သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးေမာက္မွာ တိုက္ပြဲျပင္းထန္ေနဆဲ


Myanmar Fading Hope

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႔နယ္အတြင္း ၇ ရက္ေျမာက္ေန႔အထိ တိုက္ပဲြေတြ ျပင္းထန္ေနဆဲျဖစ္ပါတယ္။ ၾကာသပေတးေန႔ကေတာ့ ႏြမ္းလန္းေက်းရြာအတြင္းကို လက္နက္ၾကီး က်ည္တလံုး က်ေရာက္ ေပါက္ကဲြခဲ့တာေၾကာင့္ အရပ္သားတစ္ဦး ေသဆံုးခဲ့ၿပီး တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီလုိေသဆံုးခဲ့တာေၾကာင့္ ေနာက္ထပ္ ေဒသခံရြာသားေတြ မိုးေမာက္ၿမိဳ႔ကို တိမ္းေရွာင္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ မုိးေမာက္တုိက္ပဲြ ေနာက္ဆံုးအေျခအေနကိုေတာ့ ကိုရန္ႏုိင္က ေျပာျပထားပါတယ္။

မိုးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္၊ ကုန္းေလာနဲ႔ စီဟတ္ေက်းရြာအနီး ၿပီးခဲ့တဲ့စေနေန႔က ျပန္ျဖစ္ေနတဲ့ တိုက္ပဲြေတြဟာ ဒီကေန႔ ၇ ရက္ေျမာက္ေန႔အထိ အျပင္းအထန္ပြားေနတာပါ။

ဧၿပီ ၂၉ ရက္ ၾကာသပေတးေန႔ကေတာ့ စီဟတ္ရြာ အထက္ဘက္က ႏြမ္းလန္းရြာမွာ တပ္မေတာ္နဲ႔ KIA အၾကား လက္နက္ၾကီးေတြနဲ႔ အျပန္အလွန္ ပစ္ခတ္ရာမွာ ရြာအတြင္း လက္နက္ၾကီးက်ည္ က်ေရာက္ ေပါက္ကဲြတာေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး တစ္ေယာက္ အျပင္းအထန္ ဒဏ္ရာရခဲ့ပါတယ္။

“မေန႔က ဒီ ၃နာရီခဲြမွာ ခလရ ၄၃၈ က ၆၀ မမ ရြာထဲပစ္ထည့္တာ။ မေန႔က အဖိုးၾကီးတစ္ေယာက္ရယ္၊ ၿပီးရင္ သူ႔ ေခြ်းမရယ္ ႏွစ္ေယာက္ေပါ့။ အဖုိးၾကီးက ဆံုးသြားၿပီ။ သူ႔ေခြ်းမက လက္နဲ႔ ေပါင္ ေျခေထာက္ႏွစ္ဖက္ထိတယ္။ အခု ျမစ္ၾကီးနားေဆးရံုေရာက္သြားၿပီ။ အဲဒါက ေတာင္ေပၚက KIA ေတြလည္း သူတုိ႔ တပ္ထဲကို အေျမာက္ေတြ ဘာေတြ ပစ္ထည့္တာေပါ့။ သူတုိ႔လည္း ပစ္၊ ဟိုဘက္လည္း ပစ္တဲ့အခါက်ေတာ့ သူတုိ႔လည္း ရြာထဲကို ပစ္ထည့္တာေလ။”

ေဒသခံရြာသားတစ္ဦးက VOA ကို ေျပာျပတာပါ။ ေပါက္ကဲြတဲ့ လက္နက္ၾကီးက်ည္ဟာ တပ္မေတာ္ဘက္က ပစ္ခတ္တာျဖစ္ေၾကာင္း ရြာသားေတြက ေျပာဆုိေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။ KIA က ဗိုလ္မႈးၾကီးေနာ္ဘူကေတာ့ KIA ဘက္က ပစ္ခတ္တာမဟုတ္ေၾကာင္း အခုလို ျငင္းဆိုပါတယ္။

“ႏြမ္းလန္းဘက္မွာက်ေတာ့ လက္နက္ၾကီးနဲ႔ လွမ္းပစ္ၾကတာ။ မေန႔ကလည္း အဲဒီ ႏြမ္းလန္းမွာ KIA ဘက္ကနဲ႔ လက္နက္ၾကီးနဲ႔ လွမ္းပစ္ထည့္လုိက္ေတာ့ သူတု႔ိက လူထုရိွတဲ့ ရြာဘက္ကို လက္နက္ၾကီးနဲ႔ ျပန္ပစ္ၿပီးေတာ့မွ ရြာသား ၂ ဦး တစ္ဦးကေတာ့ ေသသြားၿပီးမွ တစ္ဦးက အျပင္းအထန္ ဒဏ္ရာရတယ္ဆုိတဲ့ သတင္းရပါတယ္။ ရြာသားေတြ ေျပာတာ။ သူတို႔ မ်က္ျမင္ကိုယ္ေတြ႔ေတြ ေျပာတာေတာ့ တပ္ဖက္ကနဲ႔ပစ္လာတဲ့ လက္နက္ၾကီးျဖစ္တယ္လုိ႔ ေျပာၾကတယ္။ စစ္ေကာင္စီတပ္ဘက္ကေန ပစ္လာတာ။ KIA ဘက္ကေတာ့ ရြာဘက္ကို ပစ္စရာအေၾကာင္းလည္း မရိွဘူး။ ဘာေၾကာင့္လည္းဆုိေတာ့ တပ္နဲ႔ရြာက ေတာ္ေတာ္ေလး ေ၀းေနၾကတယ္။ နည္းနည္း ကြာေနၾကတယ္။”

မိုးေမာက္ၿမိဳ႔နယ္အတြင္း ၇ ရက္ၾကာ ျပင္းထန္ေနတဲ့တိုက္ပဲြမွာ စစ္ေကာင္စီတပ္ဘက္က ေန႔စဥ္ ေလေၾကာင္းက တုိက္ခုိက္တာေတြ ရိွေနပါတယ္။ ဒီေန႔ တုိက္ပဲြအေျခအေနကို ဗိုလ္မွဴးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ညေနပိုင္းကေတာ့ ဘာမွ မၾကားမိပါဘူး။ မနက္ပိုင္းကေတာ့ ေျမျပင္က တက္လာတာေတာ့ မရိွပါဘူး။ ဒါေပမဲ့ လက္နက္ၾကီးနဲ႔ ပစ္တာေတြ၊ ေလေၾကာင္းနဲ႔ ပစ္တာေတြေတာ့ ရိွပါတယ္။ လက္နက္ၾကီးနဲ႔ ပစ္တာကေတာ့ ေတာ္ေတာ္ေလး ၀ုိင္းၿပီးမွ ျပန္ပစ္တာေပါ့။ နဂိုပစ္တဲ့ ၿမိဳ႔သစ္၊ ကုန္းေလာဘက္ကေနလည္း ပစ္တယ္။ မုိးေမာက္ဘက္ကလည္းပဲ ျပန္ပစ္တာ။ လက္နက္ၾကီးနဲ႔ ပစ္တာကေတာ့ နည္းနည္းထူးတာကေတာ့ ၀ုိင္းပစ္တာ ထူးတာကေတာ့ ရိွပါတယ္။ ေလယာဥ္ပ်ံနဲ႔လည္း ပစ္ၾကတယ္။ ဒါေပမဲ့ ေျမျပင္တက္တဲ့သတင္းကေတာ့ ညေနပိုင္းကေတာ့ မၾကားမိပါဘူး။ မနက္ပိုင္းကေတာ့ မရိွဘူးခင္ဗ်။”

လက္နက္ႀကီးက်ည္ေတြ က်တာေၾကာင့္ ႏြမ္းလန္းရြာသားေတြဟာ မုိးေမာက္ၿမိဳ႔ကို ထပ္မံထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ မုိးေမာက္ၿမိဳ႔က ကူညီကယ္ဆယ္ေရးေဆာင္ရြက္ေနသူတစ္ဦးကေတာ့ စစ္ေျပးဒုကၡသည္ေတြ ထပ္တုိးလာေနေၾကာင္း အခုလို ေျပာပါတယ္။

“ဒီေန႔႔ပဲ အေယာက္ ၅၀ ေလာက္ တုိးပါတယ္ဗ်။ အခုပဲ ႏြမ္းလန္းကေနၾကိဳၿပီး မုိးေမာက္ KBC ရံုးမွာ ပို႔ထားခဲ့တယ္ဗ်။ စစ္ပဲြကေတာ့ ျဖစ္ေနတံုးပါပဲ။ ၿမိဳ႔သစ္၊ ကုန္းေလာေရွ႔က ေတာင္ၾကားမွာပဲ။ ဒီေန႔လည္း က်ေနာ္တုိ႔ေရွ႔မွာ ေလယာဥ္ေတြနဲ႔ ပစ္ၾကတာေပါ့။ ၁၂ နာရီ၀န္းက်င္ေလာက္မွာပါပဲ။”

မုိးေမာက္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္းမွာ စစ္ေျပးဒုကၡသည္ ၇၀၀ ေက်ာ္ေလာက္ေရာက္ရိွေနသလို အျခား ဗုဒၶဘာသာ၀င္ ရွမ္းစစ္ေျပးဒုကၡသည္ ၂,၀၀၀ ေက်ာ္ကေတာ့ မန္ေနာင္ရြာနဲ႔ ဗန္းေမာ္ၿမိဳ႔ေတြကို အဓိက တိမ္းေရွာင္ေနပါတယ္။ ဒီလ ၁၁ ရက္ေန႔ကေတာ့ စီဟတ္ရြာမွာ လက္နက္ၾကီးက်ည္က်တာေၾကာင့္ အရပ္သား ၄ ဦး ေသဆံုးခဲ့ပါတယ္။

မတ္လ ၂၅ ရက္ေန႔က မိုးေမာက္ၿမိဳ႔နယ္၊ ေဒါ့ဖုန္းယန္ၿမိဳ႔နယ္ခဲြက အေလာ့ဘြမ္တပ္စခန္းကို KIA က သိမ္းပိုက္ၿပီးေနာက္ ဧၿပီလ ၁၁ ရက္မွာ တပ္မေတာ္က တန္ျပန္ထိုးစစ္ဆင္ခဲ့တာပါ။ ဧၿပီလ ၁၈ ရက္ေန႔ေလာက္ကစၿပီး တိုက္ပဲြေတြ ၿငိမ္ေနခဲ့ေပမဲ့ ၿပီးခဲ့တဲ့ စေနေန႔ ၂၄ ရက္ေန႔ကေန ဒီေန႔အထိ တုိက္ပဲြေတြ ဆက္လက္ျပင္းထန္ေနဆဲရိွပါတယ္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးကေတာ့ ပစ္ခတ္တိုက္ခုိက္မႈရပ္စဲေရးနဲ႔ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒီေၾကညာခ်က္မွာ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ အဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာေရး ေဆြးေႏြးဖို႔နဲ႔ လက္မွတ္မထိုးေသးတဲ့အဖဲြ႔ေတြနဲ႔ ဆက္လက္ေဆြးေႏြးဖို႔အတြက္ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြကို ေႏွာက္ယွက္ထိပါးတာေတြကို တိုက္ခိုက္ခ်ိန္မွအပ တပ္မေတာ္ရဲ့ စစ္ေရးဆုိင္ရာ လႈပ္ရွားမႈေတြကို ေမလ ၁ ရက္ေန႔ကေန ၃၁ ရက္ထိ ထပ္မံရပ္ဆုိင္းသြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

တဆက္တည္းမွာပဲ ထာဝရ ၿငိမ္းခ်မ္းေရးရေစဖုိ႔ ၀ိုင္းဝန္းၾကိဳးပမ္းေဆာင္ရြက္ေစလုိေၾကာင္းလည္း တိုက္တြန္းထားပါတယ္။

......................................

မိုးေမာက္မွာ တိုက္ပြဲျပင္းထန္ေနဆဲ
please wait

No media source currently available

0:00 0:04:41 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ၇ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ကြာသပတေးနေ့ကတော့ နွမ်းလန်းကျေးရွာအတွင်းကို လက်နက်ကြီး ကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလိုသေဆုံးခဲ့တာကြောင့် နောက်ထပ် ဒေသခံရွာသားတွေ မိုးမောက်မြို့ကို တိမ်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မိုးမောက်တိုက်ပွဲ နောက်ဆုံးအခြေအနေကိုတော့ ကိုရန်နိုင်က ပြောပြထားပါတယ်။

မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ကျေးရွာအနီး ပြီးခဲ့တဲ့စနေနေ့က ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့ ၇ ရက်မြောက်နေ့အထိ အပြင်းအထန်ပွားနေတာပါ။

ဧပြီ ၂၉ ရက် ကြာသပတေးနေ့ကတော့ စီဟတ်ရွာ အထက်ဘက်က နွမ်းလန်းရွာမှာ တပ်မတော်နဲ့ KIA အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ရာမှာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

“မနေ့က ဒီ ၃နာရီခွဲမှာ ခလရ ၄၃၈ က ၆၀ မမ ရွာထဲပစ်ထည့်တာ။ မနေ့က အဖိုးကြီးတစ်ယောက်ရယ်၊ ပြီးရင် သူ့ ချွေးမရယ် နှစ်ယောက်ပေါ့။ အဖိုးကြီးက ဆုံးသွားပြီ။ သူ့ချွေးမက လက်နဲ့ ပေါင် ခြေထောက်နှစ်ဖက်ထိတယ်။ အခု မြစ်ကြီးနားဆေးရုံရောက်သွားပြီ။ အဲဒါက တောင်ပေါ်က KIA တွေလည်း သူတို့ တပ်ထဲကို အမြောက်တွေ ဘာတွေ ပစ်ထည့်တာပေါ့။ သူတို့လည်း ပစ်၊ ဟိုဘက်လည်း ပစ်တဲ့အခါကျတော့ သူတို့လည်း ရွာထဲကို ပစ်ထည့်တာလေ။”

ဒေသခံရွာသားတစ်ဦးက VOA ကို ပြောပြတာပါ။ ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ဟာ တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်ကြောင်း ရွာသားတွေက ပြောဆိုပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ KIA က ဗိုလ်မှုးကြီးနော်ဘူကတော့ KIA ဘက်က ပစ်ခတ်တာမဟုတ်ကြောင်း အခုလို ငြင်းဆိုပါတယ်။

“နွမ်းလန်းဘက်မှာကျတော့ လက်နက်ကြီးနဲ့ လှမ်းပစ်ကြတာ။ မနေ့ကလည်း အဲဒီ နွမ်းလန်းမှာ KIA ဘက်ကနဲ့ လက်နက်ကြီးနဲ့ လှမ်းပစ်ထည့်လိုက်တော့ သူတု့ိက လူထုရှိတဲ့ ရွာဘက်ကို လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့မှ ရွာသား ၂ ဦး တစ်ဦးကတော့ သေသွားပြီးမှ တစ်ဦးက အပြင်းအထန် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းရပါတယ်။ ရွာသားတွေ ပြောတာ။ သူတို့ မျက်မြင်ကိုယ်တွေ့တွေ ပြောတာတော့ တပ်ဖက်ကနဲ့ပစ်လာတဲ့ လက်နက်ကြီးဖြစ်တယ်လို့ ပြောကြတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ပစ်လာတာ။ KIA ဘက်ကတော့ ရွာဘက်ကို ပစ်စရာအကြောင်းလည်း မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ တပ်နဲ့ရွာက တော်တော်လေး ဝေးနေကြတယ်။ နည်းနည်း ကွာနေကြတယ်။”

မိုးမောက်မြို့နယ်အတွင်း ၇ ရက်ကြာ ပြင်းထန်နေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က နေ့စဉ် လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ဒီနေ့ တိုက်ပွဲအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ညနေပိုင်းကတော့ ဘာမှ မကြားမိပါဘူး။ မနက်ပိုင်းကတော့ မြေပြင်က တက်လာတာတော့ မရှိပါဘူး။ ဒါပေမဲ့ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ လေကြောင်းနဲ့ ပစ်တာတွေတော့ ရှိပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာကတော့ တော်တော်လေး ဝိုင်းပြီးမှ ပြန်ပစ်တာပေါ့။ နဂိုပစ်တဲ့ မြို့သစ်၊ ကုန်းလောဘက်ကနေလည်း ပစ်တယ်။ မိုးမောက်ဘက်ကလည်းပဲ ပြန်ပစ်တာ။ လက်နက်ကြီးနဲ့ ပစ်တာကတော့ နည်းနည်းထူးတာကတော့ ဝိုင်းပစ်တာ ထူးတာကတော့ ရှိပါတယ်။ လေယာဉ်ပျံနဲ့လည်း ပစ်ကြတယ်။ ဒါပေမဲ့ မြေပြင်တက်တဲ့သတင်းကတော့ ညနေပိုင်းကတော့ မကြားမိပါဘူး။ မနက်ပိုင်းကတော့ မရှိဘူးခင်ဗျ။”

လက်နက်ကြီးကျည်တွေ ကျတာကြောင့် နွမ်းလန်းရွာသားတွေဟာ မိုးမောက်မြို့ကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ မိုးမောက်မြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကတော့ စစ်ပြေးဒုက္ခသည်တွေ ထပ်တိုးလာနေကြောင်း အခုလို ပြောပါတယ်။

“ဒီနေ့ပဲ အယောက် ၅၀ လောက် တိုးပါတယ်ဗျ။ အခုပဲ နွမ်းလန်းကနေကြိုပြီး မိုးမောက် KBC ရုံးမှာ ပို့ထားခဲ့တယ်ဗျ။ စစ်ပွဲကတော့ ဖြစ်နေတုံးပါပဲ။ မြို့သစ်၊ ကုန်းလောရှေ့က တောင်ကြားမှာပဲ။ ဒီနေ့လည်း ကျနော်တို့ရှေ့မှာ လေယာဉ်တွေနဲ့ ပစ်ကြတာပေါ့။ ၁၂ နာရီဝန်းကျင်လောက်မှာပါပဲ။”

မိုးမောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းမှာ စစ်ပြေးဒုက္ခသည် ၇၀၀ ကျော်လောက်ရောက်ရှိနေသလို အခြား ဗုဒ္ဓဘာသာဝင် ရှမ်းစစ်ပြေးဒုက္ခသည် ၂,၀၀၀ ကျော်ကတော့ မန်နောင်ရွာနဲ့ ဗန်းမော်မြို့တွေကို အဓိက တိမ်းရှောင်နေပါတယ်။ ဒီလ ၁၁ ရက်နေ့ကတော့ စီဟတ်ရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့က မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲက အလော့ဘွမ်တပ်စခန်းကို KIA က သိမ်းပိုက်ပြီးနောက် ဧပြီလ ၁၁ ရက်မှာ တပ်မတော်က တန်ပြန်ထိုးစစ်ဆင်ခဲ့တာပါ။ ဧပြီလ ၁၈ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ငြိမ်နေခဲ့ပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ ၂၄ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲရှိပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကြေညာချက်မှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာရေး ဆွေးနွေးဖို့နဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို နှောက်ယှက်ထိပါးတာတွေကို တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မေလ ၁ ရက်နေ့ကနေ ၃၁ ရက်ထိ ထပ်မံရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးရစေဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်းလည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG