သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ရဟတ္ယာဥ္ပ်က္က်မႈ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီ အတည္ျပဳ


စစ္ေကာင္စီ အြန္လိုင္းသတင္းစာရွင္းလင္းပြဲ ( ေမလ ၇-၂၀၂၁)

ZAWGYI/UNICODE

ကခ်င္ျပည္နယ္မွာ ကခ်င္လက္နက္ကိုင္ KIA နဲ႔ျဖစ္တဲ့တိုက္ပြဲမွာ စစ္ရဟတ္ယာဥ္တစင္း ပ်က္က်ခဲ့ၿပီး စစ္အရာရွိ ၃ ေယာက္က်ဆုံးတယ္လို႔ နစက စစ္ေကာင္စီက ဒီေန႔ Online ကေနလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အတည္ျပဳေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲအေျခအေနေတြအျပင္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းတို႔ဘက္မွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ျဖစ္ေနတဲ့ တိုက္ခိုက္မႈေတြနဲ႔ပါတ္သက္လို႔ မစုျမတ္မြန္ကေမးျမန္းခဲ့တာကို နစကအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္ ဗိုလ္မႉးေကာင္းထက္စံက ေျဖၾကားခဲ့တာျဖစ္ပါတယ္။

(အသံဖိုင္အျပည့္အစုံနားဆင္ရန္)

တိုက္႐ိုက္ လင့္ခ္

မစုျမတ္မြန္။ ။ တိုက္ပြဲေတြနဲ႔ပတ္သက္တဲ့ေမးခြန္းကို ေမးခ်င္ပါတယ္။ ေစာေစာကေတာ့ ေျပာပါတယ္၊ ကခ်င္ျပည္နယ္ဘက္မွာ KIA နဲ႔ ျဖစ္ေနတယ္။ အထူးသျဖင့္ မိုးေမာက္မွာ KIA နဲ႔ တိုက္ပြဲေတြ ေတာ္ေတာ္ေလး ျပင္းထန္ေနတယ္ဆိုၿပီးေတာ့မွ ေဒသခံေတြက ေျပာပါတယ္။ တပ္ဘက္ကေနလဲ ေဝဟင္ကေနၿပီးေတာ့ တိုက္ခိုက္ေနတယ္လို႔ သူတို႔ ေျပာတယ္။ ေနာက္ ေစာေစာက ေျပာခဲ့သလိုဘဲေပါ့၊ ေလတပ္ရဟတ္ယာဥ္တစင္းလဲ ပစ္ခ်ခံခဲ့ရတယ္ဆိုေတာ့ အဲဒီ ကခ်င္ဘက္ျဖစ္ေနတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ တပ္ဘက္က ဘာေျပာႏိုင္သလဲေပါ့ေနာ္။ အဲဒါက ပထမဦးဆုံး ေမးခြန္းပါ။

ေနာက္တခုကေတာ့ ကရင္နဲ႔ပါ။ KNU တပ္မဟာ (၅) နဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲပါ။ မေန႔တုန္းက KNUက စစ္တပ္နဲ႔ မတ္လ ၂၇ ရက္ေန႔ကတည္းက စတင္ၿပီး ထိေတြ႕တဲ့တိုက္ပြဲေပါင္း ၄၀၀ ေလာက္ ျဖစ္တယ္လို႔ ေျပာပါတယ္။ သူတို႔ဘက္က ေျပာတာေတာ့ တပ္ဘက္က အရာရွိေတြအပါအဝင္ တပ္ဖြဲ႕ဝင္ ၂၀၀ ေလာက္ က်ဆုံးတယ္ဆိုၿပီးေတာ့ ေျပာပါတယ္။ ေနာက္ တပ္မဟာ (၅) နယ္ေျမထဲမွာေနတဲ့ ျပည္သူေတြကလည္း စစ္တပ္က ေလယာဥ္ေတြနဲ႔ ဗုံးထပ္က်ဲမွာ ေတာ္ေတာ္ေလး စိုးရိမ္တယ္။ အဲဒီ KNU တပ္မဟာ (၅) နဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲအေျခအေနကိုလည္း သိခ်င္ပါတယ္။

ေနာက္ဆုံးေမးခ်င္တာကေတာ့ ေဒသကာကြယ္ေရးဆိုၿပီးေတာ့ ဖြဲ႕ထားတဲ့ တပ္ေတြနဲ႔ျဖစ္တဲ့ တိုက္ခိုက္မႈအေျခအေနပါ။ အထူးသျဖင့္ေတာ့ ခ်င္းျပည္နယ္တို႔၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းဘက္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ဆိုၿပီးေတာ့မွ ေဒသခံေတြက ဖြဲ႕ထားတယ္။ အဲ့ဒီတပ္ဖြဲ႕ေတြနဲ႔စစ္တပ္ အျပန္အလွန္ ပစ္ခတ္မႈေတြရွိတယ္လို႔လည္း သူတို႔က ေျပာပါတယ္။ မင္းတပ္ဘက္မွာဆိုရင္ ႏွစ္ဘက္ ညႇိႏႈိင္းရတဲ့အေျခအေနေတြအထိ ရွိခဲ့ပါတယ္။ မေန႔ကလည္း ကနီၿမိဳ႕နယ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြပါတဲ့ စက္ေလွ တိုက္ခိုက္ခံရလို႔ ၂ ေယာက္ ဒဏ္ရာရတယ္ဆိုၿပီးေတာ့ စစ္တပ္က သတင္းထုတ္တာ ေတြ႕ပါတယ္။ ဆိုေတာ့ - ေမးခ်င္တာက အဲ့လိုမ်ိဳး ခ်င္းျပည္နယ္တို႔၊ စစ္ကိုင္းတိုင္းတို႔ဘက္မွာ ကိုယ့္ေဒသကိုယ္ ကာကြယ္မယ္ဆိုၿပီးေတာ့ ေဒသခံေတြက ကာကြယ္ေရးတပ္ဖြဲ႕ေတြ ဖြဲ႕တယ္။ တပ္ေတြကိုလည္း သူတို႔႐ြာေတြထဲကို ဝင္အလာမခံဘူးေပါ့။ အဲဒီကိစၥေတြနဲ႔ပတ္သက္လို႔ တပ္ဘက္က သေဘာထား သိခ်င္ပါတယ္။

ဗိုလ္မႉး ေကာင္းစံထက္။ ။ အဲဒီေတာ့ KIA နဲ႔ပတ္သက္ၿပီးေတာ့မွ ေရွ႕က ေမးခြန္းေျဖတဲ့အခါမွာလည္း က်ေနာ္ ထည့္ေျပာသြားပါတယ္။ ကခ်င္ဘက္မွာ က်ေနာ္တို႔ တပ္မေတာ္ ရဟတ္ယာဥ္ ပ်က္က်ခဲ့တာရွိတယ္။ အရာရွိ ၃ ဦးေပါ့ေနာ္၊ တိုင္းျပည္အတြက္ အသက္ေပးလႈသြားခဲ့ရတာ ရွိပါတယ္။ ေနာက္ KNU ဘက္မွာကေတာ့ က်ေနာ္တို႔က၊ ဒီ ကရင္ျပည္နယ္ဘက္မွာေပါ့ဗ်ာ၊ ကရင္ျပည္နယ္ဘက္မွာကေတာ့ KNU ဗဟိုနဲ႔ က်ေနာ္တို႔က ပုံမွန္ ဆက္ဆံေရးရွိပါတယ္။ ဒီ ထိေတြ႕ တိုက္ပြဲျဖစ္တယ္ဆိုတာက တပ္မဟာ (၅) တခုထဲနဲ႔ဘဲ က်ေနာ္တို႔က ျဖစ္ေနတာပါ။ ေနာက္ၿပီးေတာ့ ေမးတဲ့အထဲက ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ အေသးစိတ္ စစ္တပ္ဘက္က ဘယ္လိုသေဘာထားရွိသလဲဆိုၿပီးေတာ့ က်ေနာ့္ကို ေမးသြားပါတယ္။ ဒါေတြနဲ႔ပတ္သက္တဲ့ က်ေနာ္တို႔ တပ္မေတာ္ရဲ႕ သေဘာထားကေတာ့ KIA ေသာ၊ KNU ေသာ က်ေနာ္တို႔ ခြဲျခားၿပီးေတာ့မွ က်ေနာ္ ဒီေနရာမွာ မေျပာလိုပါဘူး။

က်ေနာ္တို႔ တပ္မေတာ္ရဲ႕သေဘာကေတာ့ ဒီ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ စၿပီးေတာ့မွ တက္လာတဲ့အခ်ိန္ကတည္းကိုက က်ေနာ္တို႔တေတြ ႏိုင္ငံေတာ္ကို လုပ္ေဆာင္မယ့္ ဦးတည္ခ်က္ေတြေရာ၊ က်ေနာ္တို႔တေတြ ေရွ႕ဆက္လုပ္ေဆာင္မယ့္ လုပ္ငန္းစဥ္ေတြမွာေရာ က်ေနာ္တို႔ ဒီ တႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးနဲ႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ က်ေနာ္တို႔ NCA စာခ်ဳပ္ပါ လုပ္ငန္းစဥ္ေတြအတိုင္း က်ေနာ္တို႔ေတြ ေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္လက္ၿပီးေတာ့မွ ေဆာင္႐ြက္သြားမယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ ဒီ နစကေကာင္စီ ဖြဲ႕စည္းၿပီးေတာ့ သိပ္မၾကာခင္မွာဘဲ က်ေနာ္တို႔တေတြ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မီတီ၊ လုပ္ငန္းေကာ္မီတီနဲ႔ ညႇိႏႈိင္းေရးေကာ္မီတီေတြဆိုၿပီး ဖြဲ႕စည္းၿပီးေတာ့မွ က်ေနာ္တို႔တေတြ အၿမဲမျပတ္ ထိေတြ႕ ေဆာင္႐ြက္လွ်က္ရွိပါတယ္။

ဆိုေတာ့တပ္မေတာ္ရဲ႕သေဘာထား၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ သေဘာထားကေတာ့ က်ေနာ္တို႔ဟာ ၿငိမ္းခ်မ္းေရးကိုဘဲ အၿမဲတမ္းဦးတည္ၿပီးေတာ့မွ ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ေတြကိုလည္း တတ္ႏိုင္သမွ် က်ေနာ္တို႔က သည္းခံၿပီးေတာ့မွ က်ေနာ္တို႔ေတြ ဆက္လက္ၿပီးေတာ့မွ လုပ္ေဆာင္သြားမယ္ဆိုတဲ့ မူဝါဒနဲ႔ က်ေနာ္တို႔ေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အေသးစိတ္ထုတ္ျပန္ဖို႔ရွိတယ္ဆိုလို႔ရွိရင္လည္း ေနာင္အခါမွာ၊ လိုအပ္တဲ့အခါမွာ က်ေနာ္တို႔ ထုတ္ျပန္ေပးသြားပါမယ္။ ဒီေနရာမွာေတာ့ က်ေနာ္ အေသးစိတ္ ေျပာျပဖို႔မရွိပါဘူး။ ေက်းဇူးတင္ပါတယ္။

မစုျမတ္မြန္။ ဟုတ္ကဲ့။ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းတို႔မွာ လက္နက္ကိုင္ေတြနဲ႔ သူတို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဆိုၿပီး ဖြဲ႕ထားတာေတြနဲ႔ ျဖစ္ေနတဲ့အေၾကာင္းေရာ၊ အခုနက ေမးတဲ့ေမးခြန္းကို ေျဖႏိုင္မလားရွင့္။

ဗိုလ္မႉး ေကာင္းစံထက္။ ။ ဆိုေတာ့၊ က်ေနာ္ ၿခဳံငုံၿပီးေတာ့ ေျပာရမယ္ဆိုလို႔ရွိရင္ဗ်ာ၊ ႏိုင္ငံတခုမွာ၊ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာေပါ့၊ ႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ လုံၿခံဳေရးအတြက္ အခုခ်ိန္မွာ က်ေနာ္တို႔က ဒါ တပ္မေတာ္မွာ တာဝန္အရွိဆုံးဘဲ။ ဒီအတိုင္း ႏိုင္ငံမွာျဖစ္ေနတဲ့ ပုံမွန္ သမား႐ိုးက် ရာဇဝတ္မႈေတြေလာက္ေတာင္မွဘဲ သည္းခံလို႔မရဘူး။ က်ေနာ္တို႔က ဒါေတြကို ေျဖရွင္းၿပီးေတာ့မွ လုပ္သင့္လုပ္ထိုက္တဲ့နည္းေတြနဲ႔ လုပ္ေဆာင္ၿပီးေတာ့မွ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးကို လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး လက္နက္စြဲကိုင္ၿပီးေတာ့ လုပ္လာတယ္ဆိုတဲ့ကိစၥေတြကေတာ့ ဒါဟာ ႏိုင္ငံတခုအတြက္၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္ရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ႀကီးျဖစ္တဲ့ တပ္မေတာ္အေနနဲ႔ ဘယ္လိုမွကို သည္းခံစရာ အေၾကာင္းမရွိပါဘူး။ က်ေနာ္တို႔ေတြ အဲဒါေၾကာင့္မို႔လို႔ ဒီလိုမ်ိဳး လုပ္ငန္းေတြ၊ ဒီလို လုပ္ရပ္ေတြ၊ အၾကမ္းဖက္လုပ္ရပ္ေတြ၊ လက္နက္စြဲကိုင္တဲ့ လုပ္ရပ္ေတြ ေပၚလာတယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ေတြသည္ ဒါေတြကို လုပ္သင့္ လုပ္ထိုက္တဲ့နည္းလမ္းအားလုံးကို အသုံးျပဳၿပီးေတာ့မွ က်ေနာ္တို႔ေတြ ရွင္းလင္း ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္ဆိုတာကို က်ေနာ္ ေျဖၾကားလိုပါတယ္ခင္ဗ်။ ေက်းဇူးတင္ပါတယ္ခင္ဗ်။

နစက စစ္ေကာင္စီအေနနဲ႔ၿငိမ္းခ်မ္းေရးကို အၿမဲဦးတည္ၿပီး ဆက္လက္လုပ္သြားမွာျဖစ္တယ္လို႔လည္းဒီေန႔ Online ကေနလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားပါတယ္။ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ျဖစ္ေနတဲ့ တိုက္ပြဲအေျခအေနေေတြအျပင္ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းတို႔ဖက္မွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ျဖစ္ေနတဲ့ တိုက္ခိုက္မႈေတြနဲ႔ပါတ္သက္လို႔ နစကအုပ္ခ်ဳပ္ေရးေကာင္စီသတင္းစာရွင္းပြဲမွာ မစုျမတ္မြန္ကေမးျမန္းခဲ့တာကို သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္ ဗိုလ္မႉးေကာင္းထက္စံက ေျဖၾကားခဲ့တာျဖစ္ပါတယ္။

UNICODE

ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA နဲ့ဖြစ်တဲ့တိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး စစ်အရာရှိ ၃ ယောက်ကျဆုံးတယ်လို့ နစက စစ်ကောင်စီက ဒီနေ့ Online ကနေလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ာ အတည်ပြုပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေအပြင်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ဘက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်ကမေးမြန်းခဲ့တာကို နစကအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက ဖြေကြားခဲ့တာဖြစ်ပါတယ်။

မစုမြတ်မွန်။ ။ တိုက်ပွဲတွေနဲ့ပတ်သက်တဲ့မေးခွန်းကို မေးချင်ပါတယ်။ စောစောကတော့ ပြောပါတယ်၊ ကချင်ပြည်နယ်ဘက်မှာ KIA နဲ့ ဖြစ်နေတယ်။ အထူးသဖြင့် မိုးမောက်မှာ KIA နဲ့ တိုက်ပွဲတွေ တော်တော်လေး ပြင်းထန်နေတယ်ဆိုပြီးတော့မှ ဒေသခံတွေက ပြောပါတယ်။ တပ်ဘက်ကနေလဲ ဝေဟင်ကနေပြီးတော့ တိုက်ခိုက်နေတယ်လို့ သူတို့ ပြောတယ်။ နောက် စောစောက ပြောခဲ့သလိုဘဲပေါ့၊ လေတပ်ရဟတ်ယာဉ်တစင်းလဲ ပစ်ချခံခဲ့ရတယ်ဆိုတော့ အဲဒီ ကချင်ဘက်ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ တပ်ဘက်က ဘာပြောနိုင်သလဲပေါ့နော်။ အဲဒါက ပထမဦးဆုံး မေးခွန်းပါ။

နောက်တခုကတော့ ကရင်နဲ့ပါ။ KNU တပ်မဟာ (၅) နဲ့ ဖြစ်နေတဲ့ တိုက်ပွဲပါ။ မနေ့တုန်းက KNUက စစ်တပ်နဲ့ မတ်လ ၂၇ ရက်နေ့ကတည်းက စတင်ပြီး ထိတွေ့တဲ့တိုက်ပွဲပေါင်း ၄၀၀ လောက် ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ဘက်က ပြောတာတော့ တပ်ဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ လောက် ကျဆုံးတယ်ဆိုပြီးတော့ ပြောပါတယ်။ နောက် တပ်မဟာ (၅) နယ်မြေထဲမှာနေတဲ့ ပြည်သူတွေကလည်း စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးထပ်ကျဲမှာ တော်တော်လေး စိုးရိမ်တယ်။ အဲဒီ KNU တပ်မဟာ (၅) နဲ့ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကိုလည်း သိချင်ပါတယ်။

နောက်ဆုံးမေးချင်တာကတော့ ဒေသကာကွယ်ရေးဆိုပြီးတော့ ဖွဲ့ထားတဲ့ တပ်တွေနဲ့ဖြစ်တဲ့ တိုက်ခိုက်မှုအခြေအနေပါ။ အထူးသဖြင့်တော့ ချင်းပြည်နယ်တို့၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီးတော့မှ ဒေသခံတွေက ဖွဲ့ထားတယ်။ အဲ့ဒီတပ်ဖွဲ့တွေနဲ့စစ်တပ် အပြန်အလှန် ပစ်ခတ်မှုတွေရှိတယ်လို့လည်း သူတို့က ပြောပါတယ်။ မင်းတပ်ဘက်မှာဆိုရင် နှစ်ဘက် ညှိနှိုင်းရတဲ့အခြေအနေတွေအထိ ရှိခဲ့ပါတယ်။ မနေ့ကလည်း ကနီမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ စက်လှေ တိုက်ခိုက်ခံရလို့ ၂ ယောက် ဒဏ်ရာရတယ်ဆိုပြီးတော့ စစ်တပ်က သတင်းထုတ်တာ တွေ့ပါတယ်။ ဆိုတော့ - မေးချင်တာက အဲ့လိုမျိုး ချင်းပြည်နယ်တို့၊ စစ်ကိုင်းတိုင်းတို့ဘက်မှာ ကိုယ့်ဒေသကိုယ် ကာကွယ်မယ်ဆိုပြီးတော့ ဒေသခံတွေက ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့တယ်။ တပ်တွေကိုလည်း သူတို့ရွာတွေထဲကို ဝင်အလာမခံဘူးပေါ့။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ တပ်ဘက်က သဘောထား သိချင်ပါတယ်။

ဗိုလ်မှူး ကောင်းစံထက်။ ။ အဲဒီတော့ KIA နဲ့ပတ်သက်ပြီးတော့မှ ရှေ့က မေးခွန်းဖြေတဲ့အခါမှာလည်း ကျနော် ထည့်ပြောသွားပါတယ်။ ကချင်ဘက်မှာ ကျနော်တို့ တပ်မတော် ရဟတ်ယာဉ် ပျက်ကျခဲ့တာရှိတယ်။ အရာရှိ ၃ ဦးပေါ့နော်၊ တိုင်းပြည်အတွက် အသက်ပေးလှုသွားခဲ့ရတာ ရှိပါတယ်။ နောက် KNU ဘက်မှာကတော့ ကျနော်တို့က၊ ဒီ ကရင်ပြည်နယ်ဘက်မှာပေါ့ဗျာ၊ ကရင်ပြည်နယ်ဘက်မှာကတော့ KNU ဗဟိုနဲ့ ကျနော်တို့က ပုံမှန် ဆက်ဆံရေးရှိပါတယ်။ ဒီ ထိတွေ့ တိုက်ပွဲဖြစ်တယ်ဆိုတာက တပ်မဟာ (၅) တခုထဲနဲ့ဘဲ ကျနော်တို့က ဖြစ်နေတာပါ။ နောက်ပြီးတော့ မေးတဲ့အထဲက ဒါတွေနဲ့ပတ်သက်ပြီးတော့ အသေးစိတ် စစ်တပ်ဘက်က ဘယ်လိုသဘောထားရှိသလဲဆိုပြီးတော့ ကျနော့်ကို မေးသွားပါတယ်။ ဒါတွေနဲ့ပတ်သက်တဲ့ ကျနော်တို့ တပ်မတော်ရဲ့ သဘောထားကတော့ KIA သော၊ KNU သော ကျနော်တို့ ခွဲခြားပြီးတော့မှ ကျနော် ဒီနေရာမှာ မပြောလိုပါဘူး။

ကျနော်တို့ တပ်မတော်ရဲ့သဘောကတော့ ဒီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ စပြီးတော့မှ တက်လာတဲ့အချိန်ကတည်းကိုက ကျနော်တို့တတွေ နိုင်ငံတော်ကို လုပ်ဆောင်မယ့် ဦးတည်ချက်တွေရော၊ ကျနော်တို့တတွေ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာရော ကျနော်တို့ ဒီ တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ကျနော်တို့ NCA စာချုပ်ပါ လုပ်ငန်းစဉ်တွေအတိုင်း ကျနော်တို့တွေ အောင်အောင်မြင်မြင်နဲ့ ဆက်လက်ပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ ဒီ နစကကောင်စီ ဖွဲ့စည်းပြီးတော့ သိပ်မကြာခင်မှာဘဲ ကျနော်တို့တတွေ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မီတီ၊ လုပ်ငန်းကော်မီတီနဲ့ ညှိနှိုင်းရေးကော်မီတီတွေဆိုပြီး ဖွဲ့စည်းပြီးတော့မှ ကျနော်တို့တတွေ အမြဲမပြတ် ထိတွေ့ ဆောင်ရွက်လျှက်ရှိပါတယ်။

ဆိုတော့တပ်မတော်ရဲ့သဘောထား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောထားကတော့ ကျနော်တို့ဟာ ငြိမ်းချမ်းရေးကိုဘဲ အမြဲတမ်းဦးတည်ပြီးတော့မှ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုလည်း တတ်နိုင်သမျှ ကျနော်တို့က သည်းခံပြီးတော့မှ ကျနော်တို့တွေ ဆက်လက်ပြီးတော့မှ လုပ်ဆောင်သွားမယ်ဆိုတဲ့ မူဝါဒနဲ့ ကျနော်တို့တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အသေးစိတ်ထုတ်ပြန်ဖို့ရှိတယ်ဆိုလို့ရှိရင်လည်း နောင်အခါမှာ၊ လိုအပ်တဲ့အခါမှာ ကျနော်တို့ ထုတ်ပြန်ပေးသွားပါမယ်။ ဒီနေရာမှာတော့ ကျနော် အသေးစိတ် ပြောပြဖို့မရှိပါဘူး။ ကျေးဇူးတင်ပါတယ်။

မစုမြတ်မွန်။ ဟုတ်ကဲ့။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ လက်နက်ကိုင်တွေနဲ့ သူတို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး ဖွဲ့ထားတာတွေနဲ့ ဖြစ်နေတဲ့အကြောင်းရော၊ အခုနက မေးတဲ့မေးခွန်းကို ဖြေနိုင်မလားရှင့်။

ဗိုလ်မှူး ကောင်းစံထက်။ ။ ဆိုတော့၊ ကျနော် ခြုံငုံပြီးတော့ ပြောရမယ်ဆိုလို့ရှိရင်ဗျာ၊ နိုင်ငံတခုမှာ၊ ကျနော်တို့ မြန်မာနိုင်ငံမှာပေါ့၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် အခုချိန်မှာ ကျနော်တို့က ဒါ တပ်မတော်မှာ တာဝန်အရှိဆုံးဘဲ။ ဒီအတိုင်း နိုင်ငံမှာဖြစ်နေတဲ့ ပုံမှန် သမားရိုးကျ ရာဇဝတ်မှုတွေလောက်တောင်မှဘဲ သည်းခံလို့မရဘူး။ ကျနော်တို့က ဒါတွေကို ဖြေရှင်းပြီးတော့မှ လုပ်သင့်လုပ်ထိုက်တဲ့နည်းတွေနဲ့ လုပ်ဆောင်ပြီးတော့မှ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အခုလိုမျိုး လက်နက်စွဲကိုင်ပြီးတော့ လုပ်လာတယ်ဆိုတဲ့ကိစ္စတွေကတော့ ဒါဟာ နိုင်ငံတခုအတွက်၊ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြီးဖြစ်တဲ့ တပ်မတော်အနေနဲ့ ဘယ်လိုမှကို သည်းခံစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့တွေ အဲဒါကြောင့်မို့လို့ ဒီလိုမျိုး လုပ်ငန်းတွေ၊ ဒီလို လုပ်ရပ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေ၊ လက်နက်စွဲကိုင်တဲ့ လုပ်ရပ်တွေ ပေါ်လာတယ်ဆိုလို့ရှိရင် ကျနော်တို့တွေသည် ဒါတွေကို လုပ်သင့် လုပ်ထိုက်တဲ့နည်းလမ်းအားလုံးကို အသုံးပြုပြီးတော့မှ ကျနော်တို့တွေ ရှင်းလင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတာကို ကျနော် ဖြေကြားလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

နစက စစ်ကောင်စီအနေနဲ့ငြိမ်းချမ်းရေးကို အမြဲဦးတည်ပြီး ဆက်လက်လုပ်သွားမှာဖြစ်တယ်လို့လည်းဒီနေ့ Online ကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ာ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေေတွေအပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ဖက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ပါတ်သက်လို့ နစကအုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းပွဲမှာ မစုမြတ်မွန်ကမေးမြန်းခဲ့တာကို သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက ဖြေကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG