သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

CDM ေၾကာင္႔ဖယ္ရွားခံရတဲ႔ ဂ်ပန္ေရာက္သံဝန္ထမ္း ၂ ဦးေရွ႕ေရး 


ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာရွိတဲ့ ျမန္မာသံရံုး (ဓါတ္ပံု-Takeshi Kawaguchi)

(Zawgyi/Unicode)

ျမန္မာစစ္ေကာင္စီအစိုးရဟာ ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာရွိတဲ့ ျမန္မာသံရံုးက သံအရာရွိ ၂ ဦးကို အာဏာသိမ္းမႈ ကန္႔ကြက္ သပိတ္ေမွာက္တဲ့အထဲမွာ ပါ၀င္တဲ့အတြက္ ရာထူးက ဖယ္ရွားလိုက္တယ္လို႔ သံတမန္ သတင္းရပ္ကြက္ေတြကို ကိုးကားၿပီး kyodo news. Net မွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္ေကာင္စီအစိုးရ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက သူတို႔ ၂ ဦးရဲ႕ သံတမန္ အဆင့္အတန္းနဲ႔ ႏိုင္ငံကူးလက္မွတ္ကို ပယ္ဖ်က္လိုက္ၿပီး သံရံုးကို လာေရာက္ခြင့္လည္း လံုး၀ ပိတ္ပင္လိုက္ပါၿပီလို႔ ဆိုထားပါတယ္။

ရာထူးျဖဳတ္ခံထားရသူ ပထမအတြင္း၀န္ ဦးေအာင္စိုးမိုးနဲ႔ အမည္မေဖာ္ထားတဲ့ ဒုတိယအတြင္း၀န္ တဦးတို႔ေနရာမွာ အစားထိုးမယ့္သူ ၂ ဦးအတြက္ သံတမန္ ျပည္၀င္ခြင့္လက္မွတ္ကို စစ္ေကာင္စီဘက္က ေလွ်ာက္ထားခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းမႈကို ရႈတ္ခ်ထားတဲ့ ၀န္ႀကီးခ်ဳပ္ Yoshihide Suga ရဲ႕ ဂ်ပန္အစိုးရ အေနနဲ႔ ဒီကိစၥကို ဘယ္လိုကိုယ္တြယ္လာမလဲဆိုတာ အကဲခတ္ေတြက ေစာင့္ၾကည့္ေနၾကပါတယ္။

ဦးေအာင္စိုးမိုးအတြက္ ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ေပးထားတဲ့ အသိအမွတ္ျပဳလႊာကလည္း ဇူလိုင္လ ၁၅ ရက္ေန႔က်ရင္ ကုန္ဆံုးေတာ့မွာပါ။ သို႔ေပမယ့္ ဂ်ပန္အစိုးရအေနနဲ႕ သူတို႔ ၂ ဦးကို သံတမန္ျပည္၀င္ခြင့္နဲ႔ အသိအမွတ္ျပဳလႊာ ဆက္လက္ထုတ္ေပးဖို႔ ေလွ်ာက္ထားတယ္လို႔လည္း ဆိုပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရးရံုးကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး တစံုတရာ မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

CDM ကြောင့်ဖယ်ရှားခံရတဲ့ ဂျပန်ရောက်သံဝန်ထမ်း ၂ ဦးရှေ့ရေး

(Unicode)

မြန်မာစစ်ကောင်စီအစိုးရဟာ ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက သံအရာရှိ ၂ ဦးကို အာဏာသိမ်းမှု ကန့်ကွက် သပိတ်မှောက်တဲ့အထဲမှာ ပါဝင်တဲ့အတွက် ရာထူးက ဖယ်ရှားလိုက်တယ်လို့ သံတမန် သတင်းရပ်ကွက်တွေကို ကိုးကားပြီး kyodo news. Net မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ ၂ ဦးရဲ့ သံတမန် အဆင့်အတန်းနဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ပြီး သံရုံးကို လာရောက်ခွင့်လည်း လုံး၀ ပိတ်ပင်လိုက်ပါပြီလို့ ဆိုထားပါတယ်။

ရာထူးဖြုတ်ခံထားရသူ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ အမည်မဖော်ထားတဲ့ ဒုတိယအတွင်းဝန် တဦးတို့နေရာမှာ အစားထိုးမယ့်သူ ၂ ဦးအတွက် သံတမန် ပြည်ဝင်ခွင့်လက်မှတ်ကို စစ်ကောင်စီဘက်က လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့ ဝန်ကြီးချုပ် Yoshihide Suga ရဲ့ ဂျပန်အစိုးရ အနေနဲ့ ဒီကိစ္စကို ဘယ်လိုကိုယ်တွယ်လာမလဲဆိုတာ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

ဦးအောင်စိုးမိုးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုလွှာကလည်း ဇူလိုင်လ ၁၅ ရက်နေ့ကျရင် ကုန်ဆုံးတော့မှာပါ။ သို့ပေမယ့် ဂျပန်အစိုးရအနေနဲ့ သူတို့ ၂ ဦးကို သံတမန်ပြည်ဝင်ခွင့်နဲ့ အသိအမှတ်ပြုလွှာ ဆက်လက်ထုတ်ပေးဖို့ လျှောက်ထားတယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG