သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ႏုိင္ငံတဝန္းမွာ ဆက္ၿပီး ကန္႔ကြက္ဆႏၵျပေနၾကဆဲ


စစ္အာဏာရွင္ဆန္႔က်င္ေရး ကန္႔ကြက္ဆႏၵျပပြဲ (ရန္ကုန္) ဧၿပီ ၃ဝ၊ ၂ဝ၂၁

{{Zawgyi/Unicode}}

ရန္ကုန္ၿမိဳ႕မွာ ဒီေန႔ မိုးေတြ႐ြာေနတဲ့ၾကားက စစ္အာဏာ႐ွင္ ဆန္႔က်င္တဲ့ ခ်ီတက္ဆႏၵျပပဲြေတြ ဆက္႐ွိခဲ့ပါတယ္။။ ရန္ကုန္ၿမိဳ႕လည္ေနရာ တခုထက္မနည္းမွာ ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး လသာၿမိဳ႕နယ္မွာဆုိ ဆႏၵျပသူ ၂၀၀ ေလာက္ ပါဝင္ခဲ့ၾကပါတယ္။ ေတာင္ဒဂံုၿမိဳ႕နယ္မွာေတာ့ ဆႏၵျပသူ ၄ ေယာက္ ဖမ္းဆီးခံရပါတယ္။ ရန္ကုန္နဲ႔ တျခားၿမိဳ႕ေတြက ဆႏၵျပပဲြေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပထားပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေတြ ပုံစံမ်ိဳးစုံနဲ႔ ဆက္ရွိေနတဲ့ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔ မုိးသည္းသည္းမည္းမည္း ႐ြာေနတဲ့ၾကားကပဲ လမ္းေပၚခ်ီတက္ ဆႏၵျပပြဲေတြ ႐ွိခဲ့တာပါ။

လံုျခံဳေရးအေျခအေနေၾကာင့္ အခ်ိန္တိုအတြင္း လူစုျပန္ခဲြခဲ့ၾကရေပမဲ့ ရန္ကုန္ၿမိဳ႕လည္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ေ႐ႊဘုံသာလမ္းနဲ႔ သိမ္ႀကီးေဈးအနီးမွာ လူငယ္ေတြဦးေဆာင္တဲ့ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ လသာၿမိဳ႕နယ္တြင္း သိမ္ႀကီးေစ်းနားက ဆႏၵျပပဲြမွာဆို ဆႏၵျပသူ ၂၀၀ ေက်ာ္ ပါဝင္ခဲ့တာပါ။

ေတာင္ဒဂံုၿမိဳ႕နယ္မွာဆိုလည္း လမ္းေပၚထြက္ဆႏၵျပစစ္ေၾကာင္းတခုကို စစ္တပ္က ေသနတ္ပစ္ေဖာက္ၿဖိဳခြဲၿပီး ဆႏၵျပသူ ၄ ဦးကို ဖမ္းဆီးခဲ့ပါတယ္။ မိန္းကေလး တေယာက္အျပင္ တေယာက္က ကားနဲ႔တုိက္ အဖမ္းခံရတယ္လို႔ သပိတ္ဦးေဆာင္သူတဦးက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ပိတ္အျဖဴမွာ အာဏာရွင္ပညာေရးစနစ္ကို သပိတ္ေမွာက္ၾကဆိုတာရယ္ ၿပီးသြားရင္ ေနာက္ထပ္ပိတ္စအျဖဴေပၚမွာ က်ေနာ္တို႔က ဒီစစ္ကၽြန္ဥပေဒ အျမစ္ျဖဳတ္ဆိုၿပီးေတာ့ က်ေနာ္တို႔က ေရးသားကိုင္ေဆာင္ခ့ဲတယ္ေပါ့ေနာ္။ ၿပီးေတာ့ က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းကို ထြက္ၾကတယ္။ က်ေနာ္တို႔က ေသခ်ာျပင္ၿပီးေတာ့မွ ေပ်ာက္က်ားသပိတ္စနစ္ကိုသံုးၿပီး လမ္းေပၚထြက္ခဲ့တာေပါ့၊ မနက္ ၈ နာရီ ၄၀ ေလာက္မွာ စထြက္တယ္ ၉ နာရီ ၂၀ ေလာက္မွာက်ေတာ့ အၿဖိဳခံရတာပဲ၊ အဖမ္းခံရတာေတာ့ စုစုေပါင္း ေလးေယာက္ေပါ့၊ မိန္ကေလးတစ္ေယာက္၊ ေယာက်ာ္ေလး သံုးေယာက္၊ ေနာက္ အ့ဲမွာဆိုရင္ ေယာက်ာ္းတစ္ေယာက္ဆိုရင္ ကားနဲ႔ေတာင္တိုက္ၿပီးေတာ့ သူတို႔ ဖမ္းတဲ့အထဲ ပါသြားတယ္၊ ေနာက္ၿပီးေတာ့ သူတို႔ ေသနတ္နဲ႔လည္း ပစ္တာေပါ့ေနာ္၊ ေသနတ္နဲ႔လည္း တစ္ခ်က္ပစ္တယ္။”

အလားတူ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာလည္း လူငယ္ေတြက လွ်ပ္တပ်က္သပိတ္တခု လုပ္ခဲ့ၾကပါတယ္။ စမ္းေခ်ာင္း၊ ေတာင္ဒဂုံ၊ ေျမာက္ဒဂုံ၊ ေ႐ႊျပည္သာ၊ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္ေတြမွာလည္း ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္၊ ဘူးသပိတ္၊ ေဆးနီသပိတ္ေတြ ဆက္လုပ္ၾကပါတယ္။

စစ္အာဏာသိမ္းၿပီးထဲက အင္အားမ်ားမ်ားနဲ႔ ေန႔တုိင္း လမ္းေပၚထြက္ ဆႏၵျပၾကတဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္မွာဆုိ ဒီေန႔လူအင္အား ပုိမ်ားပါတယ္။ ေမွာ္ေပါင္းစံု သပိတ္စစ္ေၾကာင္းေခါင္းစဥ္နဲ႔ NUG အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ျဖစ္တဲ့ KIA ကိုေထာက္ခံေၾကာင္း ေရးသားထားတဲ့ စာတမ္းေတြကိုင္ေဆာင္ကာ စစ္အာဏာရွင္အလိုမရွိ ခ်ီတက္လွည့္လည္ ဆႏၵျပၾကပါတယ္။

ျပည္သူ ေထာင္ခ်ီ ပါဝင္ခဲ့တဲ့ ဖားကန္႔က ဆႏၵျပပဲြမွာ တခ်ဳိ႕က အေမရိကန္အလံကို ကိုင္ေဆာင္ခ်ီတက္တာလည္းရွိတယ္လို႔ ဖားကန္႔မ်ဳိးခံတစ္ဦးက ေျပာပါတယ္။

“ဖားကန္႔ၿမိဳ႕ေပၚမွာ ျပတယ္၊ လံုခင္းဘက္မွာ ျပတယ္၊ အဲ့ရြာေတြမွာ ေမွာ္ေတြ တျခားေမွာ္ေတြကဟာေတြလာၿပီးေတာ့ စုၿပီးေတာ့ ျပၾကတယ္၊ ျပၾကတာေတာ့ ထူးထူးေထြေထြေတာ့ မရွိပါဘူး၊ အဓိကကေတာ့ အာဏာရွင္ စစ္အာဏာရွင္ဆန္႔က်င္တာေပါ့၊ ေနာက္ၿပီး NUG အစုိးရကို ေထာက္ခံတယ္ေပါ့၊ KIA ကို ေထာက္ခံတယ္ဆိုတဲ့ စာတမ္းေတြကိုင္ၿပီးေတာ့ ျပတယ္၊ ေနာက္ၿပီးေတာ့ အေမရိကန္အလံေတြ ကိုင္ၿပီးေတာ့ ျပတာမ်ဳိးေတြရွိတယ္၊ တျခားဘာညာမ်ဳိးေတာ့ မရွိဘူးေပါ့။ တားဆီးပိတ္ပင္တာတို႔ အဓိက႐ုဏ္းျဖစ္တာတို႔မရွိဘူး၊ ညပိုင္းေတြမွာလည္း စုေဝးသပိတ္ေတြ လုပ္တာမ်ဳိးေတြရွိတယ္၊ ေထာင္ခ်ီရွိတယ္ တစ္ေနရာ တစ္ေနရာမွာ၊ ဖားကန္႔ၿမိဳ႕ေပၚသပိတ္ကဆို တစ္ေထာင္ေက်ာ္တယ္၊ လူေတြ ပိုၿပီးေတာ့ အင္အားပိုမ်ားျပားတယ္ေပါ့ေနာ္ဆႏၵျပတဲ့ အေနအထားက။”

လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံအေျခအေနအေပၚ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အကူအညီေပးေစလိုတဲ့သေဘာနဲ႔ အေမရိကန္အလံကို ကိုင္ေဆာင္ျပသတာျဖစ္လုိ႔ ေျပာပါတယ္။ အေမရိကန္ဟာ စစ္အာဏာသိမ္းမႈကုိ ျပင္းျပင္းထန္ထန္ ေဝဖန္ၿပီး နစက စစ္ေကာင္စီေခါင္းေဆာင္ေတြအေပၚ အေရးယူ ဒဏ္ခတ္မႈေတြ လုပ္ေနတာေၾကာင့္ ခုလို ေတာင္းဆိုဆႏၵျပၾကတာျဖစ္ပါတယ္။

တခါ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာေတာ့ ကေလးၿမိဳ႕သပိတ္စစ္ေၾကာင္း စုရပ္ေနရာကေန မနက္အေစာပိုင္း စထြက္ၿပီး မိနစ္ပိုင္းေလာက္မွာ ၿဖိဳခြဲဖမ္းဆီးဖို႔ စစ္ေကာင္စီတပ္ဖြဲ႕ကေရာက္လာတယ္လို႔ ဆႏၵျပပြဲေတြတိုင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“အခ်ိန္မီ ေနရာေတြေျပာင္းၿပီး လုပ္ေနရတယ္၊ ဒီေန႔ မနက္ ၆ နာရီလုပ္တာ သံုးရက္ရွိသြားၿပီ၊ ဒါေပမယ့္ ဒီေန႔ကေတာ့ စထြက္ၿပီး ခနေန သူတို႔က ၿဖိဳခြဲဖမ္းဆီးဖို႔ ေရာက္လာတယ္ေပ့ါေနာ္၊ မနက္ ၆ နာရီလုပ္တာကို ၁၀ မိနစ္ေလာက္ပဲ လွည့္တယ္ေပါ့ေနာ္၊ အဲ့ခ်ိန္မွာ ဒီစုရပ္နဲ႔ နည္းနည္းေလးလွမ္းတဲ့ေနရာကို ေရာက္လာၿပီး လမ္းမေတြေပၚေရာက္လာၿပီးေတာ့ သူတို႔ေအာက္ဆင္းတဲ့အခ်ိန္မွာ အျမန္ေပ့ါ လူစုခြဲရတယ္၊ သြားမယ့္လမ္းေတြအထိေတာ့ မသြားရဘဲနဲ႔ေနာ္၊ ေတြ႔တ့ဲလမ္းဝင္ လူစုအျမန္ခြဲလိုက္ရတာေပါ့၊ ဟိုရရင္ရသလိုေတာ့ လမ္းမႀကီးေပၚတက္တယ္ေပါ့ေနာ္၊ လံုၿခံဳေရးတအားၾကပ္တယ္၊ တအားလႈပ္ရွားရခက္တယ္ဆိုရင္ေတာ့ ရပ္ကြက္အတြင္းလမ္းေတြပဲ ပတ္တာေပါ့ေနာ္၊ ဒီလိုက္ပါလာတဲ့ လူအားလံုးလည္း safe ျဖစ္ေအာင္ ထိပ္တိုက္မေတြ႔ေအာင္ေပါ့ေနာ္။ ဒီမွာ စစ္ေၾကာင္းကေတာ့ရပ္ကြက္အလုိက္ သံုးေၾကာင္းထြက္တယ္ ေန႔တိုင္းေပါ့ေနာ္ ဒါေပမယ့္ အခ်ိန္ေတြေတာ့ သူ႔ရပ္ကြက္ ကိုယ့္ရပ္ကြက္ အဆင္ေျပတဲ့အခ်ိန္ ထြက္ၾကတာေပ့ါ၊ အုိ … ဖိႏွိပ္လာတယ္ဆိုေတာ့လည္း ၿဖိဳခြဲဖမ္းဆီးဖို႔အတြက္လည္း ေတာ္ေတာ္ေလးကိုႀကိဳးစားလာတယ္ေပါ့။”

ထားဝယ္၊ ေလာင္းလုံ၊ မႏၱေလး၊ ပုဂံ၊ ေညာင္ဦး စတဲ့ တျခားၿမိဳ႕ေတြမွာလည္း လမ္းေလွ်ာက္သပိတ္၊ ေပ်ာက္ၾကားသပိတ္ေတြ ဆင္ႏႊဲၾကသလို ေမာ္လၿမိဳင္၊ ေပါင္၊ ေတာင္ႀကီး၊ ျပည္၊ လိြဳင္ေကာ္ၿမိဳ႕ေတြမွာလည္း လူမဲ့သပိတ္၊ ေဆးနီသပိတ္၊ ဘူးသပိတ္ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်မြို့မှာ ဒီနေ့ မိုးတွေရွာနေတဲ့ကြားက စစ်အာဏာရှင် ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။။ ရန်ကုန်မြို့လည်နေရာ တခုထက်မနည်းမှာ ချီတက်ဆန္ဒပြခဲ့ကြပြီး လသာမြို့နယ်မှာဆို ဆန္ဒပြသူ ၂၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။ တောင်ဒဂုံမြို့နယ်မှာတော့ ဆန္ဒပြသူ ၄ ယောက် ဖမ်းဆီးခံရပါတယ်။ ရန်ကုန်နဲ့ တခြားမြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေတဲ့ရန်ကုန်မြို့မှာ ဒီကနေ့ မိုးသည်းသည်းမည်းမည်း ရွာနေတဲ့ကြားကပဲ လမ်းပေါ်ချီတက် ဆန္ဒပြပွဲတွေ ရှိခဲ့တာပါ။

လုံခြုံရေးအခြေအနေကြောင့် အချိန်တိုအတွင်း လူစုပြန်ခွဲခဲ့ကြရပေမဲ့ ရန်ကုန်မြို့လည်က ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေဘုံသာလမ်းနဲ့ သိမ်ကြီးဈေးအနီးမှာ လူငယ်တွေဦးဆောင်တဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ လသာမြို့နယ်တွင်း သိမ်ကြီးဈေးနားက ဆန္ဒပြပွဲမှာဆို ဆန္ဒပြသူ ၂၀၀ ကျော် ပါဝင်ခဲ့တာပါ။

တောင်ဒဂုံမြို့နယ်မှာဆိုလည်း လမ်းပေါ်ထွက်ဆန္ဒပြစစ်ကြောင်းတခုကို စစ်တပ်က သေနတ်ပစ်ဖောက်ဖြိုခွဲပြီး ဆန္ဒပြသူ ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ မိန်းကလေး တယောက်အပြင် တယောက်က ကားနဲ့တိုက် အဖမ်းခံရတယ်လို့ သပိတ်ဦးဆောင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ပိတ်အဖြူမှာ အာဏာရှင်ပညာရေးစနစ်ကို သပိတ်မှောက်ကြဆိုတာရယ် ပြီးသွားရင် နောက်ထပ်ပိတ်စအဖြူပေါ်မှာ ကျနော်တို့က ဒီစစ်ကျွန်ဥပဒေ အမြစ်ဖြုတ်ဆိုပြီးတော့ ကျနော်တို့က ရေးသားကိုင်ဆောင်ခဲ့တယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ သပိတ်စစ်ကြောင်းကို ထွက်ကြတယ်။ ကျနော်တို့က သေချာပြင်ပြီးတော့မှ ပျောက်ကျားသပိတ်စနစ်ကိုသုံးပြီး လမ်းပေါ်ထွက်ခဲ့တာပေါ့၊ မနက် ၈ နာရီ ၄၀ လောက်မှာ စထွက်တယ် ၉ နာရီ ၂၀ လောက်မှာကျတော့ အဖြိုခံရတာပဲ၊ အဖမ်းခံရတာတော့ စုစုပေါင်း လေးယောက်ပေါ့၊ မိန်ကလေးတစ်ယောက်၊ ယောကျာ်လေး သုံးယောက်၊ နောက် အဲ့မှာဆိုရင် ယောကျာ်းတစ်ယောက်ဆိုရင် ကားနဲ့တောင်တိုက်ပြီးတော့ သူတို့ ဖမ်းတဲ့အထဲ ပါသွားတယ်၊ နောက်ပြီးတော့ သူတို့ သေနတ်နဲ့လည်း ပစ်တာပေါ့နော်၊ သေနတ်နဲ့လည်း တစ်ချက်ပစ်တယ်။”

အလားတူ သင်္ဃန်းကျွန်းမြို့နယ်မှာလည်း လူငယ်တွေက လျှပ်တပျက်သပိတ်တခု လုပ်ခဲ့ကြပါတယ်။ စမ်းချောင်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ ကြည့်မြင့်တိုင်မြို့နယ်တွေမှာလည်း ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ ဘူးသပိတ်၊ ဆေးနီသပိတ်တွေ ဆက်လုပ်ကြပါတယ်။

စစ်အာဏာသိမ်းပြီးထဲက အင်အားများများနဲ့ နေ့တိုင်း လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာဆို ဒီနေ့လူအင်အား ပိုများပါတယ်။ မှော်ပေါင်းစုံ သပိတ်စစ်ကြောင်းခေါင်းစဉ်နဲ့ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ KIA ကိုထောက်ခံကြောင်း ရေးသားထားတဲ့ စာတမ်းတွေကိုင်ဆောင်ကာ စစ်အာဏာရှင်အလိုမရှိ ချီတက်လှည့်လည် ဆန္ဒပြကြပါတယ်။

ပြည်သူ ထောင်ချီ ပါဝင်ခဲ့တဲ့ ဖားကန့်က ဆန္ဒပြပွဲမှာ တချို့က အမေရိကန်အလံကို ကိုင်ဆောင်ချီတက်တာလည်းရှိတယ်လို့ ဖားကန့်မျိုးခံတစ်ဦးက ပြောပါတယ်။

“ဖားကန့်မြို့ပေါ်မှာ ပြတယ်၊ လုံခင်းဘက်မှာ ပြတယ်၊ အဲ့ရွာတွေမှာ မှော်တွေ တခြားမှော်တွေကဟာတွေလာပြီးတော့ စုပြီးတော့ ပြကြတယ်၊ ပြကြတာတော့ ထူးထူးထွေထွေတော့ မရှိပါဘူး၊ အဓိကကတော့ အာဏာရှင် စစ်အာဏာရှင်ဆန့်ကျင်တာပေါ့၊ နောက်ပြီး NUG အစိုးရကို ထောက်ခံတယ်ပေါ့၊ KIA ကို ထောက်ခံတယ်ဆိုတဲ့ စာတမ်းတွေကိုင်ပြီးတော့ ပြတယ်၊ နောက်ပြီးတော့ အမေရိကန်အလံတွေ ကိုင်ပြီးတော့ ပြတာမျိုးတွေရှိတယ်၊ တခြားဘာညာမျိုးတော့ မရှိဘူးပေါ့။ တားဆီးပိတ်ပင်တာတို့ အဓိကရုဏ်းဖြစ်တာတို့မရှိဘူး၊ ညပိုင်းတွေမှာလည်း စုဝေးသပိတ်တွေ လုပ်တာမျိုးတွေရှိတယ်၊ ထောင်ချီရှိတယ် တစ်နေရာ တစ်နေရာမှာ၊ ဖားကန့်မြို့ပေါ်သပိတ်ကဆို တစ်ထောင်ကျော်တယ်၊ လူတွေ ပိုပြီးတော့ အင်အားပိုများပြားတယ်ပေါ့နော်ဆန္ဒပြတဲ့ အနေအထားက။”

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီပေးစေလိုတဲ့သဘောနဲ့ အမေရိကန်အလံကို ကိုင်ဆောင်ပြသတာဖြစ်လို့ ပြောပါတယ်။ အမေရိကန်ဟာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး နစက စစ်ကောင်စီခေါင်းဆောင်တွေအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေတာကြောင့် ခုလို တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

တခါ စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ကလေးမြို့သပိတ်စစ်ကြောင်း စုရပ်နေရာကနေ မနက်အစောပိုင်း စထွက်ပြီး မိနစ်ပိုင်းလောက်မှာ ဖြိုခွဲဖမ်းဆီးဖို့ စစ်ကောင်စီတပ်ဖွဲ့ကရောက်လာတယ်လို့ ဆန္ဒပြပွဲတွေတိုင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အချိန်မီ နေရာတွေပြောင်းပြီး လုပ်နေရတယ်၊ ဒီနေ့ မနက် ၆ နာရီလုပ်တာ သုံးရက်ရှိသွားပြီ၊ ဒါပေမယ့် ဒီနေ့ကတော့ စထွက်ပြီး ခနနေ သူတို့က ဖြိုခွဲဖမ်းဆီးဖို့ ရောက်လာတယ်ပေ့ါနော်၊ မနက် ၆ နာရီလုပ်တာကို ၁၀ မိနစ်လောက်ပဲ လှည့်တယ်ပေါ့နော်၊ အဲ့ချိန်မှာ ဒီစုရပ်နဲ့ နည်းနည်းလေးလှမ်းတဲ့နေရာကို ရောက်လာပြီး လမ်းမတွေပေါ်ရောက်လာပြီးတော့ သူတို့အောက်ဆင်းတဲ့အချိန်မှာ အမြန်ပေ့ါ လူစုခွဲရတယ်၊ သွားမယ့်လမ်းတွေအထိတော့ မသွားရဘဲနဲ့နော်၊ တွေ့တဲ့လမ်းဝင် လူစုအမြန်ခွဲလိုက်ရတာပေါ့၊ ဟိုရရင်ရသလိုတော့ လမ်းမကြီးပေါ်တက်တယ်ပေါ့နော်၊ လုံခြုံရေးတအားကြပ်တယ်၊ တအားလှုပ်ရှားရခက်တယ်ဆိုရင်တော့ ရပ်ကွက်အတွင်းလမ်းတွေပဲ ပတ်တာပေါ့နော်၊ ဒီလိုက်ပါလာတဲ့ လူအားလုံးလည်း safe ဖြစ်အောင် ထိပ်တိုက်မတွေ့အောင်ပေါ့နော်။ ဒီမှာ စစ်ကြောင်းကတော့ရပ်ကွက်အလိုက် သုံးကြောင်းထွက်တယ် နေ့တိုင်းပေါ့နော် ဒါပေမယ့် အချိန်တွေတော့ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် အဆင်ပြေတဲ့အချိန် ထွက်ကြတာပေ့ါ၊ အို … ဖိနှိပ်လာတယ်ဆိုတော့လည်း ဖြိုခွဲဖမ်းဆီးဖို့အတွက်လည်း တော်တော်လေးကိုကြိုးစားလာတယ်ပေါ့။”

ထားဝယ်၊ လောင်းလုံ၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး စတဲ့ တခြားမြို့တွေမှာလည်း လမ်းလျှောက်သပိတ်၊ ပျောက်ကြားသပိတ်တွေ ဆင်နွှဲကြသလို မော်လမြိုင်၊ ပေါင်၊ တောင်ကြီး၊ ပြည်၊ လွိုင်ကော်မြို့တွေမှာလည်း လူမဲ့သပိတ်၊ ဆေးနီသပိတ်၊ ဘူးသပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG