{{Zawgyi/Unicode}}
နစက စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြၾကား တိုက္ပြဲျဖစ္ေနတဲ့ ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႔နယ္အတြင္းမွာ စစ္ရဟတ္ယာဥ္တစင္း ပ်က္က်ခဲ့ပါတယ္။ အဲဒီရဟတ္ယာဥ္ကုိ သူတုိ႔ပစ္ခ်ခဲ့တာလို႔ KIA ကေျပာပါတယ္။ ၂ ဖက္ၾကား ၁၀ ရက္ေျမာက္ျဖစ္ေနတဲ့ တုိက္ပြဲေတြမွာေတာ့ ကုန္းေလာရြာေပၚ လက္နက္ၾကီးက်ည္က်ေရာက္ေပါက္ကဲြလို႔ ၃ ေယာက္ေသဆံုးခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ မိုးေမာက္ၿမိဳ႔နယ္က တိုက္ပဲြသတင္းကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။
စစ္ေကာင္စီတပ္နဲ႔ KIA အၾကား ဧၿပီလ ၂၄ရက္ေန႔မွာ စတင္ခဲ့တဲ့ မိုးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္၊ ကုန္းေလာ၊ စီဟတ္ရြာအနီးက စေလာင္းကုန္းတိုက္ပဲြဟာ ဒီေန႔ဆို ၁၀ ရက္ေျမာက္႐ွိသြားၿပီး တိုက္ပြဲေတြလည္း ျပင္းထန္ေနပါတယ္။ တပ္မေတာ္ဘက္က ေန႔စဥ္ ေလေၾကာင္းကပါ တုိက္ခိုက္ေနရာမွာ ဒီကေန႔ မနက္ပိုင္းမွာေတာ့ KIA ဘက္က ရဟတ္ယာဥ္တစ္စီး ပစ္ခ်ခဲ့တယ္လို႔ ေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။
“ဒီမနက္ ေတာင္ေပၚဘက္က ပစ္တာ။ ဟတ္စကီးတစ္စီး ဟိုမွာက်သြားၿပီ။ စီဟတ္ရြာမွာ က်တယ္။ မီးေလာင္တယ္။ ခုနက ၉နာရီဟိုဘက္ပိုင္းေပါ့။ လမ္းမွာ ေတြ႔ခဲ့တယ္။ အခုေလာေလာဆည္ကေတာ့ ေလယာဥ္ပ်ံနဲ႔ ေတာင္ေပၚဘက္ကို ဗံုးေတြဘာေတြၾကဲ၊ ၿပီးသူတုိ႔ တပ္ထဲကေနလည္း အေျမွာက္ေတြနဲ႔ ဘာေတြနဲ႔ ပစ္ေပးေနတယ္။ ေန႔တုိင္းပဲ၊ ေန႔တုိင္းပဲ ပစ္ေနတာပဲ။”
KIA ျပန္ၾကားေရးတာ၀န္ခံ ဗုိလ္မႈးၾကီးေနာ္ဘူ ကလည္း ရဟတ္ယာဥ္ပ်က္က်တာနဲ႔႔ပတ္သက္လို႔ အခုလို ေျပာပါတယ္။
“၁၀ နာရီ မိနစ္ ၂၀မွာ ျဖစ္ပါတယ္။ သူတုိ႔ လာပစ္တဲ့ဟာေတြကို က်ေနာတုိ႔ KIA ဘက္က ျပန္ ခုခံပစ္လိုက္လို႔ ထိမွန္သြားတာျဖစ္ပါတယ္။ စေလာင္းကုန္းတိုက္ပဲြေနရာမွာ ျဖစ္ပါတယ္။”
စေလာင္းကုန္းတုိက္ပဲြျဖစ္ပြားရာ ၿမိဳ႔သစ္၊ ကုန္းေလာေဒသဘက္ကို မနက္ ၉နာရီေလာက္တည္းက ေလေၾကာင္းက တုိက္ခိုက္တာ၊ လက္နက္ၾကီးနဲ႔ပစ္ခတ္တာေတြ ရိွေပမဲ့ ေျမျပင္က တုိက္ခုိက္တဲ့သတင္းေတာ့ မရေသးေၾကာင္း ေျပာပါတယ္။ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေဒ့ါဖုန္းယန္ၿမိဳ႔ အေနာက္ဘက္မွာ ရဟတ္ယာဥ္တစ္စီး ထပ္မံပ်က္က်ေၾကာင္း သတင္းေတြ ေဖာ္ျပၾကေပမဲ့ KIA က ေတာ့ အတည္မျပဳပါဘူး။
စစ္တပ္နဲ႔ KIA ၾကား တိုက္ပြဲေတြဟာ ဒီေန႔မွာလည္း ျပင္းထန္ေနၿပီး ကုန္းေလာရြာက ဘုန္းၾကီးေက်ာင္းအနီး လက္နက္ၾကီးက်ည္က်တာေၾကာင့္ သံဃာတစ္ပါးပ်ံလြန္ၿပီး အရပ္သားတဦးေသဆံုးရေၾကာင္း ေဒသခံကယ္ဆယ္ေရးေဆာင္ရြက္ေနသူတစ္ဦးကေျပာပါတယ္။
“ဒီေန႔ မိုးလင္းတည္းကေတာ့ ပစ္ခတ္မႈေတြက ဆုိးဆိုး၀ါး၀ါး ဆူညံေနတာေပါ့ေနာ္။ ဒီမနက္ ၁၀နာရီေလာက္မွာ ကုန္းေလာရြာထဲ ဘုန္းၾကီးေက်ာင္းထဲကို လက္နက္ၾကီး၊ ရြာထဲကိုေတာ့ လက္နက္ၾကီး အမ်ားအျပားက်တာေပါ့။ ဒါေပမဲ့ ဘုန္းၾကီးေက်ာင္းထဲကို က်လာတဲ့အလံုးကေတာ့ ေလာေလာဆည္ ၇ေယာက္ ဒဏ္ရာရၿပီးမွ ဘုန္းၾကီးတပါး။ ကုန္းေလာရြာ ဘုန္းၾကီးတစ္ပါး ပ်ံလြန္ေတာ္မူသြားတာေပါ့ဗ်ာ။ လြန္ခဲ့တဲ့ မိနစ္ပိုင္းေလးပဲ ေလာစံဆိုတဲ့ သူတစ္ေယာက္ ဆံုးသြားျပန္ၿပီေပါ့ဗ်ာ။ ေဆးရံုမွာ။”
အတည္ျပဳႏိုင္သေလာက္ ေသဆံုးသူ ၃ ေယာက္ျဖစ္ပါတယ္။ ထိခိုက္ဒဏ္ရာရသူလည္း ၇ ေယာက္ထက္ မနည္း႐ွိပါတယ္။ ဘုန္းၾကီးေက်ာင္းအတြင္း လက္နက္ၾကီးက်ၿပီးေနာက္ နာရီ၀က္အၾကာေလာက္မွာ စစ္ရဟတ္ယာဥ္ ပ်က္က်ခဲ့တယ္ဆိုတာကိုလည္း သူက အခုလို ဆက္ေျပာပါတယ္။
“ေနာက္ပိုင္း နာရီ၀က္ေလာက္အၾကာမွာ ဟတ္စကီးတစ္စီးပ်က္က်သြားတာဟုတ္တယ္။ ပစ္ခတ္မႈေတြကေတာ့ အခု လက္ရိွ အခ်ိန္ထိ စီဟတ္၊ ကုန္းေလာ တစ္ေၾကာကေတာ့ ေတာ္ေတာ္ေလးကို ဆုိးဆိုး၀ါး၀ါး ျပင္းထန္ေနဆဲပါ။”
လက္ရိွ ၁၀ရက္ၾကာ ျဖစ္ပြားေနတဲ့ တိုက္ပဲြေၾကာင့္ ေဒသခံျပည္သူ ၅ေထာင္ေလာက္ဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတယ္လို႔လည္း ေဒသတြင္း ကူညီေရးေဆာင္ရြက္ေနသူေတြက ေျပာဆိုပါတယ္။လက္ရိွ ျဖစ္ပြားေနတဲ့ မုိးေမာက္တုိက္ပဲြအေျခအေနကို တပ္မေတာ္ဘက္က သတင္းထုတ္ျပန္တာေတာ့ မရိွပါဘူး။
......................................
{{Unicode}}
နစက စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ကို သူတို့ပစ်ချခဲ့တာလို့ KIA ကပြောပါတယ်။ ၂ ဖက်ကြား ၁၀ ရက်မြောက်ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ ကုန်းလောရွာပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ၃ ယောက်သေဆုံးခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ မိုးမောက်မြို့နယ်က တိုက်ပွဲသတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။
စစ်ကောင်စီတပ်နဲ့ KIA အကြား ဧပြီလ ၂၄ရက်နေ့မှာ စတင်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟတ်ရွာအနီးက စလောင်းကုန်းတိုက်ပွဲဟာ ဒီနေ့ဆို ၁၀ ရက်မြောက်ရှိသွားပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။ တပ်မတော်ဘက်က နေ့စဉ် လေကြောင်းကပါ တိုက်ခိုက်နေရာမှာ ဒီကနေ့ မနက်ပိုင်းမှာတော့ KIA ဘက်က ရဟတ်ယာဉ်တစ်စီး ပစ်ချခဲ့တယ်လို့ ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။
“ဒီမနက် တောင်ပေါ်ဘက်က ပစ်တာ။ ဟတ်စကီးတစ်စီး ဟိုမှာကျသွားပြီ။ စီဟတ်ရွာမှာ ကျတယ်။ မီးလောင်တယ်။ ခုနက ၉နာရီဟိုဘက်ပိုင်းပေါ့။ လမ်းမှာ တွေ့ခဲ့တယ်။ အခုလောလောဆည်ကတော့ လေယာဉ်ပျံနဲ့ တောင်ပေါ်ဘက်ကို ဗုံးတွေဘာတွေကြဲ၊ ပြီးသူတို့ တပ်ထဲကနေလည်း အမြှောက်တွေနဲ့ ဘာတွေနဲ့ ပစ်ပေးနေတယ်။ နေ့တိုင်းပဲ၊ နေ့တိုင်းပဲ ပစ်နေတာပဲ။”
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူ ကလည်း ရဟတ်ယာဉ်ပျက်ကျတာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
“၁၀ နာရီ မိနစ် ၂၀မှာ ဖြစ်ပါတယ်။ သူတို့ လာပစ်တဲ့ဟာတွေကို ကျနောတို့ KIA ဘက်က ပြန် ခုခံပစ်လိုက်လို့ ထိမှန်သွားတာဖြစ်ပါတယ်။ စလောင်းကုန်းတိုက်ပွဲနေရာမှာ ဖြစ်ပါတယ်။”
စလောင်းကုန်းတိုက်ပွဲဖြစ်ပွားရာ မြို့သစ်၊ ကုန်းလောဒေသဘက်ကို မနက် ၉နာရီလောက်တည်းက လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိပေမဲ့ မြေပြင်က တိုက်ခိုက်တဲ့သတင်းတော့ မရသေးကြောင်း ပြောပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေ့ါဖုန်းယန်မြို့ အနောက်ဘက်မှာ ရဟတ်ယာဉ်တစ်စီး ထပ်မံပျက်ကျကြောင်း သတင်းတွေ ဖော်ပြကြပေမဲ့ KIA က တော့ အတည်မပြုပါဘူး။
စစ်တပ်နဲ့ KIA ကြား တိုက်ပွဲတွေဟာ ဒီနေ့မှာလည်း ပြင်းထန်နေပြီး ကုန်းလောရွာက ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျည်ကျတာကြောင့် သံဃာတစ်ပါးပျံလွန်ပြီး အရပ်သားတဦးသေဆုံးရကြောင်း ဒေသခံကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
“ဒီနေ့ မိုးလင်းတည်းကတော့ ပစ်ခတ်မှုတွေက ဆိုးဆိုးဝါးဝါး ဆူညံနေတာပေါ့နော်။ ဒီမနက် ၁၀နာရီလောက်မှာ ကုန်းလောရွာထဲ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး၊ ရွာထဲကိုတော့ လက်နက်ကြီး အများအပြားကျတာပေါ့။ ဒါပေမဲ့ ဘုန်းကြီးကျောင်းထဲကို ကျလာတဲ့အလုံးကတော့ လောလောဆည် ၇ယောက် ဒဏ်ရာရပြီးမှ ဘုန်းကြီးတပါး။ ကုန်းလောရွာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားတာပေါ့ဗျာ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးပဲ လောစံဆိုတဲ့ သူတစ်ယောက် ဆုံးသွားပြန်ပြီပေါ့ဗျာ။ ဆေးရုံမှာ။”
အတည်ပြုနိုင်သလောက် သေဆုံးသူ ၃ ယောက်ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ၇ ယောက်ထက် မနည်းရှိပါတယ်။ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျပြီးနောက် နာရီဝက်အကြာလောက်မှာ စစ်ရဟတ်ယာဉ် ပျက်ကျခဲ့တယ်ဆိုတာကိုလည်း သူက အခုလို ဆက်ပြောပါတယ်။
“နောက်ပိုင်း နာရီဝက်လောက်အကြာမှာ ဟတ်စကီးတစ်စီးပျက်ကျသွားတာဟုတ်တယ်။ ပစ်ခတ်မှုတွေကတော့ အခု လက်ရှိ အချိန်ထိ စီဟတ်၊ ကုန်းလော တစ်ကြောကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ပြင်းထန်နေဆဲပါ။”
လက်ရှိ ၁၀ရက်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅ထောင်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဒေသတွင်း ကူညီရေးဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။လက်ရှိ ဖြစ်ပွားနေတဲ့ မိုးမောက်တိုက်ပွဲအခြေအနေကို တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။