သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္ မိုးေမာက္နဲ႔ ေဒါ့ဖုန္းယန္မွာ စစ္ေကာင္စီတပ္အင္အား ျဖည့္တင္း


ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕မွာ ေတြ႔ရတဲ့ ျမန္မာစစ္တပ္တပ္ဖဲြ႔ဝင္မ်ား။ (ဓာတ္ပံု - MYITKYINA NEWS JOURNAL via AFPTV - မတ္ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ေရးပဋိပကၡေတြျပင္းထန္ေနတဲ့ ကခ်င္ျပည္နယ္ မုိးေမာက္နဲ႔ ေဒ့ါဖုန္းယန္ၿမိဳ ႔နယ္ေတြအတြင္းမွာ စစ္ေကာင္စီဘက္က တပ္အင္အားေတြ အလံုးအရင္းနဲ႔ ျဖည့္တင္းလာတာေၾကာင့္ မၾကာမီ ရက္ေတြအတြင္းမွာ ျပင္းထန္တဲ့ တုိက္ပဲြေတြ ၾကံဳေတြ႕ရႏိုင္တယ္လို႔ ေဒသခံတခ်ိဳ႔နဲ႔ KIA ဘက္က သံုးသပ္ၾကပါတယ္။ ကခ်င္ျပည္နယ္အတြင္း တုိက္ပဲြေနာက္ဆံုးအေျခအေန ရန္ကုန္ကေနသတင္းေပးပို႔ထားတာကို ကိုသားၫြန္႔ဦး က ေျပာျပထားပါတယ္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ ႔နယ္၊ ၿမိဳ ႔သစ္၊ ကုန္းေလာရြာအနီးက စေလာင္းကုန္းကို စစ္ေကာင္စီတပ္ေတြက ၁၄ ရက္ၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ေသာၾကာေန႔ကေတာ့ အၿပီးသတ္သိမ္းယူလိုက္တာပါ။

ဒီလို သိမ္းယူၿပီးေနာက္ စေနနဲ႔ တနဂၤေႏြ ၂ ရက္မွာ ေလေၾကာင္းက တုိက္ခိုက္တာ မရိွသလို လက္နက္ၾကီးနဲ႔လည္း ၾကိဳးၾကား ပစ္ခတ္တာေလာက္ပဲ ရိွေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔မွာေတာ့ ေဒါ့ဖုန္းယန္ၿမိဳ႕နယ္ခဲြဘက္ကို တပ္မေတာ္ဘက္က စစ္အင္အားေတြ တိုးျမွင့္ ပို႔ေဆာင္ေနတာေၾကာင့္ မၾကာမီ တိုက္ပဲြၾကီးေတြ ျဖစ္လာႏိုင္တယ္လို႔ မိုးေမာက္ ေဒသခံတစ္ေယာက္က ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔ည မဟုတ္ရင္ မနက္ျဖန္ကေတာ့ အသံၾကားရေတာ့မယ္။ ဒီေန႔ ညေနက ၃၀ ေက်ာ္။ ကား ၃၀ ေက်ာ္ တက္ခဲ့ေသးတယ္။ အခု ေတာ၀င္ကုန္ၿပီတဲ့။ ခုနက ေဒါ့ဖုန္းယန္ ေရာက္ခါနီး ကုန္းဆင္း၊ ကုန္းတက္ အဲဒီ ကုန္းနားေလးမွာလည္း မိုင္းခဲြတယ္လုိ႔ ေျပာတယ္။ အဲဒီမွာ နည္းနည္း တုိက္ပဲြနည္းနည္းျဖစ္တယ္လို႔ ေျပာတယ္။ ဒီေန႔ကေတာ့ အၾကီးေရာ၊ အေသးေရာေတာ့ မပစ္ေတာ့ဘူး။ ဒီေန႔နဲ႔ဆို ၂ ရက္၊ ၃ ရက္ေလာက္ ဒီလိုၿငိမ္ေနတာပဲ။ ဒီမနက္ကေတာ့ အေလာ့ေတာင္ေျခဘက္မွာ တပ္ေတြက တက္တဲ့အခါက်ေတာ့ ဟိုဘက္မွာလည္း မုိင္း တစ္လံုး၊ ႏွစ္လံုး ကဲြတယ္။ အဲဒီေလာက္ပဲ ရိွတယ္။ ေလယာဥ္ေတာ့ မလာဘူး။”

ျမန္မာစစ္တပ္ဘက္ကလည္း အေလာ့ဘြမ္ကို ထိုးစစ္ဆင္ေနတာေၾကာင့္ ဒီတစ္ပတ္အတြင္း တိုက္ပဲြေတြ ပိုျပင္းထန္လာႏိုင္တယ္လို႔ ခန္႔မွန္းထားေၾကာင္း KIA ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီး ေနာ္ဘူက ေျပာပါတယ္။

“ဟို ၿမိဳ ႔သစ္၊ ကုန္းေလာကေနၿပီးေတာ့ အေလာ့ဘြမ္ဘက္ကို ေျမျပင္ကေန ေျခလ်င္ကနဲ႔ စစ္ေၾကာင္း တစ္ေၾကာင္း တက္တယ္ဆိုတဲ့သတင္းလည္း က်ေနာ္တုိ႔ ၾကားပါတယ္။ ေနာက္ၿပီးေတာ့ ႏြမ္းလန္းဘက္ကေန ဒီအေလာ့ဘြမ္ဘက္မွာလည္း စစ္ေၾကာင္း တစ္ေၾကာင္း ထိုးတယ္ဆိုတဲ့ သတင္းလည္း ၾကားပါတယ္။ သူတုိ႔ စစ္အင္အားေတြ ထပ္တိုးထားတာေတာ့ ရိွပါတယ္။ ေန႔တိုင္းလုိလို သူတုိ႔က ရိကၡာနဲ႔ လက္နက္ခဲယမ္းေတြ၊ တပ္အင္အားေတြ အကုန္လံုး တိုးထားတာ ရိွပါတယ္။ က်ေနာ္တုိ႔လည္းပဲ ဒီတစ္ပတ္အေတာအတြင္းေပါ့ေနာ္ ဒီတိုက္ပဲြေတြက ပိုၿပီးမွ ျပင္းထန္လာႏိုင္တယ္ဆိုၿပီးမွေတာ့ ခန္႔မွန္းထားပါတယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးရဲ့ ၈ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္မွာေတာ့ စေလာင္းကုန္းေခၚ မုိက္ခရိုေ၀့ဖ္ကုန္းကို ျပင္းထန္တဲ့ တိုက္ပဲြ ၂၄ ၾကိမ္ျဖစ္ပြားၿပီးေနာက္ ေမလ ၇ ရက္ေန႔မွာ တပ္မေတာ္က ျပန္လည္သိမ္းယူခဲ့ေၾကာင္း၊ ဒီျဖစ္စဥ္မွာ တပ္မေတာ္က အရာရိွ၊ စစ္သည္ ထိခိုက္က်ဆံုးတာရိွသလို KIA ဦးေဆာင္တဲ့ တပ္ေပါင္းစုအဖဲြ႔ဘက္ တပ္မဟာမႉးအဆင့္ရွိသူႏွစ္ဦး အပါအဝင္ အက်အဆုံးမႈမ်ားစြာ ရိွခဲ့ေၾကာင္း၊ လက္နက္မ်ိဳးစုံ ၃၅ လက္အပါအဝင္ ခဲယမ္း၊ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိေၾကာင္း ဓါတ္ပံုနဲ႔ တကြ ထုတ္ျပန္ထားပါတယ္။

ဒီထုတ္ျပန္ခ်က္ မမွန္ကန္ဘူးလို႔ ေကအိုင္ေအေျပာခြင့္ရ ဗိုလ္မွဴးၾကီးေနာ္ဘူကျငင္းပါတယ္။

“သူတို႔က ဒီ လက္နက္ေတြ၊ ဗ်ဴဟာမွဴးတို႔၊ တပ္မဟာမွဴးတုိ႔ က်တယ္ဆုိၿပီးမွ ေျပာထားတယ္။ ေရးထားတယ္။ ေတြ႔ရတယ္။ အဲဒီမွာ ဗ်ဴဟာမွဴးေတြလည္း မရိွဘူး။ တပ္မဟာမွဴးေတြလည္း မရိွဘူး။ လက္နက္ေတြ အဲဒီေလာက္ထိ သိုေလွာင္ထားဖုိ႔ ေနရာလည္း မရိွဘူး။ ထားလည္း မထားဘူး။ အဲဒီေလာက္ အခ်ိန္လည္း မရိွဘူး။ ဆိုေတာ့ အဲဒီသတင္းက မွန္ကန္မႈမရိွဘူးလို႔ ေျပာခ်င္ပါတယ္။”

KIA က သိမ္းယူထားတဲ့ အေလာ့ဘြမ္တပ္စခန္းဟာ ျမစ္ၾကီးနား-ဗန္းေမာ္လမ္းကို ထိန္းခ်ဳပ္ထားႏိုင္တဲ့ အေရးပါတဲ့ ဗ်ဴဟာေျမာက္ေနရာျဖစ္တာေၾကာင့္ ဒီစခန္းကို စိုးမိုးႏိုင္ေရးအတြက္ တပ္မေတာ္ဘက္ကေရာ၊ KIA ဘက္ကပါ အျပင္းအထန္ ၾကိဳးစားေနတာလည္း ျဖစ္ပါတယ္။

တပ္မေတာ္ဘက္က စေလာင္းကုန္းေခၚ မိုက္ခရိုေ၀့ဖ္ကုန္းကို သိမ္းပိုက္ၿပီး ထုတ္ျပန္တဲ့သတင္းမွာေတာ့ KIA အဖြဲ႔ရဲ့ ျမစ္ႀကီးနား-ဗန္းေမာ္ ဆက္သြယ္ေရးလမ္းေၾကာင္း ျဖတ္ေတာက္ႏိုင္ေရး ႀကိဳးပမ္းတာကို တပ္မေတာ္က တားဆီးထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီတပ္ေတြအေနနဲ႔ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္း ဒီရက္ပိုင္းထဲ လက္နက္ႀကီးေတြနဲ႔ေရာ ေလေၾကာင္းကပါ ထိုးစစ္ဆင္ေနရာမွာ၊ ၿပီးခဲ့တဲ့ ေမလ ၃ ရက္ေန႔ကေတာ့ တပ္မေတာ္ရဟတ္ယာဥ္တစင္း ပ်က္က်ၿပီး အရာရွိသံုးဦး ေသဆံုးခဲ့ရတယ္လို႔ ျမန္မာစစ္ေကာင္စီက ထုတ္ျပန္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်ပြည်နယ်မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မှာ စစ်ကောင်စီတပ်အင်အား ဖြည့်တင်း

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေ့ါဖုန်းယန်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းလာတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတချို့နဲ့ KIA ဘက်က သုံးသပ်ကြပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်ကနေသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး က ပြောပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရွာအနီးက စလောင်းကုန်းကို စစ်ကောင်စီတပ်တွေက ၁၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့သောကြာနေ့ကတော့ အပြီးသတ်သိမ်းယူလိုက်တာပါ။

ဒီလို သိမ်းယူပြီးနောက် စနေနဲ့ တနင်္ဂနွေ ၂ ရက်မှာ လေကြောင်းက တိုက်ခိုက်တာ မရှိသလို လက်နက်ကြီးနဲ့လည်း ကြိုးကြား ပစ်ခတ်တာလောက်ပဲ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာတော့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲဘက်ကို တပ်မတော်ဘက်က စစ်အင်အားတွေ တိုးမြှင့် ပို့ဆောင်နေတာကြောင့် မကြာမီ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်လို့ မိုးမောက် ဒေသခံတစ်ယောက်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ည မဟုတ်ရင် မနက်ဖြန်ကတော့ အသံကြားရတော့မယ်။ ဒီနေ့ ညနေက ၃၀ ကျော်။ ကား ၃၀ ကျော် တက်ခဲ့သေးတယ်။ အခု တောဝင်ကုန်ပြီတဲ့။ ခုနက ဒေါ့ဖုန်းယန် ရောက်ခါနီး ကုန်းဆင်း၊ ကုန်းတက် အဲဒီ ကုန်းနားလေးမှာလည်း မိုင်းခွဲတယ်လို့ ပြောတယ်။ အဲဒီမှာ နည်းနည်း တိုက်ပွဲနည်းနည်းဖြစ်တယ်လို့ ပြောတယ်။ ဒီနေ့ကတော့ အကြီးရော၊ အသေးရောတော့ မပစ်တော့ဘူး။ ဒီနေ့နဲ့ဆို ၂ ရက်၊ ၃ ရက်လောက် ဒီလိုငြိမ်နေတာပဲ။ ဒီမနက်ကတော့ အလော့တောင်ခြေဘက်မှာ တပ်တွေက တက်တဲ့အခါကျတော့ ဟိုဘက်မှာလည်း မိုင်း တစ်လုံး၊ နှစ်လုံး ကွဲတယ်။ အဲဒီလောက်ပဲ ရှိတယ်။ လေယာဉ်တော့ မလာဘူး။”

မြန်မာစစ်တပ်ဘက်ကလည်း အလော့ဘွမ်ကို ထိုးစစ်ဆင်နေတာကြောင့် ဒီတစ်ပတ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ဟို မြို့သစ်၊ ကုန်းလောကနေပြီးတော့ အလော့ဘွမ်ဘက်ကို မြေပြင်ကနေ ခြေလျင်နဲ့ စစ်ကြောင်း တစ်ကြောင်း တက်တယ်ဆိုတဲ့သတင်းလည်း ကျနော်တို့ ကြားပါတယ်။ နောက်ပြီးတော့ နွမ်းလန်း ဘက်ကနေ ဒီအလော့ဘွမ်ဘက်မှာလည်း စစ်ကြောင်း တစ်ကြောင်း ထိုးတယ်ဆိုတဲ့ သတင်းလည်း ကြားပါတယ်။ သူတို့ စစ်အင်အားတွေ ထပ်တိုးထားတာတော့ ရှိပါတယ်။ နေ့တိုင်းလိုလို သူတို့က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ၊ တပ်အင်အားတွေ အကုန်လုံး တိုးထားတာ ရှိပါတယ်။ ကျနော်တို့လည်းပဲ ဒီတစ်ပတ်အတောအတွင်းပေါ့နော် ဒီတိုက်ပွဲတွေက ပိုပြီးမှ ပြင်းထန်လာနိုင်တယ်ဆိုပြီးမှတော့ ခန့်မှန်းထားပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ စလောင်းကုန်းခေါ် မိုက်ခရိုဝေ့ဖ်ကုန်းကို ပြင်းထန်တဲ့ တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားပြီးနောက် မေလ ၇ ရက်နေ့မှာ တပ်မတော်က ပြန်လည်သိမ်းယူခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ တပ်မတော်က အရာရှိ၊ စစ်သည် ထိခိုက်ကျဆုံးတာရှိသလို KIA ဦးဆောင်တဲ့ တပ်ပေါင်းစုအဖွဲ့ဘက် တပ်မဟာမှူးအဆင့်ရှိသူနှစ်ဦး အပါအဝင် အကျအဆုံးမှုများစွာ ရှိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၃၅ လက်အပါအဝင် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဓါတ်ပုံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက် မမှန်ကန်ဘူးလို့ ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကငြင်းပါတယ်။

“သူတို့က ဒီ လက်နက်တွေ၊ ဗျူဟာမှူးတို့၊ တပ်မဟာမှူးတို့ ကျတယ်ဆိုပြီးမှ ပြောထားတယ်။ ရေးထားတယ်။ တွေ့ရတယ်။ အဲဒီမှာ ဗျူဟာမှူးတွေလည်း မရှိဘူး။ တပ်မဟာမှူးတွေလည်း မရှိဘူး။ လက်နက်တွေ အဲဒီလောက်ထိ သိုလှောင်ထားဖို့ နေရာလည်း မရှိဘူး။ ထားလည်း မထားဘူး။ အဲဒီလောက် အချိန်လည်း မရှိဘူး။ ဆိုတော့ အဲဒီသတင်းက မှန်ကန်မှုမရှိဘူးလို့ ပြောချင်ပါတယ်။”

KIA က သိမ်းယူထားတဲ့ အလော့ဘွမ်တပ်စခန်းဟာ မြစ်ကြီးနား-ဗန်းမော်လမ်းကို ထိန်းချုပ်ထားနိုင်တဲ့ အရေးပါတဲ့ ဗျူဟာမြောက်နေရာဖြစ်တာကြောင့် ဒီစခန်းကို စိုးမိုးနိုင်ရေးအတွက် တပ်မတော်ဘက်ကရော၊ KIA ဘက်ကပါ အပြင်းအထန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

တပ်မတော်ဘက်က စလောင်းကုန်းခေါ် မိုက်ခရိုဝေ့ဖ်ကုန်းကို သိမ်းပိုက်ပြီး ထုတ်ပြန်တဲ့သတင်းမှာတော့ KIA အဖွဲ့ရဲ့ မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်ရေး ကြိုးပမ်းတာကို တပ်မတော်က တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဒီရက်ပိုင်းထဲ လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါ ထိုးစစ်ဆင်နေရာမှာ၊ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကတော့ တပ်မတော်ရဟတ်ယာဉ်တစင်း ပျက်ကျပြီး အရာရှိသုံးဦး သေဆုံးခဲ့ရတယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။

XS
SM
MD
LG