သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ အႀကံျပဳမႈအေပၚ စစ္ေကာင္စီ တုံ႔ျပန္ခ်က္


General view of the ASEAN leaders' meeting at the the Association of Southeast Asian Nations (ASEAN) secretariat building in Jakarta, Indonesia, April 24, 2021. Courtesy of Laily Rachev/Indonesian Presidential Palace/Handout via REUTERS
တိုက္႐ိုက္ လင့္ခ္


ျမန္မာစစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့ အာဆီယံ ႏိုင္ငံအႀကီးအကဲမ်ား အစည္းအေဝး က ဘုံသေဘာတူညီခ်က္အရ ထုတ္ျပန္လိုက္တဲ့ အဓိက ေမတၱာရပ္ခံခ်က္ကို စစ္ေကာင္စီက လက္ခံဖို႔ ဆိုင္းငံ့လိုက္ပါတယ္။ ဒီအေျခအေနမွာ အာဆီယံအပါအဝင္ ႏိုင္ငံတကာက ဘာဆက္လုပ္ႏိုင္ပါသလဲ။ ျမန္မာ့ပဋိပကၡ ေျပၿငိမ္းေရး၊ ဒီမိုကေရစီ အလားအလာေတြ ဘယ္လိုရွိပါသလဲ။ မသိဂၤ ီထိုက္က နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အန္ကယ္ … ျပည္တြင္းစစ္ေကာင္စီက အာဆီယံရဲ ႔ ဘံုသေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ သေဘာထား ထုတ္ျပန္ပါတယ္။ ျပည္တြင္းတည္ၿငိမ္မႈေပၚ မူတည္ၿပီးေတာ့ ႏုိင္ငံ့အက်ဳိးစီးပြားကို အေျခခံၿပီးမွ အာဆီယံအႀကံျပဳခ်က္ေတြကို စဥ္းစားမယ္လို႔ ထုတ္ျပန္ထားေတာ့ ဒီေတြ႔ဆံုေဆြးေႏြးေရးဆိုတဲ့ အာဆီယံရဲ ႔ ႀကိဳးပမ္းမႈေတြက ေမွ်ာ္လင့္ခ်က္ ပိုေဝးသြားၿပီလားရွင့္။

ေျဖ ။ ။ အာဆီယံေပၚ အားထားေမွ်ာ္လင့္ခဲ့တာဟာ အစကတည္းက အေဝးႀကီးပါ။ အခုေတာ့ ပိုေဝးသြားတယ္လို႔ ေျပာလုိ႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္တြင္းတည္ၿငိမ္မႈေပၚ မူတည္မယ္ဆိုေတာ့ ျပည္တြင္းတည္ၿငိမ္မႈကို ဘယ္လို သူတုိ႔က ဆံုးျဖတ္မလဲ။ ျပည္တြင္းမွာ သူတုိ႔ကို ဆန္႔က်င္တဲ့ ဒီမိုကေရစီ ေတာင္းဆိုတဲ့အသံေတြ လံုးဝမထြက္ေတာ့ဘဲ၊ သူတို႔ ဟိုတုန္းကသံုးခဲ့သလိုပဲ ၿငိမ္ဝပ္ပိျပားသြားေအာင္ လုပ္ၿပီးမွပဲ ျပည္တြင္းတည္ၿငိမ္မႈလို႔ ေခၚမလား။ စစ္ေကာင္စီက အဲဒီလို တည္ၿငိမ္ၿပီလို႔ ယူဆၿပီးေတာ့ အာဆီယံကိုယ္စားလွယ္ေတြကို လက္ခံလိုက္ေတာ့ေကာ အာဆီယံကိုယ္စားလွယ္ေတြက ျပည္သူေတြရဲ ႔ သေဘာထား အစစ္အမွန္ကို ၾကားခြင့္ရမလား။ ျမင္ခြင့္ရမလား။ အစစ္အမွန္ကို ၾကားခြင့္ျမင္ခြင့္ရရင္ေကာ ဒါေတြကို ျပဳျပင္ဖို႔ သူတုိ႔ ေျပာႏုိင္ပါ့မလား။ ေျပာလို႔ထိေရာက္မလား။

ေနာက္တခါ ျမန္မာျပည္ထဲကို လာခဲ့ရင္လဲ သူတုိ႔စစ္ေကာင္စီက လူေတြနဲ႔ပဲေတြ႔ၿပီးေတာ့ အဓိက အတိုက္အခံေခါင္းေဆာင္ေတြ၊ ထိန္းသိမ္းခံထားရတဲ့ လူေတြနဲ႔ေကာ ေတြ႔ခြင့္ရမလား။ သူတို႔ေတြကို ဖမ္းထားတယ္ဆိုေတာ့ အဲဒါလဲ တခုျဖစ္ပါတယ္။ တကယ္လို႔ လာခြင့္ရအံုးေတာ့ စစ္ေကာင္စီက သူတုိ႔ကို ေထာက္ခံထားတဲ့ ပါတီတခ်ဳိ ႔နဲ႔ ေတြ႔ခြင့္ေပးရံုေလာက္ပဲ ေမွ်ာ္လင့္ႏိုင္မယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ အစကတည္းက ေမ်ာ္လင့္ခ်က္က အစကတည္းက ေဝးၿပီးသား ေမွ်ာ္လင့္ခ်က္ဟာ အခုအခါမွာေတာ့ ပိုၿပီးေဝးသြားတယ္လို႔ ေျပာလို႔ရပါတယ္။ သို႔ေသာ္လဲ ဒါဟာ အထူးအဆန္းေတာ့ မဟုတ္ေတာ့ဘူးလို႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ အာဆီယံကိုယ္စားလွယ္ သြားႏိုင္မယ့္ ျမန္မာႏိုင္ငံကို သြားႏိုင္တဲ့ အေျခအေနကိုေတာင္မွ ေလာေလာဆယ္မွာ သိပ္ၿပီးေတာ့ အားတက္စရာ မေကာင္းလွပါဘူး။ အဲဒီေတာ့ အာဆီယံဘက္က ဘာမ်ားေရွ ႔ဆက္လုပ္ႏိုင္မလဲ။

ေျဖ ။ ။ အာဆီယံဟာ ဒီေလာက္အထိ ဘံုသေဘာတူညီခ်က္တခု ရၿပီးေတာ့ ျမန္မာႏို္င္ငံရဲ ႔ အေရးနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တယ္ဆိုတာကိုက အာဆီယံအတြက္ ေတာ္ေတာ္ႀကီးက်ယ္တဲ့ Achievement စြမ္းေဆာင္မႈတခုလို႔ ေျပာရမလို ျဖစ္ပါတယ္။ အဲဒီ သူတုိ႔ရဲ ႔ ဘံုသေဘာတူညီခ်က္ (၅) ခ်က္ထဲမွာကို အဓိကက်တဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြကို ဖမ္းဆီးထားတာကို လႊတ္ေပးဖို႔ မပါေပမယ့္၊ က်န္တဲ့ (၄) ခ်က္ ရတာကိုပဲ အေတာ္ေလး ဟုတ္လွၿပီလို႔ အာဆီယံဘက္က ထင္မွတ္စရာ ျဖစ္ပါတယ္ဆိုေတာ့ အခုေတာ့ သူတုိ႔ရဲ ႔ လုပ္ေဆာင္ႏိုင္တဲ့ ကိစၥဟာ ဒီဟာထက္ပိုၿပီးောတ့ ေရွ ႔မေရြ ႔ေတာ့ဘူး။ ဒါက အစြမ္းကုန္ပဲ။ အရပ္စကားနဲ႔ ေျပာမယ္ဆိုရင္ မီတာကုန္ ျဖစ္သြားၿပီလို႔ ေျပာရင္ ရမယ္ထင္ပါတယ္။ သို႔ေသာ္လဲ အာဆီယံအဖြဲ႔ဝင္ တႏိုင္ခ်င္းအေနနဲ႔ေတာ့ ျမန္မာႏိုင္ငံမွာ ပိုၿပီးေတာ့ ဖိဖိစီးစီး ဖိအားေပးခ်င္တဲ့ ႏုိင္ငံေတြ ရိွပါတယ္။ အထူးသျဖင့္ အင္ဒိုနီးရွား၊ တခ်ဳိ ႔လဲ သူတို႔ အက်ဳိးစီးပြားနဲ႔ ဆက္စပ္ၿပီးေတာ့ ေပးခ်င္တဲ့ ႏုိင္ငံေတြလည္း ရိွတယ္။ စကၤာပူတုိ႔ဘာတို႔ အဲဒီလို တႏုိ္င္ငံခ်င္းဆီရဲ ႔ တြန္းအားေတြကေတာ့ ပိုၿပီးေတာ့ ရိွလာလိမ့္မယ္ ထင္ပါတယ္။ အဲဒါကိုလဲ စစ္ေကာင္စီဘက္က ဘယ္ေလာက္အထိ လက္ခံမလဲဆိုတာကလဲ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

ေမး ။ ။ ဆိုေတာ့ အာဆီယံရဲ ႔ ျမန္မာ့အေရး ဘံုသေဘာတူညီခ်က္ (၅) ခ်က္ ထြက္လာေတာ့ ၾသစေတးလ်က ေနာက္ ဥေရာပသမဂၢတို႔က ႀကိဳဆိုထားပါတယ္။ ဆိုေတာ့ စစ္ေကာင္စီဘက္က အာဆီယံအႀကံျပဳခ်က္ေတြကို လက္ခံဖိ႔၊ တြန္႔ဆုတ္ဖို႔သေဘာ ေၾကညာခ်က္မ်ဳိး ထြက္လာေတာ့ အေနာက္ႏုိင္ငံႀကီးေတြက ဘာမ်ားဆက္လုပ္လို႔ ရႏိုင္ပါအံုးမလဲရွင့္။

ေျဖ ။ ။ အာဆီယံရဲ ႔ ဘံုသေဘာတူညီိခ်က္ကို အေနာက္ႏိုင္ငံေတြက ၾသဘာေပးတယ္၊ လက္ခုပ္သံေတြမဆဲခင္မွာပဲ စစ္ေကာင္စီက အခုလို တံု႔ျပန္လိုက္ေတာ့ အေနာက္ႏိုင္ငံေတြဘက္ကေတာ့ အေတာ္ေလး ေအာင့္သက္သက္ ျဖစ္သြားလိမ့္မယ္လို႔ ယူဆရပါတယ္။ ဒါေပမဲ့လဲ သူတုိ႔ကလဲ အာဆီယံရဲ ႔ အတိုင္းအတာကို အစကတည္းက ႀကိဳၿပီးသိထားပါတယ္။ သူတုိ႔ရဲ ႔ ဖိအားေပးမႈကိုေတာ့ ဆက္လုပ္လိမ့္မယ္လို႔ ထင္ပါတယ္။ သို႔ေသာ္လဲ တခုသိထားဖို႔ကေတာ့ ဒီအေနာက္ႏုိင္ငံေတြ ဘယ္ႏုိင္ငံကမွ ျမန္မာႏုိင္ငံျပည္သူေတြအတြက္ ျမန္မာႏိုင္ငံ ဒီမိုကေရစီထြန္းကားေရးအတြက္ ကိုယ္ထိလက္ေရာက္ ပါဝင္လာမယ္၊ အင္အားသံုးမယ္ဆိုတာေတာ့ ေမွ်ာ္လင့္လို႔ မျဖစ္ႏို္င္တဲ့ ကိစၥပါ။ ဒီႏိုင္ငံေတြဟာ သူတုိ႔ႏို္င္ငံရဲ ႔ လံုၿခံဳေရးကိစၥကလြဲရင္ တကယ္ကို ကိုယ္ထိလက္ေရာက္ ပါဝင္တာ မေတြ႔ႏိုင္ပါဘူး။ ဥပမာ အေမရိကန္ျပည္ေထာင္စုဆိုရင္ သူတုိ႔နဲ႔ မကင္းရာမကင္းေၾကာင္း ျဖစ္တဲ့ လက္တင္အေမရိက ဗင္နီဇြဲလား ကိစၥေတြမွာေတာင္ ပါးစပ္နဲ႔သာ ေျပာတယ္၊ ကိုယ္ထိလက္ေရာက္ ဝင္ၿပီးေတာ့ ျဖဳတ္ခ်တာ၊ စစ္အင္အားသံုးတာေတြ မရိွပါဘူး။ ထိုနည္းတူစြာပဲ ယူကရိန္းမွာလည္း ျဖစ္တယ္။ အျပင္းအထန္ ကန္႔ကြက္ခဲ့တယ္။ သူတို႔ ပါးစပ္နဲ႔ေျပာတာ၊ ဖိအားေပးတာ၊ ဒဏ္ခတ္တာကလြဲလို႔ ဘာမွမလုပ္ႏိုင္ပါဘူး။ ဆိုေတာ့ ျမန္မာႏုိင္ငံအတြက္ ဒီလိုလုပ္လာလိမ့္မယ္ဆိုတာေတာ့ အမ်ားႀကီးအလွမ္းေဝးပါတယ္။ ဒီဟာကို ေမွ်ာ္လင့္လို႔ မရပါဘူး။ တကယ္တမ္း ဒီမိုကေရစီ ထြန္းကားေအာင္ လုပ္ဖို႔ဆိုတာကေတာ့ ျပည္သူေတြကသာ လုပ္ရမယ့္ကိစၥသာ ျဖစ္ပါတယ္။ ဒီမိုကေရစီဆိုတာ ျပည္ပကို တင္ပို႔လို႔ရတယ္။ ျပည္ပက တင္သြင္းလို႔ရတဲ့ ပို႔ကုန္ မဟုတ္ပါဘူး။ ဆိုေတာ့ ဒါကို ျပည္သူေတြကလည္း နားလည္သေဘာေပါက္ထားဖို႔ လိုမယ္လို႔ ထင္ပါတယ္။ အေနာက္ႏိုင္ငံေတြကိုေတာ့ သိပ္ၿပီး ထင္တာထက္ပိုၿပီး ေမွ်ာ္လင့္လို႔ မရဘူးလို႔ က်ေနာ္ ေျပာခ်င္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ျမန္မာ့အေရး အက်ပ္အတည္းက ေနာက္ဆံုးေတာ့ ဒီဘူတာက တရုတ္ကိုပဲ တိုက္ေတာ့မယ့္သေဘာမ်ား ေဆာင္ေနပါသလားရွင့္။

ေျဖ ။ ။ သိပ္မွန္ပါတယ္။ အာဆီယံ ဘယ္ေလာက္ပဲလမ္းခင္း၊ အေျခအေနအရ သူတုိ႔စဥ္းစားၿပီးမွ လက္ခံမယ္။ ျပည္တြင္းတည္ၿငိမ္မႈရမွ ႏုိင္ငံအမ်ဳိးသား အက်ဳိးစီးပြား၇ို အေျခခံၿပီး လက္ခံမယ္ေျပာတာ မွန္တယ္။ တရုတ္က ဒီလိုပဲဆိုၿပီး ေျပာမွာပဲ။ တရုတ္ကေတာ့ အာဆီယံထက္ ပိုၿပီးေတာ့ သာတာကေတာ့ သူက စီးပြားေရး အက်ဳိးစီးပြား၊ မဟာဗ်ဴဟာ အက်ဳိးစီးပြားေတြ - ျမန္မာႏိုင္ငံထဲမွာ အမ်ားႀကီး ရိွေနတဲ့အတြက္ေၾကာင့္ ျမန္မာႏုိင္ငံထဲကို သူ႔ရဲ ႔အက်ဳိးစီးပြားေတြ မထိခိုက္ေအာင္လို႔ေတာ့ သူက လုပ္မွာ ျဖစ္ပါတယ္။ အာဆီယံလို အေျပာေလာက္နဲ႔ ၿငိမ္ေနမွာ မဟုတ္ပါဘူး။ သူကေတာ့ျဖစ္ေအာင္ ဒီကိစၥ သူ႔ရဲ ႔အက်ဳိးစီးပြားေတြ မထိခိုက္ေအာင္အတြက္ ျမန္မာႏို္င္ငံ တည္ၿငိမ္မႈရေအာင္အတြက္ သူ႔နည္းနဲ႔သူ ႀကိဳးစားလာလိမ့္မယ္လို႔ ေမ်ွာ္လင့္ရပါတယ္။ တရုတ္တင္မက ႏိုင္ငံျခားေထာက္ခံတဲ့ဘက္မွာ ေျပာရရင္ ျမန္မာႏိုင္ငံစစ္ေကာင္စီကို ရုရွားကလည္း သူ႔ရဲ ႔မဟာဗ်ဴဟာနဲ႔ စစ္ေရးအက်ဳိးစီးပြား လက္နက္ေရာင္းဖို႔အတြက္ - ေနာက္ၿပီးေတာ့ ဘဂၤလားပင္လယ္ေအာ္၊ အိႏိၵယသမုဒၵရား ကမ္းေျခဘက္မွာ သူ႔ရဲ ႔မဟာဗ်ဴဟာစခန္း လိုခ်င္တာေတြ ဒီႏွစ္ခုနဲ႔ သူက ျမန္မာစစ္ေကာင္စီကို ဆက္လက္ၿပီးေတာ့ အားေပးေနလိမ့္မယ္လို႔ ယူဆရပါတယ္။ ျပင္းျပင္းထန္ထန္ ရႈတ္ခ်လာလိမ့္မယ္လို႔ ယံုၾကည္ႏိုင္စရာအေၾကာင္း မရိွပါဘူး။

ေမး ။ ။ အခုန အန္ကယ္ေျပာသြားတဲ့ တခုကို ျပန္ေကာက္ခ်င္ပါတယ္ရွင့္။ အဲဒါကေတာ့ ဒီမိုကေရစီဆိုတာက ျပည္ပကေန တင္ပို႔လို႔မရဘူး။ ျပည္တြင္းမွာ ေနၿပီးေတာ့ ျပည္ပကေနလည္း တင္သြင္းလို႔ မရဘူးဆိုၿပီးေတာ့ အန္ကယ္ ေျပာသြားပါတယ္။ ဆိုေတာ့ လက္ရိွ ျမန္မာႏိုင္ငံရဲ ႔ ဒီမိုကေရစီ ေတာင္းဆိုလႈပ္ရွားမႈေတြက ဘယ္ေလာက္အထိ ခရီးေရာက္လာမလဲရွင့္။ အခ်ိန္မ်ား ယူရအံုးမလားရွင့္။

ေျဖ ။ ။ ဒီေမးခြန္းကို ေျဖရတာ လူတခ်ဳိ ႔က ႀကိဳက္ခ်င္မွ ႀကိဳက္ပါလိမ့္မယ္။ ဒါေပမဲ့ ဒီမိုကေရစီဆုိတာ ျပည္ပက တင္သြင္းလို႔ မရသလုိ၊ ျပည္ပကေန မွာယူလို႔ မရသလို။ ျပည္တြင္းမွာလည္း အခုတြင္းတူး အခုေရထြက္တဲ့ ကိစၥမ်ဳိးေတာ့ မဟုတ္ပါဘူး။ ဒါကလဲ အခ်ိန္ယူတည္ေဆာက္ရမယ့္ကိစၥ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ ႔ ဒီမိုကေရစီေရး၊ ျပည္သူေတြ ႀကိဳးပမ္းမႈဟာ မၾကာခဏ ေနာက္ျပန္ဆုတ္သြားတာ အမ်ားႀကီးပါပဲ။ လြတ္လပ္ေရးရၿပီးေတာ့ ဒီမိုကေရစီလမ္းစဥ္ကို ခ်မွတ္ေပးခဲ့တယ္။ ဒါေပမဲ့လဲ (၁၀) ႏွစ္ေလာက္အၾကာမွာပဲ ေနာက္ျပန္ဆုတ္သြားတယ္။ စစ္အာဏာသိမ္းၿပီးေတာ့ တခါျပန္တက္လာတယ္။ တခါေနာက္ျပန္ဆုတ္သြားတယ္။ အဲဒီလိုပဲ အတက္အက် အမ်ားႀကီး ရိွပါတယ္။ ဒီတႀကိမ္မွာေတာ့ အေတာ္ေလး ျပင္းထန္တဲ့ Backward steps ေနာက္ျပန္ဆုတ္သြားတာ ျဖစ္ပါတယ္။ ဟိုတုန္းက One step forward two step back ဆိုၿပီးေတာ့ ေရွ ႔ကို တလွမ္းတိုးဖို႔ ေနာက္ကိုတလွမ္း ျပန္ဆုတ္ရတယ္ဆိုတာ။ အခု ျမန္မာႏိုင္ငံရဲ ႔ ဒီမိုကေရစီအေရး ၾကည့္ရတာကေတာ့ ေရွ ႔တလွမ္းတိုးဖို႔အေရးကို ေနာက္ႏွစ္လမ္းသံုးလမ္း ဆက္တုိက္ႀကီး ဆုတ္ေနရသလို ျဖစ္ေနပါတယ္။ ဆိုေတာ့ ျပည္သူေတြကေတာ့ ယံုၾကည္မႈကေတာ့ မေလွ်ာ့ၾကဘူး။ ဆိုေတာ့ မ်ဳိးဆက္သစ္လူငယ္ေတြရဲ ႔ ဒီမိုကေရစီအေရး ယံုၾကည္မႈကလဲ ဒါက Generation အလိုက္ ဆက္ၿပီးေတာ့ ဒီဟာကေတာ့ ရိွေနမွာပါ။ တႀကိမ္ႀကိမ္မွာေတာ့ ျဖစ္လာလိမ့္ပါမယ္။ သို႔ေသာ္ ေလာေလာဆယ္ လက္ေတြ႔မွာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ဦးတည္တဲ့ ခရီးကို ျပန္လည္တည့္မတ္ေအာင္ လုပ္ဖို႔ေတာင္ အေတာ္ေလး ခဲရာခဲဆစ္ လုပ္ရလိမ့္မယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အာဆီယံရဲ ႔ ျမန္မာ့အေရး ဘံုသေဘာတူညီခ်က္ထဲမွာဆိုရင္ ေတာ္ေတာ္ေလး ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ထုတ္ထားတယ္ဆိုၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ေဝဖန္ၾကပါတယ္။ ဖမ္းထားတဲ့ လူေတြ ျပန္လႊတ္ေရး မပါဘူး။ ေနာက္ၿပီးေတာ့ ဘယ္လိုအေကာင္အထည္ ေဖာ္မလဲ။ အခ်ိန္ကာလ သတ္မွတ္ခ်က္လဲ မပါဘူးဆိုၿပီးေတာ့ သံုးသပ္သူေတြ၊ အခြင့္အေရး လႈပ္ရွားမႈအဖြဲ႔ေတြဘက္က ေဝဖန္ၾကပါတယ္။ ဆိုေတာ့ စစ္ေကာင္စီဘက္ကလဲ အာဆီယံအစည္းအေဝး သြားတက္တဲ့ ဧၿပီလ (၂၄) ရက္ေန႔ကတည္းက ဒီ အာဆီယံ ဘံုသေဘာတူညီခ်က္က ထြက္ခဲ့တာပါ။ သူတုိ႔က သူတို႔သေဘာထား ထုတ္ဖုိ႔ရာအတြက္ (၂၆) ရက္ေန႔မွာ ထုတ္တာေပါ့။ ဆိုတဲ့အခါၾကေတာ့ ဘာျဖစ္လို႔ အခ်ိန္ယူၿပီးေတာ့မွ သေဘာထား ထုတ္ျပန္ရတာပါလဲရွင့္။ အရပ္စကားနဲ႔ ေျပာရရင္ေတာ့ သူတုိ႔ဘက္ကလဲ ေစ့စပ္ေဆြးေႏြးေရးကို ေစ်းကိုင္ခ်င္တဲ့သေဘာမ်ား ျဖစ္ေနပါသလားရွင့္။

ေျဖ ။ ။ အဲဒါလဲ ျဖစ္ႏိုင္ပါတယ္။ ေနာက္ စဥ္းစားမိတာ တခုကေတာ့ စစ္ေကာင္စီရဲ ႔ ေနာက္ကြယ္မွာ ႀကိဳးကိုင္တဲ့လူ ရိွေနသလား။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာ သူတေယာက္တည္းနဲ႔ ဆံုးျဖတ္ပိုင္ခြင့္ ရိွသလား။ မဆံုးျဖတ္ရဲလို႔လား စသည္ျဖင့္။ အဲဒီမွာ ဒီကိစၥကို ေျပာမယ္ဆိုရင္ အာဆီယံထိပ္သီးေတြနဲ႔ ေတြ႔ကတည္းက ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ကတည္းက ေျပာခဲ့လို႔ရသာပဲ။ ခင္မ်ားတို႔ ေျပာတာကို က်ေနာ္ စဥ္းစားပါမယ္။ က်ေနာ္တို႔တုိင္းျပည္မွာ ျပည္တြင္းအေျခအေန ဘယ္ေလာက္ၿငိမ္သက္မႈ ရိွတယ္ဆိုတာကို စဥ္းစားၿပီးမွ လက္ခံႏိုင္မယ့္ကိစၥ ျဖစ္ပါတယ္ဆိုၿပီး သူေျပာခဲ့လို႔ရတဲ့ ကိစၥပါ။ ဒါေပမဲ့ အဲဒီမွာ မေျပာခဲ့ဘဲနဲ႔ ျပန္လာတယ္၊ အခ်ိန္ယူတယ္ဆိုေတာ့ သူဟာ တျခားသူ႔ေနာက္ကြယ္မွာရိွတဲ့ ပုဂၢိဳလ္ေတြရဲ ႔ ၾသဇာကို ခံယူရေလသလား။ သို႔တည္းမဟုတ္ သူ႔ရဲ ႔ေကာင္စီဝင္ေတြနဲ႔ ညိွႏိႈင္းၿပီးမွ ဒီလိုထုတ္ျပန္သလားဆုိတာကေတာ့ စဥ္းစားစရာ ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ CRPH ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ။ ေနာက္တခုက အမ်ဳိးသားညီညႊတ္ေရးအစိုးရ NUG တို႔ဘက္က ဒီအေပၚမွာ သူတုိ႔ရဲ ႔ ႏုိင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကေတာ့ အေတာ္ေလး ေဝဖန္ထားပါတယ္။ အာဆီယံသေဘာတူညီခ်က္အေပၚမွာ။ ဒါေပမဲ့ သူတုိ႔ရဲ ႔ ေဒါက္တာဆာဆာကေတာ့ အာဆီယံသေဘာတူညီခ်က္ မထြက္ခင္ေလးမွာပဲ အာဆီယံဘက္က ထုတ္ျပန္တဲ့ဟာေတြကို ႀကိဳဆိုတယ္ဆိုတဲ့ သေဘာမ်ဳိးလည္း ထုတ္ထားပါတယ္။ ဆိုေတာ့ ဒီဘက္ကေရာ အခုလို အေျခအေနမွာ ဘာဆက္လုပ္လို႔ ရႏိုင္ပါသလဲ။

ေျဖ ။ ။ NUG ဘက္က ေဒါက္တာဆာဆာ၊ ေဒၚဇင္မာေအာင္တို႔ ေျပာတာ သဘာဝက်ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အာဆီယံရဲ ႔ ဘံုသေဘာတူညီခ်က္ထဲမွာ ရႈတ္ခ်စရာလည္းပါတယ္။ အဲဒါကို သူတို႔ရႈတ္ခ်တယ္။ ႀကိဳဆိုသင့္တဲ့အခ်က္လည္း ပါတယ္။ အဲဒါကို သူတုိ႔ႀကိဳဆိုတယ္။ ဒါက ရွင္းေနတာပဲ။ မွန္ပါတယ္ သူတုိိ႔ ေျပာတာေတြက။ ေနာက္ဆံုး ဒီျပႆနာေတြကို ေျဖရွင္းဖို႔ကေတာ့ ေစ့စပ္ေဆြးေႏြးၿပီးေတာ့သာ ေျဖရွင္းရမယ္ဆိုတာ ေဒၚဇင္မာေအာင္ ကိုယ္တိုင္လည္း အင္မတန္မွန္ကန္စြာ ေထာက္ျပထားပါတယ္။ ဆိုေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ ေဝဖန္စရာ ဘာမွမရိွပါဘူး။ တကယ္တမ္း တန္းတူေစ့စပ္ေဆြးေႏြးခြင့္ ရမယ္ဆိုရင္ေတာ့ သူတို႔ဘက္ကလဲ ဒါကို တုန္႔ေႏွးေနလိမ့္မယ္ မဟုတ္ပါဘူး။ ဒါကို သူတုိ႔ ႀကိဳဆိုေနလိမ့္မယ္ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ က်ေနာ္ ေျပာခဲ့တဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ျပန္တက္ခြင့္ရဖို႔ အေရးသာသည္ ေစ့စပ္ညိွႏိႈင္းမွသာ ရႏိုင္မယ့္ကိစၥလို႔ က်ေနာ္ထင္ပါတယ္။


==Unicode==

မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အာဆီယံ နိုင်ငံအကြီးအကဲများ အစည်းအဝေး က ဘုံသဘောတူညီချက်အရ ထုတ်ပြန်လိုက်တဲ့ အဓိက မေတ္တာရပ်ခံချက်ကို စစ်ကောင်စီက လက်ခံဖို့ ဆိုင်းငံ့လိုက်ပါတယ်။ ဒီအခြေအနေမှာ အာဆီယံအပါအဝင် နိုင်ငံတကာက ဘာဆက်လုပ်နိုင်ပါသလဲ။ မြန်မာ့ပဋိပက္ခ ပြေငြိမ်းရေး၊ ဒီမိုကရေစီ အလားအလာတွေ ဘယ်လိုရှိပါသလဲ။ မသိင်္ဂ ီထိုက်က နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အန်ကယ် … ပြည်တွင်းစစ်ကောင်စီက အာဆီယံရဲ့ ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့ သဘောထား ထုတ်ပြန်ပါတယ်။ ပြည်တွင်းတည်ငြိမ်မှုပေါ် မူတည်ပြီးတော့ နိုင်ငံ့အကျိုးစီးပွားကို အခြေခံပြီးမှ အာဆီယံအကြံပြုချက်တွေကို စဉ်းစားမယ်လို့ ထုတ်ပြန်ထားတော့ ဒီတွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေက မျှော်လင့်ချက် ပိုဝေးသွားပြီလားရှင့်။

ဖြေ ။ ။ အာဆီယံပေါ် အားထားမျှော်လင့်ခဲ့တာဟာ အစကတည်းက အဝေးကြီးပါ။ အခုတော့ ပိုဝေးသွားတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းတည်ငြိမ်မှုပေါ် မူတည်မယ်ဆိုတော့ ပြည်တွင်းတည်ငြိမ်မှုကို ဘယ်လို သူတို့က ဆုံးဖြတ်မလဲ။ ပြည်တွင်းမှာ သူတို့ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့အသံတွေ လုံးဝမထွက်တော့ဘဲ၊ သူတို့ ဟိုတုန်းကသုံးခဲ့သလိုပဲ ငြိမ်ဝပ်ပိပြားသွားအောင် လုပ်ပြီးမှပဲ ပြည်တွင်းတည်ငြိမ်မှုလို့ ခေါ်မလား။ စစ်ကောင်စီက အဲဒီလို တည်ငြိမ်ပြီလို့ ယူဆပြီးတော့ အာဆီယံကိုယ်စားလှယ်တွေကို လက်ခံလိုက်တော့ကော အာဆီယံကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ သဘောထား အစစ်အမှန်ကို ကြားခွင့်ရမလား။ မြင်ခွင့်ရမလား။ အစစ်အမှန်ကို ကြားခွင့်မြင်ခွင့်ရရင်ကော ဒါတွေကို ပြုပြင်ဖို့ သူတို့ ပြောနိုင်ပါ့မလား။ ပြောလို့ထိရောက်မလား။

နောက်တခါ မြန်မာပြည်ထဲကို လာခဲ့ရင်လဲ သူတို့စစ်ကောင်စီက လူတွေနဲ့ပဲတွေ့ပြီးတော့ အဓိက အတိုက်အခံခေါင်းဆောင်တွေ၊ ထိန်းသိမ်းခံထားရတဲ့ လူတွေနဲ့ကော တွေ့ခွင့်ရမလား။ သူတို့တွေကို ဖမ်းထားတယ်ဆိုတော့ အဲဒါလဲ တခုဖြစ်ပါတယ်။ တကယ်လို့ လာခွင့်ရအုံးတော့ စစ်ကောင်စီက သူတို့ကို ထောက်ခံထားတဲ့ ပါတီတချို့နဲ့ တွေ့ခွင့်ပေးရုံလောက်ပဲ မျှော်လင့်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ အစကတည်းက မျော်လင့်ချက်က အစကတည်းက ဝေးပြီးသား မျှော်လင့်ချက်ဟာ အခုအခါမှာတော့ ပိုပြီးဝေးသွားတယ်လို့ ပြောလို့ရပါတယ်။ သို့သော်လဲ ဒါဟာ အထူးအဆန်းတော့ မဟုတ်တော့ဘူးလို့ ပြောချင်ပါတယ်။

မေး ။ ။ အာဆီယံကိုယ်စားလှယ် သွားနိုင်မယ့် မြန်မာနိုင်ငံကို သွားနိုင်တဲ့ အခြေအနေကိုတောင်မှ လောလောဆယ်မှာ သိပ်ပြီးတော့ အားတက်စရာ မကောင်းလှပါဘူး။ အဲဒီတော့ အာဆီယံဘက်က ဘာများရှေ့ဆက်လုပ်နိုင်မလဲ။

ဖြေ ။ ။ အာဆီယံဟာ ဒီလောက်အထိ ဘုံသဘောတူညီချက်တခု ရပြီးတော့ မြန်မာနိုင်ငံရဲ့ အရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တယ်ဆိုတာကိုက အာဆီယံအတွက် တော်တော်ကြီးကျယ်တဲ့ Achievement စွမ်းဆောင်မှုတခုလို့ ပြောရမလို ဖြစ်ပါတယ်။ အဲဒီ သူတို့ရဲ့ ဘုံသဘောတူညီချက် (၅) ချက်ထဲမှာကို အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတာကို လွှတ်ပေးဖို့ မပါပေမယ့်၊ ကျန်တဲ့ (၄) ချက် ရတာကိုပဲ အတော်လေး ဟုတ်လှပြီလို့ အာဆီယံဘက်က ထင်မှတ်စရာ ဖြစ်ပါတယ်ဆိုတော့ အခုတော့ သူတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ ကိစ္စဟာ ဒီဟာထက်ပိုပြီးောတ့ ရှေ့မရွေ့တော့ဘူး။ ဒါက အစွမ်းကုန်ပဲ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် မီတာကုန် ဖြစ်သွားပြီလို့ ပြောရင် ရမယ်ထင်ပါတယ်။ သို့သော်လဲ အာဆီယံအဖွဲ့ဝင် တနိုင်ချင်းအနေနဲ့တော့ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ဖိဖိစီးစီး ဖိအားပေးချင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှား၊ တချို့လဲ သူတို့ အကျိုးစီးပွားနဲ့ ဆက်စပ်ပြီးတော့ ပေးချင်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ စင်္ကာပူတို့ဘာတို့ အဲဒီလို တနိုင်ငံချင်းဆီရဲ့ တွန်းအားတွေကတော့ ပိုပြီးတော့ ရှိလာလိမ့်မယ် ထင်ပါတယ်။ အဲဒါကိုလဲ စစ်ကောင်စီဘက်က ဘယ်လောက်အထိ လက်ခံမလဲဆိုတာကလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မေး ။ ။ ဆိုတော့ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက် ထွက်လာတော့ သြစတေးလျက နောက် ဥရောပသမဂ္ဂတို့က ကြိုဆိုထားပါတယ်။ ဆိုတော့ စစ်ကောင်စီဘက်က အာဆီယံအကြံပြုချက်တွေကို လက်ခံဖိ့၊ တွန့်ဆုတ်ဖို့သဘော ကြေညာချက်မျိုး ထွက်လာတော့ အနောက်နိုင်ငံကြီးတွေက ဘာများဆက်လုပ်လို့ ရနိုင်ပါအုံးမလဲရှင့်။

ဖြေ ။ ။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို အနောက်နိုင်ငံတွေက သြဘာပေးတယ်၊ လက်ခုပ်သံတွေမဆဲခင်မှာပဲ စစ်ကောင်စီက အခုလို တုံ့ပြန်လိုက်တော့ အနောက်နိုင်ငံတွေဘက်ကတော့ အတော်လေး အောင့်သက်သက် ဖြစ်သွားလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့လဲ သူတို့ကလဲ အာဆီယံရဲ့ အတိုင်းအတာကို အစကတည်းက ကြိုပြီးသိထားပါတယ်။ သူတို့ရဲ့ ဖိအားပေးမှုကိုတော့ ဆက်လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ သို့သော်လဲ တခုသိထားဖို့ကတော့ ဒီအနောက်နိုင်ငံတွေ ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံပြည်သူတွေအတွက် မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် ကိုယ်ထိလက်ရောက် ပါဝင်လာမယ်၊ အင်အားသုံးမယ်ဆိုတာတော့ မျှော်လင့်လို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီနိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့ လုံခြုံရေးကိစ္စကလွဲရင် တကယ်ကို ကိုယ်ထိလက်ရောက် ပါဝင်တာ မတွေ့နိုင်ပါဘူး။ ဥပမာ အမေရိကန်ပြည်ထောင်စုဆိုရင် သူတို့နဲ့ မကင်းရာမကင်းကြောင်း ဖြစ်တဲ့ လက်တင်အမေရိက ဗင်နီဇွဲလား ကိစ္စတွေမှာတောင် ပါးစပ်နဲ့သာ ပြောတယ်၊ ကိုယ်ထိလက်ရောက် ဝင်ပြီးတော့ ဖြုတ်ချတာ၊ စစ်အင်အားသုံးတာတွေ မရှိပါဘူး။ ထိုနည်းတူစွာပဲ ယူကရိန်းမှာလည်း ဖြစ်တယ်။ အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ သူတို့ ပါးစပ်နဲ့ပြောတာ၊ ဖိအားပေးတာ၊ ဒဏ်ခတ်တာကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး။ ဆိုတော့ မြန်မာနိုင်ငံအတွက် ဒီလိုလုပ်လာလိမ့်မယ်ဆိုတာတော့ အများကြီးအလှမ်းဝေးပါတယ်။ ဒီဟာကို မျှော်လင့်လို့ မရပါဘူး။ တကယ်တမ်း ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဖို့ဆိုတာကတော့ ပြည်သူတွေကသာ လုပ်ရမယ့်ကိစ္စသာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်ပကို တင်ပို့လို့ရတယ်။ ပြည်ပက တင်သွင်းလို့ရတဲ့ ပို့ကုန် မဟုတ်ပါဘူး။ ဆိုတော့ ဒါကို ပြည်သူတွေကလည်း နားလည်သဘောပေါက်ထားဖို့ လိုမယ်လို့ ထင်ပါတယ်။ အနောက်နိုင်ငံတွေကိုတော့ သိပ်ပြီး ထင်တာထက်ပိုပြီး မျှော်လင့်လို့ မရဘူးလို့ ကျနော် ပြောချင်ပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာ့အရေး အကျပ်အတည်းက နောက်ဆုံးတော့ ဒီဘူတာက တရုတ်ကိုပဲ တိုက်တော့မယ့်သဘောများ ဆောင်နေပါသလားရှင့်။

ဖြေ ။ ။ သိပ်မှန်ပါတယ်။ အာဆီယံ ဘယ်လောက်ပဲလမ်းခင်း၊ အခြေအနေအရ သူတို့စဉ်းစားပြီးမှ လက်ခံမယ်။ ပြည်တွင်းတည်ငြိမ်မှုရမှ နိုင်ငံအမျိုးသား အကျိုးစီးပွားရို အခြေခံပြီး လက်ခံမယ်ပြောတာ မှန်တယ်။ တရုတ်က ဒီလိုပဲဆိုပြီး ပြောမှာပဲ။ တရုတ်ကတော့ အာဆီယံထက် ပိုပြီးတော့ သာတာကတော့ သူက စီးပွားရေး အကျိုးစီးပွား၊ မဟာဗျူဟာ အကျိုးစီးပွားတွေ - မြန်မာနိုင်ငံထဲမှာ အများကြီး ရှိနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံထဲကို သူ့ရဲ့အကျိုးစီးပွားတွေ မထိခိုက်အောင်လို့တော့ သူက လုပ်မှာ ဖြစ်ပါတယ်။ အာဆီယံလို အပြောလောက်နဲ့ ငြိမ်နေမှာ မဟုတ်ပါဘူး။ သူကတော့ဖြစ်အောင် ဒီကိစ္စ သူ့ရဲ့အကျိုးစီးပွားတွေ မထိခိုက်အောင်အတွက် မြန်မာနိုင်ငံ တည်ငြိမ်မှုရအောင်အတွက် သူ့နည်းနဲ့သူ ကြိုးစားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်တင်မက နိုင်ငံခြားထောက်ခံတဲ့ဘက်မှာ ပြောရရင် မြန်မာနိုင်ငံစစ်ကောင်စီကို ရုရှားကလည်း သူ့ရဲ့မဟာဗျူဟာနဲ့ စစ်ရေးအကျိုးစီးပွား လက်နက်ရောင်းဖို့အတွက် - နောက်ပြီးတော့ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရား ကမ်းခြေဘက်မှာ သူ့ရဲ့မဟာဗျူဟာစခန်း လိုချင်တာတွေ ဒီနှစ်ခုနဲ့ သူက မြန်မာစစ်ကောင်စီကို ဆက်လက်ပြီးတော့ အားပေးနေလိမ့်မယ်လို့ ယူဆရပါတယ်။ ပြင်းပြင်းထန်ထန် ရှုတ်ချလာလိမ့်မယ်လို့ ယုံကြည်နိုင်စရာအကြောင်း မရှိပါဘူး။

မေး ။ ။ အခုန အန်ကယ်ပြောသွားတဲ့ တခုကို ပြန်ကောက်ချင်ပါတယ်ရှင့်။ အဲဒါကတော့ ဒီမိုကရေစီဆိုတာက ပြည်ပကနေ တင်ပို့လို့မရဘူး။ ပြည်တွင်းမှာ နေပြီးတော့ ပြည်ပကနေလည်း တင်သွင်းလို့ မရဘူးဆိုပြီးတော့ အန်ကယ် ပြောသွားပါတယ်။ ဆိုတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုတွေက ဘယ်လောက်အထိ ခရီးရောက်လာမလဲရှင့်။ အချိန်များ ယူရအုံးမလားရှင့်။

ဖြေ ။ ။ ဒီမေးခွန်းကို ဖြေရတာ လူတချို့က ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာ ပြည်ပက တင်သွင်းလို့ မရသလို၊ ပြည်ပကနေ မှာယူလို့ မရသလို။ ပြည်တွင်းမှာလည်း အခုတွင်းတူး အခုရေထွက်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ဒါကလဲ အချိန်ယူတည်ဆောက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ပြည်သူတွေ ကြိုးပမ်းမှုဟာ မကြာခဏ နောက်ပြန်ဆုတ်သွားတာ အများကြီးပါပဲ။ လွတ်လပ်ရေးရပြီးတော့ ဒီမိုကရေစီလမ်းစဉ်ကို ချမှတ်ပေးခဲ့တယ်။ ဒါပေမဲ့လဲ (၁၀) နှစ်လောက်အကြာမှာပဲ နောက်ပြန်ဆုတ်သွားတယ်။ စစ်အာဏာသိမ်းပြီးတော့ တခါပြန်တက်လာတယ်။ တခါနောက်ပြန်ဆုတ်သွားတယ်။ အဲဒီလိုပဲ အတက်အကျ အများကြီး ရှိပါတယ်။ ဒီတကြိမ်မှာတော့ အတော်လေး ပြင်းထန်တဲ့ Backward steps နောက်ပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။ ဟိုတုန်းက One step forward two step back ဆိုပြီးတော့ ရှေ့ကို တလှမ်းတိုးဖို့ နောက်ကိုတလှမ်း ပြန်ဆုတ်ရတယ်ဆိုတာ။ အခု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး ကြည့်ရတာကတော့ ရှေ့တလှမ်းတိုးဖို့အရေးကို နောက်နှစ်လမ်းသုံးလမ်း ဆက်တိုက်ကြီး ဆုတ်နေရသလို ဖြစ်နေပါတယ်။ ဆိုတော့ ပြည်သူတွေကတော့ ယုံကြည်မှုကတော့ မလျှော့ကြဘူး။ ဆိုတော့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဒီမိုကရေစီအရေး ယုံကြည်မှုကလဲ ဒါက Generation အလိုက် ဆက်ပြီးတော့ ဒီဟာကတော့ ရှိနေမှာပါ။ တကြိမ်ကြိမ်မှာတော့ ဖြစ်လာလိမ့်ပါမယ်။ သို့သော် လောလောဆယ် လက်တွေ့မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဦးတည်တဲ့ ခရီးကို ပြန်လည်တည့်မတ်အောင် လုပ်ဖို့တောင် အတော်လေး ခဲရာခဲဆစ် လုပ်ရလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ထဲမှာဆိုရင် တော်တော်လေး ပေါ့ပေါ့လျော့လျော့ ထုတ်ထားတယ်ဆိုပြီးတော့ တော်တော်များများက ဝေဖန်ကြပါတယ်။ ဖမ်းထားတဲ့ လူတွေ ပြန်လွှတ်ရေး မပါဘူး။ နောက်ပြီးတော့ ဘယ်လိုအကောင်အထည် ဖော်မလဲ။ အချိန်ကာလ သတ်မှတ်ချက်လဲ မပါဘူးဆိုပြီးတော့ သုံးသပ်သူတွေ၊ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေဘက်က ဝေဖန်ကြပါတယ်။ ဆိုတော့ စစ်ကောင်စီဘက်ကလဲ အာဆီယံအစည်းအဝေး သွားတက်တဲ့ ဧပြီလ (၂၄) ရက်နေ့ကတည်းက ဒီ အာဆီယံ ဘုံသဘောတူညီချက်က ထွက်ခဲ့တာပါ။ သူတို့က သူတို့သဘောထား ထုတ်ဖို့ရာအတွက် (၂၆) ရက်နေ့မှာ ထုတ်တာပေါ့။ ဆိုတဲ့အခါကြတော့ ဘာဖြစ်လို့ အချိန်ယူပြီးတော့မှ သဘောထား ထုတ်ပြန်ရတာပါလဲရှင့်။ အရပ်စကားနဲ့ ပြောရရင်တော့ သူတို့ဘက်ကလဲ စေ့စပ်ဆွေးနွေးရေးကို ဈေးကိုင်ချင်တဲ့သဘောများ ဖြစ်နေပါသလားရှင့်။

ဖြေ ။ ။ အဲဒါလဲ ဖြစ်နိုင်ပါတယ်။ နောက် စဉ်းစားမိတာ တခုကတော့ စစ်ကောင်စီရဲ့ နောက်ကွယ်မှာ ကြိုးကိုင်တဲ့လူ ရှိနေသလား။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူတယောက်တည်းနဲ့ ဆုံးဖြတ်ပိုင်ခွင့် ရှိသလား။ မဆုံးဖြတ်ရဲလို့လား စသည်ဖြင့်။ အဲဒီမှာ ဒီကိစ္စကို ပြောမယ်ဆိုရင် အာဆီယံထိပ်သီးတွေနဲ့ တွေ့ကတည်းက ခေါင်းဆောင်တွေနဲ့ တွေ့ကတည်းက ပြောခဲ့လို့ရသာပဲ။ ခင်များတို့ ပြောတာကို ကျနော် စဉ်းစားပါမယ်။ ကျနော်တို့တိုင်းပြည်မှာ ပြည်တွင်းအခြေအနေ ဘယ်လောက်ငြိမ်သက်မှု ရှိတယ်ဆိုတာကို စဉ်းစားပြီးမှ လက်ခံနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်ဆိုပြီး သူပြောခဲ့လို့ရတဲ့ ကိစ္စပါ။ ဒါပေမဲ့ အဲဒီမှာ မပြောခဲ့ဘဲနဲ့ ပြန်လာတယ်၊ အချိန်ယူတယ်ဆိုတော့ သူဟာ တခြားသူ့နောက်ကွယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သြဇာကို ခံယူရလေသလား။ သို့တည်းမဟုတ် သူ့ရဲ့ကောင်စီဝင်တွေနဲ့ ညှိနှိုင်းပြီးမှ ဒီလိုထုတ်ပြန်သလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ။ နောက်တခုက အမျိုးသားညီညွှတ်ရေးအစိုးရ NUG တို့ဘက်က ဒီအပေါ်မှာ သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အတော်လေး ဝေဖန်ထားပါတယ်။ အာဆီယံသဘောတူညီချက်အပေါ်မှာ။ ဒါပေမဲ့ သူတို့ရဲ့ ဒေါက်တာဆာဆာကတော့ အာဆီယံသဘောတူညီချက် မထွက်ခင်လေးမှာပဲ အာဆီယံဘက်က ထုတ်ပြန်တဲ့ဟာတွေကို ကြိုဆိုတယ်ဆိုတဲ့ သဘောမျိုးလည်း ထုတ်ထားပါတယ်။ ဆိုတော့ ဒီဘက်ကရော အခုလို အခြေအနေမှာ ဘာဆက်လုပ်လို့ ရနိုင်ပါသလဲ။

ဖြေ ။ ။ NUG ဘက်က ဒေါက်တာဆာဆာ၊ ဒေါ်ဇင်မာအောင်တို့ ပြောတာ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ထဲမှာ ရှုတ်ချစရာလည်းပါတယ်။ အဲဒါကို သူတို့ရှုတ်ချတယ်။ ကြိုဆိုသင့်တဲ့အချက်လည်း ပါတယ်။ အဲဒါကို သူတို့ကြိုဆိုတယ်။ ဒါက ရှင်းနေတာပဲ။ မှန်ပါတယ် သူတို့ ပြောတာတွေက။ နောက်ဆုံး ဒီပြဿနာတွေကို ဖြေရှင်းဖို့ကတော့ စေ့စပ်ဆွေးနွေးပြီးတော့သာ ဖြေရှင်းရမယ်ဆိုတာ ဒေါ်ဇင်မာအောင် ကိုယ်တိုင်လည်း အင်မတန်မှန်ကန်စွာ ထောက်ပြထားပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် ဝေဖန်စရာ ဘာမှမရှိပါဘူး။ တကယ်တမ်း တန်းတူစေ့စပ်ဆွေးနွေးခွင့် ရမယ်ဆိုရင်တော့ သူတို့ဘက်ကလဲ ဒါကို တုန့်နှေးနေလိမ့်မယ် မဟုတ်ပါဘူး။ ဒါကို သူတို့ ကြိုဆိုနေလိမ့်မယ် ဖြစ်ပါတယ်။ လောလောဆယ်မှာ ကျနော် ပြောခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်တက်ခွင့်ရဖို့ အရေးသာသည် စေ့စပ်ညှိနှိုင်းမှသာ ရနိုင်မယ့်ကိစ္စလို့ ကျနော်ထင်ပါတယ်။

XS
SM
MD
LG