သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေရွ ႔ေရးဘယ္လိုလဲ


Anti-coup protesters raise decorated Easter eggs along with the three-fingered symbols of resistance during a protest against the military coup on Easter Sunday, April 4, 2021, in Yangon, Myanmar. (AP Photo)
ျမန္မာ့ေရွ႕ေရး ဘယ္လိုလဲ
please wait

No media source currently available

0:00 0:11:26 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈဟာ တပ္မေတာ္ရဲ႕ ဂုဏ္သတင္း ညႇိဳးႏြမ္းသြားေစတဲ့ လုပ္ရပ္ျဖစ္တယ္၊ အာဏာသိမ္းမႈေၾကာင့္ ႀကဳံေတြ႔ေနရတဲ့ စိတ္ပ်က္ဖြယ္ အေျခအေနက ေလာေလာဆယ္ ထြက္ေပါက္မျမင္ဘူးလို႔ Georgetown တကၠသိုလ္က ျမန္မာ့အေရးကြၽမ္းက်င္သူ ဂုဏ္ထူးေဆာင္ပါေမာကၡ David Steinberg သုံးသပ္ပါတယ္။ ပါေမာကၡ Steinberg နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဆရာႀကီးခင္မ်ား … အခု ျမန္မာႏိုင္ငံအေျခအေနကို ၾကည့္ၿပီးေတာ့ တခ်ဳိ ႔က ျမန္မာႏိုင္ငံဟာ ျပည္တြင္းစစ္ ျဖစ္လု႔ဆဲဆဲ ျဖစ္ေနတယ္လို႔ ဆိုၾကပါတယ္။ က်ေနာ္ထင္တာေတာ့ ျပည္တြင္းစစ္ဟာ ျမန္မာႏိုင္ငံမွာ လြတ္လပ္ေရးရၿပီးကတည္းက ရိွလာခဲ့တယ္လို႔ ထင္တာပဲ။ တခ်ဳိ ႔ကလဲ ဒါက Failed State က်ရွံဳးႏိုင္ငံ ျဖစ္ေတာ့မယ္လို႔ သံုးသပ္ေနၾကပါတယ္။ ဆရာႀကီးအေနနဲ႔ အခုလက္ရိွ ျမန္မာႏိုင္ငံ အေျခအေနကို ဘယ္လို သံုးသပ္လိုပါသလဲ။

ေျဖ ။ ။ လြတ္လပ္ေရးရၿပီးကတည္းက ျပည္တြင္းစစ္ေတြ အမ်ားႀကီး ရိွခဲ့တာပါ။ ခင္မ်ား ေျပာတာ မွန္ပါတယ္။ Failed State က်ရွံဳးႏုိင္ငံဆိုတာ တကယ္ဘာကို ဆိုလိုတာလဲ။ က်ရွံဳးႏုိင္ငံဆိုတာ အစိုးရတရပ္ မရပ္တည္ႏိုင္ေတာ့တာ။ ဗဟိုမွာ အာဏာ မရိွေတာ့တာ။ ျမန္မာႏိုင္ငံက ဒီလိုမဟုတ္ပါဘူး။ စီးပြားေရးအရ က်ရွံဳးႏုိင္တယ္။ လူမႈေရးရ က်ရွံဳးႏိုင္တယ္။ ႏိုင္ငံေရးအရလည္း က်ရွံဳးႏိုင္တယ္။ ဒါေပမဲ့ တပ္မေတာ္က အင္အားေကာင္းေနဆဲပါ။ ဆိုေတာ့ Failed State က်ရွံုးႏိုင္ငံ အသံုးအႏႈန္းက မလႊမ္းၿခံဳမိဘူး ျဖစ္ေနပါတယ္။ အခု ျမန္မာႏိုင္ငံဟာ လြန္စြာအေျခအေန ဆိုးေနပါတယ္။ ဒီျပႆနာအတြက္ အေျဖလြယ္လြယ္ကူကူ ေတြ႔မယ္လို႔ေတာ့ က်ေနာ္ မထင္ပါဘူး။

ေမး ။ ။ ဒါေပမဲ့ အခု ဆႏၵျပသူေတြ၊ စစ္အာဏာသိမ္းတဲ့ လူေတြဘက္ကၾကည့္ရင္ သူတုိ႔ဟာ မႀကံဳစဖူး စည္းလံုးညီညႊတ္ေနတာကို ေတြ႔ရတယ္။ ဘာသာေပါင္းစံု၊ တုိင္းရင္းသားလူမ်ဳိးေပါင္းစံု၊ အလႊာေပါင္းစံု၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြကလည္း တေပါင္းတစည္းထဲ ျဖစ္ေနတာကို ေတြ႔ရပါတယ္။ ဒီဟာေတြရဲ ႔ ေနာက္ကြယ္မွာ။ ဆိုေတာ့ ေရွ ႔ဆက္ၿပီးေတာ့ ဘာေတြလုပ္ႏိုင္မယ္ ထင္ပါသလဲ။ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ၿပီးေတာ့ ဒီမိုကေရစီ လိုလားတဲ့ ျပည္သူေတြဘက္က။

ေျဖ ။ ။ သူတုိ႔လုပ္ႏိုင္တာ အမ်ားႀကီးရိွလိမ့္မယ္လို႔ က်ေနာ္ ေသခ်ာမသိပါဘူး။ ျပည္ပက ကိုယ္ထိလက္ေရာက္ ဝင္ေရာက္စြက္ဖက္တာမ်ဳိးလဲ တစံုတရာ ရိွလာမွာ မဟုတ္ပါဘူး။ အဲဒီလိုလုပ္မယ့္ ႏိုင္ငံလဲ မေတြ႔မိပါဘူး။ ျပႆနာက စစ္တပ္က လက္ရိွကာလ ျမန္မာ့လူအဖြဲ႔အစည္းအေပၚ လံုးဝဥႆံု နားလည္မႈ လြဲေနပါတယ္။ အေျခအေနက ၁၉၈၈ နဲ႔ လံုးဝကြဲလြဲသြားခဲ့ပါၿပီ။ အခုအခါ လူေတြက တေယာက္နဲ႔တေယာက္ အဆက္အသြယ္ေတြ ရိွေနၾကပါတယ္။ ၁၉၈၈ တုန္းက မရိွခဲ့တဲ့ ေခတ္သစ္နည္းပညာေတြကတဆင့္ အဆက္အသြယ္ေတြ ရေနၾကတာပါ။ ဒါေၾကာင့္ ျပႆနာတရပ္ ျဖစ္လာရင္ ျပႆနာက ပိုဆိုးဖို႔ပဲ ရိွပါတယ္။ ဒါကို စစ္တပ္က မကိုင္တြယ္ႏိုင္ပါဘူး။ တဘက္မွာလဲ ျပည္သူလူထုက စစ္တပ္ကို ေအာင္ျမင္ႏိုင္မွာ မဟုတ္ပါဘူး။ သိပ္ဝမ္းနည္းစရာေကာင္းတဲ့ အေျခအေနေတြပါ။

ေမး ။ ။ ဒီေနရာမွာ အာဏာသိမ္းတဲ့အေၾကာင္းကိုလဲ နည္းနည္းသံုးသပ္ေစခ်င္ပါတယ္။ တခ်ဳိ ႔က ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က သူကို ျပည္သူလူထု ေတာ္ေတာ္ေလး ေထာက္ခံေနၾကၿပီ၊ သူ႔ဘက္က ေထာက္ခံတဲ့လူ အမ်ားစု ရိွလိမ့္မယ္လို႔ ႀကိဳတြက္ခဲ့ဟန္ တူတယ္လို႔ သံုးသပ္ၾကပါတယ္။ ဆရာႀကီး ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ စစ္တပ္ဆိုတဲ့ အေဆာက္အအံုတခုလံုးအေနနဲ႔ ေျပာရမယ္ဆိုရင္ အာဏာသိမ္းတယ္ဆုိတာ လိုအပ္တဲ့ကိစၥပါ။ NLD က ေရြးေကာက္ပြဲမွာ ႀကီးႀကီးမားမား ႏုိင္သည့္တိုင္ေအာင္ စစ္တပ္ရဲ ႔ အေနအထားကို မေျပာင္းလဲႏိုင္ပါဘူး။ စစ္တပ္ရဲ ႔ သီးျခားရပ္တည္မႈဟာ ဖြဲ႔စည္းပံုမွာ ျပဌာန္းၿပီးသာပါ။ ဆိုေတာ့ အာဏာသိမ္းတယ္ဆိုတာ စစ္တပ္အေဆာက္အအံုဆိုင္ရာ ျပႆနာေၾကာင့္ မဟုတ္ပါဘူး။ အာဏာသိမ္းမႈ ျပႆနာ ႏွစ္ရပ္ ရိွပါတယ္။ တစ္ခုက ဘက္ေပါင္းစံု ေခါင္းေဆာင္ေတြရဲ ႔ Arrogance ေမာက္မာမႈ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈ္င္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ဟာ တစ္ေယာက္ကိုတစ္ေယာက္ မႏွစ္ၿမိဳ ႔ၾကပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္လည္း စကားမေျပာၾကဘူး။ ဘာကိုမွ အေလွ်ာ့အတင္းလုပ္ ညိွႏိႈင္းတာမ်ဳိးလည္း မရိွပါဘူး။ အဲဒါက ျပႆနာရဲ ႔ တစိတ္တပိုင္းပါ။ ဒုတိယျပႆနာကေတာ့ စစ္တပ္ဟာ ဒီေရြးေကက္ပြဲမွာ အႀကီးအက်ယ္ အရွက္ရသြားခဲ့လို႔ပါ။

ေမး ။ ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာဖိအားေတြကေတာ့ အမ်ားႀကီးလာေနပါတယ္။ အထူးသျဖင့္ အေနာက္ႏိုင္ငံေတြဆီက ဖိအားေတြ အမ်ားႀကီးလာေနပါတယ္။ ဒါေပမဲ့လဲ တရုတ္၊ ရုရွားတုိ႔ကေတာ့ အဲဒီအထဲ မပါဘူး။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ တရုတ္ဟာ သူတုိ႔ရဲ ႔ အက်ဳိးစီးပြားအတြက္ ျမန္မာႏုိင္ငံအတြင္းမွာ တည္ၿငိမ္မႈ ရိွေစခ်င္ပါတယ္။ ဘယ္အစိုးရတက္တက္ တည္ၿငိမ္မႈ ရိွေနရင္ သူတို႔လက္ခံမွာပဲ။ အေမရိကန္ကေတာ့ ဒဏ္ခတ္အေရးယူမႈ လုပ္ပါလိမ့္မယ္။ ဆက္ၿပီးေတာ့လဲ လုပ္ႏုိင္ပါတယ္။ ကြန္ဂရက္လႊတ္ေတာ္ကဆုိရင္ အထူးစိတ္ပ်က္ေနတာပါ။ ဥေရာပ သမဂၢကလည္း အလားတူပါပဲ။ ဂ်ပန္၊ တရုတ္၊ အိႏိၵယတို႔ကေတာ့ အေျခအေန ဘယ္ေလာက္ဆုိးဝါးေနတာနဲ႔ ပတ္သက္ၿပီး က်ယ္က်ယ္ေလာင္ေလာင္ ေျပာၾကပါလိမ့္မယ္။ ဒါေပမဲ့ သူတို႔ဟာ ဘယ္အစိုးရတက္တက္ အထီးက်န္ျဖစ္ေအာင္ေတာ့ လုပ္မွာမဟုတ္ပါဘူး။ အာဆီယံကေတာ့ စေနေန႔မွာ အစည္းအေဝးလုပ္မယ္လို႔ ဆုိပါတယ္။ ေစာင့္ၾကည့္ရအံုးမွာေပါ့။ ဒါေပမဲ့ က်ေနာ္ကေတာ့ ဘာမွေမွ်ာ္လင့္မထားပါဘူး။ ဆိုေတာ့ ႏုိင္ငံတကာ အလားအလာကလဲ သိပ္စိတ္ပ်က္စရာ ေကာင္းပါတယ္။

ေမး ။ ။ ဆိုေတာ့ တရုတ္မပါရင္ ႏုိင္ငံတကာရဲ ႔ အခန္းက႑ကလဲ ဘယ္လိုမွ မထိေရာက္ဘူးဆိုတဲ့ သေဘာေပါ့။ ႏိုင္ငံတကာက ဒီကိစၥမွာ လမ္းပိတ္ေနၿပီေပါ့။

ေျဖ ။ ။ အရင္အစိုးရလက္ထက္က ဝန္ႀကီးေဟာင္းတစ္ေယာက္ေျပာတာ က်ေနာ္ ၾကားခဲ့ဖူးပါတယ္။ က်ဳပ္တုိ႔ ဂရုမစိုက္ပါဘူး။ ခင္မ်ားတုိ႔ sanction လုပ္ႏုိင္ပါတယ္။ က်ဳပ္တို႔မွာ ဆန္အလံုအေလာက္ ရိွပါတယ္။ ခင္မ်ားတို႔ မပါလဲ က်ဳပ္တို႔က ဆက္လက္ရပ္တည္ႏုိင္ပါတယ္လို႔ ဆိုပါတယ္။ ဒါဟာ အဲဒီတုန္းက ဝန္ႀကီးကိုယ္တိုင္ က်ေနာ့္ကို ေျပာခဲ့တာပါ။ ဒါေပမဲ့ ဒါဟာ မမွန္ေတာ့ပါဘူး။ မင္းတို႔မွာ ဆန္ရိွတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ ဒီေလာက္နဲ႔ သီးျခားရပ္တည္လို႔ေတာ့ မရေတာ့ပါဘူး။ ကမာၻႀကီးက ေျပာင္းလဲခဲ့ပါၿပီ။ ကုန္သြယ္ေရးဟာ အေရးႀကီးပါတယ္။ ရင္းႏီွးျမဳပ္ႏွံမႈလည္း အေရးႀကီးပါတယ္။ ႏိုင္ငံတကာ စီးပြားေရးလည္း အေရးႀကီးပါတယ္။ အဲဒါအျပင္ တပ္မေတာ္ရဲ ႔ ဂုဏ္သတင္းကလည္း အေရးႀကီးပါတယ္။ က်ေနာ္သာ မင္းေအာင္လိႈ္င္နဲ႔ ေတြ႔ခြင့္ရလို႔ ဘာေျပာမလဲ၊ ဘာအႀကံေပးမလဲလို႔ ေမးလာရင္ ခင္မ်ားဟာ တပ္မေတာ္ရဲ ႔ ဂုဏ္သတင္းကို ဖ်က္ဆီးပစ္လိုက္သူလို႔ ေျပာခ်င္ပါတယ္။ ႏိုင္ငံတကာက်င့္ဝတ္ေတြ ဘာေတြေတာ့ မေျပာလိုပါဘူး။ ခင္မ်ား ဖ်က္ဆီးလိုက္တဲ့ တပ္မေတာ္ရဲ ႔ ဂုဏ္သိကၡာကို ျပန္လည္အဖက္ဆယ္ႏုိင္ဖို႔ဆုိရင္ အနည္းဆံုးေတာ့ မ်ဳိးဆက္တဆက္ေလာက္ေတာ့ အခ်ိန္ယူ ႀကိဳးပမ္းရလိမ့္အံုးမယ္လို႔ သူကိုေျပာခ်င္တာပါ။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ မ်ဳိးဆက္သစ္လူငယ္ေတြရဲ ႔ အခန္းက႑လည္း သိပ္အေရးႀကီးမယ္လို႔ ထင္ပါတယ္။ ဒီစစ္အာဏာသိမ္းမႈကို ပထမဦးဆံုး လမ္းထြက္ၿပီးေတာ့ ဆန္႔က်င္ၾကတာလဲ Generation Z လို႔ေခၚတဲ့ မ်ဳိးဆက္သစ္လူငယ္ေတြ ျဖစ္ပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ မ်ဳိးဆက္သစ္ေတြ ေခါင္းေဆာင္တဲ့ ႏုိင္ငံေရးအခန္းက႑သစ္တရပ္ စတင္လာႏိုင္တဲ့ အေျခအေန ရိွပါသလား။

ေျဖ ။ ။ မွန္ပါတယ္။ သူတုိ႔ဟာ သိပ္ကို အေရးႀကီးပါတယ္။ အေၾကာင္းေတြ အမ်ားႀကီး ရိွပါတယ္။ နံပတ္တစ္က သူတုိ႔ဟာ ပိုမိုပြင့္လင္းတဲ့ လူ႔အဖြဲ႔အစည္းနဲ႔ ထိေတြ႔လာၾကပါတယ္။ လံုးဝဥႆံုပြင့္လင္းတာ မဟုတ္ေပမယ့္၊ အရင္ႏွစ္ (၅၀) ထက္စာရင္ ပိုၿပီးပြင့္လင္းတဲ့ လူ႔အဖြဲ႔အစည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒါဟာ အေရးႀကီးပါတယ္။ နံပတ္ႏွစ္က သူတုိ႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အသြယ္၊ အခ်ိတ္အဆက္ ရိွေနၾကပါတယ္။ နံပတ္သံုးကေတာ့ ကမာၻနဲ႔ အဆက္အသြယ္၊ ထိေတြ႔မႈ ရိွေနၾကတာပါ။ နံပတ္ေလးက သူတုိိ႔မွာ ဆံုးရွံဳးစြန္႔လႊတ္ရမယ့္ဟာ သိပ္မရိွပါဘူး။ ဒီ Generation Z လို႔ေခၚတဲ့ ကမာၻတလႊာက လူငယ္ေတြအားလံုးပါပဲ။ ဒီလို ဆံုးရွံုးစရာ မရိွလို႔လဲ သူတုိ႔ဟာ ေတာ္လွန္ေရး လုပ္ရဲေနၾကတာပါ။ ဒါေတြအားလံုးကိုၾကည့္ရင္ စစ္တပ္ဟာ အေျခအေနေတြကို တြက္ခ်က္မႈ အလြန္႔အလြန္ကိုပဲ လြဲမွားခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒီလို မွားယြင္းတြက္ခ်က္ခဲ့လို႔ နစ္နာရတဲ့လူေတြကေတာ့ ျမန္မာျပည္သူေတြပဲ ျဖစ္ပါတယ္။ က်ေနာ္လဲ အထူးစိတ္မေကာင္းပါဘူး။

ေမး ။ ။ ဒီတႀကိမ္ ႏုိင္ငံေရးလိႈင္းဂယက္ထဲမွာ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရးဆိုတဲ့ ေၾကြးေၾကာ္သံကိုလည္း အေတာ္ေလး က်ယ္က်ယ္ေလာင္ေလာင္ ၾကားေနရပါတယ္။ CRPH အပါအဝင္ တုိင္းရင္းသားေတႊအားလံုး၊ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြ၊ ေနာက္ မ်ဳိးဆက္သစ္လူငယ္ေတြ အကုန္လံုး ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရးကို ေျပာလာၾကပါတယ္။ ယုတ္စြအဆံုး တပ္မေတာ္ဘက္ကေတာင္မွ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းေရးကို အေၾကာင္းျပေနတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ ဖယ္ဒရယ္ျပည္ေထာင္စုတရပ္ ေပၚေပါက္လာမယ့္ အိပ္မက္ဟာ အေကာင္အထည္ ေပၚလာၿပီလို႔ ယူဆလို႔ ရၿပီလား။

ေျဖ ။ ။ ဖယ္ဒရယ္ပံုစံတမ်ဳိးမ်ဳိး လုိအပ္ေနၿပီ က်င့္သံုးခဲ့သင့္တာဟာ ႏွစ္ေပါင္းဒါဇင္နဲ႔ခ်ီကတည္းပါ။ ဒါသည္သာလွ်င္ လူ႔အဖြဲ႔အစည္းထဲက လူတိုင္း။ ယဥ္ေက်းမႈအားလံုး မတူကြဲျပားသူအားလံုးရဲ ႔ သေဘာထားဆႏၵကို ကိုယ္စားျပဳႏိုင္တဲ့ တရားမွ်တေသာစနစ္ ျဖစ္ပါတယ္။ ဆုိေတာ့ ဖယ္ဒရယ္စနစ္ဆုိတာ သေဘာတရားအရ ေကာင္းမြန္တဲ့စနစ္ပါ။ ဒါေပမဲ့ ဒီအတြက္ အရင္တုန္းက အားထုတ္မႈတခ်ဳိ ႔ ရိွခဲ့ဖူးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ အခု ေအာင္ျမင္မလားဆိုတာ က်ေနာ္ မေျပာႏိုင္ေသးပါဘူး။ ဦးသိန္းစိန္အစိုးရလက္ထက္ ဝန္ႀကီးဦးေအာင္မင္းကလဲ သူတို႔ဟာ ဖယ္ဒရယ္စနစ္ကို ႀကိဳက္တယ္လို႔ က်ေနာ့္ကို ေျပာဖူးပါတယ္။ ခက္တာက တုိင္းရင္းသားေတြဘက္ကလဲ ဘယ္လိုဖယ္ဒရယ္မ်ဳိးလဲဆိုတာ တူညီတဲ့သေဘာထား မရိွခဲ့ပါဘူး။ အခုေတာ့ ရရိွေကာင္း ရရိွလာႏိုင္ပါတယ္။ အေျခအေနေတြက အရင္နဲ႔ မတူေတာ့ပါဘူး။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္္တဲ့ ေမးခြန္းကေတာ့ မၾကာမီကာလအတြင္းမွာ ျဖစ္လာႏုိင္တဲ့ အေျခအေန ျဖစ္ပါတယ္။ အခုဟာ ေတာ္ေတာ္ေလး ႏုိင္ငံဟာ မတည္မၿငိမ္ မေရမရာ ျဖစ္ေနတဲ့ အေျခအေနလို႔ ေျပာရင္ မွားမယ္မဟုတ္ပါဘူး။ ဒီလိုအေျခအေနကေန ပံုမွန္ျပန္ျဖစ္လာမယ့္ အလားအလာကို ဘယ္လိုျမင္ပါသလဲ။ ေဝးေဝးလံလံမွာေတာ့ ႏုိင္ငံေရးပံုစံတမ်ဳိးမ်ဳိး ျဖစ္ေကာင္းျဖစ္လာႏိုင္မွာေပါ့။

ေျဖ ။ ။ ပံုမွန္အေျခအေနကို ျပန္သြားလိမ့္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒါက ျပႆနာပါ။ အာဏာမသိမ္းခင္ အေျခအေနကို ျပန္သြားမယ္လို႔လဲ က်ေနာ္ မျမင္မိပါဘူး။ ေျပလည္မႈ ရရိွဖို႔လဲ မျမင္ပါဘူး။ ဘယ္ဘက္ကမွ အေပးအယူလုပ္ ညိွႏိႈင္းဖို႔ ဆႏၵရိွတာကို မေတြ႔ရပါဘူး။ ေစ့စပ္ညိွႏိႈင္းတဲ့အခါ ခင္မ်ားက တစံုတရာ ရယူဖို႔အတြက္ တစံုတခု ေပးအပ္ဖုိ႔ေတာ့ လုိပါတယ္။ အခုအခ်ိန္အထိေတာ့ ဘယ္သူကမွ Compromise လုပ္ဖို႔ဆႏၵ မရိွၾကပါဘူး။ ဒါေၾကာင့္ မၾကာခင္ကာလတုိအတြင္းမွာ အထူးစိတ္ညစ္စရာေတြ ျဖစ္လာပါမယ္။ အေျခအေနေတြက လံုးဝအားရစရာ မရိွပါဘူး။


==Unicode==

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာ တပ်မတော်ရဲ့ ဂုဏ်သတင်း ညှိုးနွမ်းသွားစေတဲ့ လုပ်ရပ်ဖြစ်တယ်၊ အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေရတဲ့ စိတ်ပျက်ဖွယ် အခြေအနေက လောလောဆယ် ထွက်ပေါက်မမြင်ဘူးလို့ Georgetown တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg သုံးသပ်ပါတယ်။ ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာကြီးခင်များ … အခု မြန်မာနိုင်ငံအခြေအနေကို ကြည့်ပြီးတော့ တချို့က မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်လု့ဆဲဆဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ကျနော်ထင်တာတော့ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ရှိလာခဲ့တယ်လို့ ထင်တာပဲ။ တချို့ကလဲ ဒါက Failed State ကျရှုံးနိုင်ငံ ဖြစ်တော့မယ်လို့ သုံးသပ်နေကြပါတယ်။ ဆရာကြီးအနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ဘယ်လို သုံးသပ်လိုပါသလဲ။

ဖြေ ။ ။ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်တွေ အများကြီး ရှိခဲ့တာပါ။ ခင်များ ပြောတာ မှန်ပါတယ်။ Failed State ကျရှုံးနိုင်ငံဆိုတာ တကယ်ဘာကို ဆိုလိုတာလဲ။ ကျရှုံးနိုင်ငံဆိုတာ အစိုးရတရပ် မရပ်တည်နိုင်တော့တာ။ ဗဟိုမှာ အာဏာ မရှိတော့တာ။ မြန်မာနိုင်ငံက ဒီလိုမဟုတ်ပါဘူး။ စီးပွားရေးအရ ကျရှုံးနိုင်တယ်။ လူမှုရေးရ ကျရှုံးနိုင်တယ်။ နိုင်ငံရေးအရလည်း ကျရှုံးနိုင်တယ်။ ဒါပေမဲ့ တပ်မတော်က အင်အားကောင်းနေဆဲပါ။ ဆိုတော့ Failed State ကျရှုံးနိုင်ငံ အသုံးအနှုန်းက မလွှမ်းခြုံမိဘူး ဖြစ်နေပါတယ်။ အခု မြန်မာနိုင်ငံဟာ လွန်စွာအခြေအနေ ဆိုးနေပါတယ်။ ဒီပြဿနာအတွက် အဖြေလွယ်လွယ်ကူကူ တွေ့မယ်လို့တော့ ကျနော် မထင်ပါဘူး။

မေး ။ ။ ဒါပေမဲ့ အခု ဆန္ဒပြသူတွေ၊ စစ်အာဏာသိမ်းတဲ့ လူတွေဘက်ကကြည့်ရင် သူတို့ဟာ မကြုံစဖူး စည်းလုံးညီညွှတ်နေတာကို တွေ့ရတယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တပေါင်းတစည်းထဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီဟာတွေရဲ့ နောက်ကွယ်မှာ။ ဆိုတော့ ရှေ့ဆက်ပြီးတော့ ဘာတွေလုပ်နိုင်မယ် ထင်ပါသလဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီးတော့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေဘက်က။

ဖြေ ။ ။ သူတို့လုပ်နိုင်တာ အများကြီးရှိလိမ့်မယ်လို့ ကျနော် သေချာမသိပါဘူး။ ပြည်ပက ကိုယ်ထိလက်ရောက် ဝင်ရောက်စွက်ဖက်တာမျိုးလဲ တစုံတရာ ရှိလာမှာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်မယ့် နိုင်ငံလဲ မတွေ့မိပါဘူး။ ပြဿနာက စစ်တပ်က လက်ရှိကာလ မြန်မာ့လူအဖွဲ့အစည်းအပေါ် လုံးဝဥဿုံ နားလည်မှု လွဲနေပါတယ်။ အခြေအနေက ၁၉၈၈ နဲ့ လုံးဝကွဲလွဲသွားခဲ့ပါပြီ။ အခုအခါ လူတွေက တယောက်နဲ့တယောက် အဆက်အသွယ်တွေ ရှိနေကြပါတယ်။ ၁၉၈၈ တုန်းက မရှိခဲ့တဲ့ ခေတ်သစ်နည်းပညာတွေကတဆင့် အဆက်အသွယ်တွေ ရနေကြတာပါ။ ဒါကြောင့် ပြဿနာတရပ် ဖြစ်လာရင် ပြဿနာက ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဒါကို စစ်တပ်က မကိုင်တွယ်နိုင်ပါဘူး။ တဘက်မှာလဲ ပြည်သူလူထုက စစ်တပ်ကို အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ သိပ်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေပါ။

မေး ။ ။ ဒီနေရာမှာ အာဏာသိမ်းတဲ့အကြောင်းကိုလဲ နည်းနည်းသုံးသပ်စေချင်ပါတယ်။ တချို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကို ပြည်သူလူထု တော်တော်လေး ထောက်ခံနေကြပြီ၊ သူ့ဘက်က ထောက်ခံတဲ့လူ အများစု ရှိလိမ့်မယ်လို့ ကြိုတွက်ခဲ့ဟန် တူတယ်လို့ သုံးသပ်ကြပါတယ်။ ဆရာကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ စစ်တပ်ဆိုတဲ့ အဆောက်အအုံတခုလုံးအနေနဲ့ ပြောရမယ်ဆိုရင် အာဏာသိမ်းတယ်ဆိုတာ လိုအပ်တဲ့ကိစ္စပါ။ NLD က ရွေးကောက်ပွဲမှာ ကြီးကြီးမားမား နိုင်သည့်တိုင်အောင် စစ်တပ်ရဲ့ အနေအထားကို မပြောင်းလဲနိုင်ပါဘူး။ စစ်တပ်ရဲ့ သီးခြားရပ်တည်မှုဟာ ဖွဲ့စည်းပုံမှာ ပြဌာန်းပြီးသာပါ။ ဆိုတော့ အာဏာသိမ်းတယ်ဆိုတာ စစ်တပ်အဆောက်အအုံဆိုင်ရာ ပြဿနာကြောင့် မဟုတ်ပါဘူး။ အာဏာသိမ်းမှု ပြဿနာ နှစ်ရပ် ရှိပါတယ်။ တစ်ခုက ဘက်ပေါင်းစုံ ခေါင်းဆောင်တွေရဲ့ Arrogance မောက်မာမှု ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ယောက်ကိုတစ်ယောက် မနှစ်မြို့ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း စကားမပြောကြဘူး။ ဘာကိုမှ အလျှော့အတင်းလုပ် ညှိနှိုင်းတာမျိုးလည်း မရှိပါဘူး။ အဲဒါက ပြဿနာရဲ့ တစိတ်တပိုင်းပါ။ ဒုတိယပြဿနာကတော့ စစ်တပ်ဟာ ဒီရွေးကေက်ပွဲမှာ အကြီးအကျယ် အရှက်ရသွားခဲ့လို့ပါ။

မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကတော့ အများကြီးလာနေပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေဆီက ဖိအားတွေ အများကြီးလာနေပါတယ်။ ဒါပေမဲ့လဲ တရုတ်၊ ရုရှားတို့ကတော့ အဲဒီအထဲ မပါဘူး။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ တရုတ်ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်မှု ရှိစေချင်ပါတယ်။ ဘယ်အစိုးရတက်တက် တည်ငြိမ်မှု ရှိနေရင် သူတို့လက်ခံမှာပဲ။ အမေရိကန်ကတော့ ဒဏ်ခတ်အရေးယူမှု လုပ်ပါလိမ့်မယ်။ ဆက်ပြီးတော့လဲ လုပ်နိုင်ပါတယ်။ ကွန်ဂရက်လွှတ်တော်ကဆိုရင် အထူးစိတ်ပျက်နေတာပါ။ ဥရောပ သမဂ္ဂကလည်း အလားတူပါပဲ။ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့ကတော့ အခြေအနေ ဘယ်လောက်ဆိုးဝါးနေတာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ဘယ်အစိုးရတက်တက် အထီးကျန်ဖြစ်အောင်တော့ လုပ်မှာမဟုတ်ပါဘူး။ အာဆီယံကတော့ စနေနေ့မှာ အစည်းအဝေးလုပ်မယ်လို့ ဆိုပါတယ်။ စောင့်ကြည့်ရအုံးမှာပေါ့။ ဒါပေမဲ့ ကျနော်ကတော့ ဘာမှမျှော်လင့်မထားပါဘူး။ ဆိုတော့ နိုင်ငံတကာ အလားအလာကလဲ သိပ်စိတ်ပျက်စရာ ကောင်းပါတယ်။

မေး ။ ။ ဆိုတော့ တရုတ်မပါရင် နိုင်ငံတကာရဲ့ အခန်းကဏ္ဍကလဲ ဘယ်လိုမှ မထိရောက်ဘူးဆိုတဲ့ သဘောပေါ့။ နိုင်ငံတကာက ဒီကိစ္စမှာ လမ်းပိတ်နေပြီပေါ့။

ဖြေ ။ ။ အရင်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတစ်ယောက်ပြောတာ ကျနော် ကြားခဲ့ဖူးပါတယ်။ ကျုပ်တို့ ဂရုမစိုက်ပါဘူး။ ခင်များတို့ sanction လုပ်နိုင်ပါတယ်။ ကျုပ်တို့မှာ ဆန်အလုံအလောက် ရှိပါတယ်။ ခင်များတို့ မပါလဲ ကျုပ်တို့က ဆက်လက်ရပ်တည်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါဟာ အဲဒီတုန်းက ဝန်ကြီးကိုယ်တိုင် ကျနော့်ကို ပြောခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ မမှန်တော့ပါဘူး။ မင်းတို့မှာ ဆန်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ သီးခြားရပ်တည်လို့တော့ မရတော့ပါဘူး။ ကမ္ဘာကြီးက ပြောင်းလဲခဲ့ပါပြီ။ ကုန်သွယ်ရေးဟာ အရေးကြီးပါတယ်။ ရင်းနှီးမြုပ်နှံမှုလည်း အရေးကြီးပါတယ်။ နိုင်ငံတကာ စီးပွားရေးလည်း အရေးကြီးပါတယ်။ အဲဒါအပြင် တပ်မတော်ရဲ့ ဂုဏ်သတင်းကလည်း အရေးကြီးပါတယ်။ ကျနော်သာ မင်းအောင်လှိုင်နဲ့ တွေ့ခွင့်ရလို့ ဘာပြောမလဲ၊ ဘာအကြံပေးမလဲလို့ မေးလာရင် ခင်များဟာ တပ်မတော်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်လိုက်သူလို့ ပြောချင်ပါတယ်။ နိုင်ငံတကာကျင့်ဝတ်တွေ ဘာတွေတော့ မပြောလိုပါဘူး။ ခင်များ ဖျက်ဆီးလိုက်တဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ မျိုးဆက်တဆက်လောက်တော့ အချိန်ယူ ကြိုးပမ်းရလိမ့်အုံးမယ်လို့ သူကိုပြောချင်တာပါ။

မေး ။ ။ မြန်မာနိုင်ငံမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ အခန်းကဏ္ဍလည်း သိပ်အရေးကြီးမယ်လို့ ထင်ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကို ပထမဦးဆုံး လမ်းထွက်ပြီးတော့ ဆန့်ကျင်ကြတာလဲ Generation Z လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ မျိုးဆက်သစ်တွေ ခေါင်းဆောင်တဲ့ နိုင်ငံရေးအခန်းကဏ္ဍသစ်တရပ် စတင်လာနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဖြေ ။ ။ မှန်ပါတယ်။ သူတို့ဟာ သိပ်ကို အရေးကြီးပါတယ်။ အကြောင်းတွေ အများကြီး ရှိပါတယ်။ နံပတ်တစ်က သူတို့ဟာ ပိုမိုပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းနဲ့ ထိတွေ့လာကြပါတယ်။ လုံးဝဥဿုံပွင့်လင်းတာ မဟုတ်ပေမယ့်၊ အရင်နှစ် (၅၀) ထက်စာရင် ပိုပြီးပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ အရေးကြီးပါတယ်။ နံပတ်နှစ်က သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်၊ အချိတ်အဆက် ရှိနေကြပါတယ်။ နံပတ်သုံးကတော့ ကမ္ဘာနဲ့ အဆက်အသွယ်၊ ထိတွေ့မှု ရှိနေကြတာပါ။ နံပတ်လေးက သူတို့မှာ ဆုံးရှုံးစွန့်လွှတ်ရမယ့်ဟာ သိပ်မရှိပါဘူး။ ဒီ Generation Z လို့ခေါ်တဲ့ ကမ္ဘာတလွှာက လူငယ်တွေအားလုံးပါပဲ။ ဒီလို ဆုံးရှုံးစရာ မရှိလို့လဲ သူတို့ဟာ တော်လှန်ရေး လုပ်ရဲနေကြတာပါ။ ဒါတွေအားလုံးကိုကြည့်ရင် စစ်တပ်ဟာ အခြေအနေတွေကို တွက်ချက်မှု အလွန့်အလွန်ကိုပဲ လွဲမှားခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို မှားယွင်းတွက်ချက်ခဲ့လို့ နစ်နာရတဲ့လူတွေကတော့ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။ ကျနော်လဲ အထူးစိတ်မကောင်းပါဘူး။

မေး ။ ။ ဒီတကြိမ် နိုင်ငံရေးလှိုင်းဂယက်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတဲ့ ကြွေးကြော်သံကိုလည်း အတော်လေး ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ CRPH အပါအဝင် တိုင်းရင်းသားတွှေအားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နောက် မျိုးဆက်သစ်လူငယ်တွေ အကုန်လုံး ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးကို ပြောလာကြပါတယ်။ ယုတ်စွအဆုံး တပ်မတော်ဘက်ကတောင်မှ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးကို အကြောင်းပြနေတာကို တွေ့ရပါတယ်။ ဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာမယ့် အိပ်မက်ဟာ အကောင်အထည် ပေါ်လာပြီလို့ ယူဆလို့ ရပြီလား။

ဖြေ ။ ။ ဖယ်ဒရယ်ပုံစံတမျိုးမျိုး လိုအပ်နေပြီ ကျင့်သုံးခဲ့သင့်တာဟာ နှစ်ပေါင်းဒါဇင်နဲ့ချီကတည်းပါ။ ဒါသည်သာလျှင် လူ့အဖွဲ့အစည်းထဲက လူတိုင်း။ ယဉ်ကျေးမှုအားလုံး မတူကွဲပြားသူအားလုံးရဲ့ သဘောထားဆန္ဒကို ကိုယ်စားပြုနိုင်တဲ့ တရားမျှတသောစနစ် ဖြစ်ပါတယ်။ ဆိုတော့ ဖယ်ဒရယ်စနစ်ဆိုတာ သဘောတရားအရ ကောင်းမွန်တဲ့စနစ်ပါ။ ဒါပေမဲ့ ဒီအတွက် အရင်တုန်းက အားထုတ်မှုတချို့ ရှိခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခု အောင်မြင်မလားဆိုတာ ကျနော် မပြောနိုင်သေးပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဦးအောင်မင်းကလဲ သူတို့ဟာ ဖယ်ဒရယ်စနစ်ကို ကြိုက်တယ်လို့ ကျနော့်ကို ပြောဖူးပါတယ်။ ခက်တာက တိုင်းရင်းသားတွေဘက်ကလဲ ဘယ်လိုဖယ်ဒရယ်မျိုးလဲဆိုတာ တူညီတဲ့သဘောထား မရှိခဲ့ပါဘူး။ အခုတော့ ရရှိကောင်း ရရှိလာနိုင်ပါတယ်။ အခြေအနေတွေက အရင်နဲ့ မတူတော့ပါဘူး။

မေး ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ မကြာမီကာလအတွင်းမှာ ဖြစ်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုဟာ တော်တော်လေး နိုင်ငံဟာ မတည်မငြိမ် မရေမရာ ဖြစ်နေတဲ့ အခြေအနေလို့ ပြောရင် မှားမယ်မဟုတ်ပါဘူး။ ဒီလိုအခြေအနေကနေ ပုံမှန်ပြန်ဖြစ်လာမယ့် အလားအလာကို ဘယ်လိုမြင်ပါသလဲ။ ဝေးဝေးလံလံမှာတော့ နိုင်ငံရေးပုံစံတမျိုးမျိုး ဖြစ်ကောင်းဖြစ်လာနိုင်မှာပေါ့။

ဖြေ ။ ။ ပုံမှန်အခြေအနေကို ပြန်သွားလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါက ပြဿနာပါ။ အာဏာမသိမ်းခင် အခြေအနေကို ပြန်သွားမယ်လို့လဲ ကျနော် မမြင်မိပါဘူး။ ပြေလည်မှု ရရှိဖို့လဲ မမြင်ပါဘူး။ ဘယ်ဘက်ကမှ အပေးအယူလုပ် ညှိနှိုင်းဖို့ ဆန္ဒရှိတာကို မတွေ့ရပါဘူး။ စေ့စပ်ညှိနှိုင်းတဲ့အခါ ခင်များက တစုံတရာ ရယူဖို့အတွက် တစုံတခု ပေးအပ်ဖို့တော့ လိုပါတယ်။ အခုအချိန်အထိတော့ ဘယ်သူကမှ Compromise လုပ်ဖို့ဆန္ဒ မရှိကြပါဘူး။ ဒါကြောင့် မကြာခင်ကာလတိုအတွင်းမှာ အထူးစိတ်ညစ်စရာတွေ ဖြစ်လာပါမယ်။ အခြေအနေတွေက လုံးဝအားရစရာ မရှိပါဘူး။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG