ျမန္မာႏိုင္ငံ ကိုဗစ္တတိယလႈိင္းအႏၲရာယ္ဟာ ႏိုင္ငံေရးထက္ ပိုဦးစားေပးသင့္တဲ့ အမ်ိဳးသားေရးျပႆနာႀကီးတရပ္ ျဖစ္တယ္ဆိုရင္ ေသာတရွင္မ်ား သေဘာတူႏိုင္ၾကပါသလား။ ဒီအႏၲရာယ္ဆိုးႀကီးကို တားဆီးႏိုင္ဖို႔ (ဒါမွမဟုတ္) အႏၲရာယ္ကို အေလ်ာ့ပါးဆုံးျဖစ္ႏိုင္ဖို႔အတြက္ အာဏာလက္ရွိစစ္ေကာင္စီနဲ႔ ျပည္သူတရပ္လုံးအပါအဝင္ ဘက္ေပါင္းစုံတို႔ဟာ (အခိုက္အတန႔္အားျဖင့္ ျဖစ္ျဖစ္) ပူးေပါင္းေဆာင္႐ြက္ႏိုင္မယ့္ အလားအလာ ဘယ္ေလာက္ရွိေနပါသလဲ။ ျမန္မာ့ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ဆရာဝန္တဦးျဖစ္တဲ့ ေဒါက္တာတင့္ေဆြ နဲ႔ ဦးေက်ာ္ဇံသာ ေဆြြြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ အခုျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအေျခအေနက ျပည္သူနဲ႔ အာဏာရိွသူေတြ လံုးဝအစီးမကပ္တဲ့ အေျခအေန။ ဒါနဲ႔ပတ္သက္ၿပီး စီးပြားေရး၊ လူမႈေရး အားလံုးလည္း စံုေနတာေပါ့။ အဲဒီအခ်ိန္မ်ဳိးမွာ ကိုဗစ္တတိယလိႈင္းကလည္း ေၾကာက္ခမန္းလိလိ မ်ားျပားလာတာကို ေတြ႔ရပါတယ္။ အဂၤါေန႔ စစ္အစိုးရရဲ ႔ ေၾကညာခ်က္အရ လူေပါင္းတစ္ေသာင္းေက်ာ္စစ္တာ ေလးေထာင္ေက်ာ္ဆိုေတာ့ တဝက္နီးပါးေလာက္ positive ျဖစ္ေနတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ ဒီအေျခအေနမွာ ႏိုင္ငံေရးျပႆနာနဲ႔ ကိုဗစ္ကိစၥ ဘယ္ဟာကို ဦးစားေပးသင့္သလဲလို႔ ေမးရင္ေတာ့ က်ေနာ့္စိတ္ထဲမွာေတာ့ ကိုဗစ္ကိစၥကိုေတာ့ ဦးစားေပးသင့္တယ္လို႔ ထင္မိပါတယ္။ ဆရာ့ရဲ ႔သေဘာကို ၾကားခ်င္ပါတယ္။
ေျဖ ။ ။ က်ေနာ္လည္း သေဘာတူပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီကပ္ေရာဂါ ပေပ်ာက္ေရး၊ ထိန္းႏိုင္ေရးအတြက္ အေရးႀကီးတာ ဘာတခုမွ မရိွပါဘူးဆိုတဲ့အခ်က္ကို က်ေနာ္ သေဘာတူပါတယ္။
ေမး ။ ။ ဆိုေတာ့ အခုလက္ရိွ အာဏာလက္ရိွ စစ္ေကာင္စီက ေရာဂါထိန္းခ်ဳပ္ေရး ကာကြယ္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ ဆရာဝန္တေယာက္အေနနဲ႔ ဘယ္လိုျမင္ပါသလဲ။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကေတာ့ ေအာက္စီဂ်င္ အလံုအေလာက္ ရိွပါတယ္။ ဒါကို ႏိုင္ငံေရးအတြက္ အသံုးခ်ေနၾကလို႔ အခက္အခဲ ႀကံဳေနရပါတယ္ဆုိၿပီးေတာ့ ေျပာပါတယ္။
ေျဖ ။ ။ အဲဒါကို ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကိုဗစ္-၁၉ ကပ္ေရာဂါဟာ ကမာၻမွာ အသစ္အဆန္းျဖစ္တဲ့အတြက္ WHO ကအစ ႏုိင္ငံတုိင္းႏိုင္ငံတုိင္းက ဒါကိုအာရံုစိုက္ေနၾကတယ္။ ဆရာဝန္ေတြကိုယ္တိုင္ မသိၾကေတာ့ ေလ့လာမႈေတြ လုပ္ၾကတယ္။ ဗမာႏိုင္ငံမွာ ႏွစ္အစပိုင္းမွာ ေထာင္နဲ႔ေသာင္းနဲ႔သိန္းနဲ႔ လမ္းေပၚထြက္ၿပီးေတာ့ စုစုေဝးေဝး လုပ္တဲ့အခ်ိန္မွာ ကိုဗစ္က ၿငိမ္ေနသလားေတာ့ မသိဘူး။ စာရင္းဇယားလည္း မရဘူး၊ သတင္းလည္း မရဘူး။ အခုေတာ့ လူေတြရဲ ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ပံုစံတမ်ဳိး ေျပာင္းသြားတဲ့အခ်ိန္။ လမ္းေပၚမထြက္တဲ့အခ်ိန္မွာ ဒီကိုဗစ္ကပ္ေရာဂါက ျဖစ္လာတယ္။ အဲဒီေတာ့ အခုန ေမးခြန္းထဲမွာပါတဲ့ ေအာက္ဆီဂ်င္ဆိုပါစို႔။ ေအာက္ဆီဂ်င္က ဗမာႏိုင္ငံမွာသာ ျပႆနာလုပ္၊ ျပႆနာျဖစ္ေနၿပီးေတာ့ ကမာၻ႔က်န္တဲ့ ၁၉၅ ႏုိင္ငံမွာ ေအာက္ဆီဂ်င္ျပႆနာ မရိွခဲ့ဘူး။ အဲဒီေတာ့ က်ေနာ္ တင္ျပခ်င္တာက ဒီကပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔အတြက္ အေရးႀကီးတဲ့အခ်က္ေတြကို ဦးစားမေပးၾကဘူး။ ထိပ္ဆံုးတာဝန္ အရိွဆံုးလူကေတာင္မွ မသိဘူး။ ေနာက္တခါ ဒါကိုကိုင္တြယ္ေနတဲ့ အထူးကုဆရာဝန္ေတြကလဲ အခ်က္အလက္မွားေနတာကို ထုတ္ေနတဲ့အတြက္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ အဲဒီလိုလြဲမွားတဲ့အတြက္ ေခါင္းေဆာင္မႈကေန က်ေနာ္တို႔ ျမန္မာႏိုင္ငံက ကပ္ေရာဂါထိန္းဖို႔အတြက္ အေတာ့္ကိုခက္တယ္လို႔ ျမင္ပါတယ္။
ေမး ။ ။ ဒီကိစၥမွာ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ အစဥ္အလာေမးခြန္းေလးတခု ေမးခ်င္ပါတယ္။ တခ်ဳိ ႔အာဏာရွင္ေခါင္းေဆာင္ေတြက တိုင္းျပည္ပ်က္သြားတဲ့အခါ၊ တုိင္းျပည္ရဲ ႔ အေျခအေနမွန္ကို ငါမသိရဘူး။ ေအာက္ေျခကလူေတြက ဖံုးဖိထားတယ္။ ငါ့ကို အေကာင္းေတြႀကီးပဲ လာေျပာတယ္ဆိုတဲ့ ကိစၥမ်ဳိး ၾကားဖူးပါတယ္။ ဆရာလည္း ၾကားဖူးမွာပါ။ အခု ျမန္မာျပည္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က အေျခအေနေကာင္းပါတယ္။ ဘာညာေျပာေနတာ ေအာက္ေျခက ဖံုးဖိထားလို႔မ်ားလား။ တကယ္ပဲ မသိတာလား။ ဆရာခန္႔မွန္္းၾကည့္ပါ။
ေျဖ ။ ။ ႏွစ္ခုစလံုး ျဖစ္ႏုိင္တယ္။ ေအာက္ေျခဆိုတဲ့ တာဝန္အရိွဆံုး ပုဂၢိဳလ္နဲ႔ဌာနေတြက မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြ ျဖစ္ေနတာေတြ၊ စမ္းသပ္တာေတြ၊ ေသဆံုးတာေတြ။ ေနာက္တခါ ျဖည့္ထားတဲ့ ပစၥည္းပိုင္းေတြမွာ အခ်က္အလက္ေတြ မွားယြင္းေနတယ္။ သူတို႔ကိုယ္တိုင္ကလဲ မွားယြင္းၿပီးေတာ့ သူတုိ႔ခန္႔ထားတဲ့၊ လစာေပးထားတဲ့ စစ္ေကာင္စီကို တင္တာလဲ၊ မွန္တယ္လို႔ မထင္ဘူး။ ေနာက္တခါ ေခါင္းေဆာင္လုပ္တဲ့လူဟာ ဒီေလာက္လူေတြ အေျမာက္အျမား မႀကံစဖူးေလာက္ ျဖစ္ေနတယ္၊ ေသေနတယ္၊ ဒုကၡေရာက္ေနတာကို မသိဘူးလို႔ ျငင္းတယ္ဆိုရင္ေတာ့ ဒါဟာမွားတဲ့ ျငင္းဆိုခ်က္ ျဖစ္ပါလိမ့္မယ္။ ဦးေနဝင္းေခတ္က သူမသိဘူး၊ ေအာက္ကပဲလုပ္တာဆိုတဲ့ ေျပာဆိုခ်က္နဲ႔ေတာ့ အခုကာလကေတာ့ မတူဘူးလို႔ က်ေနာ္ထင္ပါတယ္။
ေမး ။ ။ ဆိုေတာ့ အခုေလာေလာဆယ္မွာ လိုအပ္ေနတာကေတာ့ ျပည္သူလူထု ပူးေပါင္းေဆာင္ရြက္မႈ။ ျပည္သူလူထုဆိုတဲ့ေနရာမွာ CDM လုပ္ေနတဲ့ ဆရာဝန္ေတြ၊ အရင္တုန္းက ျပည္သူထဲက ေစတနာရွင္၊ အလွဴရွင္ေတြ တက္တက္ၾကြၾကြ ေထာက္ပံ့ေပးခဲ့ၾကတာ ရိွပါတယ္။ အခုၾကေတာ့ အဲဒီကိစၥေတြလဲ မၾကားရသေလာက္ ျဖစ္ေနပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကလဲ ေျပာပါတယ္။ လူထုက ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ ဒီကိစၥကို ေျဖရွင္းၾကပါလို႔ေျပာတယ္ဆိုေတာ့ ဒါကို စစ္ေကာင္စီနဲ႔ ျပည္သူလူထုတို႔ ထိထိေရာက္ေရာက္ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္တယ္ဆိုတဲ့ သေဘာမ်ဳိးလား။
ေျဖ ။ ။ အမွန္ကေတာ့ အခုလို ကပ္ေရာဂါႀကီးအတြက္ ျပည္သူလူထုမပါဘဲနဲ႔ေတာ့ ဘယ္လုိနည္းနဲ႔မွ မရႏိုင္ပါဘူး။ တခုရိွတာက ဒီေန႔ ျပည္သူလူထုက ကပ္ေရာဂါႀကီးကို ထိန္းခ်င္တာ မွန္ေပမယ့္လို႔ အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီကို အယံုအၾကည္က သုညရာခိုင္ႏႈန္းထက္ေတာင္ နည္းလိမ့္မယ္ထင္တယ္။ ဒါေၾကာင့္ ပူးေပါင္းေဆာင္ရြက္မႈ ေတာ္ေတာ္ခက္လိမ့္မယ္။ သူတို႔က ေျပာတာေတာင္မွ ေျပာင္ျပန္လုပ္ခ်င္တဲ့ ျပည္သူလူထု။ သို႔ေသာ္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ေတာ့ အျပန္အလွန္ေပါ့။ လူထုဘက္ကပဲ လိုက္ရမွာ မဟုတ္ဘဲနဲ႔၊ အုပ္ခ်ဳပ္သူေတြကလဲ လူဆန္တဲ့စိတ္နဲ႔ အုပ္ခ်ဳပ္ရင္ေတာ့ ပူးေပါင္းေဆာင္ရြက္မႈ တစံုတရာ ရႏုိင္တယ္လို႔ က်ေနာ္ထင္တယ္။ သို႔ေသာ္ အခုထိေတာ့ အဲဒီလို ျဖစ္လာႏိုင္မယ္လို႔ေတာ့ မျမင္ေသးဘူး။
ေမး ။ ။ အခုဆိုရင္ လူတခ်ဳိ ႔က ဆရာ အခုနေျပာခဲ့သလိုပဲ ဒီေရာဂါ ျဖစ္ရင္ျဖစ္ပါေစဆိုၿပီး ခုခံတုိက္ေနတယ္။ ေနာက္အဂၤါေန႔သတင္းမွာပဲ တခ်ဳိ ႔က လမ္းေပၚထြက္ၿပီးေတာ့ ဆႏၵျပေနတာေတြ ရိွေနေသးတာကိုလဲ ေတြ႔ရပါေသးတယ္။ ေနာက္တခါ တုိင္းရင္းသားေဒသေတြမွာ တိုက္ပြဲျဖစ္တဲ့ေနရာေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြ ထိန္းခ်ဳပ္တဲ့ဘက္မွာ ကိုဗစ္ေရာဂါေတြ ျဖစ္ေနတာေတြကို ေတြ႔ရေတာ့ ဒီကိစၥေတြကို ေျပလည္ဖို႔အတြက္ ဘယ္ဘက္ကစၿပီး ေဆာင္ရြက္ရမလဲ။ ႏွစ္ဘက္ပူးေပါင္းေဆာင္ရြက္ေရးအတြက္ လမ္းေၾကာင္းလမ္းစမ်ား ရိွပါသလား။
ေျဖ ။ ။ က်ေနာ္ျမင္တာက က်ေနာ္တို႔ ႏိုင္ငံသူႏိုင္ငံသားေတြ ဗမာေတြ၊ တုိင္းရင္းသားေတြ၊ လူမ်ဳိးစုအားလံုးဟာ စိတ္ရင္းေစတနာအခံ အင္မတန္ေကာင္းတယ္။ လိုေနတဲ့ဟာကို လိုက္ျဖည့္ၾကတယ္။ ကူၾကတယ္။ လွဴၾကတယ္။ သို႔ေသာ္ က်ေနာ္တုိ႔ ေစာေစာက ေဆြးေႏြးၾကသလို၊ လွဴတဲ့ကူတဲ့ဟာေတြက က်ေနာ့္အျမင္၊ ဆရာဝန္တေယာက္အေနနဲ႔အျမင္ တကယ့္အေျခခံက်တဲ့ လိုအပ္ခ်က္ေတြ မဟုတ္ဘဲနဲ႔ အေပၚယံနဲ႔ အရပ္နည္းေတြကို လိုက္ၿပီးေတာ့ ေပးၾကတယ္၊ ကူၾကတယ္၊ လွဴၾကတယ္ ျဖစ္ေနတယ္။ ဥပမာ ေအာက္ဆီဂ်င္ဆိုတဲ့ဟာ။ တကယ့္အေျခခံ အခ်က္ေတြကို လြတ္ေနၾကတယ္လို႔ ျမင္တယ္။ ေမးခြန္းအရ ပူးေပါင္းေဆာင္ရြက္မႈအပိုင္းမွာ က်ေနာ္ျမင္တာက ဒီလုိ - အခုျဖစ္ေနတဲ့ ကိစၥႀကီးက တကမာၻလံုး ျဖစ္ေနတဲ့ ကပ္ေရာဂါႀကီးထဲက က်ေနာ္တို႔ႏုိင္ငံကတခု။ အခုလက္ရိွ လြန္ခဲ့တဲ့ တလေလာက္အထိ အဆိုးဆံုးႏုိင္ငံေတြမွာ ဂရပ္မ်ဥ္းနဲ႔ျပမယ္ဆိုရင္ တကမာၻလံုးမွာ ဗမာျပည္က အဆုိးဆံုးလို႔ က်ေနာ္ယူဆတယ္။ အဲဒီအခ်ိန္မွာ WHO လို ကမာၻ႔က်န္းမာေရး၊ တနည္းအားျဖင့္ ႏုိင္ငံတကာအဖြဲ႔အစည္းေတြက ပါဝင္လုပ္ေဆာင္မွ ျဖစ္ႏိုင္လိမ့္မယ္။ အဲဒီလိုျဖစ္ႏို္င္ဖို႔ကလဲ ေတာ္ေတာ္ခဲ့ယဥ္းေနတယ္။ အဲဒါက စစ္ေကာင္စီေပၚမွာ မူတည္ေနတယ္။ ICRC ေတာင္မွ လာခြင့္မေပးတဲ့အခါမွာ WHO က အကူအညီေပးတဲ့ကိစၥေတြ၊ လာေရာက္ေဆာင္ရြက္တဲ့ ကိစၥေတြကို လမ္းဖြင့္ေပးမွ ျဖစ္မယ္။ စစ္ေကာင္စီအမိန္႔နဲ႔ သတင္းစာရွင္းလင္းပြဲနဲ႔ မရဘူး။ လူထုက ဘာလုပ္ရမလဲဆိုတာကို က်ေနာ္ အခုနတင္ျပသလို အပ္က်မတ္က် မသိဘူး။ ဒါေၾကာင့္ ႏိုင္ငံတကာအဖြဲ႔အစည္း အႀကီးႀကီးေတြက လာၿပီးၾကားဝင္ကူညီတဲ့နည္းဆိုရင္ေတာ့ ျပည္သူလူထုနဲ႔ စစ္ေကာင္စီတို႔ ႏိုင္ငံတကာလမ္းညႊန္မႈေအာက္မွာ အတူတူလုပ္ၾကရင္ေတာ့ လမ္းပြင့္မလားလို႔ က်ေနာ္ထင္ပါတယ္။
ေမး ။ ။ ေနာက္တခု လူထုဆိုတဲ့ေနရာမွာ အဓိကအားျဖင့္ တကယ္ကၽြမ္းက်င္တဲ့ ဆရာဝန္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြ CDM လုပ္ေနၾကတာလဲ ရိွပါတယ္။ ဆိုေတာ့ ဒီပုဂၢိဳလ္ေတြက Ad-hoc Cooperation ကိုဗစ္ကိစၥအတြက္ေတာ့ အာဏာရိွတဲ့လူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ရင္ ေကာင္းမယ္ဆိုတဲ့ အသိစိတ္ဓါတ္နဲ႔ လုပ္လာႏိုင္ရင္ ပိုမေကာင္းဘူးလားလို႔ က်ေနာ္ စဥ္းစားမိပါတယ္။ ဆရာ ဘယ္လိုသေဘာရပါသလဲ။ ျဖစ္ႏုိင္ပါသလား။
ေျဖ ။ ။ က်န္းမာေရးဝန္ထမ္းေတြက ဒီလုိကိစၥေတြကို သူတုိ႔က စစ္ေကာင္စီဆန္႔က်င္လို႔ အလုပ္မလုပ္ဘူးဆိုတဲ့ အခ်က္ကေလးနဲ႔ေတာ့ သူတုိ႔က ေဘးထုိင္ေနမယ္လို႔ေတာ့ က်ေနာ္ မထင္ဘူး။ ရတဲ့နည္းေတြနဲ႔ ကူညီၾကလိမ့္မယ္လို႔ က်ေနာ္ယူဆပါတယ္။ စစ္ေကာင္စီနဲ႔ေပါင္းၿပီး မလုပ္ဘဲနဲ႔ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေဆာင္ရြက္ေနၾကလိမ့္မယ္၊ ေဆာင္ရြက္ေနၾကတယ္လို႔လဲ က်ေနာ္ ယူဆတယ္။ ဒါေပမဲ့ အင္မတန္မွ စိတ္မေကာင္းစရာက ေကာင္းတာေတြလုပ္တယ္။ မွန္တာေတြလုပ္တယ္။ တရားတာေတြ လုပ္တယ္ဆိုတဲ့ဟာတိုင္းကို ဖမ္းမယ္၊ သတ္မယ္ဆိုတဲ့ ေပၚလစီႀကီးကို စစ္ေကာင္စီက က်င့္သံုးေနေတာ့ကာ က်န္းမာေရးဝန္ထမ္းေတြ ဆရာဝန္ကအစ အားလံုးရဲ ႔ အသက္အႏၱရာယ္လဲ က်ေနာ္ အင္မတန္မွလဲ စိုးရိမ္တယ္။ က်ေနာ္ထင္တာကေတာ့ သူတုိ႔ေတြလဲ တတ္စြမ္းသေလာက္ေတာ့ လုပ္ေနၾကတယ္။ သို႔ေသာ္လဲ ကပ္ေရာဂါႀကီးအတြက္ အဲဒီေလာက္နဲ႔ မရႏိုင္ဘူး။ တကယ့္ကို အမ်ဳိးသားေရး ျပႆနာတရပ္အေနနဲ႔ ထိပ္ဆံုးကေန ေအာက္ဆံုးအထိ တညီတညာ မလုပ္ရင္ေတာ့ အေတာ္ခဲယဥ္းလိမ့္မယ္လို႔ က်ေနာ္ ယူဆပါတယ္။
ေမး ။ ။ ေနာက္ဆံုးေမးခြန္းတိုတုိေလး ႏွစ္ခု ေမးခ်င္ပါတယ္။ အေကာင္းဆံုး ျဖစ္လာႏိုင္တဲ့ အေျခအေနနဲ႔ အဆိုးဆံုးျဖစ္လာႏိုင္တဲ့ အေျခအေနေတြကို ႀကိဳတင္ေဟာကိန္းထုတ္ေပးပါ။ အေကာင္းဆံုး ျဖစ္လာႏိုင္တဲ့ အေျခအေနကို ခပ္တိုတုိ ေျပာပါ။ ဘယ္လိုျဖစ္လာႏိုင္သလဲ။
ေျဖ ။ ။ က်ေနာ္တို႔ ဗမာပီပီ ကံတရား၊ ကံသံုးပါး ေျပာတာ၊ လုပ္တာ၊ ႀကံတာ အဲဒီသံုးခုလံုးေကာင္းမွ ေကာင္းမွာပါ။ ဒါကေတာ့ က်ေနာ္ အေကာင္းဘက္က ျမင္တာပါ။
ေမး ။ ။ အဆိုးဆံုးျဖစ္သြားႏုိင္တဲ့ အေျခအေနက ဘာလဲ။
ေျဖ ။ ။ အဆိုးဆံုးကေတာ့ ဒီေရာဂါႀကီး ထိန္းမရေအာင္ ျဖစ္ၿပီးေတာ့ အေသအေပ်ာက္ စံႏႈန္းက ကမာၻေပၚမွာ အဆိုးဆံုးႏိုင္ငံေလးတခု မျဖစ္ဘူးလို႔ က်ေနာ္ ဆရာဝန္တေယာက္အေနနဲ႔ အာမခံခ်က္ မရိွတဲ့အတြက္ အဆိုးဆံုးကို ရင္ဆိုင္ဖို႔ ျပင္ဆင္ထားဖို႔ ျပည္သူျပည္သားအားလံုးကို ေလးေလးစားစား တင္ျပပါတယ္။
ဦးေက်ာ္ဇံသာ ။ ။ ျမန္မာျပည္ ေဘးကင္းပါေစ၊ အေကာင္းဆံုး အေျခအေန ျဖစ္ပါေစလုိ႔ ဆုေတာင္းရမွာေပါ့။
ေျဖ ။ ။ မွန္ပါတယ္။
==Unicode==
မြန်မာနိုင်ငံ ကိုဗစ်တတိယလှိုင်းအန္တရာယ်ဟာ နိုင်ငံရေးထက် ပိုဦးစားပေးသင့်တဲ့ အမျိုးသားရေးပြဿနာကြီးတရပ် ဖြစ်တယ်ဆိုရင် သောတရှင်များ သဘောတူနိုင်ကြပါသလား။ ဒီအန္တရာယ်ဆိုးကြီးကို တားဆီးနိုင်ဖို့ (ဒါမှမဟုတ်) အန္တရာယ်ကို အလျော့ပါးဆုံးဖြစ်နိုင်ဖို့အတွက် အာဏာလက်ရှိစစ်ကောင်စီနဲ့ ပြည်သူတရပ်လုံးအပါအဝင် ဘက်ပေါင်းစုံတို့ဟာ (အခိုက်အတန့်အားဖြင့် ဖြစ်ဖြစ်) ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိနေပါသလဲ။ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ အခုမြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေက ပြည်သူနဲ့ အာဏာရှိသူတွေ လုံးဝအစီးမကပ်တဲ့ အခြေအနေ။ ဒါနဲ့ပတ်သက်ပြီး စီးပွားရေး၊ လူမှုရေး အားလုံးလည်း စုံနေတာပေါ့။ အဲဒီအချိန်မျိုးမှာ ကိုဗစ်တတိယလှိုင်းကလည်း ကြောက်ခမန်းလိလိ များပြားလာတာကို တွေ့ရပါတယ်။ အင်္ဂါနေ့ စစ်အစိုးရရဲ့ ကြေညာချက်အရ လူပေါင်းတစ်သောင်းကျော်စစ်တာ လေးထောင်ကျော်ဆိုတော့ တဝက်နီးပါးလောက် positive ဖြစ်နေတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီအခြေအနေမှာ နိုင်ငံရေးပြဿနာနဲ့ ကိုဗစ်ကိစ္စ ဘယ်ဟာကို ဦးစားပေးသင့်သလဲလို့ မေးရင်တော့ ကျနော့်စိတ်ထဲမှာတော့ ကိုဗစ်ကိစ္စကိုတော့ ဦးစားပေးသင့်တယ်လို့ ထင်မိပါတယ်။ ဆရာ့ရဲ့သဘောကို ကြားချင်ပါတယ်။
ဖြေ ။ ။ ကျနော်လည်း သဘောတူပါတယ်။ မြန်မာနိုင်ငံမှာ ဒီကပ်ရောဂါ ပပျောက်ရေး၊ ထိန်းနိုင်ရေးအတွက် အရေးကြီးတာ ဘာတခုမှ မရှိပါဘူးဆိုတဲ့အချက်ကို ကျနော် သဘောတူပါတယ်။
မေး ။ ။ ဆိုတော့ အခုလက်ရှိ အာဏာလက်ရှိ စစ်ကောင်စီက ရောဂါထိန်းချုပ်ရေး ကာကွယ်နေတာနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အောက်စီဂျင် အလုံအလောက် ရှိပါတယ်။ ဒါကို နိုင်ငံရေးအတွက် အသုံးချနေကြလို့ အခက်အခဲ ကြုံနေရပါတယ်ဆိုပြီးတော့ ပြောပါတယ်။
ဖြေ ။ ။ အဲဒါကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာမှာ အသစ်အဆန်းဖြစ်တဲ့အတွက် WHO ကအစ နိုင်ငံတိုင်းနိုင်ငံတိုင်းက ဒါကိုအာရုံစိုက်နေကြတယ်။ ဆရာဝန်တွေကိုယ်တိုင် မသိကြတော့ လေ့လာမှုတွေ လုပ်ကြတယ်။ ဗမာနိုင်ငံမှာ နှစ်အစပိုင်းမှာ ထောင်နဲ့သောင်းနဲ့သိန်းနဲ့ လမ်းပေါ်ထွက်ပြီးတော့ စုစုဝေးဝေး လုပ်တဲ့အချိန်မှာ ကိုဗစ်က ငြိမ်နေသလားတော့ မသိဘူး။ စာရင်းဇယားလည်း မရဘူး၊ သတင်းလည်း မရဘူး။ အခုတော့ လူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံစံတမျိုး ပြောင်းသွားတဲ့အချိန်။ လမ်းပေါ်မထွက်တဲ့အချိန်မှာ ဒီကိုဗစ်ကပ်ရောဂါက ဖြစ်လာတယ်။ အဲဒီတော့ အခုန မေးခွန်းထဲမှာပါတဲ့ အောက်ဆီဂျင်ဆိုပါစို့။ အောက်ဆီဂျင်က ဗမာနိုင်ငံမှာသာ ပြဿနာလုပ်၊ ပြဿနာဖြစ်နေပြီးတော့ ကမ္ဘာ့ကျန်တဲ့ ၁၉၅ နိုင်ငံမှာ အောက်ဆီဂျင်ပြဿနာ မရှိခဲ့ဘူး။ အဲဒီတော့ ကျနော် တင်ပြချင်တာက ဒီကပ်ရောဂါကို ထိန်းချုပ်ဖို့အတွက် အရေးကြီးတဲ့အချက်တွေကို ဦးစားမပေးကြဘူး။ ထိပ်ဆုံးတာဝန် အရှိဆုံးလူကတောင်မှ မသိဘူး။ နောက်တခါ ဒါကိုကိုင်တွယ်နေတဲ့ အထူးကုဆရာဝန်တွေကလဲ အချက်အလက်မှားနေတာကို ထုတ်နေတဲ့အတွက် ကပ်ရောဂါထိန်းချုပ်ရေးအတွက် အဲဒီလိုလွဲမှားတဲ့အတွက် ခေါင်းဆောင်မှုကနေ ကျနော်တို့ မြန်မာနိုင်ငံက ကပ်ရောဂါထိန်းဖို့အတွက် အတော့်ကိုခက်တယ်လို့ မြင်ပါတယ်။
မေး ။ ။ ဒီကိစ္စမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အစဉ်အလာမေးခွန်းလေးတခု မေးချင်ပါတယ်။ တချို့အာဏာရှင်ခေါင်းဆောင်တွေက တိုင်းပြည်ပျက်သွားတဲ့အခါ၊ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို ငါမသိရဘူး။ အောက်ခြေကလူတွေက ဖုံးဖိထားတယ်။ ငါ့ကို အကောင်းတွေကြီးပဲ လာပြောတယ်ဆိုတဲ့ ကိစ္စမျိုး ကြားဖူးပါတယ်။ ဆရာလည်း ကြားဖူးမှာပါ။ အခု မြန်မာပြည်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေအနေကောင်းပါတယ်။ ဘာညာပြောနေတာ အောက်ခြေက ဖုံးဖိထားလို့များလား။ တကယ်ပဲ မသိတာလား။ ဆရာခန့်မှန်းကြည့်ပါ။
ဖြေ ။ ။ နှစ်ခုစလုံး ဖြစ်နိုင်တယ်။ အောက်ခြေဆိုတဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်နဲ့ဌာနတွေက မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖြစ်နေတာတွေ၊ စမ်းသပ်တာတွေ၊ သေဆုံးတာတွေ။ နောက်တခါ ဖြည့်ထားတဲ့ ပစ္စည်းပိုင်းတွေမှာ အချက်အလက်တွေ မှားယွင်းနေတယ်။ သူတို့ကိုယ်တိုင်ကလဲ မှားယွင်းပြီးတော့ သူတို့ခန့်ထားတဲ့၊ လစာပေးထားတဲ့ စစ်ကောင်စီကို တင်တာလဲ၊ မှန်တယ်လို့ မထင်ဘူး။ နောက်တခါ ခေါင်းဆောင်လုပ်တဲ့လူဟာ ဒီလောက်လူတွေ အမြောက်အမြား မကြံစဖူးလောက် ဖြစ်နေတယ်၊ သေနေတယ်၊ ဒုက္ခရောက်နေတာကို မသိဘူးလို့ ငြင်းတယ်ဆိုရင်တော့ ဒါဟာမှားတဲ့ ငြင်းဆိုချက် ဖြစ်ပါလိမ့်မယ်။ ဦးနေဝင်းခေတ်က သူမသိဘူး၊ အောက်ကပဲလုပ်တာဆိုတဲ့ ပြောဆိုချက်နဲ့တော့ အခုကာလကတော့ မတူဘူးလို့ ကျနော်ထင်ပါတယ်။
မေး ။ ။ ဆိုတော့ အခုလောလောဆယ်မှာ လိုအပ်နေတာကတော့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု။ ပြည်သူလူထုဆိုတဲ့နေရာမှာ CDM လုပ်နေတဲ့ ဆရာဝန်တွေ၊ အရင်တုန်းက ပြည်သူထဲက စေတနာရှင်၊ အလှူရှင်တွေ တက်တက်ကြွကြွ ထောက်ပံ့ပေးခဲ့ကြတာ ရှိပါတယ်။ အခုကြတော့ အဲဒီကိစ္စတွေလဲ မကြားရသလောက် ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ပြောပါတယ်။ လူထုက ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းကြပါလို့ပြောတယ်ဆိုတော့ ဒါကို စစ်ကောင်စီနဲ့ ပြည်သူလူထုတို့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောမျိုးလား။
ဖြေ ။ ။ အမှန်ကတော့ အခုလို ကပ်ရောဂါကြီးအတွက် ပြည်သူလူထုမပါဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။ တခုရှိတာက ဒီနေ့ ပြည်သူလူထုက ကပ်ရောဂါကြီးကို ထိန်းချင်တာ မှန်ပေမယ့်လို့ အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို အယုံအကြည်က သုညရာခိုင်နှုန်းထက်တောင် နည်းလိမ့်မယ်ထင်တယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှု တော်တော်ခက်လိမ့်မယ်။ သူတို့က ပြောတာတောင်မှ ပြောင်ပြန်လုပ်ချင်တဲ့ ပြည်သူလူထု။ သို့သော် ရောဂါထိန်းချုပ်ရေးအတွက်တော့ အပြန်အလှန်ပေါ့။ လူထုဘက်ကပဲ လိုက်ရမှာ မဟုတ်ဘဲနဲ့၊ အုပ်ချုပ်သူတွေကလဲ လူဆန်တဲ့စိတ်နဲ့ အုပ်ချုပ်ရင်တော့ ပူးပေါင်းဆောင်ရွက်မှု တစုံတရာ ရနိုင်တယ်လို့ ကျနော်ထင်တယ်။ သို့သော် အခုထိတော့ အဲဒီလို ဖြစ်လာနိုင်မယ်လို့တော့ မမြင်သေးဘူး။
မေး ။ ။ အခုဆိုရင် လူတချို့က ဆရာ အခုနပြောခဲ့သလိုပဲ ဒီရောဂါ ဖြစ်ရင်ဖြစ်ပါစေဆိုပြီး ခုခံတိုက်နေတယ်။ နောက်အင်္ဂါနေ့သတင်းမှာပဲ တချို့က လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြနေတာတွေ ရှိနေသေးတာကိုလဲ တွေ့ရပါသေးတယ်။ နောက်တခါ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ဘက်မှာ ကိုဗစ်ရောဂါတွေ ဖြစ်နေတာတွေကို တွေ့ရတော့ ဒီကိစ္စတွေကို ပြေလည်ဖို့အတွက် ဘယ်ဘက်ကစပြီး ဆောင်ရွက်ရမလဲ။ နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းကြောင်းလမ်းစများ ရှိပါသလား။
ဖြေ ။ ။ ကျနော်မြင်တာက ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ ဗမာတွေ၊ တိုင်းရင်းသားတွေ၊ လူမျိုးစုအားလုံးဟာ စိတ်ရင်းစေတနာအခံ အင်မတန်ကောင်းတယ်။ လိုနေတဲ့ဟာကို လိုက်ဖြည့်ကြတယ်။ ကူကြတယ်။ လှူကြတယ်။ သို့သော် ကျနော်တို့ စောစောက ဆွေးနွေးကြသလို၊ လှူတဲ့ကူတဲ့ဟာတွေက ကျနော့်အမြင်၊ ဆရာဝန်တယောက်အနေနဲ့အမြင် တကယ့်အခြေခံကျတဲ့ လိုအပ်ချက်တွေ မဟုတ်ဘဲနဲ့ အပေါ်ယံနဲ့ အရပ်နည်းတွေကို လိုက်ပြီးတော့ ပေးကြတယ်၊ ကူကြတယ်၊ လှူကြတယ် ဖြစ်နေတယ်။ ဥပမာ အောက်ဆီဂျင်ဆိုတဲ့ဟာ။ တကယ့်အခြေခံ အချက်တွေကို လွတ်နေကြတယ်လို့ မြင်တယ်။ မေးခွန်းအရ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ကျနော်မြင်တာက ဒီလို - အခုဖြစ်နေတဲ့ ကိစ္စကြီးက တကမ္ဘာလုံး ဖြစ်နေတဲ့ ကပ်ရောဂါကြီးထဲက ကျနော်တို့နိုင်ငံကတခု။ အခုလက်ရှိ လွန်ခဲ့တဲ့ တလလောက်အထိ အဆိုးဆုံးနိုင်ငံတွေမှာ ဂရပ်မျဉ်းနဲ့ပြမယ်ဆိုရင် တကမ္ဘာလုံးမှာ ဗမာပြည်က အဆိုးဆုံးလို့ ကျနော်ယူဆတယ်။ အဲဒီအချိန်မှာ WHO လို ကမ္ဘာ့ကျန်းမာရေး၊ တနည်းအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ပါဝင်လုပ်ဆောင်မှ ဖြစ်နိုင်လိမ့်မယ်။ အဲဒီလိုဖြစ်နိုင်ဖို့ကလဲ တော်တော်ခဲ့ယဉ်းနေတယ်။ အဲဒါက စစ်ကောင်စီပေါ်မှာ မူတည်နေတယ်။ ICRC တောင်မှ လာခွင့်မပေးတဲ့အခါမှာ WHO က အကူအညီပေးတဲ့ကိစ္စတွေ၊ လာရောက်ဆောင်ရွက်တဲ့ ကိစ္စတွေကို လမ်းဖွင့်ပေးမှ ဖြစ်မယ်။ စစ်ကောင်စီအမိန့်နဲ့ သတင်းစာရှင်းလင်းပွဲနဲ့ မရဘူး။ လူထုက ဘာလုပ်ရမလဲဆိုတာကို ကျနော် အခုနတင်ပြသလို အပ်ကျမတ်ကျ မသိဘူး။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်း အကြီးကြီးတွေက လာပြီးကြားဝင်ကူညီတဲ့နည်းဆိုရင်တော့ ပြည်သူလူထုနဲ့ စစ်ကောင်စီတို့ နိုင်ငံတကာလမ်းညွှန်မှုအောက်မှာ အတူတူလုပ်ကြရင်တော့ လမ်းပွင့်မလားလို့ ကျနော်ထင်ပါတယ်။
မေး ။ ။ နောက်တခု လူထုဆိုတဲ့နေရာမှာ အဓိကအားဖြင့် တကယ်ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်နေကြတာလဲ ရှိပါတယ်။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေက Ad-hoc Cooperation ကိုဗစ်ကိစ္စအတွက်တော့ အာဏာရှိတဲ့လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် ကောင်းမယ်ဆိုတဲ့ အသိစိတ်ဓါတ်နဲ့ လုပ်လာနိုင်ရင် ပိုမကောင်းဘူးလားလို့ ကျနော် စဉ်းစားမိပါတယ်။ ဆရာ ဘယ်လိုသဘောရပါသလဲ။ ဖြစ်နိုင်ပါသလား။
ဖြေ ။ ။ ကျန်းမာရေးဝန်ထမ်းတွေက ဒီလိုကိစ္စတွေကို သူတို့က စစ်ကောင်စီဆန့်ကျင်လို့ အလုပ်မလုပ်ဘူးဆိုတဲ့ အချက်ကလေးနဲ့တော့ သူတို့က ဘေးထိုင်နေမယ်လို့တော့ ကျနော် မထင်ဘူး။ ရတဲ့နည်းတွေနဲ့ ကူညီကြလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး မလုပ်ဘဲနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေကြလိမ့်မယ်၊ ဆောင်ရွက်နေကြတယ်လို့လဲ ကျနော် ယူဆတယ်။ ဒါပေမဲ့ အင်မတန်မှ စိတ်မကောင်းစရာက ကောင်းတာတွေလုပ်တယ်။ မှန်တာတွေလုပ်တယ်။ တရားတာတွေ လုပ်တယ်ဆိုတဲ့ဟာတိုင်းကို ဖမ်းမယ်၊ သတ်မယ်ဆိုတဲ့ ပေါ်လစီကြီးကို စစ်ကောင်စီက ကျင့်သုံးနေတော့ကာ ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန်ကအစ အားလုံးရဲ့ အသက်အန္တရာယ်လဲ ကျနော် အင်မတန်မှလဲ စိုးရိမ်တယ်။ ကျနော်ထင်တာကတော့ သူတို့တွေလဲ တတ်စွမ်းသလောက်တော့ လုပ်နေကြတယ်။ သို့သော်လဲ ကပ်ရောဂါကြီးအတွက် အဲဒီလောက်နဲ့ မရနိုင်ဘူး။ တကယ့်ကို အမျိုးသားရေး ပြဿနာတရပ်အနေနဲ့ ထိပ်ဆုံးကနေ အောက်ဆုံးအထိ တညီတညာ မလုပ်ရင်တော့ အတော်ခဲယဉ်းလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။
မေး ။ ။ နောက်ဆုံးမေးခွန်းတိုတိုလေး နှစ်ခု မေးချင်ပါတယ်။ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ အဆိုးဆုံးဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ဟောကိန်းထုတ်ပေးပါ။ အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေကို ခပ်တိုတို ပြောပါ။ ဘယ်လိုဖြစ်လာနိုင်သလဲ။
ဖြေ ။ ။ ကျနော်တို့ ဗမာပီပီ ကံတရား၊ ကံသုံးပါး ပြောတာ၊ လုပ်တာ၊ ကြံတာ အဲဒီသုံးခုလုံးကောင်းမှ ကောင်းမှာပါ။ ဒါကတော့ ကျနော် အကောင်းဘက်က မြင်တာပါ။
မေး ။ ။ အဆိုးဆုံးဖြစ်သွားနိုင်တဲ့ အခြေအနေက ဘာလဲ။
ဖြေ ။ ။ အဆိုးဆုံးကတော့ ဒီရောဂါကြီး ထိန်းမရအောင် ဖြစ်ပြီးတော့ အသေအပျောက် စံနှုန်းက ကမ္ဘာပေါ်မှာ အဆိုးဆုံးနိုင်ငံလေးတခု မဖြစ်ဘူးလို့ ကျနော် ဆရာဝန်တယောက်အနေနဲ့ အာမခံချက် မရှိတဲ့အတွက် အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့ ပြည်သူပြည်သားအားလုံးကို လေးလေးစားစား တင်ပြပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည် ဘေးကင်းပါစေ၊ အကောင်းဆုံး အခြေအနေ ဖြစ်ပါစေလို့ ဆုတောင်းရမှာပေါ့။
ဖြေ ။ ။ မှန်ပါတယ်။