သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးေမာက္ တာဝါတိုင္စခန္း တပ္မေတာ္ ျပန္လည္သိမ္းယူ


KIA တပ္ဖြဲ႔ဝင္အခ်ဳိ႕။

(Zawgyi / Unicode)

ကခ်င္လြတ္လပ္ေရးတပ္‌မေတာ္ (KIA) ကေန သိမ္းယူၿပီးတဲ့ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္က တပ္စခန္းတခုကို ျမန္မာစစ္တပ္ကေန ေျမျပင္ေရာ ေလေၾကာင္းနဲ႔ပါ ထိုးစစ္ဆင္ တုိက္ခိုက္ခဲ့တာမွာ မေန႔ညေနပိုင္းမွာ စခန္းကို ျပန္လည္သိမ္းပိုက္ႏုိင္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က ေျပာပါတယ္။ ကခ်င္ျပည္နယ္ဘက္ စစ္ေရးအေျခအေနေတြကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

KIA ကေန သိမ္းယူထားတဲ့ မိုးေမာက္ၿမိဳ႕နယ္ ၿမိဳ႕သစ္နဲ႔ ဆီဟပ္ၾကားမွာရွိတဲ့ တာဝါတိုင္စခန္း (စေလာင္းကုန္း) ကို စစ္ေကာင္စီတပ္ဘက္ကေန ေမလ ၆ ရက္ေန႔နဲ႔ ၇ ရက္ေန႔ေတြမွာ ေျမျပင္ထိုးစစ္ အပါအဝင္ ေလေၾကာင္းနဲ႔ အျပင္းအထန္ ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။

ဒီထိုးစစ္ဆင္မႈေၾကာင့္ မေန႔က ေသာၾကာေန႔ညပိုင္းမွာ KIA ကေန သိမ္းယူထားတဲ့ တာဝါတိုင္စခန္းကို တပ္မေတာ္ဘက္က ျပန္လည္သိမ္းယူႏုိင္ၿပီလို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အတည္ျပဳ ေျပာပါတယ္။

“ဟုတ္ပါတယ္။ မေန႔ညက ၇ နာရီကေတာ့ က်ေနာ္တုိ႔ ျပန္သိမ္းၿပီးပါၿပီ။”

မေန႔ ေမလ ၇ ရက္ေန႔ မနက္ေစာေစာ အခ်ိန္ကတည္းက အာဏာသိမ္း စစ္ေကာင္စီတပ္နဲ႔ တေန႔လုံးနီးပါး ျပင္းျပင္းထန္ထန္ တုိက္ပြဲျဖစ္ပြားခဲ့သလို ဂ်က္တိုက္ေလယာဥ္ႏွစ္စီးနဲ႔ ၅ ႀကိမ္တိုင္တိုင္ ပစ္ကူတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီလို ျပင္းထန္ထိုးစစ္ၾကာင့္ KIA ဘက္က တပ္ဆုတ္တာလို႔လည္း ေဒသခံတဦးက ေျပာပါတယ္။

“တိုက္ပြဲအရွိန္က တအားျပင္းထန္လာတဲ့ အခါက်ေတာ့ ႏွစ္ဖက္စလုံး ထိခိုက္တာေတြက တအားမ်ားလာတာလည္း ပါတယ္ဗ်။ ဘာလဲဆိုေတာ့ လက္နက္ႀကီးနဲ႔ ပစ္တာကိုက သုံးနာရီကို အလုံး ၁၀၀ ေလာက္ပစ္ေနတာ။ ေလယာဥ္ကေတာ့ ဂ်က္ တအားျမန္တဲ့ ေလယာဥ္အမ်ိဳးအစားနဲ႔ လာတိုက္တဲ့အခါက်ေတာ့။ ၆ ရက္နဲ႔ ၇ ရက္ေန႔ ညသန္းေခါင္မွာ မိုးတအားသည္းတယ္၊ အဲဒီအခါမွာ ပစ္ေသးတယ္။”

မေန႔က တာဝါတိုင္စခန္း တိုက္ပြဲအေျခအေနကို သိရွိဖို႔ KIA ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။ ဒါေပမယ့္ တာဝါတိုင္စခန္းကေန ဆုတ္ခြာေပးတဲ့ အေျခအေနကိုေတာ့ စစ္ေရးဗ်ဴဟာအရ ဆုတ္ခြာတာ၊ ျပန္တို္က္တာ၊ ကစားတာ ရွိတယ္လို႔ မီဒီယာတခ်ိဳ႕ကို ေျပာဆိုခဲ့ပါတယ္။

မေန႔ကတိုက္ပြဲအတြင္း ထိခိုက္က်ဆုံးမႈေတြ မ်ားတယ္လို႔ ေဒသခံေတြက ေျပာေပမယ့္ သီးျခားအတည္မျပဳႏုိင္ပါဘူး။

ဒါ့အျပင္ KIA ကေန သိမ္းယူထားတဲ့ အေလာဘြမ္တပ္စခန္းကိုလည္း ျမန္မာစစ္တပ္ဘက္က ထိုးစစ္ဆင္ေနတယ္လို႔ ေဒါ့ဖုန္းယန္ေဒသခံတဦးက ေျပာပါတယ္။

“အေလာဘြမ္ဘက္မွာ မေန႔က ေလယာဥ္ပ်ံ ဗံုးလာႀကဲတယ္။ ေနာင္ကြန္ေနာင္ကုန္းေပါ့ ဒီဘက္ျခမ္းမွာ၊ အဲဒီမွာလည္း KIO နဲ႔ စစ္တပ္ေတြ မေန႔ည ၉ နာရီေက်ာ္ ၁၀ နာရီေလာက္ ဟိုမွာပစ္ေသးတယ္။”

အေလာဘြမ္တပ္စခန္းဘက္မွာလည္း ျမန္မာစစ္တပ္ဘက္က စစ္ဆင္မႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အေလာဘြမ္ဘက္ကေတာ့ က်ေနာ္တုိ႔ တခ်ိဳ႕စခန္းေတြကို ျပန္လည္ၿပီး ဆုတ္ခြာတဲ့စခန္းေတြ ရွိပါတယ္ဗ်။ အဲဒီမွာေတာ့ က်ေနာ္တုိ႔ လိုအပ္တဲ့ လုံၿခံဳေရး စစ္ဆင္မႈေတြ ေဆာင္ရြက္လ်က္ရွိပါတယ္။”

မိုးေမာက္ၿမိဳ႕နယ္အတြင္း တိုက္ပြဲကေတာ့ အျပင္းထန္ဆုံးျဖစ္ၿပီး ေလေၾကာင္းက ေန႔စဥ္တိုက္ခိုက္ေနသလို ေမလ ၃ ရက္ေန႔ကလည္း KIA ကေန တပ္မေတာ္ရဟတ္ယာဥ္တစီးကို ပစ္ခ်ခဲ့ပါတယ္။

မေန႔က စစ္ေကာင္စီရဲ႕ သတင္းစာရွင္းလင္းပြဲမွာေတာ့ ရဟတ္ယာဥ္ အပစ္ခံရတာေၾကာင့္ တပ္မေတာ္အရာရွိ ၃ ဦး အသက္ဆုံး႐ႈံးခဲ့ေၾကာင္း ထည့္သြင္း ေျဖၾကားခဲ့ပါတယ္။

ဒီရက္ပိုင္းအတြင္းမွာေတာ့ ကခ်င္ျပည္နယ္ အင္ဂ်န္းယန္၊ ဝိုင္းေမာ္၊ မန္စီနဲ႔ ေရႊကူဘက္ေတြမွာလည္း KIA နဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မိုးမောက် တာဝါတိုင်စခန်း တပ်မတော် ပြန်လည်သိမ်းယူ

ကချင်လွတ်လပ်ရေးတပ်‌မတော် (KIA) ကနေ သိမ်းယူပြီးတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က တပ်စခန်းတခုကို မြန်မာစစ်တပ်ကနေ မြေပြင်ရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ မနေ့ညနေပိုင်းမှာ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ကချင်ပြည်နယ်ဘက် စစ်ရေးအခြေအနေတွေကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

KIA ကနေ သိမ်းယူထားတဲ့ မိုးမောက်မြို့နယ် မြို့သစ်နဲ့ ဆီဟပ်ကြားမှာရှိတဲ့ တာဝါတိုင်စခန်း (စလောင်းကုန်း) ကို စစ်ကောင်စီတပ်ဘက်ကနေ မေလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ မြေပြင်ထိုးစစ် အပါအဝင် လေကြောင်းနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီထိုးစစ်ဆင်မှုကြောင့် မနေ့က သောကြာနေ့ညပိုင်းမှာ KIA ကနေ သိမ်းယူထားတဲ့ တာဝါတိုင်စခန်းကို တပ်မတော်ဘက်က ပြန်လည်သိမ်းယူနိုင်ပြီလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“ဟုတ်ပါတယ်။ မနေ့ညက ၇ နာရီကတော့ ကျနော်တို့ ပြန်သိမ်းပြီးပါပြီ။”

မနေ့ မေလ ၇ ရက်နေ့ မနက်စောစော အချိန်ကတည်းက အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တနေ့လုံးနီးပါး ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သလို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ၅ ကြိမ်တိုင်တိုင် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလို ပြင်းထန်ထိုးစစ်ကြာင့် KIA ဘက်က တပ်ဆုတ်တာလို့လည်း ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲအရှိန်က တအားပြင်းထန်လာတဲ့ အခါကျတော့ နှစ်ဖက်စလုံး ထိခိုက်တာတွေက တအားများလာတာလည်း ပါတယ်ဗျ။ ဘာလဲဆိုတော့ လက်နက်ကြီးနဲ့ ပစ်တာကိုက သုံးနာရီကို အလုံး ၁၀၀ လောက်ပစ်နေတာ။ လေယာဉ်ကတော့ ဂျက် တအားမြန်တဲ့ လေယာဉ်အမျိုးအစားနဲ့ လာတိုက်တဲ့အခါကျတော့။ ၆ ရက်နဲ့ ၇ ရက်နေ့ ညသန်းခေါင်မှာ မိုးတအားသည်းတယ်၊ အဲဒီအခါမှာ ပစ်သေးတယ်။”

မနေ့က တာဝါတိုင်စခန်း တိုက်ပွဲအခြေအနေကို သိရှိဖို့ KIA ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါပေမယ့် တာဝါတိုင်စခန်းကနေ ဆုတ်ခွာပေးတဲ့ အခြေအနေကိုတော့ စစ်ရေးဗျူဟာအရ ဆုတ်ခွာတာ၊ ပြန်တိုက်တာ၊ ကစားတာ ရှိတယ်လို့ မီဒီယာတချို့ကို ပြောဆိုခဲ့ပါတယ်။

မနေ့ကတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုတွေ များတယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် KIA ကနေ သိမ်းယူထားတဲ့ အလောဘွမ်တပ်စခန်းကိုလည်း မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတဦးက ပြောပါတယ်။

“အလောဘွမ်ဘက်မှာ မနေ့က လေယာဉ်ပျံ ဗုံးလာကြဲတယ်။ နောင်ကွန်နောင်ကုန်းပေါ့ ဒီဘက်ခြမ်းမှာ၊ အဲဒီမှာလည်း KIO နဲ့ စစ်တပ်တွေ မနေ့ည ၉ နာရီကျော် ၁၀ နာရီလောက် ဟိုမှာပစ်သေးတယ်။”

အလောဘွမ်တပ်စခန်းဘက်မှာလည်း မြန်မာစစ်တပ်ဘက်က စစ်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အလောဘွမ်ဘက်ကတော့ ကျနော်တို့ တချို့စခန်းတွေကို ပြန်လည်ပြီး ဆုတ်ခွာတဲ့စခန်းတွေ ရှိပါတယ်ဗျ။ အဲဒီမှာတော့ ကျနော်တို့ လိုအပ်တဲ့ လုံခြုံရေး စစ်ဆင်မှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။”

မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲကတော့ အပြင်းထန်ဆုံးဖြစ်ပြီး လေကြောင်းက နေ့စဉ်တိုက်ခိုက်နေသလို မေလ ၃ ရက်နေ့ကလည်း KIA ကနေ တပ်မတော်ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ပါတယ်။

မနေ့က စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရဟတ်ယာဉ် အပစ်ခံရတာကြောင့် တပ်မတော်အရာရှိ ၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ် အင်ဂျန်းယန်၊ ဝိုင်းမော်၊ မန်စီနဲ့ ရွှေကူဘက်တွေမှာလည်း KIA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG