သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေလတပ္တိုက္ခိုက္မႈေၾကာင့္ ေဒသခံကရင္ရြာသားေတြ ထြက္ေျပးေနရ


ကရင္စစ္ေရွာင္ဒုကၡသည္တခ်ိဳ႕။ (ဓာတ္ပံု - Friends Without Borders Foundation)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ၊ မဲေဟာင္ေဆာင္ျပည္နယ္ တဘက္ကမ္း၊ ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္ ေသာ္လဲထ အနီးနားေနရာေတြကို ျမန္မာစစ္တပ္က တိုက္ေလယာဥ္ေတြ သံုးျပီး ကရင္ေက်းရြာေတြအေပၚ ႏွစ္ရက္ဆက္တိုက္ ဗံုးၾကဲတိုက္ခိုက္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေၾကာင့္ ကရင္ရြာသားေတြေရာ၊ ျမန္မာနယ္စပ္နဲ႔ ကပ္ေနတဲ့ ထိုင္းဘက္ျခမ္းက ႐ြာသားေတြပါ ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ျဖစ္တဲ့ ကရင္ျပည္နယ္ ေသာ္လဲထေဒသမွာ တပ္စဲြထားတဲ့ စစ္တပ္ေျခကုတ္စခန္းတခုကို ေကအန္ယူတပ္မဟာ ၅ က ဧၿပီလ ၂၇ ရက္ေန႔က တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးေနာက္ အဲဒီေဒသအေပၚ တုိက္ေလယာဥ္ေတြနဲ႔ ဗံုးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ KNU ထိန္းခ်ဳပ္နယ္ေျမထဲမွာ႐ွိတဲ့ ကရင္႐ြာေတြအေပၚ ၂၇ ရက္ေန႔က ၃ ႀကိမ္ ၂၈ ရက္ေန႔က ၁ ခါ ေလယာဥ္ေတြနဲ႔ ဗံုးႀကဲခဲ့တယ္လို႔ ကရင္လူမႈအဖဲြ႔အစည္းေတြက ေျပာပါတယ္။ အဲဒီ႐ြာေတြမွာ ေနၾကတဲ့ ေထာင္နဲ ့ခ်ီ ေက်းရြာသားေတြဟာ နီးစပ္ရာ ေတာေတာင္ေတြထဲ ထြက္ေျပးေနရသလို သံလြင္ျမစ္ကို ျဖတ္ေက်ာ္ ထြက္ေျပးလာေနၾကတာလည္း ရွိပါတယ္။ ေကအန္ယူ ကရင္လက္နက္ကိုင္တပ္ဖြဲ႔က သိမ္းလိုက္တဲ့ ေသာလဲထ ျမန္မာနယ္ျခား စစ္အေျခစိုက္စခန္းနဲ ့ အနီးဆံုးမွာရွိေနတဲ့ ထိုင္းႏိုင္ငံဘက္က ေက်း႐ြာေတြက ႐ြာသား (၂၀၀ ေက်ာ္) အပါအ၀င္ ျမန္မာဒုကၡသည္ ၂,၀၀၀ ေလာက္ ေနအိမ္ေတြကို စြန္ ့ခြာၿပီး ထြက္ျပးေနရပါတယ္။ ထိုင္းအာဏာပိုင္ေတြဘက္က စစ္ေဘးဒုကၡသည္ေတြ ထြက္ေျပးလာၾကသူေတြကို ယာယီ ခိုလံႈခြင့္ေပးထားေပမဲ့ အဲဒီေနရာကို သတင္းယူခြင့္ကိုေတာ့ ပိတ္ပင္တားျမစ္ထားပါတယ္ ကရင္လူ႔အခြင့္ေရးအုပ္စုက ေျပာေရးဆုိခြင့္ရွိသူ ေစာနႏၵဆူးကေတာ့ ကရင္လူမူအဖဲြ႔အစည္း ၄၀ ေက်ာ္ စုေပါင္းၿပီး ဒုကၡသည္ေတြကို ထိုင္းဘက္က လက္ခံေပးဖို႔ ေတာင္းဆုိထားတယ္လို႔ ေျပာသြားပါတယ္။

"ၿပီးခဲတဲ့ ၂ ရက္၊ ၃ ရက္တုန္းကေတာ့ တခ်ိဳ႕ IDP ေတြကို ထုိင္းအစုိးရက ျမန္မာဘက္ကိုျပန္ေနခိုင္းတယ္လို႔ က်ေနာ္တို႔သိရတယ္။ ထုိင္းအစုိးရအေနနဲ႔ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို ေနထိုင္ခြင့္ျပဳေပးဖို႔၊ လူသားခ်င္းစာနာနဲ႔ အကူညီေတြကို ခြင့္ျပဳေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုထားတာလည္း ရွိပါတယ္။"

လက္ရွိမွာေတာ့ စစ္ေဘးဒုကၡသည္ေတြကို ထိုင္းႏို္င္ငံ Mae Hong Son ျပည္နယ္က စာသင္ေက်ာင္းေတြမွာ ေနရာေပးထားၿပီး ထိုင္းဘက္က နယ္စပ္ဂိတ္ေတြကိုလည္း အေရးေပၚ ပိတ္ထားပါတယ္။ ထိုင္းအမွတ္ ၃၆ နယ္ျခားေစာင့္တပ္ဖြဲ ့၀င္ေတြက မဲစံလက္ နယ္ျခားတေလ်ွာက္မွာ လံုျခံဳေရး တိုးျမွင့္ခ်ထားၿပီး စစ္ပြဲအရွိန္ဟာ ထိုင္းနိုင္ငံဘက္ျခမ္းကို ေရာက္မလာေအာင္ အနီးကပ္ ေစာင့္ၾကည့္ေနၾကေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ ထိုင္းနိုင္ငံ နိုင္ငံျခားေရးဌာနကေတာ့ အခုုျဖစ္ရပ္ဟာ နယ္စပ္လံုျခံဳေရး ကူးသန္းသြားလာမႈေတြကို ထိခိုက္ႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားတိုက္ပဲြေတြ ျဖစ္ေနတဲ့အတြက္ မယ္ေဟာင္ေဆာင္နယ္စပ္မွာ ထိခိုက္မႈေတြ ရိွလာႏိုင္တယ္။ ထုိင္းဘက္ကုိလည္း စစ္ပဲြနဲ႔ ပတ္သက္လို႔ သက္ေရာက္မူေတြမရွိလာေအာင္ သက္ဆိုင္ရာေတြနဲ႔ ညိွႏိႈင္းေနတယ္လို႔ ထိုင္းႏုိ္္င္ငံေရးဝန္ႀကီးဌာနကေျပာေရးဆုိခြင့္ရိွသူ Mr Thani Saengrat ကေျပာၾကားခဲ့တာပါ။

အခုဆိုရင္ ျမန္မာစစ္တပ္နဲ႔ ေကအန္ယူတို႔ တိုက္ပဲြျဖစ္ၿပီး တလအတြင္း စစ္ေကာင္စီရဲ႕ ေျခကုတ္စခန္း ၂ ခုကုိ ေကအန္ယူတပ္ေတြက သိမ္းပုိက္ခဲ့တာေၾကာင့္ စစ္ေကာင္စီက အရပ္သားျပည္သူေတြကို ပစ္မွတ္ထား ဗံုႀကဲတုိက္ခိုက္မႈေတြ လုပ္လာတယ္လို႔ ေစာနႏၵဆူးက ေျပာျပပါတယ္။

"သူတို႔ၾကားမွာ တိုက္ပဲြျဖစ္ျပီးတုိင္းမွာ စစ္တပ္ရဲ႕ ေလယာဥ္နဲ႔ ဗံုးႀကဲတုိက္ခိုက္မႈက က်ေနာ္တို႔ဘယ္လိုေျပာမလဲ၊ ေကအန္ယူစစ္သားေတြကို ထိခိုက္တာ မဟုတ္ဘဲ ေဒသခံလူထုပဲ ထိခိုက္နစ္နာတယ္။ အဲဒါေၾကာင့္မို႔လို႔ ျပည္သူလူထုကို ပစ္မွတ္ထားတုိက္ခိုက္တယ္လို႔ ေျပာလို႔ရတယ္။ အထူးသျဖင့္ သူတို႔ရဲ႕ လံုျခံဳေရးပိုင္းဆိုင္ရာကို အျမဲ ေၾကာက္ရံြ႕ေနၾကရတယ္။ တခ်ိဳ႕ဆို ေတာႀကီးမ်က္မဲထဲမွာ ထြက္ေျပး ပုန္းေရွာင္ေနတဲ့သူေတြဆုိရင္လည္း အေထာက္အပံ့ေတြ မေရာက္ရွိၾကၾကဘူးေပါ့ေနာ္။ အခုအခ်ိန္အထိ ဒီ တလ ေက်ာ္ေက်ာ္အတြင္းမွာ ခက္ခက္ခဲခဲနဲ႔ ေနေနရတုန္းပဲေပါ့။"​

ျပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔တုန္းႀကိ္မ္ အခုရက္ပိုင္းမွာ ၃ ႀကိမ္ ေလယာဥ္နဲ႔ ဗံုးႀကဲတိုက္ခိုက္တဲ့အျပင္ ေန႔စဥ္၊ ေန႔ေရာ၊ ညပါ ေလယာဥ္ေတြနဲ႔ ပ်ံ၀ဲေနတာေၾကာင့္ပါ ေဒသခံေတြ ၂၀,၀၀၀ ေက်ာ္ေလာက္ဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။ သံလြင္ျမစ္နဲ႔ နီးတဲ့ ထုိင္းနယ္စပ္မွာေတာ့ ဒုကၡသည္ ၇,၀၀၀ ထက္မနည္း ရိွေနတယ္လို႔ ကရင္လူမႈအဖဲြ ့အစည္းေတြကေျပာႀကပါတယ္။ အတြင္းပို္င္းက ဒုကၡသည္တခ်ဳိ႕ကေတာ့ အေထာက္အပံ့ေတြ ရဖို႔ေတာင္ အခက္အခဲေတြ ရွိတယ္လို႔လည္း ဆုိပါတယ္။

အခုအခ်ိန္အထိ ေနရပ္ မျပန္ႏုိင္ၾကေသးတဲ့ ေသာင္းနဲ႔ ခ်ီရိွတဲ့ ကရင္ဒုကၡသည္ေတြကေတာ့ အခုခ်ိန္ထိ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။

ျမန္မာစစ္တပ္ဘက္ကေတာ့ မတ္လအတြင္းက ဗံုးႀကဲတုိက္ခိုက္မႈေၾကာင့္ ကရင္ျပည္နယ္အတြင္း အရပ္သား၂၀ ေလာက္ေသဆံုးခဲ့ျပီး ၃၀ ေလာက္ကေတာ့ ျပင္းထန္တဲ့ ဒဏ္ရာရရွိခဲ့တယ္လို႔ ဆုိပါတယ္။ တပ္မဟာ ၅ ကလည္း ေကအန္ယူဗဟိုရဲ႕ အပစ္အခတ္ရပ္ဆဲထားတဲ့ မူကို မလိုက္နာဘဲ တိုက္ခိုက္ေနတာျဖစ္တယ္လို႔လည္း စစ္တပ္ရဲ႕ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ကောင်စီလေတပ်တိုက်ခိုက်မှုကြောင့် ဒေသခံကရင်ရွာသားတွေ ထွက်ပြေးနေရ

ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ပြည်နယ် တဘက်ကမ်း၊ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် သော်လဲထ အနီးနားနေရာတွေကို မြန်မာစစ်တပ်က တိုက်လေယာဉ်တွေ သုံးပြီး ကရင်ကျေးရွာတွေအပေါ် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကရင်ရွာသားတွေရော၊ မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ထိုင်းဘက်ခြမ်းက ရွာသားတွေပါ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် သော်လဲထဒေသမှာ တပ်စွဲထားတဲ့ စစ်တပ်ခြေကုတ်စခန်းတခုကို ကေအန်ယူတပ်မဟာ ၅ က ဧပြီလ ၂၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီဒေသအပေါ် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ KNU ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကရင်ရွာတွေအပေါ် ၂၇ ရက်နေ့က ၃ ကြိမ် ၂၈ ရက်နေ့က ၁ ခါ လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ အဲဒီရွာတွေမှာ နေကြတဲ့ ထောင်နဲ့ချီ ကျေးရွာသားတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရသလို သံလွင်မြစ်ကို ဖြတ်ကျော် ထွက်ပြေးလာနေကြတာလည်း ရှိပါတယ်။ ကေအန်ယူ ကရင်လက်နက်ကိုင်တပ်ဖွဲ့က သိမ်းလိုက်တဲ့ သောလဲထ မြန်မာနယ်ခြား စစ်အခြေစိုက်စခန်းနဲ့ အနီးဆုံးမှာရှိနေတဲ့ ထိုင်းနိုင်ငံဘက်က ကျေးရွာတွေက ရွာသား (၂၀၀ ကျော်) အပါအဝင် မြန်မာဒုက္ခသည် ၂,၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြးနေရပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က စစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးလာကြသူတွေကို ယာယီ ခိုလှုံခွင့်ပေးထားပေမဲ့ အဲဒီနေရာကို သတင်းယူခွင့်ကိုတော့ ပိတ်ပင်တားမြစ်ထားပါတယ် ကရင်လူ့အခွင့်ရေးအုပ်စုက ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကတော့ ကရင်လူမူအဖွဲ့အစည်း ၄၀ ကျော် စုပေါင်းပြီး ဒုက္ခသည်တွေကို ထိုင်းဘက်က လက်ခံပေးဖို့ တောင်းဆိုထားတယ်လို့ ပြောသွားပါတယ်။

"ပြီးခဲတဲ့ ၂ ရက်၊ ၃ ရက်တုန်းကတော့ တချို့ IDP တွေကို ထိုင်းအစိုးရက မြန်မာဘက်ကိုပြန်နေခိုင်းတယ်လို့ ကျနော်တို့သိရတယ်။ ထိုင်းအစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နေထိုင်ခွင့်ပြုပေးဖို့၊ လူသားချင်းစာနာနဲ့ အကူညီတွေကို ခွင့်ပြုပေးဖို့ ကျနော်တို့ တောင်းဆိုထားတာလည်း ရှိပါတယ်။"

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းနိုင်ငံ Mae Hong Son ပြည်နယ်က စာသင်ကျောင်းတွေမှာ နေရာပေးထားပြီး ထိုင်းဘက်က နယ်စပ်ဂိတ်တွေကိုလည်း အရေးပေါ် ပိတ်ထားပါတယ်။ ထိုင်းအမှတ် ၃၆ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက မဲစံလက် နယ်ခြားတလျှောက်မှာ လုံခြုံရေး တိုးမြှင့်ချထားပြီး စစ်ပွဲအရှိန်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်မလာအောင် အနီးကပ် စောင့်ကြည့်နေကြကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဌာနကတော့ အခုဖြစ်ရပ်ဟာ နယ်စပ်လုံခြုံရေး ကူးသန်းသွားလာမှုတွေကို ထိခိုက်နိုင်တယ်လို့ ပြောကြားထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် မယ်ဟောင်ဆောင်နယ်စပ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်။ ထိုင်းဘက်ကိုလည်း စစ်ပွဲနဲ့ ပတ်သက်လို့ သက်ရောက်မူတွေမရှိလာအောင် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်လို့ ထိုင်းနို်င်ငံရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူ Mr Thani Saengrat ကပြောကြားခဲ့တာပါ။

အခုဆိုရင် မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပြီး တလအတွင်း စစ်ကောင်စီရဲ့ ခြေကုတ်စခန်း ၂ ခုကို ကေအန်ယူတပ်တွေက သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံကြဲတိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ စောနန္ဒဆူးက ပြောပြပါတယ်။

"သူတို့ကြားမှာ တိုက်ပွဲဖြစ်ပြီးတိုင်းမှာ စစ်တပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုက ကျနော်တို့ဘယ်လိုပြောမလဲ၊ ကေအန်ယူစစ်သားတွေကို ထိခိုက်တာ မဟုတ်ဘဲ ဒေသခံလူထုပဲ ထိခိုက်နစ်နာတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် သူတို့ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကို အမြဲ ကြောက်ရွံ့နေကြရတယ်။ တချို့ဆို တောကြီးမျက်မဲထဲမှာ ထွက်ပြေး ပုန်းရှောင်နေတဲ့သူတွေဆိုရင်လည်း အထောက်အပံ့တွေ မရောက်ရှိကြကြဘူးပေါ့နော်။ အခုအချိန်အထိ ဒီ တလ ကျော်ကျော်အတွင်းမှာ ခက်ခက်ခဲခဲနဲ့ နေနေရတုန်းပဲပေါ့။"

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းကြိမ် အခုရက်ပိုင်းမှာ ၃ ကြိမ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် နေ့စဉ်၊ နေ့ရော၊ ညပါ လေယာဉ်တွေနဲ့ ပျံဝဲနေတာကြောင့်ပါ ဒေသခံတွေ ၂၀,၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ သံလွင်မြစ်နဲ့ နီးတဲ့ ထိုင်းနယ်စပ်မှာတော့ ဒုက္ခသည် ၇,၀၀၀ ထက်မနည်း ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေကပြောကြပါတယ်။ အတွင်းပိုင်းက ဒုက္ခသည်တချို့ကတော့ အထောက်အပံ့တွေ ရဖို့တောင် အခက်အခဲတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

အခုအချိန်အထိ နေရပ် မပြန်နိုင်ကြသေးတဲ့ သောင်းနဲ့ ချီရှိတဲ့ ကရင်ဒုက္ခသည်တွေကတော့ အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

မြန်မာစစ်တပ်ဘက်ကတော့ မတ်လအတွင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား၂၀ လောက်သေဆုံးခဲ့ပြီး ၃၀ လောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တပ်မဟာ ၅ ကလည်း ကေအန်ယူဗဟိုရဲ့ အပစ်အခတ်ရပ်ဆဲထားတဲ့ မူကို မလိုက်နာဘဲ တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း စစ်တပ်ရဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG