သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗန္းေမာ္ခ႐ိုင္တြင္း KIA နဲ႔ စစ္တပ္ၾကား တိုက္ပြဲျပင္းထန္


Myanmar

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရုိင္ မန္စီၿမိဳ႔နယ္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ KIA အၾကား တိုက္ပဲြဆက္ျဖစ္ေနၿပီး စစ္တပ္က ေလေၾကာင္းကေနပါ တုိက္ခုိက္ေနပါတယ္။ မိုးေမာက္ၿမိဳ႔နယ္အတြင္းမွာလည္း တုိက္ပဲြေတြ ျဖစ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္ တုိက္ပဲြသတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ျမစ္ၾကီးနား-ဗန္းေမာ္လမ္းမၾကီးကို စိုးမိုးထားတ့ဲ ဗန္းေမာ္ခရိုင္ မိုးေမာက္ၿမိဳ႔နယ္က အေလာ့ဘြမ္စခန္းကို တိုက္ခိုက္ဖုိ႔ စစ္ေကာင္စီဘက္က တပ္အင္အားေတြ ပို႔ေဆာင္ေနခ်ိန္မွာပဲ ဗန္းေမာ္ခရိုင္ မံစီဘက္ကို KIA က ထိုးစစ္ဆင္တိုက္ခိုက္ေနတာ ဒီေန႔ ဆုိရင္ ၄ ရက္ရိွလာၿပီ ျဖစ္ပါတယ္။

အဓိက တိုက္ပဲြျဖစ္ေနတာကေတာ့ မဒန္ယန္ရြာအနီးမွာျဖစ္ၿပီး တပ္မေတာ္ဘက္က ေလယာဥ္နဲ႔ တုိက္ခိုက္တာေတြရိွသလို လက္နက္ၾကီးသံေတြကိုလည္း မံစီၿမိဳ႔ေပၚက ၾကားေနရေၾကာင္း မံစီၿမိဳ႔ခံ တစ္ေယာက္က VOA ကို ေျပာပါတယ္။

“ဒီေန႔က ေလယာဥ္နဲ႔ေတာ့လာတယ္။ အေျမွာက္ကေတာ့ ပစ္ေနတာပဲ။ စစ္သားေတြလည္း ၿမိဳ႔ေပၚသြားေနတာပဲ။ ၿမိဳ႔ထဲမွာေတာ့ ဘာမွမျဖစ္ပါဘူး။ ကိုယ့္အိမ္ထဲမွာ ကိုယ္ေနၾကတာေပါ့ေနာ။”

KIA ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူကေတာ့ လက္ရိွ မံစီၿမိဳ႔နယ္ မဒန္ယန္ရြာမွာ တုိက္ပဲြ ဆက္ျဖစ္ေနသလို မိုးေမာက္ၿမိဳ႔နယ္ မံဒါရြာဘက္မွာလည္း တုိက္ပဲြျဖစ္ေနတယ္လို႔ေျပာပါတယ္။

“မေန႔ကဖစ္တဲ့ မဒန္ယန္ဆုိတဲ့ေနရာမွာျဖစ္ပါတယ္။ ေလေၾကာင္းနဲ႔လည္း လာတိုက္တာ။ မေန႔ကလည္း လာတယ္။ မေန႔ကတံုးက ေန႔လည္ေလာက္ တစ္ေခါက္လာၿပီးမွ ည မုိးခ်ဳပ္ခါနီးမွာ ၇ နာရီ အခ်ိန္ထိေတာင္လာတာ။ ေနာက္တခုကေတာ့ မံဒါ၊ မံဒါဆိုတဲ့ေနရာမွာလည္း တုိက္ပဲြျဖစ္ပါတယ္။ ဒီမနက္ အေစာၾကီးကနဲ႔ တုိက္ပဲြရိွတယ္။ ေန႔လည္ပိုင္းေလာက္ ေလေၾကာင္းလာတယ္။ အဲေလာက္ပဲ ၾကားပါတယ္။ မံဒါ အဲဒါက မုိးေမာက္ဘက္မွာ က်မွာ။ လြယ္ဂ်ယ္ကေန ဗန္းေမာ္သြားတဲ့ လမ္းရဲ့ ေျမာက္ဘက္မွာ က်မွာ။”

မိုးေမာက္ၿမိဳ႔နယ္က အေလာ့ဘြမ္ဘက္မွာေတာ့ ဒီရက္ပိုင္း တပ္မေတာ္ဘက္က အင္အားတုိးျမႇင့္တာေတြရိွေပမဲ့ တိုက္ပဲြေတြ အနည္းငယ္ ၿငိမ္သက္ေနတယ္လို႔ သူက ေျပာပါတယ္။

စစ္ေကာင္စီရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မိုးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္ေက်းရြာ နဲ႔ မံဒါဘက္မွာ တုိက္ပဲြျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“ၿမိဳ႔သစ္ဘက္မွာေတာ့ မေန႔က ထိေတြ႔မႈ ႏွစ္ၾကိမ္ေလာက္ ရိွခဲ့ပါတယ္ဗ်။ ျမိဳ႔သစ္ဘက္တုိ႔၊ ၿမိဳ႔သစ္ ဒါဆိုင္းဘက္တို႔၊ စိန္လံု ဘက္ကေတာ့ မေန႔တံုးကေတာ့ မန္စီဟိုဘက္ မံဒါစခန္းဘက္နားမွာ ထိေတြ႔မႈ တစ္ၾကိမ္ျဖစ္ခဲ့တာပဲ ရိွတယ္။”

ထိခိုက္ဒဏ္ရာရမႈနဲ႔ပတ္သက္လို႔ သူက မေျပာပါဘူး။
ဗန္းေမာ္- ျမစ္ၾကီးနားလမ္းမွာ ယာဥ္အသြားအလာေတြ ဒီေန႔ေတာ့ ပံုမွန္ရိွေနေၾကာင္းနဲ႔ ျမန္မာျပည္ေအာက္ပိုင္း ရန္ကုန္၊ မႏၱေလး စတဲ့ေဒသက လာေရာက္သူေတြကိုေတာ့ လဂ်ာယန္ဂိတ္မွာ တပ္မေတာ္က မွတ္ပံုတင္စစ္ေဆးတာေတြ ရိွေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီေန႔ မနက္ ၆ နာရီေလာက္က ျမစ္ၾကီးနားၿမိဳ႔ ကေမၻာဇဘဏ္ ၁ ေရွ႔မွာဗံုးတစ္လံုးေပါက္ကဲြခဲ့ရာမွာ လံုျခံဳေရးယူေနတဲ့ စစ္သားတစ္ဦးထိခိုက္ခဲ့ေၾကာင္းနဲ႔ ေန႔ခင္း ၁၁ နာရီေလာက္မွာေတာ့ မိုးေမာက္ၿမိဳ႔က အေထြေထြအုပ္ခ်ဳပ္ေရးမႈးရံုးမွာ ဗံုးတစ္လံုးေပါက္ကဲြခဲ့ၿပီး လူ ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။

ေဖေဖာ္၀ါရီလ ၁ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ေနာက္ပိုင္း ဆႏၵျပ ျပည္သူေတြကို အၾကမ္းဖက္ မႏွိမ္နင္းဖို႔ KIA က တပ္မေတာ္ကို အေၾကာင္းၾကားခဲ့ပါတယ္။

မတ္လ ၈ ရက္ေန႔မွာ စစ္ေကာင္စီရဲ့ လံုျခံဳေရးတပ္ဖဲြ႔ေတြက ပစ္ခတ္ၿဖိဳခဲြခဲ့လို႔ ျမစ္ၾကီးနားၿမိဳ႔မွာ ဆႏၵျပျပည္သူ ႏွစ္ေယာက္ ေသဆံုးခဲ့ရၿပီးတဲ့ေနာက္ မတ္လ ၁၁ ရက္ေန႔မွာ KIA က စစ္တပ္နဲ႔ ရဲစခန္းေတြကို စတင္တုိက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

....................................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်နေပါတယ်။ မိုးမောက်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ် တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးကို စိုးမိုးထားတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က အလော့ဘွမ်စခန်းကို တိုက်ခိုက်ဖို့ စစ်ကောင်စီဘက်က တပ်အင်အားတွေ ပို့ဆောင်နေချိန်မှာပဲ ဗန်းမော်ခရိုင် မံစီဘက်ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဒီနေ့ ဆိုရင် ၄ ရက်ရှိလာပြီ ဖြစ်ပါတယ်။

အဓိက တိုက်ပွဲဖြစ်နေတာကတော့ မဒန်ယန်ရွာအနီးမှာဖြစ်ပြီး တပ်မတော်ဘက်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေရှိသလို လက်နက်ကြီးသံတွေကိုလည်း မံစီမြို့ပေါ်က ကြားနေရကြောင်း မံစီမြို့ခံ တစ်ယောက်က VOA ကို ပြောပါတယ်။

“ဒီနေ့က လေယာဉ်နဲ့တော့လာတယ်။ အမြှောက်ကတော့ ပစ်နေတာပဲ။ စစ်သားတွေလည်း မြို့ပေါ်သွားနေတာပဲ။ မြို့ထဲမှာတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြတာပေါ့နော။”

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လက်ရှိ မံစီမြို့နယ် မဒန်ယန်ရွာမှာ တိုက်ပွဲ ဆက်ဖြစ်နေသလို မိုးမောက်မြို့နယ် မံဒါရွာဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ပြောပါတယ်။

“မနေ့ကဖစ်တဲ့ မဒန်ယန်ဆိုတဲ့နေရာမှာဖြစ်ပါတယ်။ လေကြောင်းနဲ့လည်း လာတိုက်တာ။ မနေ့ကလည်း လာတယ်။ မနေ့ကတုံးက နေ့လည်လောက် တစ်ခေါက်လာပြီးမှ ည မိုးချုပ်ခါနီးမှာ ၇ နာရီ အချိန်ထိတောင်လာတာ။ နောက်တခုကတော့ မံဒါ၊ မံဒါဆိုတဲ့နေရာမှာလည်း တိုက်ပွဲဖြစ်ပါတယ်။ ဒီမနက် အစောကြီးကနဲ့ တိုက်ပွဲရှိတယ်။ နေ့လည်ပိုင်းလောက် လေကြောင်းလာတယ်။ အဲလောက်ပဲ ကြားပါတယ်။ မံဒါ အဲဒါက မိုးမောက်ဘက်မှာ ကျမှာ။ လွယ်ဂျယ်ကနေ ဗန်းမော်သွားတဲ့ လမ်းရဲ့ မြောက်ဘက်မှာ ကျမှာ။”

မိုးမောက်မြို့နယ်က အလော့ဘွမ်ဘက်မှာတော့ ဒီရက်ပိုင်း တပ်မတော်ဘက်က အင်အားတိုးမြှင့်တာတွေရှိပေမဲ့ တိုက်ပွဲတွေ အနည်းငယ် ငြိမ်သက်နေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ နဲ့ မံဒါဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။

“မြို့သစ်ဘက်မှာတော့ မနေ့က ထိတွေ့မှု နှစ်ကြိမ်လောက် ရှိခဲ့ပါတယ်ဗျ။ မြို့သစ်ဘက်တို့၊ မြို့သစ် ဒါဆိုင်းဘက်တို့၊ စိန်လုံ ဘက်ကတော့ မနေ့တုံးကတော့ မန်စီဟိုဘက် မံဒါစခန်းဘက်နားမှာ ထိတွေ့မှု တစ်ကြိမ်ဖြစ်ခဲ့တာပဲ ရှိတယ်။”

ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်လို့ သူက မပြောပါဘူး။
ဗန်းမော်- မြစ်ကြီးနားလမ်းမှာ ယာဉ်အသွားအလာတွေ ဒီနေ့တော့ ပုံမှန်ရှိနေကြောင်းနဲ့ မြန်မာပြည်အောက်ပိုင်း ရန်ကုန်၊ မန္တလေး စတဲ့ဒေသက လာရောက်သူတွေကိုတော့ လဂျာယန်ဂိတ်မှာ တပ်မတော်က မှတ်ပုံတင်စစ်ဆေးတာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၆ နာရီလောက်က မြစ်ကြီးနားမြို့ ကမ္ဘောဇဘဏ် ၁ ရှေ့မှာဗုံးတစ်လုံးပေါက်ကွဲခဲ့ရာမှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦးထိခိုက်ခဲ့ကြောင်းနဲ့ နေ့ခင်း ၁၁ နာရီလောက်မှာတော့ မိုးမောက်မြို့က အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် မနှိမ်နင်းဖို့ KIA က တပ်မတော်ကို အကြောင်းကြားခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲခဲ့လို့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြပြည်သူ နှစ်ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် မတ်လ ၁၁ ရက်နေ့မှာ KIA က စစ်တပ်နဲ့ ရဲစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG