သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးအက်ဥ္းသား မလႊတ္မခ်င္း ေဆြးေႏြးစရာမရွိ - NUG


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕က သပိတ္စစ္ေၾကာင္း။ (ဧၿပီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာစစ္ေကာင္စီဘက္က ႏုိင္ငံေရးအက်ဥ္းသားအားလုံးကို လႊတ္မေပးမခ်င္း၊ ေဆြးေႏြးစကားေျပာဆိုတာေတြ လုပ္မွာ မဟုတ္ဘူးလို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရက ASEAN အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းကို တုံ႔ျပန္လိုက္ပါတယ္။

သမၼတ ဦး၀င္းျမင့္နဲ႔ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ႏုိင္ငံေရးအက်ဥ္းသားအားလုံးကို ျခြင္းခ်က္မရွိ ျပန္လႊတ္ေပးၿပီးမွာ ေတြ႔ဆုံးေဆြးေႏြးႏုိင္မယ္လို႔ NUG ျပည္ေထာင္စု ၀န္ႀကီးခ်ဳပ္ မန္း၀င္းခုိင္သန္းရဲ ႔ ေၾကျငာခ်က္မွာ ေျပာထားပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လို႔ အာဆီယံဘက္ကေတာ့ ဘယ္လိုမွတ္ခ်က္မ်ိဳးမွ ထြက္မလာေသးပါဘူး။

စစ္အာဏာသိမ္းမႈေၾကာင့္ ေပၚေပါက္ေနတဲ့ ျမန္မာ့အၾကပ္အတည္းကို ေျဖရွင္းေပးဖို႔ အာဆီယံအသင္းက ႀကိဳးပမ္းေနတာျဖစ္ၿပီး အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖို႔၊ ဘက္ေပါင္းစုံေတြ႔ဆုံေဆြးေႏြးဖို႔ တုိက္တြန္းေနတာျဖစ္ပါတယ္။ ျမန္မာ့အၾကပ္အတည္းကို ေျဖရွင္းႏိုင္ဖို႔အတြက္ အၾကမ္းဖက္မႈေတြရပ္ၿပီး ေဆြးေႏြးေျဖရွင္းဖို႔၊ အာဆီယံအထူးကိုယ္စားလွယ္တဦးခန္႔ထားၿပီး ျမန္မာျပည္ကိစၥမွာ ၀င္ေရာက္ညိွႏိႈင္းေဆာင္ရြက္ဖို႔အခ်က္ေတြပါတဲ့ ဘံုသေဘာထား ၅ ရပ္ကို ၿပီးခဲ့တဲ့ အာဆီယံေခါင္းေဆာင္မ်ားအစည္းအေ၀းမွာ ခ်မွတ္ခဲ့တာပါ။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို္ယ္တုိင္တက္ေရာက္ခဲ့တဲ့ ျမန္မာ့အေရးအာဆီယံအစည္းအေ၀းက ဘုံသေဘာတူညီခ်က္အရ ထုတ္ျပန္လိုက္တဲ့ အႀကံျပဳခ်က္ေတြအေပၚမွာ ျမန္မာႏိုင္ငံရဲ႕တည္ၿငိမ္လာမႈ အေျခအေနအေပၚ မူတည္ၿပီး လက္ခံစဥ္းစားမယ္လို႔ ျမန္မာစစ္ေကာင္စီက တုံ႔ျပန္ထားပါတယ္။

အာဆီယံအေနနဲ႔ ျမန္မာ့အေရးကို ေျဖရွင္းေပးခ်င္တယ္ဆိုရင္ ျမန္မာျပည္သူေတြကို တရား၀င္ ကိုယ္စားျပဳတဲ့ အမ်ိဳးသားညီညႊတ္ေရးအစိုးရနဲ႔သာ ဆက္သြယ္ေဆာင္ရြက္သင့္တယ္လို႔လည္း NUG ကေျပာပါတယ္။

ဒီလိုအခ်ိန္မွာပဲ စစ္ေကာင္စီက အၾကမ္းဖက္ႏွိမ္ႏွင္းေနတဲ့ၾကားက ႏုိင္ငံအႏွံ႔ဆႏၵျပပြဲေတြလည္း ပုံစံမ်ိဳးစုံနဲ႔ေပၚေပါက္ေနဆဲပါ။ ေန႔စဥ္ခ်ီတက္ဆႏၵျပၾကတဲ့ မႏၱေလးၿမိဳ ႔သပိတ္စစ္ေၾကာင္းေတြကို စစ္ေကာင္စီတပ္ေတြက အင္အားသုံးၿဖိဳခြဲၿပီး အဖမ္းအဆီးတခ်ိဳ ႔လည္း ရွိခဲ့ပါတယ္။ ႏုိင္ငံအထက္ပိုင္း ျမစ္ႀကီးနားကေန ေအာက္ပုိင္း ထား၀ယ္ၿမိဳ ႔သာမက နုိင္ငံအလယ္ပိုင္းနဲ႔ အေရွ႔ ႔ပိုင္းက ၿမိဳ ႔ရြာေတြမွာ ျပည္သူေတြလည္း နည္းမ်ိဳးစုံနဲ႔ ဆက္ၿပီး ဆႏၵျပထုတ္ေဖာ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးအကျဉ်းသား မလွှတ်မချင်း ဆွေးနွေးစရာမရှိ - NUG

မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မပေးမချင်း၊ ဆွေးနွေးစကားပြောဆိုတာတွေ လုပ်မှာ မဟုတ်ဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းကို တုံ့ပြန်လိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီးမှာ တွေ့ဆုံးဆွေးနွေးနိုင်မယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အာဆီယံဘက်ကတော့ ဘယ်လိုမှတ်ချက်မျိုးမှ ထွက်မလာသေးပါဘူး။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်နေတဲ့ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းပေးဖို့ အာဆီယံအသင်းက ကြိုးပမ်းနေတာဖြစ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဘက်ပေါင်းစုံတွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ မြန်မာ့အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အကြမ်းဖက်မှုတွေရပ်ပြီး ဆွေးနွေးဖြေရှင်းဖို့၊ အာဆီယံအထူးကိုယ်စားလှယ်တဦးခန့်ထားပြီး မြန်မာပြည်ကိစ္စမှာ ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ဖို့အချက်တွေပါတဲ့ ဘုံသဘောထား ၅ ရပ်ကို ပြီးခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ ချမှတ်ခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာ့အရေးအာဆီယံအစည်းအဝေးက ဘုံသဘောတူညီချက်အရ ထုတ်ပြန်လိုက်တဲ့ အကြံပြုချက်တွေအပေါ်မှာ မြန်မာနိုင်ငံရဲ့တည်ငြိမ်လာမှု အခြေအနေအပေါ် မူတည်ပြီး လက်ခံစဉ်းစားမယ်လို့ မြန်မာစစ်ကောင်စီက တုံ့ပြန်ထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းပေးချင်တယ်ဆိုရင် မြန်မာပြည်သူတွေကို တရားဝင် ကိုယ်စားပြုတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရနဲ့သာ ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့လည်း NUG ကပြောပါတယ်။

ဒီလိုအချိန်မှာပဲ စစ်ကောင်စီက အကြမ်းဖက်နှိမ်နှင်းနေတဲ့ကြားက နိုင်ငံအနှံ့ဆန္ဒပြပွဲတွေလည်း ပုံစံမျိုးစုံနဲ့ပေါ်ပေါက်နေဆဲပါ။ နေ့စဉ်ချီတက်ဆန္ဒပြကြတဲ့ မန္တလေးမြို့သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်တွေက အင်အားသုံးဖြိုခွဲပြီး အဖမ်းအဆီးတချို့လည်း ရှိခဲ့ပါတယ်။ နိုင်ငံအထက်ပိုင်း မြစ်ကြီးနားကနေ အောက်ပိုင်း ထားဝယ်မြို့သာမက နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့ရွာတွေမှာ ပြည်သူတွေလည်း နည်းမျိုးစုံနဲ့ ဆက်ပြီး ဆန္ဒပြထုတ်ဖော်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG