သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြတ္ခိုင္အထြက္ ေလာင္စာဆီတင္ကားကို KIA တိုက္ခိုက္


KIA ကခ်င္လက္နက္ကိုင္တပ္ဖဲြ႔ဝင္တဦးကို ကခ်င္ျပည္နယ္ရွိ ေနရာတခုတြင္ ေတြ႔ရ။ (ေအာက္တိုဘာ ၁၃၊ ၂၀၁၃)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ ႔အထြက္မွာ ဒီကေန႔ မနက္က ဆီေဘာက္ဆာကားတစ္စီးကို ကခ်င္လက္နက္ကိုင္ KIA က ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ ဒီစက္သံုးဆီေတြဟာ စစ္တပ္အတြက္ သယ္ယူေနတယ္လို႔ သတင္းရတာေၾကာင့္ ၾကားျဖတ္တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္းနဲ႔ ဒီရက္ပိုင္းအတြင္း ရွမ္းေျမာက္ေဒသမွာ စက္သံုးဆီတင္ယာဥ္ေတြကို တုိက္ခိုက္ခဲ့ေၾကာင္း KIA ဘက္ကေျပာပါတယ္။ ရန္ကုန္က လာတဲ့ သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ကေန သိႏီၷဘက္အထြက္ နမ့္ပါခ်ီးရြာအနီး၊ လားရိႈး-မူဆယ္ ျပည္ေထာင္စုလမ္းမၾကီးေပၚမွာ စက္သံုးဆီတင္ယာဥ္ တစီးကို ကခ်င္လက္နက္ကိုင္ KIA က ဒီေန႔မနက္အေစာပိုင္းက ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

ဒီတုိက္ခုိက္မႈနဲ႔ပတ္သက္ၿပီး ကြတ္ခိုင္ေဒသခံတစ္ဦးက ဗီြအိုေအကို အခုလုိ ေျပာပါတယ္။

“မေန႔က ညေနကေတာ့ ဆီကားတစ္စီး အတားခံရတယ္။ ဒီေန႔မနက္ခင္း ၇နာရီခဲြ၊ ၈ နာရီေလာက္မွာ မီးရိႈ႕တယ္။ အဲဒီ နမ့္ပါခ်ီးရြာ အစပ္ေလးမွာ။ တိုက္ပဲြသံေတာ့ က်ေနာ္တုိ႔ မၾကားပါဘူး။ ေသနတ္နည္းနည္းပါးပါး တစ္ခ်က္၊ ႏွစ္ခ်က္ ေဖာက္တယ္လို႔ေတာ့ ၾကားတယ္။ ဘယ္အဖဲြ႔က ဆုိတာေတာ့ က်ေနာ္တုိ႔လည္း မေျပာရဲဘူး။”

ကြတ္ခိုင္ေဒသခံအခ်ိဳ႕ကေတာ့ ဆီကားလာစဥ္ လက္နက္ကိုင္ေတြက ပစ္ခတ္ခဲ့တဲ့ေနာက္ လံုၿခံဳေရးယူထားတဲ့ စစ္တပ္နဲ႔႔ပါ တိုက္ပဲြျဖစ္ပြားခဲ့တယ္လို႔လည္း ေျပာပါတယ္။ ေလာင္စာဆီတင္လာတဲ့ကား မီးေလာင္ခဲ့တဲ့ နမ့္ပါခ်ီးရြာနဲ႔ မန္ၿပိန္းရြာေတြဟာ လက္နက္ကိုင္အဖဲြ႔ေတြ မၾကာခဏ တိုက္ခုိက္တတ္တဲ့ ေနရာလည္း ျဖစ္ပါတယ္။ ကြတ္ခိုင္ၿမိဳ ႔နယ္ဟာ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)တုိ႔ အဓိက လႈပ္ရွားေနတဲ့ေနရာျဖစ္ၿပီး ဒီရက္ပိုင္းေတြမွာေတာ့ MNDAA ကိုးကန္႔တပ္ဖဲြ႔ေတြ ၀င္ေရာက္လႈပ္ရွားတာေတြလည္း ရိွပါတယ္။ KIA ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ ဒီေန႔ တိုက္ခုိက္မႈဟာ သူတို႔လက္ခ်က္ျဖစ္ေၾကာင္းနဲ႔ အခုရက္ပိုင္းအတြင္း ဆီတင္ယာဥ္ စုစုေပါင္း ၇ စီးကို ပစ္ခတ္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။

“ရွမ္းေျမာက္ဘက္မွာ ျပည္ေထာင္စုလမ္းမဘက္မွာ စစ္ေကာင္စီရဲ့ စက္ဆီေတြေပါ့ေနာ္။ ေဘာက္ဆာေတြကို ၾကားကေန ျဖတ္ေတာက္ၿပီးမွ ပစ္တယ္ဆုိတဲ့ သတင္းကေတာ့ တက္လာပါတယ္။ ေမလ ၁၇ ရက္ေန႔မွာ ၆ စီးလုိ႔ ေျပာတာပဲ။ ဒါေပမဲ့ ဖ်က္ဆီးတာက ဘယ္ေလာက္ဖ်က္ဆီးတယ္ဆုိတာ အတိအက်ေတာ့ မသိဘူး။ ဒီေန႔ မနက္ေပါ့ေနာ္ ၁၈ ရက္ေန႔မနက္မွာ တစ္စီး ပစ္ၿပီးမွ မီးေလာင္သြားတဲ့ ပံုေတြနဲ႔ ပို႔လာတာ ရိွပါတယ္။ ဆိုေတာ့ ပစ္တာကေတာ့ ၇ စီးေလာက္ရိွပါၿပီ။ ဒါေပမဲ့ ထိခိုက္ပ်က္ဆီးတာကေတာ့ ဘယ္ႏွစ္စီးဆိုတာ အတိအက် မသိရေသးပါဘူး။”

ဒီလို တိုက္ခုိက္တာဟာ စစ္ေကာင္စီအတြက္ သယ္ယူေနေၾကာင္း သတင္းရတာေၾကာင့္ ျဖစ္တယ္လို႔လည္း ဆက္ေျပာပါတယ္။

“ျပည္သူလူထုေတြ ေျပာလာတာကေတာ့ တရုတ္ျပည္ကေန ၀င္လာတဲ့ စက္သံုးဆီေတြျဖစ္တယ္လို႔ ေျပာပါတယ္။ စက္သံုးဆီလို႔ ဆိုတဲ့ေနရာမွာ ျပည္သူလူထု သံုးဖို႔ စီးပြားေရးဌာနကေန သယ္လာတဲ့ ဆီေတြေတာ့ မဟုတ္ဘူးေပါ့။ သူတို႔ တင္ျပလာတဲ့ စာရင္းအရ ဆုိရင္ေတာ့ စစ္ေကာင္စီရဲ့ ဆီေတြ ျဖစ္တယ္လို႔ ေျပာၾကပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တုိ႔လည္း ၾကားျဖတ္ၿပီးမွ ပစ္ခတ္တာျဖစ္ပါတယ္။”

ကခ်င္ျပည္နယ္ ကန္ပိုက္တီး၊ ၀ါေရွာင္နဲ႔ ၀ိုင္းေမာ္ၿမိဳ႕နယ္ဘက္ေတြမွာလည္း ဒီရက္ပိုင္းအတြင္း ဆီေဘာက္ဆာ ၃ စီးေလာက္ ပစ္ခတ္တိုက္ခုိက္ခဲ့တာရိွေၾကာင္းလည္း ေျပာပါတယ္။ စစ္တပ္နဲ႔ ေကအိုင္ေအၾကား တိုက္ပြဲေတြကေတာ့ မံစီၿမိဳ ႔အနီးက ဟန္ထက္ရြာနားမွာ တပ္မေတာ္နဲ႔ KIA တနလၤာေန႔ ညပိုင္းက တုိက္ပဲြျဖစ္ခဲ့သလို မဒန္ယန္ရြာမွာလည္း တုိက္ပဲြျဖစ္ေၾကာင္း သတင္းမီဒီယာတခ်ိဳ ႔မွာ ေဖာ္ျပတာရိွေပမဲ့ KIA ကေတာ့ ေအာက္ေျခက သတင္း မတက္လာတာေၾကာင့္ အတည္ျပဳခ်က္ မေပးႏိုင္ေသးပါဘူး။ KIA နဲ႔ နီးစပ္သူ တစ္ဦးကေတာ့ မဒန္ယန္ရြာကေန KIA တပ္ဖဲြ႔ေတြ အဂၤါေန႔ ညေန ၄ နာရီေလာက္မွာ ဆုတ္ခြာသြားခဲ့တယ္လို႔ ဆိုပါတယ္။

မိုးေမာက္ၿမဳိ ႔နယ္အတြင္းမွာေတာ့ အဂၤါေန႔ည ၆ နာရီေက်ာ္မွာ ႏြမ္းလန္းရြာအေျခစိုက္ စစ္ေကာင္စီတပ္ေတြက အေလာ့ဘြမ္ဘက္ရိွ KIA တပ္ေတြကို လက္နက္ၾကီးနဲ႔ ၅ ခ်က္ေလာက္ ပစ္ခတ္ခဲ့သလို KiA က ျပန္လည္ပစ္ခတ္တာရိွေၾကာင္း ေဒသခံေတြက ေျပာဆုိပါတယ္။ လက္ရိွအေျခအေနမွာေတာ့ မိုးေမာက္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီဘက္က အင္အားျဖည့္တင္းတာေတြ ရိွေနတာေၾကာင့္ KIA ဘက္က သတိနဲ႔ ေစာင့္ၾကည့္ေနသလို စစ္ေရးတင္းမာမႈေတြကေတာ့ ရိွေနဆဲ ျဖစ္ပါတယ္။

စစ္ေကာင္စီကထုတ္ျပန္တဲ့ အခု ည ၈နာရီသတင္းမွာေတာ့ KIA တိုက္ခိုက္လိုက္တဲ့ ဆီေဘာက္ဆာကားေတြဟာ တပ္မေတာ္အတြက္ သယ္ေဆာင္လာတဲ့ ယာဥ္ေတြ မဟုတ္ဘဲ ေဒသခံျပည္သူေတြ သံုးစဲြဖို႔ ပုဂၢလိကကုမၸဏီေတြ သယ္ေဆာင္ေနတဲ့ ေလာင္စာဆီေတြျဖစ္တယ္လို႔ ဆိုပါတယ္။ အခုလို တိုက္ခိုက္ခံရတဲ့အတြက္ ေဒသတြင္းျပည္သူေတြအတြက္ ေလာင္စာဆီ အခက္အခဲၾကံဳလာရႏိုင္တယ္လို႔လည္း ျမန္မာ႐ုပ္သံသတင္းမွာ ေၾကညာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွတ်ခိုင်အထွက် လောင်စာဆီတင်ကားကို KIA တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက်မှာ ဒီကနေ့ မနက်က ဆီဘောက်ဆာကားတစ်စီးကို ကချင်လက်နက်ကိုင် KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီစက်သုံးဆီတွေဟာ စစ်တပ်အတွက် သယ်ယူနေတယ်လို့ သတင်းရတာကြောင့် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသမှာ စက်သုံးဆီတင်ယာဉ်တွေကို တိုက်ခိုက်ခဲ့ကြောင်း KIA ဘက်ကပြောပါတယ်။ ရန်ကုန်က လာတဲ့ သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကနေ သိန္နီဘက်အထွက် နမ့်ပါချီးရွာအနီး၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စက်သုံးဆီတင်ယာဉ် တစီးကို ကချင်လက်နက်ကိုင် KIA က ဒီနေ့မနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကွတ်ခိုင်ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့က ညနေကတော့ ဆီကားတစ်စီး အတားခံရတယ်။ ဒီနေ့မနက်ခင်း ၇နာရီခွဲ၊ ၈ နာရီလောက်မှာ မီးရှို့တယ်။ အဲဒီ နမ့်ပါချီးရွာ အစပ်လေးမှာ။ တိုက်ပွဲသံတော့ ကျနော်တို့ မကြားပါဘူး။ သေနတ်နည်းနည်းပါးပါး တစ်ချက်၊ နှစ်ချက် ဖောက်တယ်လို့တော့ ကြားတယ်။ ဘယ်အဖွဲ့က ဆိုတာတော့ ကျနော်တို့လည်း မပြောရဲဘူး။”

ကွတ်ခိုင်ဒေသခံအချို့ကတော့ ဆီကားလာစဉ် လက်နက်ကိုင်တွေက ပစ်ခတ်ခဲ့တဲ့နောက် လုံခြုံရေးယူထားတဲ့ စစ်တပ်နဲ့ပါ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။ လောင်စာဆီတင်လာတဲ့ကား မီးလောင်ခဲ့တဲ့ နမ့်ပါချီးရွာနဲ့ မန်ပြိန်းရွာတွေဟာ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏ တိုက်ခိုက်တတ်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်ဟာ KIA ကချင်၊ TNLA တအန်း(ပလောင်)တို့ အဓိက လှုပ်ရှားနေတဲ့နေရာဖြစ်ပြီး ဒီရက်ပိုင်းတွေမှာတော့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားတာတွေလည်း ရှိပါတယ်။ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီနေ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်းနဲ့ အခုရက်ပိုင်းအတွင်း ဆီတင်ယာဉ် စုစုပေါင်း ၇ စီးကို ပစ်ခတ်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ရှမ်းမြောက်ဘက်မှာ ပြည်ထောင်စုလမ်းမဘက်မှာ စစ်ကောင်စီရဲ့ စက်ဆီတွေပေါ့နော်။ ဘောက်ဆာတွေကို ကြားကနေ ဖြတ်တောက်ပြီးမှ ပစ်တယ်ဆိုတဲ့ သတင်းကတော့ တက်လာပါတယ်။ မေလ ၁၇ ရက်နေ့မှာ ၆ စီးလို့ ပြောတာပဲ။ ဒါပေမဲ့ ဖျက်ဆီးတာက ဘယ်လောက်ဖျက်ဆီးတယ်ဆိုတာ အတိအကျတော့ မသိဘူး။ ဒီနေ့ မနက်ပေါ့နော် ၁၈ ရက်နေ့မနက်မှာ တစ်စီး ပစ်ပြီးမှ မီးလောင်သွားတဲ့ ပုံတွေနဲ့ ပို့လာတာ ရှိပါတယ်။ ဆိုတော့ ပစ်တာကတော့ ၇ စီးလောက်ရှိပါပြီ။ ဒါပေမဲ့ ထိခိုက်ပျက်ဆီးတာကတော့ ဘယ်နှစ်စီးဆိုတာ အတိအကျ မသိရသေးပါဘူး။”

ဒီလို တိုက်ခိုက်တာဟာ စစ်ကောင်စီအတွက် သယ်ယူနေကြောင်း သတင်းရတာကြောင့် ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

“ပြည်သူလူထုတွေ ပြောလာတာကတော့ တရုတ်ပြည်ကနေ ဝင်လာတဲ့ စက်သုံးဆီတွေဖြစ်တယ်လို့ ပြောပါတယ်။ စက်သုံးဆီလို့ ဆိုတဲ့နေရာမှာ ပြည်သူလူထု သုံးဖို့ စီးပွားရေးဌာနကနေ သယ်လာတဲ့ ဆီတွေတော့ မဟုတ်ဘူးပေါ့။ သူတို့ တင်ပြလာတဲ့ စာရင်းအရ ဆိုရင်တော့ စစ်ကောင်စီရဲ့ ဆီတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ အဲဒါကြောင့် ကျနော်တို့လည်း ကြားဖြတ်ပြီးမှ ပစ်ခတ်တာဖြစ်ပါတယ်။”

ကချင်ပြည်နယ် ကန်ပိုက်တီး၊ ဝါရှောင်နဲ့ ဝိုင်းမော်မြို့နယ်ဘက်တွေမှာလည်း ဒီရက်ပိုင်းအတွင်း ဆီဘောက်ဆာ ၃ စီးလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိကြောင်းလည်း ပြောပါတယ်။ စစ်တပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲတွေကတော့ မံစီမြို့အနီးက ဟန်ထက်ရွာနားမှာ တပ်မတော်နဲ့ KIA တနင်္လာနေ့ ညပိုင်းက တိုက်ပွဲဖြစ်ခဲ့သလို မဒန်ယန်ရွာမှာလည်း တိုက်ပွဲဖြစ်ကြောင်း သတင်းမီဒီယာတချို့မှာ ဖော်ပြတာရှိပေမဲ့ KIA ကတော့ အောက်ခြေက သတင်း မတက်လာတာကြောင့် အတည်ပြုချက် မပေးနိုင်သေးပါဘူး။ KIA နဲ့ နီးစပ်သူ တစ်ဦးကတော့ မဒန်ယန်ရွာကနေ KIA တပ်ဖွဲ့တွေ အင်္ဂါနေ့ ညနေ ၄ နာရီလောက်မှာ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

မိုးမောက်မြို့နယ်အတွင်းမှာတော့ အင်္ဂါနေ့ည ၆ နာရီကျော်မှာ နွမ်းလန်းရွာအခြေစိုက် စစ်ကောင်စီတပ်တွေက အလော့ဘွမ်ဘက်ရှိ KIA တပ်တွေကို လက်နက်ကြီးနဲ့ ၅ ချက်လောက် ပစ်ခတ်ခဲ့သလို KiA က ပြန်လည်ပစ်ခတ်တာရှိကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ရှိနေတာကြောင့် KIA ဘက်က သတိနဲ့ စောင့်ကြည့်နေသလို စစ်ရေးတင်းမာမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကထုတ်ပြန်တဲ့ အခု ည ၈နာရီသတင်းမှာတော့ KIA တိုက်ခိုက်လိုက်တဲ့ ဆီဘောက်ဆာကားတွေဟာ တပ်မတော်အတွက် သယ်ဆောင်လာတဲ့ ယာဉ်တွေ မဟုတ်ဘဲ ဒေသခံပြည်သူတွေ သုံးစွဲဖို့ ပုဂ္ဂလိကကုမ္ပဏီတွေ သယ်ဆောင်နေတဲ့ လောင်စာဆီတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို တိုက်ခိုက်ခံရတဲ့အတွက် ဒေသတွင်းပြည်သူတွေအတွက် လောင်စာဆီ အခက်အခဲကြုံလာရနိုင်တယ်လို့လည်း မြန်မာရုပ်သံသတင်းမှာ ကြေညာသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG