သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယင္းမာပင္ တိမ္းေရွာင္ရြာသားေတြ ရိကၡာ အခက္ႀကံဳ


ယင္းမာပင္ ရြာသားမ်ား

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ယင္းမာပင္ခ႐ိုင္က ေက်းရြာေတြမွာ စစ္တပ္ကအင္အားသံုး အၾကမ္းဖက္စီနင္းမႈေၾကာင့္ ရြာလံုးကြ်တ္ထြက္ေျပးေနရတဲ့ အေျခအေန ဆိုးရြားေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရြာေပါင္း ၂၀ ေက်ာ္က ကေလးသူငယ္ကအစ အသက္ႀကီးရြယ္အိုထိ လူေပါင္း ေထာင္နဲ႔ခ်ီၿပီး နီးစပ္ရာ ေတာေတြဘက္ထြက္ေျပးၾကတဲ့ အေျခအေနမ်ဳိး သူတသက္တခါမွ မႀကံဳဘူးဘူးလို႔ လူသားခ်င္းစာနာမႈ ေစတနာ၀န္ထမ္းေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။ ေႏြရာသီကာလ ပူျပင္းတဲ့ဒဏ္ေၾကာင့္ ရြာသူရြာသားေတြ ေတာထဲမွာ ဒုကၡအလြန္ေရာက္ေနတယ္လို႔လည္း သူက အခုလိုေျပာပါတယ္။

“ အဲဒီမွာ တခါမွလည္း မၾကံဳဘူးၾကေတာ့ ျမင္ရတာေတြ ဒုကၡေတြပိုၿပီးမွႀကီးက်ယ္တယ္။ အဲဒီမွာ အဓိကစားေသာက္ကုန္ျဖစ္တဲ့ ဆန္ေတြဆီေတြ ၊ အ၀တ္အစားေတြကအစ အခုဆိုရင္ ရာသီဥတုကလည္း အရမ္းပူတယ္။ အခုကေတာ့ အမိုးအကာမရွိပဲနဲ႔ ေတာေတြေတာင္ေတြထဲမွာ သူတို႔ေတြ ေက်းရြာကို စြန္႔ခြာၿပီးေတာ့ ထြက္ေျပးေနရတဲ့ အေနအထားမ်ိဳး ရွိေနတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ တတ္ႏိုင္တဲ့ က်ေနာ္တို႔ မိတ္ေဆြေတြကို အကူအညီေတာင္းေနရတာရွိတယ္။ သူတို႔ စားဖို႔ ေသာက္ဖို႔ အတြက္ ဆန္ေတြဆီေတြ အေျခခံစားေသာက္ကုန္ေတြ ေထာက္ဖို႔အတြက္ အခုဆိုရင္ေတာ့ လက္ရွိမွာ လိုအပ္ခ်က္ေတြျဖစ္ေနတယ္။”

ဧၿပီလ ၂၆ ရက္ေန႔ကလည္း ယင္းမာပင္ေဒသမွာရွိတဲ့ ေက်းရြာတခ်ဳိ႕ကိုစစ္ေကာင္စီ တပ္ေတြ၀င္ေရာက္ၿပီး ေနအိမ္ထဲက ပစၥည္းေတြ၊ ေကာက္ပဲသီးႏွံေတြ၊ အိမ္ေမြးတိရိစာၦန္ေတြကို အတင္းလုယူေဆာင္သြားတယ္လို႔ မ်က္ျမင္သက္ေသေတြက ေဒသတြင္း သတင္းဌာနေတြကို ေျပာၾကားခဲ့ပါတယ္။

စစ္ေကာင္စီရဲ႕ တပ္ရင္းတခုဟာ ဧၿပီလ ၂၅ ရက္ေန႔က ယင္းမာပင္ဘက္သြားေရာက္တပ္စဲြၿပီးေနာက္ အခုလို ရြာေတြထဲ ၀င္ေရာက္စီးနင္း ဖမ္းဆီး လုယက္မႈေတြ လုပ္ခဲ့တာေၾကာင့္ ရြာသူရြာသားေတြ စိုးရိမ္ေၾကာက္လန္႔ၿပီး အုိးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကတာျဖစ္တယ္လို႔ လူသားခ်င္းစာနာမႈေစတနာ့၀န္ထမ္းအဖဲြ႔ေတြက ဗီြအိုေအကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ယင်းမာပင် တိမ်းရှောင်ရွာသားတွေ ရိက္ခာ အခက်ကြုံ

(Unicode)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ကျေးရွာတွေမှာ စစ်တပ်ကအင်အားသုံး အကြမ်းဖက်စီနင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ အခြေအနေ ဆိုးရွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွာပေါင်း ၂၀ ကျော်က ကလေးသူငယ်ကအစ အသက်ကြီးရွယ်အိုထိ လူပေါင်း ထောင်နဲ့ချီပြီး နီးစပ်ရာ တောတွေဘက်ထွက်ပြေးကြတဲ့ အခြေအနေမျိုး သူတသက်တခါမှ မကြုံဘူးဘူးလို့ လူသားချင်းစာနာမှု စေတနာဝန်ထမ်းဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ နွေရာသီကာလ ပူပြင်းတဲ့ဒဏ်ကြောင့် ရွာသူရွာသားတွေ တောထဲမှာ ဒုက္ခအလွန်ရောက်နေတယ်လို့လည်း သူက အခုလိုပြောပါတယ်။

“ အဲဒီမှာ တခါမှလည်း မကြုံဘူးကြတော့ မြင်ရတာတွေ ဒုက္ခတွေပိုပြီးမှကြီးကျယ်တယ်။ အဲဒီမှာ အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်တွေဆီတွေ ၊ အဝတ်အစားတွေကအစ အခုဆိုရင် ရာသီဥတုကလည်း အရမ်းပူတယ်။ အခုကတော့ အမိုးအကာမရှိပဲနဲ့ တောတွေတောင်တွေထဲမှာ သူတို့တွေ ကျေးရွာကို စွန့်ခွာပြီးတော့ ထွက်ပြေးနေရတဲ့ အနေအထားမျိုး ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ တတ်နိုင်တဲ့ ကျနော်တို့ မိတ်ဆွေတွေကို အကူအညီတောင်းနေရတာရှိတယ်။ သူတို့ စားဖို့ သောက်ဖို့ အတွက် ဆန်တွေဆီတွေ အခြေခံစားသောက်ကုန်တွေ ထောက်ဖို့အတွက် အခုဆိုရင်တော့ လက်ရှိမှာ လိုအပ်ချက်တွေဖြစ်နေတယ်။”

ဧပြီလ ၂၆ ရက်နေ့ကလည်း ယင်းမာပင်ဒေသမှာရှိတဲ့ ကျေးရွာတချို့ကိုစစ်ကောင်စီ တပ်တွေဝင်ရောက်ပြီး နေအိမ်ထဲက ပစ္စည်းတွေ၊ ကောက်ပဲသီးနှံတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကို အတင်းလုယူဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေက ဒေသတွင်း သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်ရင်းတခုဟာ ဧပြီလ ၂၅ ရက်နေ့က ယင်းမာပင်ဘက်သွားရောက်တပ်စွဲပြီးနောက် အခုလို ရွာတွေထဲ ဝင်ရောက်စီးနင်း ဖမ်းဆီး လုယက်မှုတွေ လုပ်ခဲ့တာကြောင့် ရွာသူရွာသားတွေ စိုးရိမ်ကြောက်လန့်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတာဖြစ်တယ်လို့ လူသားချင်းစာနာမှုစေတနာ့ဝန်ထမ်းအဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG