သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၄,၀၄၇ ဦး၊ သေဆုံး ၁၀၉ ဦး


ဇူလိုင်လ ၈ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၈၊ ၂၀၂၁)
ဇူလိုင်လ ၈ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၈၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၁၁,၆၈၆ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူအရေအတွက် ၄,၀၄၇ ယောက်ထပ်တွေ့ပြီး နောက်ထပ်သေဆုံးသူ ၁၀၉ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုသေဆုံးသူအရေအတွက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးအရေအတွက်ဖြစ်သလို ပိုးတွေ့နှုန်းကလည်း ၃၄.၆၃% ရှိတာကြောင့် တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတဲ့သဘောပါပဲ။

ဒီကနေ့အထိဆိုရင် ပိုးတွေ့သူစုစုပေါင်း ၂၀၁,၀၀၀ ကျော်ရှိပြီဖြစ်ပြီး အဲဒီထဲက ၁၅၀,၀၀၀ နီးပါး ဆေးရုံတွေကနေ ဆင်းသွားကြပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၄,၀၃၆ ယောက်ရှိပြီဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ အောက်ဆီဂျင်လိုအပ်ချက် များနေပြီး အောက်ဆီဂျင်ဘူးတွေကို တန်းစီ စောင့်ဆိုင်းပြီး ဖြည့်ယူနေကြတာတွေ နေရာအတော်များများမှာတွေ့နေရပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင် အလုံအလောက်ရှိပြီး ဒါကို နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့သူတွေ ရှိနေတယ်ဆိုပြီးတော့ ပြစ်တင်ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ အကူအညီပေးနေတဲ့ ပရဟိတလုပ်သားတွေနဲ့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေကတော့ ဒီပြောဆိုချက်ကို သဘောမတူကြပါဘူး။ လက်ရှိမှာတော့ အောက်ဆီဂျင်စက်ရုံတွေမှာ လူတယောက်ချင်းစီက အောက်ဆီဂျင်ဖြည့်တာတွေကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်ထားပါတယ်။

အခုဆိုရင် တနိုင်ငံလုံးမှာ Stay-At-Home မလိုအပ်ဘဲ အပြင်မထွက် အိမ်တွင်းနေ အမိန့်ထုတ်ပြီး ကန့်သတ်ထားတာ ၇၄ မြို့နယ် ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG