သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွိပ္ကြပ္မႈေတြၾကားက ဆက္ျဖစ္ေနတဲ႔ မံုရြာသပိတ္ 


မံုရြာသပိတ္ (Citizen Journalist)

(Zawgyi/Unicode)

ေန႔စဥ္ သပိတ္စစ္ေၾကာင္းေတြ ထြက္ေနျခင္းအားျဖင့္ CDM အမိန္႔မနာခံေရးလႈပ္ရွားမႈေတြ၊ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္မႈမရွိတဲ့ လႈပ္ရွားမႈေတြမွာ ပိုၿပီးအားေကာင္းေစတယ္လို႔ မံုရြာပင္မ သပိတ္ေခါင္းေဆာင္တဦးျဖစ္တဲ့ ကို၀င္းေဇာ္ခိုင္က ေျပာပါတယ္။

စစ္ေကာင္စီက အျပင္းအထန္ဖိႏွိပ္ၿဖိဳခဲြေနေပမယ့္ မံုရြာမွာ ေန႔တိုင္း သပိတ္ေမွာက္မႈေတြ အဆက္မျပတ္ျပဳလုပ္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ကို၀င္းေဇာ္ခိုင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏုိင္။ ။ ဟုတ္ကဲ့ အခုလို စစ္ေကာင္စီက ဒီလို မတရားဖမ္းဆီးမႈေတြ ညွဥ္းပမ္းႏွိတ္စက္မႈေတြ ရွိေနေပမယ့္လည္း မံုရြာမွာ ေန႔စဥ္သပိတ္စစ္ေၾကာင္းေတြထြက္ေနတာကို က်မတို႔ ေတြ႔ရပါတယ္။ အဲဒီလို သပိတ္စစ္ေၾကာင္းေတြ ထြက္ျခင္းအားျဖင့္ေရာ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိေနသလဲရွင့္။

ကို၀င္းေဇာ္ခိုင္။ ။က်ေနာ္တို႔ ေန႔စဥ္ရက္စက္ လူထုလႈပ္ရွားမႈေတြ ၊ လမ္းေပၚတိုက္ပြဲေတြ ရွိေနျခင္းအားျဖင့္ က်ေနာ္တို႔ CDM တိုက္ပြဲ၀င္ေနၾကတဲ့ ၀န္ထမ္းေတြ ေနာက္ထပ္ထပ္ၿပီးေတာ့ ပါ၀င္ႏိုင္ခဲ့တယ္။ စစ္အာဏာရွင္ ဆီကို စီးဆင္းမယ့္ ၀င္ေငြမွန္သမွ်ကို ျဖတ္ေတာက္မႈေတြကို စတင္ၿပီးေတာ့ က်ေနာ္တို႔ လုပ္ေဆာင္ၾကတယ္ ။ ျပည္သူလူထု အဲလိုမ်ိဳး လႈပ္ရွားမႈေတြကို က်ေနာ္တို႔ လမ္းေပၚတိုက္ပြဲေတြကမွ တဆင့္ ေန႔စဥ္ရက္စက္ သမဂၢ တပ္ဦးအလံကို လႊင့္ထူၿပီးေတာ့ လူထုကို တိုက္ပြဲ၀င္ဖို႔ စတင္ၿပီးေတာ့မွ ေခၚေဆာင္ႏိုင္တဲ့ အေနအထားမ်ိဳးမွာ ရွိေနပါတယ္။

မအင္ၾကင္းႏုိင္။ ။ ေနာက္တခ်က္ကေတာ့ မံုရြာမွာ စစ္တပ္ အုပ္ခ်ဳပ္လို႔ မရေစရဆိုတဲ့ ဒီလႈပ္ရွားမႈေတြလည္း က်မတို႔ ေတြ႔ရပါတယ္။ တကယ္တမ္းလက္ေတြ႔မွာေရာ စစ္တပ္က မံုရြာမွာ အုပ္ခ်ဳပ္ေနတဲ့အေျခအေနေရာ ဘယ္လိုရွိပါသလဲရွင့္။

ကို၀င္းေဇာ္ခိုင္။ ။ဒီမွာေတာ့ ရပ္ကြက္ေနရာတိုင္းမွာ လွ်က္တျပတ္၀င္ေရာက္စီးနင္းရွာေဖြမႈေတြ ျပဳလုပ္တာေတြရွိတယ္။ ေနာက္ထပ္ အရပ္၀တ္ေတြ၀တ္ၿပီးေတာ့မွ လွည့္ပတ္ေစာင့္ၾကည့္တာေတြရွိတယ္။ အရပ္၀တ္ေတြနဲ႔ပဲ အမ်ားသံုးကားေတြကို စီးနင္းၿပီးေတာ့မွ ပင္မသပိတ္စစ္ေၾကာင္းေတြကို ေျခရာခံတာေတြ၊ လိုက္လံဖမ္းဆီးဖို႔ ႀကိဳးစားတာေတြ ေနာက္အမ်ိဳးမ်ိဳးသူတို႔ အၾကမ္းဖက္လုပ္ေဆာင္မႈေတြကို ႀကိဳးစားလာတာေတြက်ေနာ္တို႔ သတိထားမိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ျမန္မာျပည္သူလူထုရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ၊ က်ေနာ္တို႔ ေက်ာင္းသားေတြ သပိတ္ေခါင္းေဆာင္ေတြအေပၚမွာ ၾကည့္ရႈေစာင့္ေရွာက္မႈေတြ ၊ ကာကြယ္မႈေတြနဲ႔အတူ က်ေနာ္တို႔ရဲ႕ အလံကို လႊင့္ထူထားၿပီးေတာ့မွ လူထုတိုက္ပြဲကို အျမဲတမ္းပဲ က်ေနာ္တို႔ လမ္းေပၚကေနၿပီးေတာ့မွ တိုက္ပြဲကို ဆက္လက္ၿပီးေတာ့ ဦးေဆာင္ေပးဖို႔ ရွိပါတယ္။

မအင္ၾကင္းႏုိင္။ ။ ဖမ္းဆီးခံထားရတဲ့ မံုရြာသပိတ္ေခါင္းေဆာင္ ကိုေ၀မိုးႏိုင္အေျခအေနက ဘယ္လိုရွိပါသလဲ။

ကို၀င္းေဇာ္ခိုင္။ ။ က်ေနာ္တို႔ သူနဲ႔ ေတြ႔ခြင့္ရႏိုင္ဖို႔အတြက္ သူ႔က်န္းမာေရးအေျခအေနေတြ သိရွိဖို႔အတြက္ က်ေနာ္တို႔ ရႏိုင္တဲ့ နည္းလမ္းေပါင္းစံုကေနၿပီးေတာ့ ႀကိဳးစားေပမယ့္ သူတို႔ဘက္ကေနေတာ့ က်ေနာ္တို႔ကို အသိေပးတာ မျပဳလုပ္ဘူးေပါ့ေနာ္။ က်ေနာ္တို႔ လက္ရွိအေနအထားကေတာ့ ဘာမွ ကိုေ၀မိုးႏိုင္နဲ႔ ပတ္သက္ၿပီးေတာ့မွ ေသေသခ်ာခ်ာ ဂဃနဏ သိရွိရတာမ်ိဳး မရွိေသးပါဘူး။

မအင္ၾကင္းႏုိင္။ ။ အဲဒီေတာ့ ကိုေ၀မိုးႏိုင္ စီးလာတဲ့ ဆိုင္ကယ္ကို လံုၿခံဳေရးတပ္ဖြဲ႔၀င္ေတြကေန ကားနဲ႔တိုက္ၿပီးေတာ့ ဖမ္းဆီးတုန္းကေပါ့ေနာ္ ကိုေ၀မိုးႏိုင္က ဒဏ္ရာနဲ႔ သူလြတ္ေျမာက္ႏိုင္ဖို႔ေပါ့ေလ ႀကိဳးစားခဲ့တဲ့ အေျခအေနရွိတယ္လို႔ သိရပါတယ္။ အဲဒီတုန္းက ဘယ္လိုျဖစ္ခဲ့တယ္ဆိုတဲ့ အေျခအေနကိုေရာ က်မတို႔ကို ေျပာျပလို႔ရမလား။

ကို၀င္းေဇာ္ခိုင္။ ။အဲဒီျဖစ္စဥ္စၿပီးေတာ့မွေပါ့ေနာ္ ၊ ကိုေ၀မိုးႏိုင္စီးလားတဲ့ ဆိုင္ကယ္ကို ကားနဲ႔ လ်က္တပ်က္ ၀င္တိုက္ၿပီးေတာ့မွ အၾကမ္းဖက္ဖမ္းဆီးသြားတာေပါ့။ အဲဒီအေျခအေနမွာေတာ့့ တိုက္မိတဲ့အေနအထားနဲ႔ေတာ့ ဒဏ္ရာအနည္းငယ္ေတာ့ ရရွိတဲ့အေနအထားရွိတယ္။ သို႔ေပမယ့္ သူထၿပီးေတာ့မွ လြတ္ေျမာက္ႏိုင္ဖို႔အတြက္ကို ရုန္းကန္ခဲ့တယ္။ သို႔ေပမယ့္လည္း တဖက္က လက္နက္နဲ႔ ၿခိမ္းေျခာက္မႈေတြ လုပ္ၿပီးေတာ့မွ အၾကမ္းဖက္ၿပီးေတာ့မွ ဖမ္းဆီးျခင္းကို ခံရတာေပါ့ေနာ္။ အဲဒီအေပၚမွာ က်ေနာ္တို႔ ျပည္သူလူထုေရာ ႏိုင္ငံတ၀ွမ္းမွာရွိတဲ့ ျပည္သူေတြေရာ စိုးရိမ္ပူပန္မႈေတြရွိတယ္။ သူေဆးကုသခြင့္ရရွိဖုိ႔ ဒါက်ေနာ္တို႔ နည္းလမ္းေပါင္းစံုနဲ႔ လူ႔အခြင့္အေရးအရ ေတာင္းဆိုမႈေတြ အမ်ိဳးမ်ိဳး က်ေနာ္တို႔ ျပဳလုပ္ခဲ့ပါတယ္။

မအင္ၾကင္းႏုိင္။ ။ ဟုတ္ကဲ့ အခုလို စစ္ေကာင္စီက ဒီလို မတရားဖမ္းဆီးမႈေတြ ညွဥ္းပမ္းႏွိတ္စက္မႈေတြ ရွိေနေပမယ့္လည္း မံုရြာမွာ ေန႔စဥ္သပိတ္စစ္ေၾကာင္းေတြထြက္ေနတာကို က်မတို႔ ေတြ႔ရပါတယ္။ အဲဒီလို သပိတ္စစ္ေၾကာင္းေတြ ထြက္ျခင္းအားျဖင့္ေရာ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ရွိေနသလဲရွင့္။

ကို၀င္းေဇာ္ခိုင္။ ။က်ေနာ္တို႔ ေန႔စဥ္ရက္စက္ လူထုလႈပ္ရွားမႈေတြ ၊ လမ္းေပၚတိုက္ပြဲေတြ ရွိေနျခင္းအားျဖင့္ က်ေနာ္တို႔ CDM တိုက္ပြဲ၀င္ေနၾကတဲ့ ၀န္ထမ္းေတြ ေနာက္ထပ္ထပ္ၿပီးေတာ့ ပါ၀င္ႏိုင္ခဲ့တယ္။ စစ္အာဏာရွင္ ဆီကို စီးဆင္းမယ့္ ၀င္ေငြမွန္သမွ်ကို ျဖတ္ေတာက္မႈေတြကို စတင္ၿပီးေတာ့ က်ေနာ္တို႔ လုပ္ေဆာင္ၾကတယ္ ။ ျပည္သူလူထု အဲလိုမ်ိဳး လႈပ္ရွားမႈေတြကို က်ေနာ္တို႔ လမ္းေပၚတိုက္ပြဲေတြကမွ တဆင့္ ေန႔စဥ္ရက္စက္ သမဂၢ တပ္ဦးအလံကို လႊင့္ထူၿပီးေတာ့ လူထုကို တိုက္ပြဲ၀င္ဖို႔ စတင္ၿပီးေတာ့မွ ေခၚေဆာင္ႏိုင္တဲ့ အေနအထားမ်ိဳးမွာ ရွိေနပါတယ္။

မံုရြာသပိတ္ ပင္မေခါင္းေဆာင္တဦးျဖစ္တဲ့ ကို၀င္းေဇာ္ခိုင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


............

နှိပ်ကွပ်မှုတွေကြားက ဆက်ဖြစ်နေတဲ့ မုံရွာသပိတ်

(Unicode)

နေ့စဉ် သပိတ်စစ်ကြောင်းတွေ ထွက်နေခြင်းအားဖြင့် CDM အမိန့်မနာခံရေးလှုပ်ရှားမှုတွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ လှုပ်ရှားမှုတွေမှာ ပိုပြီးအားကောင်းစေတယ်လို့ မုံရွာပင်မ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝင်းဇော်ခိုင်က ပြောပါတယ်။

စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်ဖြိုခွဲနေပေမယ့် မုံရွာမှာ နေ့တိုင်း သပိတ်မှောက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုဝင်းဇော်ခိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အခုလို စစ်ကောင်စီက ဒီလို မတရားဖမ်းဆီးမှုတွေ ညှဉ်းပမ်းနှိတ်စက်မှုတွေ ရှိနေပေမယ့်လည်း မုံရွာမှာ နေ့စဉ်သပိတ်စစ်ကြောင်းတွေထွက်နေတာကို ကျမတို့ တွေ့ရပါတယ်။ အဲဒီလို သပိတ်စစ်ကြောင်းတွေ ထွက်ခြင်းအားဖြင့်ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲရှင့်။

ကိုဝင်းဇော်ခိုင်။ ။ကျနော်တို့ နေ့စဉ်ရက်စက် လူထုလှုပ်ရှားမှုတွေ ၊ လမ်းပေါ်တိုက်ပွဲတွေ ရှိနေခြင်းအားဖြင့် ကျနော်တို့ CDM တိုက်ပွဲဝင်နေကြတဲ့ ဝန်ထမ်းတွေ နောက်ထပ်ထပ်ပြီးတော့ ပါဝင်နိုင်ခဲ့တယ်။ စစ်အာဏာရှင် ဆီကို စီးဆင်းမယ့် ဝင်ငွေမှန်သမျှကို ဖြတ်တောက်မှုတွေကို စတင်ပြီးတော့ ကျနော်တို့ လုပ်ဆောင်ကြတယ် ။ ပြည်သူလူထု အဲလိုမျိုး လှုပ်ရှားမှုတွေကို ကျနော်တို့ လမ်းပေါ်တိုက်ပွဲတွေကမှ တဆင့် နေ့စဉ်ရက်စက် သမဂ္ဂ တပ်ဦးအလံကို လွှင့်ထူပြီးတော့ လူထုကို တိုက်ပွဲဝင်ဖို့ စတင်ပြီးတော့မှ ခေါ်ဆောင်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။

မအင်ကြင်းနိုင်။ ။ နောက်တချက်ကတော့ မုံရွာမှာ စစ်တပ် အုပ်ချုပ်လို့ မရစေရဆိုတဲ့ ဒီလှုပ်ရှားမှုတွေလည်း ကျမတို့ တွေ့ရပါတယ်။ တကယ်တမ်းလက်တွေ့မှာရော စစ်တပ်က မုံရွာမှာ အုပ်ချုပ်နေတဲ့အခြေအနေရော ဘယ်လိုရှိပါသလဲရှင့်။

ကိုဝင်းဇော်ခိုင်။ ။ဒီမှာတော့ ရပ်ကွက်နေရာတိုင်းမှာ လျှက်တပြတ်ဝင်ရောက်စီးနင်းရှာဖွေမှုတွေ ပြုလုပ်တာတွေရှိတယ်။ နောက်ထပ် အရပ်ဝတ်တွေဝတ်ပြီးတော့မှ လှည့်ပတ်စောင့်ကြည့်တာတွေရှိတယ်။ အရပ်ဝတ်တွေနဲ့ပဲ အများသုံးကားတွေကို စီးနင်းပြီးတော့မှ ပင်မသပိတ်စစ်ကြောင်းတွေကို ခြေရာခံတာတွေ၊ လိုက်လံဖမ်းဆီးဖို့ ကြိုးစားတာတွေ နောက်အမျိုးမျိုးသူတို့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို ကြိုးစားလာတာတွေကျနော်တို့ သတိထားမိတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကျနော်တို့ ကျောင်းသားတွေ သပိတ်ခေါင်းဆောင်တွေအပေါ်မှာ ကြည့်ရှုစောင့်ရှောက်မှုတွေ ၊ ကာကွယ်မှုတွေနဲ့အတူ ကျနော်တို့ရဲ့ အလံကို လွှင့်ထူထားပြီးတော့မှ လူထုတိုက်ပွဲကို အမြဲတမ်းပဲ ကျနော်တို့ လမ်းပေါ်ကနေပြီးတော့မှ တိုက်ပွဲကို ဆက်လက်ပြီးတော့ ဦးဆောင်ပေးဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ ဖမ်းဆီးခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အခြေအနေက ဘယ်လိုရှိပါသလဲ။

ကိုဝင်းဇော်ခိုင်။ ။ ကျနော်တို့ သူနဲ့ တွေ့ခွင့်ရနိုင်ဖို့အတွက် သူ့ကျန်းမာရေးအခြေအနေတွေ သိရှိဖို့အတွက် ကျနော်တို့ ရနိုင်တဲ့ နည်းလမ်းပေါင်းစုံကနေပြီးတော့ ကြိုးစားပေမယ့် သူတို့ဘက်ကနေတော့ ကျနော်တို့ကို အသိပေးတာ မပြုလုပ်ဘူးပေါ့နော်။ ကျနော်တို့ လက်ရှိအနေအထားကတော့ ဘာမှ ကိုဝေမိုးနိုင်နဲ့ ပတ်သက်ပြီးတော့မှ သေသေချာချာ ဂဃနဏ သိရှိရတာမျိုး မရှိသေးပါဘူး။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ကိုဝေမိုးနိုင် စီးလာတဲ့ ဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ကားနဲ့တိုက်ပြီးတော့ ဖမ်းဆီးတုန်းကပေါ့နော် ကိုဝေမိုးနိုင်က ဒဏ်ရာနဲ့ သူလွတ်မြောက်နိုင်ဖို့ပေါ့လေ ကြိုးစားခဲ့တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ အဲဒီတုန်းက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေကိုရော ကျမတို့ကို ပြောပြလို့ရမလား။

ကိုဝင်းဇော်ခိုင်။ ။အဲဒီဖြစ်စဉ်စပြီးတော့မှပေါ့နော် ၊ ကိုဝေမိုးနိုင်စီးလားတဲ့ ဆိုင်ကယ်ကို ကားနဲ့ လျက်တပျက် ဝင်တိုက်ပြီးတော့မှ အကြမ်းဖက်ဖမ်းဆီးသွားတာပေါ့။ အဲဒီအခြေအနေမှာတော့ တိုက်မိတဲ့အနေအထားနဲ့တော့ ဒဏ်ရာအနည်းငယ်တော့ ရရှိတဲ့အနေအထားရှိတယ်။ သို့ပေမယ့် သူထပြီးတော့မှ လွတ်မြောက်နိုင်ဖို့အတွက်ကို ရုန်းကန်ခဲ့တယ်။ သို့ပေမယ့်လည်း တဖက်က လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ လုပ်ပြီးတော့မှ အကြမ်းဖက်ပြီးတော့မှ ဖမ်းဆီးခြင်းကို ခံရတာပေါ့နော်။ အဲဒီအပေါ်မှာ ကျနော်တို့ ပြည်သူလူထုရော နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူတွေရော စိုးရိမ်ပူပန်မှုတွေရှိတယ်။ သူဆေးကုသခွင့်ရရှိဖို့ ဒါကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ လူ့အခွင့်အရေးအရ တောင်းဆိုမှုတွေ အမျိုးမျိုး ကျနော်တို့ ပြုလုပ်ခဲ့ပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အခုလို စစ်ကောင်စီက ဒီလို မတရားဖမ်းဆီးမှုတွေ ညှဉ်းပမ်းနှိတ်စက်မှုတွေ ရှိနေပေမယ့်လည်း မုံရွာမှာ နေ့စဉ်သပိတ်စစ်ကြောင်းတွေထွက်နေတာကို ကျမတို့ တွေ့ရပါတယ်။ အဲဒီလို သပိတ်စစ်ကြောင်းတွေ ထွက်ခြင်းအားဖြင့်ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲရှင့်။

ကိုဝင်းဇော်ခိုင်။ ။ကျနော်တို့ နေ့စဉ်ရက်စက် လူထုလှုပ်ရှားမှုတွေ ၊ လမ်းပေါ်တိုက်ပွဲတွေ ရှိနေခြင်းအားဖြင့် ကျနော်တို့ CDM တိုက်ပွဲဝင်နေကြတဲ့ ဝန်ထမ်းတွေ နောက်ထပ်ထပ်ပြီးတော့ ပါဝင်နိုင်ခဲ့တယ်။ စစ်အာဏာရှင် ဆီကို စီးဆင်းမယ့် ဝင်ငွေမှန်သမျှကို ဖြတ်တောက်မှုတွေကို စတင်ပြီးတော့ ကျနော်တို့ လုပ်ဆောင်ကြတယ် ။ ပြည်သူလူထု အဲလိုမျိုး လှုပ်ရှားမှုတွေကို ကျနော်တို့ လမ်းပေါ်တိုက်ပွဲတွေကမှ တဆင့် နေ့စဉ်ရက်စက် သမဂ္ဂ တပ်ဦးအလံကို လွှင့်ထူပြီးတော့ လူထုကို တိုက်ပွဲဝင်ဖို့ စတင်ပြီးတော့မှ ခေါ်ဆောင်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။

မုံရွာသပိတ် ပင်မခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝင်းဇော်ခိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG