သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ျပႆနာ ႏိုင္ငံေရးအျမတ္ထုတ္စရာလား


Volunteers wearing personal protective equipment (PPE) prepare to transport the body of a victim of the Covid-19 coronavirus to a cemetery in Hlegu Township in Yangon on July 10, 2021. (Photo by Ye Aung THU / AFP)
ကိုဗစ္ျပႆနာ ႏိုင္ငံေရးအျမတ္ထုတ္စရာလား
please wait

No media source currently available

0:00 0:11:11 0:00
တိုက္႐ိုက္ လင့္ခ္

ဒီကေန႔ ျမန္မာႏိုင္ငံအတြက္ စိုးရိမ္စရာ အေကာင္းဆံုး ၿခိမ္းေျခာက္မႈတရပ္ျဖစ္ေနတဲ့ ကိုဗစ္ျပႆနာကို ဘယ္ဘက္ကျဖစ္ျဖစ္ ႏိုင္ငံေရးအရ အျမတ္ထုတ္သင့္ပါသလား။ အျမတ္ထုတ္ဖို႔ ႀကိဳးစားသည့္တိုင္ေအာင္ တဘက္ဘက္အတြက္ အက်ိဳးအျမတ္ တစုံတရာ ရရွိႏိုင္ပါ့မလား။ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာ တင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ ဆရာကို ေမးခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ အင္မတန္အေျခအေနဆိုးေနတဲ့ ကိုဗစ္ကပ္ေရာဂါ။ ဒါကို ႏိုင္ငံေရးအရ အျမတ္ထုတ္သင့္သလား။ ဘယ္ဘက္ကပဲျဖစ္ျဖစ္။ အျမတ္ထုတ္လိုေကာ ထြက္လာႏုိင္သလားဆိုတာကို အဓိက ေဆြးေႏြးခ်င္ပါတယ္။ ပထမဦးဆံုး အာဏာရစစ္ေကာင္စီဘက္ရဲ ႔ လုပ္ရပ္ကို ေျပာခ်င္ပါတယ္။ အဲဒီထဲမွာ အာဏာရစစ္ေကာင္စီဟာ အခုအခါမွာ CDM လုပ္ေနတဲ့ ဆရာဝန္တခ်ဳိ ႔ ၊ သူတုိ႔က ပရဟိတေဆးခန္းေတြ၊ ေစတနာဝန္ထမ္းေဆးခန္းေတြမွာ ကိုဗစ္ကပ္ေရာဂါကို ကုသေပးဖုိ႔ ႀကိဳးစားေနတာကို ဖမ္းတယ္၊ ဆီးတယ္ဆိုတဲ့ သတင္းေတြ ထြက္လာပါတယ္။ တခ်ဳိ ႔က ဒါကို မဟုတ္ဘူးလို႔ျငင္းတယ္။ စစ္ေကာင္စီဘက္ကလဲ ျငင္းတယ္။ ဒါေပမဲ့ သတင္းေထာက္ေတြက အေထာက္အထားေတြ၊ အသိသက္ေသေတြနဲ႔ကို တင္ျပေနၾကပါတယ္။ ဆရာက ဆရာဝန္တေယာက္လည္းျဖစ္တယ္။ မီဒီယာသမားတေယာက္လည္း ျဖစ္တယ္ဆိုေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မီဒီယာအျမင္ကေန ေျပာပါအံုး။ ဒီကိစၥကို ဘယ္လိုျမင္သလဲလို႔။

ေျဖ ။ ။ အာဏာသိမ္းစစ္အစိုးရေတြက မ်ားေသာအားျဖင့္ သူတုိိ႔ အာဏာသိမ္းရတာ မွန္ကန္တဲ့အေၾကာင္း ျပတတ္ၾကတယ္။ ျပတဲ့အာဏာက သူတုိ႔ရဲ ႔ ႏုိင္ငံေရးပါပဲ။ အဲဒီလိုျပတဲ့အခါမွာ ပထမတခ်က္က အရင္အစိုးရ၊ သူတုိ႔ဆန္႔က်င္တဲ့လူေတြရဲ ႔ လုပ္ပံုကိုင္ပံု မွားယြင္းတဲ့အေၾကာင္း ဒါကိုပံုႀကီးခ်ဲ ႔ ေျပာတတ္ၾကပါတယ္။ ေနာက္ သူတုိ႔လုပ္ရပ္က ေကာင္းမြန္တဲ့အေၾကာင္း ဒီလိုပဲ သူတုိ႔က ထူေထာင္တတ္ၾကပါတယ္။ ဒါက ဘယ္အာဏာသိမ္းပြဲမွာမဆို ေတြ႔ရတတ္တဲ့ကိစၥ။ ဒီကိုဗစ္ကိစၥမွာလဲ ဒီလိုသြားၿပီးေတြ႔ရတာ ရိွပါတယ္။ ဥပမာအားျဖင့္ အခုလိုျဖစ္ရတာ ဆရာဝန္ေတြေၾကာင့္ ျဖစ္တယ္ဆိုၿပီးေတာ့ ဆရာဝန္ေတြကို အျပစ္ပံုခ်ဖို႔ ႀကိဳးစားလာၾကတယ္။ လုပ္ပံုကိုင္ပံုကေတာ့ အစိုးရက တိုက္ရိုက္ေျပာတာပဲရိွတယ္။ တခါတေလ အစိုးရလူလို႔ ယူဆရတဲ့ သံဃာေတာ္ေတြပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ လူပုဂၢိဳလ္ေတြပဲျဖစ္ျဖစ္ သူတုိ႔က လူမႈမီဒီယာေတြမွာ ဒီလူေတြကို ဦးတည္ၿပီး တုိက္ခိုက္လာတာေတြကို ေတြ႔ရတယ္။ အထူးသျဖင့္ ဆရာဝန္ေတြကို ေစာေစာပိုင္းကေျပာတယ္ ေနာက္ပိုင္းကေတာ့ ကိုယ့္လုပ္ရပ္က ေကာင္းမြန္တဲ့အေၾကာင္း။ ဥပမာ ေအာက္ဆီဂ်င္ကားႀကီးေတြ ဝင္လာပါၿပီလို႔ ဘာတို႔ေပါ့။ မိမိလုပ္ရပ္ေကာင္းမြန္ေၾကာင္း ထူေထာင္ဖို႔ ႀကိဳးစားၾကတယ္။ တၿပိဳင္တည္းမွာပဲ ဆရာ အခုနေမးသလိုပဲ ႏိုင္ငံေရးအရ တိုက္ခိုက္တာေတြလဲ လုပ္တတ္ၾကပါတယ္။ ဖမ္းဆီးတဲ့ေနရာေတြမွာေတာင္ လူ႔က်င့္ဝတ္ေတြနဲ႔ ဖမ္းဆီးတာမ်ဳိး မဟုတ္ဘဲနဲ႔ ႏိွပ္စက္တာ၊ လူ႔သိကၡာက်ဆင္းေစမယ့္ အျပဳအမႈေတြနဲ႔ လုပ္တာေတြလဲ က်ေနာ္တုိ႔ ေတြ႔ရတယ္။ မဆိုင္တဲ့ မိသားစုဝင္ေတြ၊ အရြယ္မေရာက္ေသးတဲ့ ကေလးေလးေတြကအစ ဖမ္းဆီးတာေတြ၊ ဓါးစားခံလို ေခၚထားတာေတြ၊ ဒါေတြလဲ သြားေတြ႔ရတယ္။

ေမး ။ ။ အဲဒီေတာ့ က်ေနာ္ေမးခ်င္တာက ဒီိလိုလုပ္လိုက္တဲ့အတြက္ သူတုိ႔ရဲ ႔ လုပ္ႏိုင္မႈက ဘယ္ေလာက္အထိ ထိေရာက္လာႏိုင္မလဲဆိုတာကို သူတုိ႔မတြက္ၾကဘူးလား။ CDM လုပ္တဲ့ ဆရာဝန္ေတြကို အခုန ဆရာေျပာသလို အေႏွာင့္အယွက္ေပးတယ္။ အရင္အစိုးရ မွားတယ္ဆိုတာကို ျပခ်င္လုိ႔ အဲဒါေကာ ေအာင္ျမင္ပါ့မလား။ ေနာက္ၿပီးေတာ့ လူထုအက်ဳိးကို ေရွ ႔တန္းမတင္ဘဲနဲ႔ သူတုိ႔အက်ဳိးအတြက္၊ အက်ဳိးေတာင္ ရိွမလား၊ မရိွလား မသိႏုိင္တဲ့ကိစၥအတြက္ ေရွ ႔တန္းတင္ လုပ္ေနသလုိ ျဖစ္ေနတာေပါ့။

ေျဖ ။ ။ ပထမဦးဆံုး အာဏာသိမ္းတာကိုက လူထုအက်ဳိးထက္ဆိုတာထက္၊ မိမိအာဏာရယူေရး ဒါကို အဓိကထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆရာလဲ သိတဲ့အတိုင္းပဲ တကယ္ေတာ့ က်န္တဲ့လူေတြက လူလယ္က်သြားသလားလို႔ေတာင္ ေမးခြန္းထုတ္ရမလို ျဖစ္ေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၾကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီက စစ္တပ္ကို ေထာက္ခံပါတယ္ဆိုတဲ့ ေၾကညာခ်က္ေတြ၊ ေထာက္ခံခ်က္ေတြ ေျပာဆိုတာေတြ မၾကားရသေလာက္ပဲ။ PPP ပါတီ ေဒၚသက္သက္ခုိင္တုိ႔ ပါတီကလည္း ဒီလိုထုတ္ျပန္တာကို မေတြ႔ရဘူး။ ဦးခင္ေမာင္ေဆြပါတီကလည္း အဲဒီလို ထုတ္ျပန္တာကို မေတြ႔ရဘူး။ ဆိုလိုတာက တပ္မေတာ္တခုလံုးက အခိုင္းခံျဖစ္သြားတယ္။ အာဏာလိုခ်င္သူေတြရဲ ႔ အသံုးခ်ခံ ျဖစ္သြားတယ္။ အဲဒီလို နာမည္အပ်က္ခံၿပီးေတာ့ ေရွ ႔ကလူမိုက္လုပ္ေနၾကတာ တပ္မေတာ္သားေတြ ျဖစ္ေနတယ္။ အခုန ဆရာေျပာသလို ထိေရာက္သလားဆိုေတာ့ အစကတည္းက လူထုအက်ဳိးကို ရည္ရြယ္ထားပံု မရဘူး။ အဲဒါေၾကာင့္ မထိေရာက္ႏိုင္ဘူး။ ဥပမာဆုိပါစို႔ အခုဆရာေျပာသလို ေနာက္ပိုင္းမွာ စစ္အစိုးရလိုလားတဲ့ လူေတြက ေအာက္ဆီဂ်င္အုိးႀကီးေတြ၊ အရည္ေတြကို ဝယ္ေနၿပီလို႔ ေျပာေနတာေတြက ဒါေတြကို အေစာႀကီးကတည္းက ျပင္ဆင္ထားရမွာ။ အဲဒီေတာ့ ကိုဗစ္ကုသေရး မူဝါဒတခုလံုးကိုက ေထာင္ၿပီးတက္သြားျခင္းအားျဖင့္ လူေတြအမ်ားႀကီး ကူးစက္သြားလုိ႔ရိွရင္ ေဆးရံုေတြမွာ မႏိုင္မနင္း ျဖစ္မယ္။ အဲဒီလို မႏုိင္မနင္း မျဖစ္ရေအာင္ ကာကြယ္ေရးအေနနဲ႔ တျဖည္းျဖည္း မဟာဗ်ဴဟာကို ခ်ၿပီးေတာ့ လုပ္ရတာ။ ေဆးရံုေတြ မႏုိင္မနင္း ျဖစ္ရတာကိုက အာဏာသိမ္းစစ္အစိုးရရဲ ႔ မူဝါဒအရ က်ဆံုးမႈႀကီး ျဖစ္ေနတယ္။ နံပတ္ႏွစ္က သက္ဆိုင္ရာပညာရွင္ေတြကို ကိုင္တြယ္ေျဖရွင္းတာကလည္း က်ရွံဳးမႈႀကီး ျဖစ္တယ္။ ဒီအခ်က္ (၂) ခ်က္ကို ညႊန္းေနပါတယ္။

ေမး ။ ။ ဒီေနရာမွာ က်ေနာ္ဆက္ေမးခ်င္တဲ့ ေမးခြန္းက ဒီလိုဆက္လုပ္ေနလို႔ေကာ သူတုိ႔လိုခ်င္တဲ့ ႏိုင္ငံေရးအျမတ္ထြက္မလားဆိုတာ အေျဖေပၚသြားၿပီေပါ့။ ဒါကိုေတာ့ က်ေနာ္ ဆက္ၿပီးေတာ့ မေမးေတာ့ဘူး။ အျခားတဘက္ကို ၾကည့္မယ္ဆိုရင္ NUG, CRPH, CDM လုပ္ေနတဲ့ ေဆးဝန္ထမ္းေတြဘက္က သူတုုိ႔က တႏိုင္ငံလံုးမွာ ႀကံဳေတြ႔ေနရတဲ့ ကိုဗစ္ျပႆနာကို ကိုင္တြယ္ႏိုင္စြမ္း ဘယ္ေလာက္ရိွပါသလဲ။ ဘယ္ေလာက္ထိထိေရာက္ေရာက္ ကိုင္တြယ္ႏုိုင္မယ့္ အလားအလာေကာ ေတြ႔ျမင္ရပါသလဲ။ Resources ရိွရဲ ႔လား။ Capacity ေကာ ရိွရဲ ႔လား။

ေျဖ ။ ။ ဆရာဝန္ေတြမွာေတာ့ စြမ္းေဆာင္ရည္ ရိွတယ္။ ဒါေပမဲ့ ကာကြယ္ေရးလုပ္ဖို႔ဆိုတာက အစိုးရဆိုတဲ့ ယႏၱရားလိုအပ္တယ္။ ဒါကို မလုပ္ႏိုင္ဘူး။ ကုသေရးပိုင္းမွာက ေစာေစာကေျပာသလို ဆရာဝန္ေတြကို ၅၀၅ (ဃ) နဲ႔ ဖမ္းတယ္။ ပရဟိတသမားေတြကို ႏိွပ္စက္တယ္။ ေနာက္ၿပီးေတာ့ ပုဂၢလိကေဆးရံုေတြမွာေတာင္ အဲဒီဆရာဝန္ေတြ လူနာေတြကို ေဆးကုသလို႔မရေအာင္ ၿခိမ္းေျခာက္ပိတ္ပင္တယ္။ ဒါေတြလုပ္လာတယ္။ ေဆးရံုႀကီးေတြရဲ ႔ မွတ္ပံုတင္ကို ရုတ္သိမ္းမယ္ဆိုတဲ့အထိ ေျပာလာတာေတြ ေတြ႔ရတယ္။ ဒါေတြအကုန္လံုးက မူဝါဒအရ က်ဆံုးမႈ ျဖစ္တယ္။ လူအစိတ္အပိုင္းတခ်ဳိ ႔ကဆိုရင္ ဒါက ယုတ္မာမႈအဆင့္အထိ ေျပာဆိုမႈေတြကို က်ေနာ္တုိ႔ ၾကားရတယ္။ ဒါကလဲ အေၾကာင္းရင္းရိွတယ္။ ဥပေဒအေၾကာင္းရင္း ရိွတယ္။ Institution ဆိုင္ရာ အေၾကာင္းရင္းေတြ ရိွပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီအခ်ိန္မွာ ႏွစ္ဘက္လံုးက အဲဒီလို မႏုိင္မနင္း ျဖစ္ေနတဲ့ အေျခအေနလို႔ ေျပာရမွာေပါ့။ အဲဒီလို အေျခအေနေတြမွာ သူတုိ႔ရဲ ႔ resources ေတြကို သူတို႔ရဲ ႔ စိတ္ေကာင္းေစတနာေကာင္းနဲ႔ ဒီကိစၥတခုတည္းအတြက္ ႏုိင္ငံေရးကို ေဘးဖယ္ထားလိုက္။ Ad-Hoc Cooperation ယာယီပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ လုပ္ႏုိင္မယ့္ အေျခအေနေတြေကာ စဥ္းစားလို႔ မရႏိုင္ဘူးလား။ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျပည္သူေတြအားလံုး ပူးေပါင္းတိုက္ဖ်က္ၾကပါလို႔ ေျပာဖူးတယ္။ ျပည္သူေတြအားလံုးလို႔ ဆိုတဲ့ေနရာမွာ သူတုိ႔လည္းပါတယ္လို႔ က်ေနာ္ကေတာ့ ထင္တာပဲ။ ေနာက္ၿပီးေတာ့ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနတဲ့ တခ်ဳိ ႔ကေတာ့ Facebook ေတြမွာ ေရးၾကတာ ေတြ႔ရပါတယ္။ လံုးဝမမေစ့စပ္ႏိုင္ဘူး ဒီကိစၥမွာလဲ။ ဆိုေတာ့ သူတုိ႔ကလဲ ဒီလုပ္ရပ္ေၾကာင့္ စစ္ေကာင္စီ ျပဳတ္က်သြားလိမ့္မယ္၊ စစ္အာဏာရွင္စနစ္ လံုးဝခ်ဳပ္ၿငိမ္းသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ၿပီး ဒီလိုတင္းေနၾကတာလား။ ဒါလဲ စဥ္းစားစရာျဖစ္မယ္ထင္တယ္။ ပထမတခ်က္က ပူးေပါင္းေဆာင္ရြက္လာႏိုင္တဲ့ အလားအလာကို သံုးသပ္ေပးပါ။

ေျဖ ။ ။ ပူးေပါင္းဖို႔ဆိုတာ ခက္လိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဥပေဒအေၾကာင္းအရာအရ။ ဥပေဒက ဘယ္လိုသတ္မွတ္ခ်က္ေတြ ရိွသလဲဆိုရင္ စစ္အစိုးရကို ဆန္႔က်င္ေနတဲ့ လူေတြနဲ႔ ဆက္ဆံလုပ္ကိုင္ေနတာေတြရိွရင္ အေရးယူတာေတြ ရိွတယ္။ ဥပမာ လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႔ဝင္ေတြနဲ႔ ဆက္ဆံေနမႈ ရိွရင္ေပါ့။ ဒါက ဒီစစ္အစိုးရမွ မဟုတ္ဘူး။ ဥပေဒက အရင္အစိုးရလက္ထက္မွာကတည္းက ရိွတာ။ အခု ဒီမွာ စစ္အစိုးရကို ကိုယ္စားျပဳတယ္လို႔ ယူဆရတဲ့ Facebook စာမ်က္ႏွာေတြမွာဆိုရင္ သံသယနဲ႔ဖမ္းတဲ့ (၅) ေယာက္ဟာ PDF ေတြကို ကုေပးေနတာဆုိတဲ့ ေျပာဆိုခ်က္ေတြ ရိွလာတယ္။ ဥပေဒအေၾကာင္းအရ။

ေမး ။ ။ ဒါေပမဲ့ ဥပေဒဆုိတာက သူတုိ႔ဘက္က ဥပေဒကို တကယ္တမ္း လိုက္နာတာမွ မဟုတ္တာလိုိ႔ ေျပာရမယ္ထင္တယ္။ ဒီအခ်ိန္မွာ သူတုိ႔ ထင္ရာလုပ္ေနတာပဲဆိုေတာ့ တျခားကိစၥေတြမွာၾကေတာ့ ဥပေဒကို ခ်ဳိးေဖာက္ၿပီးေတာ့ လုပ္ခ်င္သလို လုပ္ခဲ့ၾကတယ္လို႔ ေျပာရင္ရမယ္။ အာဏာသိမ္းတာကအစ။ ဆုိေတာ့ ဒီလိုကိစၥမ်ဳိး၊ တိုင္းျပည္အက်ဳိးအတြက္ အဲဒီဥပေဒေတြကို လက္ညိွဳးညႊန္ၿပီးေတာ့ သူတုိ႔မပူးေပါင္းေနရင္ သင့္ေတာ္ပါ့မလား။

ေျဖ ။ ။ ဥပေဒကို အသံုးခ်ၿပီးေတာ့ပဲ ႏိုင္ငံေရးအရ အသံုးခ်လုပ္ကိုင္ေနတာ တေလွ်ာက္လံုးပဲ။ ဒုတိယ အခုနစကားနဲ႔ ဆက္ၿပီးေတာ့ က်ေနာ္ဆက္ေျပာခ်င္တာက Institution ဆိုင္ရာ ျပႆနာလည္း ရိွေနတယ္။ ဥပမာအားျဖင့္ဆိုရင္ ဆရာဝန္နဲ႔ လူနာ ဆက္ဆံေရးကို ျဖတ္ေတာက္တဲ့အခါမွာ Myanmar Medical Council လို Institution ေတြ ပါလာတယ္။ သံဃာေတြ ပါလာတယ္။ မစိုးရိမ္တိုက္သစ္ကေန ေၾကညာခ်က္ ထုတ္တယ္။ တုိင္းအုပ္ခ်ဳပ္ေရးေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔။ အဲဒီေတာ့ Institution ေတြက ဘာျဖစ္လာလဲဆိုရင္ အစိုးရအႀကိဳက္ လိုက္လုပ္တဲ့ ဘုန္းႀကီးေတြနဲ႔ ဆရာဝန္ႀကီးတခ်ဳိ ႔က ဒီလိုသေဘာေတြ ရိွေနတယ္။ ဒါေၾကာင့္မို႔ ပူးေပါင္းေဆာင္ရြက္ေရးလို႔ ေျပာလို႔ရိွရင္ အေတာ္ေလး ခက္လိမ့္မယ္လို႔ ထင္တယ္။ အဲဒီလိုမ်ဳိး အေျခအေနမွာ ကိုင္တြယ္ဖို႔ဆိုတာ ၾကားအဖြဲ႔အစည္းတခုကို လက္မခံဘဲနဲ႔ ျဖစ္ဖုိ႔ခဲယဥ္းတယ္လို႔ ထင္တယ္။ ဥပမာအားျဖင့္ ကုလသမဂၢလို။ ဒါေတာင္မွ လူမႈစာမ်က္ႏွာေတြမွာ UNHCR ကေန အကူအညီေပးတာေတြက တကယ္လိုတဲ့ လူေတြဆီကို ေရာက္ရဲ ႔လားဆိုတဲ့ ေမးခြန္းေထာက္တာေတြကို စၿပီးေတာ့ ေတြ႔ေနရၿပီ။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တဲ့ ေမးခြန္းကေတာ့ တိုင္းျပည္အေျခအေနက ခၽြတ္ၿခံဳက်လာတဲ့ အေျခအေနမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ တမ်ဳိးသားလံုး ေရတိမ္နစ္ရမယ့္အေရးက သက္သာရာသက္သာေၾကာင္း ထြက္ေပါက္ရလာႏိုင္မယ့္ အလားအလာက ဘယ္လိုရိွမလဲ။

ေျဖ ။ ။ အခုက ေရာဂါက ျပန္႔ၿပီးၿပီဆိုေတာ့ ေတာ္ေတာ္မ်ားမ်ား ျပန္႔ၿပီးၿပီဆိုေတာ့ ဒါက ေနာက္က်သြားၿပီ။ ထိေရာက္စြာ ကိုုင္တြယ္ႏုိင္ပါ့မလားဆိုတာကေတာ့ အဲဒီေမးခြန္း ေမးရတာထက္၊ အဲဒီလို ဆံုးရွံဳးသြားတာေတြကို က်ေနာ္တို႔ ဘယ္လိုကိုင္တြယ္မလဲ။ ဒါက ပိုၿပီးအဓိကက်တယ္။ ၿပီးရင္ ကာကြယ္ေဆးကိစၥ။ ကာကြယ္ေဆးကိုရေအာင္ က်ေနာ္တို႔ ဘယ္လိုလုပ္ၾကမလဲ။ ဒါက ပိုၿပီးအဓိကက်လိမ့္မယ္လို႔ ထင္တယ္။ အခုေလာေလာဆယ္မွာေတာ့ ကာကြယ္ေဆးရဲ ႔သေဘာကေတာ့ ေရာင္းသူရဲ ႔ ေစ်းကြက္။ ထုတ္လုပ္တဲ့ ကုမၸဏီေတြက Pfizer ဆိုရင္ တကမာၻလံုးက လုိခ်င္ၾကတယ္။ ျမန္မာႏိုင္ငံလို၊ စစ္အစိုးရလို လူမ်ဳိးတုန္းသတ္ျဖတ္မႈနဲ႔ စြပ္စြဲခံေနရတာ၊ လူသားမ်ဳိးႏြယ္တရပ္လံုးေပၚ ရာဇဝတ္မႈ က်ဴးလြန္တယ္လို႔လဲ စြပ္စြဲခံထားရတယ္။ အဲဒီလို အေနအထားမွာ ဘယ္ကုမၸဏီကမွ ျမန္မာႏို္င္ငံကို ေရာင္းခ်င္မွာ မဟုတ္ပါဘူး။ တပ္မေတာ္က ဒါကိုေျဖရွင္းဖို႔ လိုပါတယ္။

ေမး ။ ။ ျမန္မာျပည္သူေတြအတြက္ အားတတ္စရာစကား တခြန္းေလာက္ ေနာက္ဆံုးေျပာေပးပါ။

ေျဖ ။ ။ ကိုဗစ္ကို ရင္ဆိုင္ေနတာေကာ တပ္ေဘးေကာ၊ ကပ္ေဘးေကာ ရင္ဆိုင္တဲ့ေနရာမွာ အခ်င္းခ်င္း အျငင္းပြားေနၾကတာထက္ ညီညီညြတ္ညႊတ္နဲ႔ ခုခံဆန္႔က်င္ေက်ာ္လႊာရင္ဆိုင္ၾကဖို႔ပဲ အေရးႀကီးပါတယ္။


== Unicode ==

ဒီကနေ့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ အကောင်းဆုံး ခြိမ်းခြောက်မှုတရပ်ဖြစ်နေတဲ့ ကိုဗစ်ပြဿနာကို ဘယ်ဘက်ကဖြစ်ဖြစ် နိုင်ငံရေးအရ အမြတ်ထုတ်သင့်ပါသလား။ အမြတ်ထုတ်ဖို့ ကြိုးစားသည့်တိုင်အောင် တဘက်ဘက်အတွက် အကျိုးအမြတ် တစုံတရာ ရရှိနိုင်ပါ့မလား၊ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင်မောင်သန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ဆရာကို မေးချင်တာကတော့ မြန်မာနိုင်ငံမှာ အင်မတန်အခြေအနေဆိုးနေတဲ့ ကိုဗစ်ကပ်ရောဂါ။ ဒါကို နိုင်ငံရေးအရ အမြတ်ထုတ်သင့်သလား။ ဘယ်ဘက်ကပဲဖြစ်ဖြစ်။ အမြတ်ထုတ်လိုကော ထွက်လာနိုင်သလားဆိုတာကို အဓိက ဆွေးနွေးချင်ပါတယ်။ ပထမဦးဆုံး အာဏာရစစ်ကောင်စီဘက်ရဲ့ လုပ်ရပ်ကို ပြောချင်ပါတယ်။ အဲဒီထဲမှာ အာဏာရစစ်ကောင်စီဟာ အခုအခါမှာ CDM လုပ်နေတဲ့ ဆရာဝန်တချို့ ၊ သူတို့က ပရဟိတဆေးခန်းတွေ၊ စေတနာဝန်ထမ်းဆေးခန်းတွေမှာ ကိုဗစ်ကပ်ရောဂါကို ကုသပေးဖို့ ကြိုးစားနေတာကို ဖမ်းတယ်၊ ဆီးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ တချို့က ဒါကို မဟုတ်ဘူးလို့ငြင်းတယ်။ စစ်ကောင်စီဘက်ကလဲ ငြင်းတယ်။ ဒါပေမဲ့ သတင်းထောက်တွေက အထောက်အထားတွေ၊ အသိသက်သေတွေနဲ့ကို တင်ပြနေကြပါတယ်။ ဆရာက ဆရာဝန်တယောက်လည်းဖြစ်တယ်။ မီဒီယာသမားတယောက်လည်း ဖြစ်တယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာအမြင်ကနေ ပြောပါအုံး။ ဒီကိစ္စကို ဘယ်လိုမြင်သလဲလို့။

ဖြေ ။ ။ အာဏာသိမ်းစစ်အစိုးရတွေက များသောအားဖြင့် သူတို့ အာဏာသိမ်းရတာ မှန်ကန်တဲ့အကြောင်း ပြတတ်ကြတယ်။ ပြတဲ့အာဏာက သူတို့ရဲ့ နိုင်ငံရေးပါပဲ။ အဲဒီလိုပြတဲ့အခါမှာ ပထမတချက်က အရင်အစိုးရ၊ သူတို့ဆန့်ကျင်တဲ့လူတွေရဲ့ လုပ်ပုံကိုင်ပုံ မှားယွင်းတဲ့အကြောင်း ဒါကိုပုံကြီးချဲ့ ပြောတတ်ကြပါတယ်။ နောက် သူတို့လုပ်ရပ်က ကောင်းမွန်တဲ့အကြောင်း ဒီလိုပဲ သူတို့က ထူထောင်တတ်ကြပါတယ်။ ဒါက ဘယ်အာဏာသိမ်းပွဲမှာမဆို တွေ့ရတတ်တဲ့ကိစ္စ။ ဒီကိုဗစ်ကိစ္စမှာလဲ ဒီလိုသွားပြီးတွေ့ရတာ ရှိပါတယ်။ ဥပမာအားဖြင့် အခုလိုဖြစ်ရတာ ဆရာဝန်တွေကြောင့် ဖြစ်တယ်ဆိုပြီးတော့ ဆရာဝန်တွေကို အပြစ်ပုံချဖို့ ကြိုးစားလာကြတယ်။ လုပ်ပုံကိုင်ပုံကတော့ အစိုးရက တိုက်ရိုက်ပြောတာပဲရှိတယ်။ တခါတလေ အစိုးရလူလို့ ယူဆရတဲ့ သံဃာတော်တွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် သူတို့က လူမှုမီဒီယာတွေမှာ ဒီလူတွေကို ဦးတည်ပြီး တိုက်ခိုက်လာတာတွေကို တွေ့ရတယ်။ အထူးသဖြင့် ဆရာဝန်တွေကို စောစောပိုင်းကပြောတယ် နောက်ပိုင်းကတော့ ကိုယ့်လုပ်ရပ်က ကောင်းမွန်တဲ့အကြောင်း။ ဥပမာ အောက်ဆီဂျင်ကားကြီးတွေ ဝင်လာပါပြီလို့ ဘာတို့ပေါ့။ မိမိလုပ်ရပ်ကောင်းမွန်ကြောင်း ထူထောင်ဖို့ ကြိုးစားကြတယ်။ တပြိုင်တည်းမှာပဲ ဆရာ အခုနမေးသလိုပဲ နိုင်ငံရေးအရ တိုက်ခိုက်တာတွေလဲ လုပ်တတ်ကြပါတယ်။ ဖမ်းဆီးတဲ့နေရာတွေမှာတောင် လူ့ကျင့်ဝတ်တွေနဲ့ ဖမ်းဆီးတာမျိုး မဟုတ်ဘဲနဲ့ နှိပ်စက်တာ၊ လူ့သိက္ခာကျဆင်းစေမယ့် အပြုအမှုတွေနဲ့ လုပ်တာတွေလဲ ကျနော်တို့ တွေ့ရတယ်။ မဆိုင်တဲ့ မိသားစုဝင်တွေ၊ အရွယ်မရောက်သေးတဲ့ ကလေးလေးတွေကအစ ဖမ်းဆီးတာတွေ၊ ဓါးစားခံလို ခေါ်ထားတာတွေ၊ ဒါတွေလဲ သွားတွေ့ရတယ်။

မေး ။ ။ အဲဒီတော့ ကျနော်မေးချင်တာက ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့ရဲ့ လုပ်နိုင်မှုက ဘယ်လောက်အထိ ထိရောက်လာနိုင်မလဲဆိုတာကို သူတို့မတွက်ကြဘူးလား။ CDM လုပ်တဲ့ ဆရာဝန်တွေကို အခုန ဆရာပြောသလို အနှောင့်အယှက်ပေးတယ်။ အရင်အစိုးရ မှားတယ်ဆိုတာကို ပြချင်လို့ အဲဒါကော အောင်မြင်ပါ့မလား။ နောက်ပြီးတော့ လူထုအကျိုးကို ရှေ့တန်းမတင်ဘဲနဲ့ သူတို့အကျိုးအတွက်၊ အကျိုးတောင် ရှိမလား၊ မရှိလား မသိနိုင်တဲ့ကိစ္စအတွက် ရှေ့တန်းတင် လုပ်နေသလို ဖြစ်နေတာပေါ့။

ဖြေ ။ ။ ပထမဦးဆုံး အာဏာသိမ်းတာကိုက လူထုအကျိုးထက်ဆိုတာထက်၊ မိမိအာဏာရယူရေး ဒါကို အဓိကထားတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာလဲ သိတဲ့အတိုင်းပဲ တကယ်တော့ ကျန်တဲ့လူတွေက လူလယ်ကျသွားသလားလို့တောင် မေးခွန်းထုတ်ရမလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စစ်တပ်ကို ထောက်ခံပါတယ်ဆိုတဲ့ ကြေညာချက်တွေ၊ ထောက်ခံချက်တွေ ပြောဆိုတာတွေ မကြားရသလောက်ပဲ။ PPP ပါတီ ဒေါ်သက်သက်ခိုင်တို့ ပါတီကလည်း ဒီလိုထုတ်ပြန်တာကို မတွေ့ရဘူး။ ဦးခင်မောင်ဆွေပါတီကလည်း အဲဒီလို ထုတ်ပြန်တာကို မတွေ့ရဘူး။ ဆိုလိုတာက တပ်မတော်တခုလုံးက အခိုင်းခံဖြစ်သွားတယ်။ အာဏာလိုချင်သူတွေရဲ့ အသုံးချခံ ဖြစ်သွားတယ်။ အဲဒီလို နာမည်အပျက်ခံပြီးတော့ ရှေ့ကလူမိုက်လုပ်နေကြတာ တပ်မတော်သားတွေ ဖြစ်နေတယ်။ အခုန ဆရာပြောသလို ထိရောက်သလားဆိုတော့ အစကတည်းက လူထုအကျိုးကို ရည်ရွယ်ထားပုံ မရဘူး။ အဲဒါကြောင့် မထိရောက်နိုင်ဘူး။ ဥပမာဆိုပါစို့ အခုဆရာပြောသလို နောက်ပိုင်းမှာ စစ်အစိုးရလိုလားတဲ့ လူတွေက အောက်ဆီဂျင်အိုးကြီးတွေ၊ အရည်တွေကို ဝယ်နေပြီလို့ ပြောနေတာတွေက ဒါတွေကို အစောကြီးကတည်းက ပြင်ဆင်ထားရမှာ။ အဲဒီတော့ ကိုဗစ်ကုသရေး မူဝါဒတခုလုံးကိုက ထောင်ပြီးတက်သွားခြင်းအားဖြင့် လူတွေအများကြီး ကူးစက်သွားလို့ရှိရင် ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်မယ်။ အဲဒီလို မနိုင်မနင်း မဖြစ်ရအောင် ကာကွယ်ရေးအနေနဲ့ တဖြည်းဖြည်း မဟာဗျူဟာကို ချပြီးတော့ လုပ်ရတာ။ ဆေးရုံတွေ မနိုင်မနင်း ဖြစ်ရတာကိုက အာဏာသိမ်းစစ်အစိုးရရဲ့ မူဝါဒအရ ကျဆုံးမှုကြီး ဖြစ်နေတယ်။ နံပတ်နှစ်က သက်ဆိုင်ရာပညာရှင်တွေကို ကိုင်တွယ်ဖြေရှင်းတာကလည်း ကျရှုံးမှုကြီး ဖြစ်တယ်။ ဒီအချက် (၂) ချက်ကို ညွှန်းနေပါတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော်ဆက်မေးချင်တဲ့ မေးခွန်းက ဒီလိုဆက်လုပ်နေလို့ကော သူတို့လိုချင်တဲ့ နိုင်ငံရေးအမြတ်ထွက်မလားဆိုတာ အဖြေပေါ်သွားပြီပေါ့။ ဒါကိုတော့ ကျနော် ဆက်ပြီးတော့ မမေးတော့ဘူး။ အခြားတဘက်ကို ကြည့်မယ်ဆိုရင် NUG, CRPH, CDM လုပ်နေတဲ့ ဆေးဝန်ထမ်းတွေဘက်က သူတို့က တနိုင်ငံလုံးမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်ပြဿနာကို ကိုင်တွယ်နိုင်စွမ်း ဘယ်လောက်ရှိပါသလဲ။ ဘယ်လောက်ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အလားအလာကော တွေ့မြင်ရပါသလဲ။ Resources ရှိရဲ့လား။ Capacity ကော ရှိရဲ့လား။

ဖြေ ။ ။ ဆရာဝန်တွေမှာတော့ စွမ်းဆောင်ရည် ရှိတယ်။ ဒါပေမဲ့ ကာကွယ်ရေးလုပ်ဖို့ဆိုတာက အစိုးရဆိုတဲ့ ယန္တရားလိုအပ်တယ်။ ဒါကို မလုပ်နိုင်ဘူး။ ကုသရေးပိုင်းမှာက စောစောကပြောသလို ဆရာဝန်တွေကို ၅၀၅ (ဃ) နဲ့ ဖမ်းတယ်။ ပရဟိတသမားတွေကို နှိပ်စက်တယ်။ နောက်ပြီးတော့ ပုဂ္ဂလိကဆေးရုံတွေမှာတောင် အဲဒီဆရာဝန်တွေ လူနာတွေကို ဆေးကုသလို့မရအောင် ခြိမ်းခြောက်ပိတ်ပင်တယ်။ ဒါတွေလုပ်လာတယ်။ ဆေးရုံကြီးတွေရဲ့ မှတ်ပုံတင်ကို ရုတ်သိမ်းမယ်ဆိုတဲ့အထိ ပြောလာတာတွေ တွေ့ရတယ်။ ဒါတွေအကုန်လုံးက မူဝါဒအရ ကျဆုံးမှု ဖြစ်တယ်။ လူအစိတ်အပိုင်းတချို့ကဆိုရင် ဒါက ယုတ်မာမှုအဆင့်အထိ ပြောဆိုမှုတွေကို ကျနော်တို့ ကြားရတယ်။ ဒါကလဲ အကြောင်းရင်းရှိတယ်။ ဥပဒေအကြောင်းရင်း ရှိတယ်။ Institution ဆိုင်ရာ အကြောင်းရင်းတွေ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ ဒီအချိန်မှာ နှစ်ဘက်လုံးက အဲဒီလို မနိုင်မနင်း ဖြစ်နေတဲ့ အခြေအနေလို့ ပြောရမှာပေါ့။ အဲဒီလို အခြေအနေတွေမှာ သူတို့ရဲ့ resources တွေကို သူတို့ရဲ့ စိတ်ကောင်းစေတနာကောင်းနဲ့ ဒီကိစ္စတခုတည်းအတွက် နိုင်ငံရေးကို ဘေးဖယ်ထားလိုက်။ Ad-Hoc Cooperation ယာယီပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်နိုင်မယ့် အခြေအနေတွေကော စဉ်းစားလို့ မရနိုင်ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေအားလုံး ပူးပေါင်းတိုက်ဖျက်ကြပါလို့ ပြောဖူးတယ်။ ပြည်သူတွေအားလုံးလို့ ဆိုတဲ့နေရာမှာ သူတို့လည်းပါတယ်လို့ ကျနော်ကတော့ ထင်တာပဲ။ နောက်ပြီးတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တချို့ကတော့ Facebook တွေမှာ ရေးကြတာ တွေ့ရပါတယ်။ လုံးဝမမစေ့စပ်နိုင်ဘူး ဒီကိစ္စမှာလဲ။ ဆိုတော့ သူတို့ကလဲ ဒီလုပ်ရပ်ကြောင့် စစ်ကောင်စီ ပြုတ်ကျသွားလိမ့်မယ်၊ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသွားလိမ့်မယ်လို့ မျှော်လင့်ပြီး ဒီလိုတင်းနေကြတာလား။ ဒါလဲ စဉ်းစားစရာဖြစ်မယ်ထင်တယ်။ ပထမတချက်က ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အလားအလာကို သုံးသပ်ပေးပါ။

ဖြေ ။ ။ ပူးပေါင်းဖို့ဆိုတာ ခက်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေအကြောင်းအရာအရ။ ဥပဒေက ဘယ်လိုသတ်မှတ်ချက်တွေ ရှိသလဲဆိုရင် စစ်အစိုးရကို ဆန့်ကျင်နေတဲ့ လူတွေနဲ့ ဆက်ဆံလုပ်ကိုင်နေတာတွေရှိရင် အရေးယူတာတွေ ရှိတယ်။ ဥပမာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဝင်တွေနဲ့ ဆက်ဆံနေမှု ရှိရင်ပေါ့။ ဒါက ဒီစစ်အစိုးရမှ မဟုတ်ဘူး။ ဥပဒေက အရင်အစိုးရလက်ထက်မှာကတည်းက ရှိတာ။ အခု ဒီမှာ စစ်အစိုးရကို ကိုယ်စားပြုတယ်လို့ ယူဆရတဲ့ Facebook စာမျက်နှာတွေမှာဆိုရင် သံသယနဲ့ဖမ်းတဲ့ (၅) ယောက်ဟာ PDF တွေကို ကုပေးနေတာဆိုတဲ့ ပြောဆိုချက်တွေ ရှိလာတယ်။ ဥပဒေအကြောင်းအရ။

မေး ။ ။ ဒါပေမဲ့ ဥပဒေဆိုတာက သူတို့ဘက်က ဥပဒေကို တကယ်တမ်း လိုက်နာတာမှ မဟုတ်တာလို့ ပြောရမယ်ထင်တယ်။ ဒီအချိန်မှာ သူတို့ ထင်ရာလုပ်နေတာပဲဆိုတော့ တခြားကိစ္စတွေမှာကြတော့ ဥပဒေကို ချိုးဖောက်ပြီးတော့ လုပ်ချင်သလို လုပ်ခဲ့ကြတယ်လို့ ပြောရင်ရမယ်။ အာဏာသိမ်းတာကအစ။ ဆိုတော့ ဒီလိုကိစ္စမျိုး၊ တိုင်းပြည်အကျိုးအတွက် အဲဒီဥပဒေတွေကို လက်ညှိုးညွှန်ပြီးတော့ သူတို့မပူးပေါင်းနေရင် သင့်တော်ပါ့မလား။

ဖြေ ။ ။ ဥပဒေကို အသုံးချပြီးတော့ပဲ နိုင်ငံရေးအရ အသုံးချလုပ်ကိုင်နေတာ တလျှောက်လုံးပဲ။ ဒုတိယ အခုနစကားနဲ့ ဆက်ပြီးတော့ ကျနော်ဆက်ပြောချင်တာက Institution ဆိုင်ရာ ပြဿနာလည်း ရှိနေတယ်။ ဥပမာအားဖြင့်ဆိုရင် ဆရာဝန်နဲ့ လူနာ ဆက်ဆံရေးကို ဖြတ်တောက်တဲ့အခါမှာ Myanmar Medical Council လို Institution တွေ ပါလာတယ်။ သံဃာတွေ ပါလာတယ်။ မစိုးရိမ်တိုက်သစ်ကနေ ကြေညာချက် ထုတ်တယ်။ တိုင်းအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့။ အဲဒီတော့ Institution တွေက ဘာဖြစ်လာလဲဆိုရင် အစိုးရအကြိုက် လိုက်လုပ်တဲ့ ဘုန်းကြီးတွေနဲ့ ဆရာဝန်ကြီးတချို့က ဒီလိုသဘောတွေ ရှိနေတယ်။ ဒါကြောင့်မို့ ပူးပေါင်းဆောင်ရွက်ရေးလို့ ပြောလို့ရှိရင် အတော်လေး ခက်လိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုမျိုး အခြေအနေမှာ ကိုင်တွယ်ဖို့ဆိုတာ ကြားအဖွဲ့အစည်းတခုကို လက်မခံဘဲနဲ့ ဖြစ်ဖို့ခဲယဉ်းတယ်လို့ ထင်တယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂလို။ ဒါတောင်မှ လူမှုစာမျက်နှာတွေမှာ UNHCR ကနေ အကူအညီပေးတာတွေက တကယ်လိုတဲ့ လူတွေဆီကို ရောက်ရဲ့လားဆိုတဲ့ မေးခွန်းထောက်တာတွေကို စပြီးတော့ တွေ့နေရပြီ။

မေး ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ တိုင်းပြည်အခြေအနေက ချွတ်ခြုံကျလာတဲ့ အခြေအနေမှာ ကိုဗစ်ကပ်ရောဂါကြောင့် တမျိုးသားလုံး ရေတိမ်နစ်ရမယ့်အရေးက သက်သာရာသက်သာကြောင်း ထွက်ပေါက်ရလာနိုင်မယ့် အလားအလာက ဘယ်လိုရှိမလဲ။

ဖြေ ။ ။ အခုက ရောဂါက ပြန့်ပြီးပြီဆိုတော့ တော်တော်များများ ပြန့်ပြီးပြီဆိုတော့ ဒါက နောက်ကျသွားပြီ။ ထိရောက်စွာ ကိုင်တွယ်နိုင်ပါ့မလားဆိုတာကတော့ အဲဒီမေးခွန်း မေးရတာထက်၊ အဲဒီလို ဆုံးရှုံးသွားတာတွေကို ကျနော်တို့ ဘယ်လိုကိုင်တွယ်မလဲ။ ဒါက ပိုပြီးအဓိကကျတယ်။ ပြီးရင် ကာကွယ်ဆေးကိစ္စ။ ကာကွယ်ဆေးကိုရအောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒါက ပိုပြီးအဓိကကျလိမ့်မယ်လို့ ထင်တယ်။ အခုလောလောဆယ်မှာတော့ ကာကွယ်ဆေးရဲ့သဘောကတော့ ရောင်းသူရဲ့ ဈေးကွက်။ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Pfizer ဆိုရင် တကမ္ဘာလုံးက လိုချင်ကြတယ်။ မြန်မာနိုင်ငံလို၊ စစ်အစိုးရလို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲခံနေရတာ၊ လူသားမျိုးနွယ်တရပ်လုံးပေါ် ရာဇဝတ်မှု ကျူးလွန်တယ်လို့လဲ စွပ်စွဲခံထားရတယ်။ အဲဒီလို အနေအထားမှာ ဘယ်ကုမ္ပဏီကမှ မြန်မာနိုင်ငံကို ရောင်းချင်မှာ မဟုတ်ပါဘူး။ တပ်မတော်က ဒါကိုဖြေရှင်းဖို့ လိုပါတယ်။

မေး ။ ။ မြန်မာပြည်သူတွေအတွက် အားတတ်စရာစကား တခွန်းလောက် နောက်ဆုံးပြောပေးပါ။

ဖြေ ။ ။ ကိုဗစ်ကို ရင်ဆိုင်နေတာကော တပ်ဘေးကော၊ ကပ်ဘေးကော ရင်ဆိုင်တဲ့နေရာမှာ အချင်းချင်း အငြင်းပွားနေကြတာထက် ညီညီညွတ်ညွှတ်နဲ့ ခုခံဆန့်ကျင်ကျော်လွှာရင်ဆိုင်ကြဖို့ပဲ အရေးကြီးပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG