သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီေပါနဲ႔ နမၼတူမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြၾကား တိုက္ပဲြျဖစ္


ရွမ္းျပည္နယ္ ေနရာတခုတြင္ ေတြ႔ရတဲ့ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္အဖဲြ႔ဝင္တဦး။ (ေဖေဖာ္ဝါရီ ၀၄၊ ၂၀၁၆)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါနဲ႔ နမၼတူၿမိဳ႕နယ္ဘက္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ အခ်င္းခ်င္းတိုက္ပြဲေတြ ျဖစ္ပြါးခဲ့သလို တိုက္ပြဲေတြေၾကာင့္ရြာသားေတြလည္း စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန သတင္း ေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ အခ်င္းခ်င္းတိုက္ပြဲေတြေၾကာင့္ ရြာသားေတြ ေဘးလြတ္ရာကို စစ္ေဘးတိမ္းေရွာင္ေနရတာပါ။

ဒီေန႔ မနက္ပိုင္း သီေပါၿမိဳ႕နယ္ နမ့္လန္ဝမ္စိမ္းေက်းရြာအုပ္စုဘက္မွာ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ နမ့္လန္ေဒသခံတဦးက ေျပာပါတယ္။

"နမ့္လန္အနားမွာ ဟုတ္တယ္။ အသံၾကားရတယ္။ ရွမ္းအခ်င္းခ်င္း။ SSPP နဲ႔ RCSS နဲ႕ခ်တာ။ ေတာ္ေတာ္ျပင္းတယ္လို႔ ေျပာရမွာေပါ့။ မနက္ ၃ နာရီေလာက္ကစ ပစ္ၿပီးေတာ့ ေန႔လယ္ ၁၁ ခြဲ၊ ၁၂ ေလာက္မွ ၿငိမ္သြားတယ္။ ရြာသားေတြကေတာ့ စစ္ေရွာင္ေျပး။ ဒီနားတ၀ိုက္မွာ တိုက္ပြဲျဖစ္ ေနတာ ႏွစ္ရက္၊ သံုးရက္ရွိၿပီ။ ဟိုနားပစ္ ဒီနားပစ္နဲ႔။"

ဒီျဖစ္တဲ့ တိုက္ပြဲေၾကာင့္ အနီးနားေကာင္းခံ မံတပ္ သံကားစတဲ့ရြာ ၅ ရြာက စစ္ေရွာင္ရြာသားေထာင္ခ်ီ ဝမ္စိမ္းေက်းရြာဘက္မွာ တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံ စိုင္းခမ္းေအာင္ကေျပာပါတယ္။

"ဝမ္စိမ္းရြာအနီး သူဂြင္ေပါ့။ အဲဒီေဒသနားမွာ ျဖစ္တယ္။ ရြာသားေတြကေတာ့ အဲဒီဝမ္စိမ္းဘုန္းႀကီးေက်ာင္းမွာ လာေရွာင္ေနၾကတယ္လို႔ ၁,၀၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ၾကားတယ္ဗ်။"

ဒီပစ္ခတ္မႈမွာ ရွမ္းလက္နက္ကိုင္ႏွစ္ဖြဲ႕ျဖစ္တဲ့ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS/SSA နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA တို႔အၾကား တိုက္ပြဲျဖစ္တာလို႔ ေဒသခံေတြက ေျပာဆိုၾကေပမဲ့ လက္နက္ကိုင္ေတြဘက္က အတည္ျပဳခ်က္ မေပးၾကပါဘူး။

ဒါေပမဲ့ နမၼတူၿမိဳ႕နယ္ ပန္လုံရြာဘက္မွာ ဒီမနက္တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္းကိုေတာ့ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA အရာရွိတဦးက အခုလိုေျပာပါတယ္။

"ဒီပန္လုံဘက္မွာ ပစ္တာပဲ ၾကားပါတယ္ က်ေနာ္။ မနက္အေစာႀကီးကတည္းက စပစ္တယ္။ မသိရေသးဘူး ခင္ဗ်။"

ဘာေၾကာင့္ ပစ္ခတ္တယ္ဆိုတာနဲ႔ ထိခိုက္မႈအေျခအေနကို မသိရေသးဘူးလို႔ သူကေျပာပါတယ္။

နမၼတူနယ္ခံတဦးကေတာ့ ဒီပစ္ခတ္တိုက္ခိုက္မႈမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း ေျမာက္ပိုင္းရွမ္းတပ္ဖြဲ႕SSPP၊ တအာင္းပေလာင္တပ္ဖြဲ႕ TNLA ပူးေပါင္းတပ္နဲ႔ ေတာင္ပိုင္းရွမ္းတပ္ဖြဲ႕ RCSS တို႕အၾကားတိုက္ခိုက္မႈလို႔ ေျပာပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ အခ်င္းခ်င္းတိုက္ပြဲ ေတြျဖစ္ပြါးမႈ မ်ားလာသလို တိုက္ပြဲေတြေၾကာင့္ ရြာအိမ္ေျခမီးေလာင္တာ ရြာကေန တိမ္းေရွာင္ေနရတာလည္း ရွိေနတာပါ။

ၿပီးခဲ့တဲ့ မတ္လကေန ေမလအထိ နမၼတူၿမိဳ႕နယ္ထဲက မန္လီ၊ မန္က်န္း၊ ပန္လုံ၊ မန္ဆာနဲ႔ ေရအိုးေက်းရြာ ၅ ရြာကအိမ္ေျခ ၁၁၇ အိမ္ မီးရိႈ႕ခံခဲ့ရပါတယ္။

ဒီ မီးေလာင္ဆုံးရႈံးသြားတဲ့ ေနအိမ္ေတြအတြက္ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSAအဖြဲ႕ကေန အလွဴေငြက်ပ္သိန္း ၆၃၀ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း SSPP အရာရွိတဦးကေျပာပါတယ္။

"အဲဒါေတာ့ဟုတ္တယ္။ ၆၃၀ ပါဗ်။ အဲဒီရြာ ၅ ရြာအတြက္ပဲဗ်။ ရြာ ၅ ရြာေလာင္သြားတာေတြေလ။ မန္လီ၊ မန္က်န္းတို႔၊ ပန္လုံ၊ မန္ဆာနဲ႔ ေရအိုးေက်းရြာ။ အိမ္ ၁၁၇ အိမ္အတြက္ပါ။"

ရြာ ၅ ရြာက မီးေဘးသင့္ ဒုကၡသည္ ၆၀၀ ေက်ာ္ကေတာ့ သီေပါၿမိဳ႕နယ္ နမၼတူၿမိဳ႕နယ္ ေရအိုးေက်းရြာ မန္စံ၊ မိုင္းမု၊ ပန္သေျပအစ ရွိတဲ့ ေက်းရြာေတြမွာ ခိုလႈံေနၾကပါတယ္။

မီးေဘးသင့္ဒုကၡသည္ေတြကေတာ့ လတ္တေလာအလွဴေငြလက္၀ယ္ မရရွိေသးေပမဲ့ ရရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း မန္လီရြာ ဒုကၡသည္တဦးကေျပာပါတယ္။

"ေတာလမ္းျဖစ္တဲ့အတြက္ ေပးေ၀မႈမွာေတာ့ အခက္ခဲရွိေသးတာေပါ့။ ဒါေပမဲ့ က်ေနာ္တို႔အေနနဲ႔ေတာ့ ေမွ်ာ္လင့္တာေတာ့ တရက္ရက္ က်ေနာ္တို႔ မီးေလာင္တဲ့အိမ္ေတြ လက္ထဲေရာက္မယ္လို႔ လူေတြ ယုံၾကည္ထားတယ္။"

မီးေဘးသင့္ဒုကၡသည္ေတြအေနနဲ႔ ယာယီစခန္းမွာ အဆင္ေျပေနေပမဲ့ လုံျခံဳမႈ မရွိတဲ့အေျခအေနေၾကာင့္ ဒီႏွစ္ စိုက္ပ်ိဳးလုပ္ေဆာင္ဖို႔ အလ်င္မမီေတာ့ဘူးလို႕ဆိုပါတယ္။

"ဆန္ဆီဆားေတာ့အဆင္ေျပပါတယ္။ ဒါေပမဲ့ အိမ္ျပန္ဖို႔ အဲဒီမွာ မိုးကက်ၿပီေလ။ စိုက္ပ်ိဳးေရးအတြက္ေတာ့ ဒီႏွစ္စာေတာ့ နားၿပီလို႔ ထင္တာပဲ။ အိမ္လည္း မရွိဘူးေနာ္။ က်ေနာ္တို႔က အခုထက္ထိ ဆန္စိုက္ဖို႔ မေျပာနဲ႔ ျခံေတာင္မွ မိုင္းမရွင္းရေသးဘူးဆိုေတာ့ က်ေနာ္တို႔မွာ အလားလာ မရွိပါဘူးခင္ဗ်။

မီးေလာင္ထားတဲ့ အိမ္ေျခအမ်ားစုဟာ တအာင္းပေလာင္ေတြ ေနထိုင္တဲ့ အိမ္ေတြျဖစ္ၾကၿပီး မီးရိႈ႕တဲ့အဖြဲ႕ဟာ RCSS/SSA အဖြဲ႕ လက္ခ်က္လို႔ ေဒသခံေတြ စြပ္စြဲၾကေပမဲ့ လုံျခံဳေရးစိုးရိမ္ေနၾကလို႔ တရား၀င္မေျပာရဲၾကတဲ့အေျခအေနမွာ ရွိေနပါတယ္။

ေဒသတြင္းပဋိပကၡေၾကာင့္ ႏွစ္ဘက္တပ္ဖြဲ႕ေတြ ေထာင္ထားတဲ့ ေျမျမွဳပ္မိုင္းေတြဟာလည္း ေဒသခံေတြအတြက္ စိုးရိမ္စရာအေနအထားမွာ ရွိေနပါတယ္။

နမၼတူၿမိဳ႕နယ္ထဲမွာ ေျမာက္ပိုင္းရွမ္းတပ္ဖြဲ႕SSPP၊ တအာင္းပေလာင္တပ္ဖြဲ႕(TNLA) ပူးေပါင္းတပ္နဲ႔ ေတာင္ပိုင္းရွမ္းတပ္ဖြဲ႕ (RCSS) တို႔အၾကား ဒီေန႔အထိ စစ္ေရးတင္းမာေနၿပီး ေက်းရြာခံ ၂,၀၀၀ ေက်ာ္ကလည္း ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သီပေါနဲ့ နမ္မတူမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့နယ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတိုက်ပွဲတွေ ဖြစ်ပွါးခဲ့သလို တိုက်ပွဲတွေကြောင့်ရွာသားတွေလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းတိုက်ပွဲတွေကြောင့် ရွာသားတွေ ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေရတာပါ။

ဒီနေ့ မနက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဝမ်စိမ်းကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နမ့်လန်ဒေသခံတဦးက ပြောပါတယ်။

"နမ့်လန်အနားမှာ ဟုတ်တယ်။ အသံကြားရတယ်။ ရှမ်းအချင်းချင်း။ SSPP နဲ့ RCSS နဲ့ချတာ။ တော်တော်ပြင်းတယ်လို့ ပြောရမှာပေါ့။ မနက် ၃ နာရီလောက်ကစ ပစ်ပြီးတော့ နေ့လယ် ၁၁ ခွဲ၊ ၁၂ လောက်မှ ငြိမ်သွားတယ်။ ရွာသားတွေကတော့ စစ်ရှောင်ပြေး။ ဒီနားတဝိုက်မှာ တိုက်ပွဲဖြစ် နေတာ နှစ်ရက်၊ သုံးရက်ရှိပြီ။ ဟိုနားပစ် ဒီနားပစ်နဲ့။"

ဒီဖြစ်တဲ့ တိုက်ပွဲကြောင့် အနီးနားကောင်းခံ မံတပ် သံကားစတဲ့ရွာ ၅ ရွာက စစ်ရှောင်ရွာသားထောင်ချီ ဝမ်စိမ်းကျေးရွာဘက်မှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံ စိုင်းခမ်းအောင်ကပြောပါတယ်။

"ဝမ်စိမ်းရွာအနီး သူဂွင်ပေါ့။ အဲဒီဒေသနားမှာ ဖြစ်တယ်။ ရွာသားတွေကတော့ အဲဒီဝမ်စိမ်းဘုန်းကြီးကျောင်းမှာ လာရှောင်နေကြတယ်လို့ ၁,၀၀၀ ကျော်လောက်ရှိတယ်လို့ကြားတယ်ဗျ။"

ဒီပစ်ခတ်မှုမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက ပြောဆိုကြပေမဲ့ လက်နက်ကိုင်တွေဘက်က အတည်ပြုချက် မပေးကြပါဘူး။

ဒါပေမဲ့ နမ္မတူမြို့နယ် ပန်လုံရွာဘက်မှာ ဒီမနက်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းကိုတော့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA အရာရှိတဦးက အခုလိုပြောပါတယ်။

"ဒီပန်လုံဘက်မှာ ပစ်တာပဲ ကြားပါတယ် ကျနော်။ မနက်အစောကြီးကတည်းက စပစ်တယ်။ မသိရသေးဘူး ခင်ဗျ။"

ဘာကြောင့် ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ သူကပြောပါတယ်။

နမ္မတူနယ်ခံတဦးကတော့ ဒီပစ်ခတ်တိုက်ခိုက်မှုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း မြောက်ပိုင်းရှမ်းတပ်ဖွဲ့SSPP၊ တအာင်းပလောင်တပ်ဖွဲ့ TNLA ပူးပေါင်းတပ်နဲ့ တောင်ပိုင်းရှမ်းတပ်ဖွဲ့ RCSS တို့အကြားတိုက်ခိုက်မှုလို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတိုက်ပွဲ တွေဖြစ်ပွါးမှု များလာသလို တိုက်ပွဲတွေကြောင့် ရွာအိမ်ခြေမီးလောင်တာ ရွာကနေ တိမ်းရှောင်နေရတာလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ မတ်လကနေ မေလအထိ နမ္မတူမြို့နယ်ထဲက မန်လီ၊ မန်ကျန်း၊ ပန်လုံ၊ မန်ဆာနဲ့ ရေအိုးကျေးရွာ ၅ ရွာကအိမ်ခြေ ၁၁၇ အိမ် မီးရှို့ခံခဲ့ရပါတယ်။

ဒီ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တွေအတွက် မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSAအဖွဲ့ကနေ အလှူငွေကျပ်သိန်း ၆၃၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း SSPP အရာရှိတဦးကပြောပါတယ်။

"အဲဒါတော့ဟုတ်တယ်။ ၆၃၀ ပါဗျ။ အဲဒီရွာ ၅ ရွာအတွက်ပဲဗျ။ ရွာ ၅ ရွာလောင်သွားတာတွေလေ။ မန်လီ၊ မန်ကျန်းတို့၊ ပန်လုံ၊ မန်ဆာနဲ့ ရေအိုးကျေးရွာ။ အိမ် ၁၁၇ အိမ်အတွက်ပါ။"

ရွာ ၅ ရွာက မီးဘေးသင့် ဒုက္ခသည် ၆၀၀ ကျော်ကတော့ သီပေါမြို့နယ် နမ္မတူမြို့နယ် ရေအိုးကျေးရွာ မန်စံ၊ မိုင်းမု၊ ပန်သပြေအစ ရှိတဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြပါတယ်။

မီးဘေးသင့်ဒုက္ခသည်တွေကတော့ လတ်တလောအလှူငွေလက်ဝယ် မရရှိသေးပေမဲ့ ရရှိဖို့ မျှော်လင့်ကြောင်း မန်လီရွာ ဒုက္ခသည်တဦးကပြောပါတယ်။

"တောလမ်းဖြစ်တဲ့အတွက် ပေးဝေမှုမှာတော့ အခက်ခဲရှိသေးတာပေါ့။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ မျှော်လင့်တာတော့ တရက်ရက် ကျနော်တို့ မီးလောင်တဲ့အိမ်တွေ လက်ထဲရောက်မယ်လို့ လူတွေ ယုံကြည်ထားတယ်။"

မီးဘေးသင့်ဒုက္ခသည်တွေအနေနဲ့ ယာယီစခန်းမှာ အဆင်ပြေနေပေမဲ့ လုံခြုံမှု မရှိတဲ့အခြေအနေကြောင့် ဒီနှစ် စိုက်ပျိုးလုပ်ဆောင်ဖို့ အလျင်မမီတော့ဘူးလို့ဆိုပါတယ်။

"ဆန်ဆီဆားတော့အဆင်ပြေပါတယ်။ ဒါပေမဲ့ အိမ်ပြန်ဖို့ အဲဒီမှာ မိုးကကျပြီလေ။ စိုက်ပျိုးရေးအတွက်တော့ ဒီနှစ်စာတော့ နားပြီလို့ ထင်တာပဲ။ အိမ်လည်း မရှိဘူးနော်။ ကျနော်တို့က အခုထက်ထိ ဆန်စိုက်ဖို့ မပြောနဲ့ ခြံတောင်မှ မိုင်းမရှင်းရသေးဘူးဆိုတော့ ကျနော်တို့မှာ အလားလာ မရှိပါဘူးခင်ဗျ။

မီးလောင်ထားတဲ့ အိမ်ခြေအများစုဟာ တအာင်းပလောင်တွေ နေထိုင်တဲ့ အိမ်တွေဖြစ်ကြပြီး မီးရှို့တဲ့အဖွဲ့ဟာ RCSS/SSA အဖွဲ့ လက်ချက်လို့ ဒေသခံတွေ စွပ်စွဲကြပေမဲ့ လုံခြုံရေးစိုးရိမ်နေကြလို့ တရားဝင်မပြောရဲကြတဲ့အခြေအနေမှာ ရှိနေပါတယ်။

ဒေသတွင်းပဋိပက္ခကြောင့် နှစ်ဘက်တပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေဟာလည်း ဒေသခံတွေအတွက် စိုးရိမ်စရာအနေအထားမှာ ရှိနေပါတယ်။

နမ္မတူမြို့နယ်ထဲမှာ မြောက်ပိုင်းရှမ်းတပ်ဖွဲ့SSPP၊ တအာင်းပလောင်တပ်ဖွဲ့(TNLA) ပူးပေါင်းတပ်နဲ့ တောင်ပိုင်းရှမ်းတပ်ဖွဲ့ (RCSS) တို့အကြား ဒီနေ့အထိ စစ်ရေးတင်းမာနေပြီး ကျေးရွာခံ ၂,၀၀၀ ကျော်ကလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG