို႔ အဓိက လိုခ်င္တာကေတာ့ ဘာာရိကၡာေထာက္ပံ့ မွလည္း မဟုတ္ဘူး သူတို႔ကို ပြင့္ပြင့္လင္းလင္းေျပာတယ္ ကြ်န္မတို႔ ဆန္မလိုဘူး ဆီမလိုဘူး။ ထမင္း ၂ နပ္ ၃ နပ္မစားလို႔ ကြ်န္မတို႔ ဘာမွမျဖစ္ဘူး။ ကြ်န္မတို႔ စစ္ေဘးေၾကာင့္ ဒီလိုခိုလံႈ ေနရတဲ့ ဥစၥာလိုမ်ိဳးကို တကယ့္ ၂ ဖက္ အစိုးရကေနၿပီးေတာ့ တရား၀င္ ၂ ဖက္သိရွိနားလည္ထားတာကို UN ကေနၿပီးေတာ့ သိရွိနားလည္ၿပီး ညွိႏိႈင္းေပးတာမ်ိဳးကို လိုခ်င္တယ္လို႔ေပါ့။”

မင္းတပ္ၿမိဳ႕ခံ ၃ ပံု ၂ ပံုေလာက္ ေနရပ္စြန္႔ ထြက္ေျပးေနၾကရတာမွာ တခ်ဳိ႕က နီးစပ္ရာ ေက်းရြာေတြမွာ ခိုလံႈေနရသလို ေတာေတာင္ေတြထဲမွာ ပုန္းခိုေနၾကသူေတြလည္း ႐ွိေနၾကပါတယ္။ စစ္ေဘးဒုကၡသည္ေတြဟာ မင္းတပ္ၿမိဳ႕တင္မဟုတ္ဘဲ မင္းတပ္နဲ႔နီးတဲ့ ေယာနယ္ဘက္ေတြ ကိုလည္း ထြက္ေျပးခိုေနၾကသူေတြ႐ွိၾကပါတယ္။

မင္းတပ္ၿမိဳ႕အေပၚ စစ္တပ္က ေလေၾကာင္းကေနပါ တိုက္ခုိက္ၿပီး ၿမိဳ႕ထဲဝင္ေရာက္ တပ္စြဲခဲ့တာမို႔ မင္းတပ္ CDF အဖဲြ႔ေတြက တပ္ဆုတ္ေပးခဲ့ပါတယ္။

ဒါေပမဲ့ ေမ ၁၉ ရက္ညပိုင္းကေတာ့ မင္းတပ္နဲ႔ မတူပီကားလမ္း မိုင္ ၃၀ နဲ႔ ၄၀ ၾကားမွာ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီဘက္က ၃ ဦးက်ဆံုးခဲ့တယ္လို႔ CDF က တာ၀န္ရွိသူ တဦးကေျပာပါတယ္။

“မင္းတပ္နဲ႔မတူပီၾကားမွာ မိုင္ ၃၀ နဲ႔ ၄၀ ၾကားမွာ သူတို႔ဘက္က စစ္တပ္ဘက္က ၃ ေယာက္ေပါ့ေနာ္ မင္းတပ္နဲ႔မတူပီဆက္သြယ္တဲ့ၾကားမွာ သူတို႔ဘက္က ၃ ေယာက္က်တယ္။ အဓိက က ကြ်န္ေတာ္တို႔က ေနရာတိုင္းမွာ ခ်ံဳခိုတိုက္ခိုက္ဖို႔အတြက္ေပါ့ေနာ္ ေနရာယူထားတယ္ဆိုေတာ့ လာတဲ့သူတို႔ရဲဲ႕သတင္းတိုင္းကို ကြ်န္ေတာ္တို႔က ေစာင့္ေနတာ။ ဘာေၾကာင့္ရယ္ေတာ့မဟုတ္ဘူး ဒါပံုမွန္လႈပ္ရွားမႈ ဥစၥာပဲျဖစ္ပါတယ္။ သူတို႔ ဘက္ကေတာ့ စစ္အင္အားျဖည့္တာေတြ ျပည္သူေတြ အေႏွာက္ယွက္ေပးတာေတြ ပံုမွန္သူတို႔ရဲ႕ စစ္အာဏာရွင္ အျမစ္ျပတ္ေရးကို ပံုမွန္ဦးတည္ေနတဲ့အတြက္ ဆက္ၿပီးေတာ့ တိုက္ေနအံုုးမွာပဲ။ တိုက္ပြဲကေတာ့ ရပ္မွာမဟုတ္ဘူးေပါ့ေနာ္။ အေျခအေနနဲ႔ျပည္သူလူထုရဲ႕ အသက္အႏၱရာယ္နဲ႔ သူတို႔ရဲ႕လံုၿခံဳေရးကို အၿမဲတမ္း ဦးစားေပးရတယ္ဆိုေတာ့ ၿမိဳ႕တြင္းမွာ တိုက္ပြဲရင္ဆိုင္တာထက္ ၿမိဳ႕ျပင္မွာ တိုက္ပြဲရင္ဆိုင္ျဖစ္တာေတြ ပစ္ခတ္တာေတြက ပံုမွန္အတိုင္း ဆက္လုပ္သြားဖို႔ရွိပါတယ္။”

ျပန္လည္တုိက္ခိုက္မႈေတြ႐ွိတဲ့ ေမ ၁၉ ညပိုင္းကစၿပီး မင္းတပ္ၿမိဳ႕မွာ ဆက္သြယ္ေရး တယ္လီဖုန္းလိုင္းေတြ ျပတ္ေတာက္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ မင္းတပ္ၿမိဳ႕ကေန စစ္ေဘးေရွာင္လာသူ တဦးက အခုလိုေျပာပါတယ္။

“အခုမင္းတပ္ၿမိဳ႕မွာက ဆက္သြယ္ေရး လံုး၀ျဖတ္ေတာက္ထားပါတယ္။ အင္တာနက္က လံုး၀သံုးလို႔မရပါဘူး။ ဖုန္းကေတာ့ မရတခ်က္ရတခ်က္ျဖစ္ေနတယ္။ မေန႔က ေတာင္ေပၚကေန ေယာၿမိဳ႕ထဲဆင္းလာတာျဖစ္တယ္။ ဆင္းလာေတာ့ ဒီမွာလည္း လူေတာ္ေတာ္မ်ားတယ္ေပါ့ေနာ္။ ၁၅၀ ေလာက္ရွိတယ္။ မနက္က်ေတာ့ ေတာင္ေပၚမွာရွိတဲ့ ကြ်န္ေတာ္တို႔ညီအကိုေတြနဲ႔ ဖုန္းအဆက္အသြယ္ လုပ္ေတာ့ အဆက္အသြယ္မရပါဘူးခင္ဗ်။ MPTလိုင္းကို လံုး၀ ျဖတ္ေတာက္ာထားတယ္။ ညေနပိုင္းေတာ့ ေယာနယ္ကေန ဖုန္းလွမ္းဆက္လို႔ရွိရင္ ညေနပိုင္းေလး တခ်က္ျပန္ပြင့္လာတဲ့ သေဘာရွိတယ္။ မင္းတပ္က အသိေတြဆီဖုန္းလွမ္း ဆက္ေတာ့ တလံုးမွ ဆက္လို႔မရပါဘူးခင္ဗ်။ အခုထက္ထိပိတ္ထားတယ္။ Mytel ေတာ့ရတယ္ေပါ့ေနာ္။ Mytel တလိုင္းပဲရတယ္ေျပာပါတယ္။ ေအာ္ရီဒူး တယ္လီေနာေတာ့မရပါဘူးခင္ဗ်။”

မင္းတပ္ၿမိဳ႕မွာ ဆက္သြယ္ေရးဖုန္းလိုင္းေတြအျပင္ ၿမိဳ႕ကို ေရေပးေ၀တဲ့ ေနရာေတြမွာ စစ္တပ္ေတြ တပ္စြဲ ထားၿပီး ၿမိဳ႕တြင္းသြားလာသူေတြကို ပစ္ခတ္ေနတဲ့အတြက္ အခ်ိန္လိုက္ ေရပိုက္လိုင္းေတြ ဖြင့္ေပးေနရသူေတြမွာလဲ ေရမေပးႏုိင္ဘဲ ၿမိဳ႕ေရေပးေ၀ေရးစနစ္က ျပတ္ေတာက္ေနပါတယ္။ ဒါေၾကာင့္ မင္းတပ္ၿမိဳ႕ထဲမွာ က်န္ေနေသးသူေတြကလည္း ၿမိဳ႕ထဲကေန ထြက္သြားႏိုင္ဖုိ႔ ႀကိဳးစားေနၾကပါတယ္။

မၿငိမ္းေသးတဲ႔ မင္းတပ္ေဒသခံတို႔ရဲ႕ ဒုကၡ
please wait

No media source currently available

0:00 0:05:26 0:00
တိုက္႐ိုက္ လင့္ခ္

........

မငြိမ်းသေးတဲ့ မင်းတပ်ဒေသခံတို့ရဲ့ ဒုက္ခ

(Unicode)

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ်ဒေသခံ CDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကစပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြသူတွေအတွက် ကျေးရွာတချို့နဲ့ ခရစ်ယာန်ဘုရားကျောင်းတချို့က ယာယီစခန်းသဘောမျိုးဖွင့်ပြီး ကူညီပေးနေပါတယ်။ တချိန်ထဲမှာပဲ မင်းတပ်မြို့မှာ ပစ်ခတ်မှုတချို့ပြန်ဖြစ်နေသလို၊ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက ပြောပြပေးပါမယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ်ဒေသခံကာကွယ်ရေး CDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် မြို့မှာနေထိုင်သူ အများအပြားဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ စစ်ပြေးဒုက္ခသည်တွေ များလာတဲ့ အတွက် မင်းတပ် မြို့နဲ့အလှမ်းဝေးတဲ့ ရွာတချို့နဲ့ ခရစ်ယာန် ဘုရားကျောင်း တခုမှာ ယာယီ ပြည်တွင်းဒုက္ခသည်စခန်း ၅ ခု ဖွင့်လှစ်ထားရပါတယ်။ အဲဒီစခန်းတွေမှာ စုစုပေါင်း လူဦးရေ ၅ ထောင်ကျော် ခိုလှုံနေရ ပြီး တပိုင်တနိုင် ဖွင့်ထားတဲ့ ယာယီဒုက္ခသည် စခန်းတွေရဲ့ လုံခြုံရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ဒုက္ခသည်တွေက လိုလားနေပါတယ်။ ယာယီစခန်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်မတို့ကို နည်းနည်းလှမ်းပြီးတော့မှပေါ့နော် ပြောတာဆိုတာတွေက UN လည်းရှိတယ် ပြောတာကတော့ အကုန်လုံးကတော့ ပြောတယ် WFP လည်းပြောတယ်။ မေးတာက အကုန်လုံးက မေးကြတယ်။ ဒါပေမယ့် အခုထိ ပေးတာကမ်းတာတော့ ဘာမှမရှိသေးဘူး။ ကျွန်မတို့ အဓိက လိုချင်တာကတော့ ဘာာရိက္ခာထောက်ပံ့ မှလည်း မဟုတ်ဘူး သူတို့ကို ပွင့်ပွင့်လင်းလင်းပြောတယ် ကျွန်မတို့ ဆန်မလိုဘူး ဆီမလိုဘူး။ ထမင်း ၂ နပ် ၃ နပ်မစားလို့ ကျွန်မတို့ ဘာမှမဖြစ်ဘူး။ ကျွန်မတို့ စစ်ဘေးကြောင့် ဒီလိုခိုလှုံ နေရတဲ့ ဥစ္စာလိုမျိုးကို တကယ့် ၂ ဖက် အစိုးရကနေပြီးတော့ တရားဝင် ၂ ဖက်သိရှိနားလည်ထားတာကို UN ကနေပြီးတော့ သိရှိနားလည်ပြီး ညှိနှိုင်းပေးတာမျိုးကို လိုချင်တယ်လို့ပေါ့။”

မင်းတပ်မြို့ခံ ၃ ပုံ ၂ ပုံလောက် နေရပ်စွန့် ထွက်ပြေးနေကြရတာမှာ တချို့က နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေရသလို တောတောင်တွေထဲမှာ ပုန်းခိုနေကြသူတွေလည်း ရှိနေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေဟာ မင်းတပ်မြို့တင်မဟုတ်ဘဲ မင်းတပ်နဲ့နီးတဲ့ ယောနယ်ဘက်တွေ ကိုလည်း ထွက်ပြေးခိုနေကြသူတွေရှိကြပါတယ်။

မင်းတပ်မြို့အပေါ် စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်ပြီး မြို့ထဲဝင်ရောက် တပ်စွဲခဲ့တာမို့ မင်းတပ် CDF အဖွဲ့တွေက တပ်ဆုတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ မေ ၁၉ ရက်ညပိုင်းကတော့ မင်းတပ်နဲ့ မတူပီကားလမ်း မိုင် ၃၀ နဲ့ ၄၀ ကြားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ဦးကျဆုံးခဲ့တယ်လို့ CDF က တာဝန်ရှိသူ တဦးကပြောပါတယ်။

“မင်းတပ်နဲ့မတူပီကြားမှာ မိုင် ၃၀ နဲ့ ၄၀ ကြားမှာ သူတို့ဘက်က စစ်တပ်ဘက်က ၃ ယောက်ပေါ့နော် မင်းတပ်နဲ့မတူပီဆက်သွယ်တဲ့ကြားမှာ သူတို့ဘက်က ၃ ယောက်ကျတယ်။ အဓိက က ကျွန်တော်တို့က နေရာတိုင်းမှာ ချုံခိုတိုက်ခိုက်ဖို့အတွက်ပေါ့နော် နေရာယူထားတယ်ဆိုတော့ လာတဲ့သူတို့ရဲ့သတင်းတိုင်းကို ကျွန်တော်တို့က စောင့်နေတာ။ ဘာကြောင့်ရယ်တော့မဟုတ်ဘူး ဒါပုံမှန်လှုပ်ရှားမှု ဥစ္စာပဲဖြစ်ပါတယ်။ သူတို့ ဘက်ကတော့ စစ်အင်အားဖြည့်တာတွေ ပြည်သူတွေ အနှောက်ယှက်ပေးတာတွေ ပုံမှန်သူတို့ရဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးကို ပုံမှန်ဦးတည်နေတဲ့အတွက် ဆက်ပြီးတော့ တိုက်နေအုံးမှာပဲ။ တိုက်ပွဲကတော့ ရပ်မှာမဟုတ်ဘူးပေါ့နော်။ အခြေအနေနဲ့ပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့ သူတို့ရဲ့လုံခြုံရေးကို အမြဲတမ်း ဦးစားပေးရတယ်ဆိုတော့ မြို့တွင်းမှာ တိုက်ပွဲရင်ဆိုင်တာထက် မြို့ပြင်မှာ တိုက်ပွဲရင်ဆိုင်ဖြစ်တာတွေ ပစ်ခတ်တာတွေက ပုံမှန်အတိုင်း ဆက်လုပ်သွားဖို့ရှိပါတယ်။”

ပြန်လည်တိုက်ခိုက်မှုတွေရှိတဲ့ မေ ၁၉ ညပိုင်းကစပြီး မင်းတပ်မြို့မှာ ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မင်းတပ်မြို့ကနေ စစ်ဘေးရှောင်လာသူ တဦးက အခုလိုပြောပါတယ်။

“အခုမင်းတပ်မြို့မှာက ဆက်သွယ်ရေး လုံးဝဖြတ်တောက်ထားပါတယ်။ အင်တာနက်က လုံးဝသုံးလို့မရပါဘူး။ ဖုန်းကတော့ မရတချက်ရတချက်ဖြစ်နေတယ်။ မနေ့က တောင်ပေါ်ကနေ ယောမြို့ထဲဆင်းလာတာဖြစ်တယ်။ ဆင်းလာတော့ ဒီမှာလည်း လူတော်တော်များတယ်ပေါ့နော်။ ၁၅၀ လောက်ရှိတယ်။ မနက်ကျတော့ တောင်ပေါ်မှာရှိတဲ့ ကျွန်တော်တို့ညီအကိုတွေနဲ့ ဖုန်းအဆက်အသွယ် လုပ်တော့ အဆက်အသွယ်မရပါဘူးခင်ဗျ။ MPTလိုင်းကို လုံး၀ ဖြတ်တောက်ာထားတယ်။ ညနေပိုင်းတော့ ယောနယ်ကနေ ဖုန်းလှမ်းဆက်လို့ရှိရင် ညနေပိုင်းလေး တချက်ပြန်ပွင့်လာတဲ့ သဘောရှိတယ်။ မင်းတပ်က အသိတွေဆီဖုန်းလှမ်း ဆက်တော့ တလုံးမှ ဆက်လို့မရပါဘူးခင်ဗျ။ အခုထက်ထိပိတ်ထားတယ်။ Mytel တော့ရတယ်ပေါ့နော်။ Mytel တလိုင်းပဲရတယ်ပြောပါတယ်။ အော်ရီဒူး တယ်လီနောတော့မရပါဘူးခင်ဗျ။”

မင်းတပ်မြို့မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေအပြင် မြို့ကို ရေပေးဝေတဲ့ နေရာတွေမှာ စစ်တပ်တွေ တပ်စွဲ ထားပြီး မြို့တွင်းသွားလာသူတွေကို ပစ်ခတ်နေတဲ့အတွက် အချိန်လိုက် ရေပိုက်လိုင်းတွေ ဖွင့်ပေးနေရသူတွေမှာလဲ ရေမပေးနိုင်ဘဲ မြို့ရေပေးဝေရေးစနစ်က ပြတ်တောက်နေပါတယ်။ ဒါကြောင့် မင်းတပ်မြို့ထဲမှာ ကျန်နေသေးသူတွေကလည်း မြို့ထဲကနေ ထွက်သွားနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG