သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြ ေအာက္ဆီဂ်င္ရဖို႔ အခက္အခဲႀကီးေနဆဲ


ဇူလိုင္လ ၁၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ပုစြန္ေတာင္ၿမိဳ႕နယ္မွာ ေအာက္စီဂ်င္ရဖို႔ တန္းစီေနၾကသူမ်ား။ (ဇူလိုင္ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ကပ္ေရာဂါတတိယလႈိင္းဒဏ္ကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ ေနမေကာင္းသူေတာ္ေတာ္မ်ားမ်ား ခႏၶာကိုယ္ထဲမွာ ေအာက္စီဂ်င္ပမာဏက်လို႔ ေအာက္စီဂ်င္ အလြန္အမင္းလိုအပ္ေနၾကပါတယ္။ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေနအထားမွာ ေအာက္စီဂ်င္လံုလံုေလာက္ေလာက္႐ွိတယ္လို႔ ေျပာပါတယ္။ ကိုဗစ္တိုက္ဖ်က္ေရး ေျမျပင္မွာ လက္ေတြ႕ေဆာင္႐ြက္ေနသူေတြကေရာ ေအာက္စီဂ်င္အလုံအေလာက္ရွိေနတယ္ဆိုတဲ့ ေျပာၾကားခ်က္အေပၚ ဘယ္လိုတုံ႔ျပန္ၾကပါသလဲ၊ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံ မဆုမြန္ေျပာျပပါမယ္။

ကိုဗစ္အတည္ျပဳလူနာနဲ႔ သံသယလူနာေတြအတြက္ ေအာက္စီဂ်င္အလုံအေလာက္ မရရွိတဲ့ ျပႆနာဟာ ႏိုင္ငံတဝန္း ကပ္ေရာဂါကူးစက္မႈျဖစ္ပြားေနတဲ့ ေဒသတိုင္းလိုလိုမွာ ရင္ဆိုင္ေနရတာပါ။ ေအာက္စီဂ်င္ရရွိဖို႔ ေတာ္ေတာ္ခက္ခဲလာတဲ့ ေျမျပင္မွာႀကဳံေတြ႕ေနတဲ့ အခက္အခဲဟာ လူမႈကြန္ယက္ေပၚမွာလည္း လူေျပာမ်ားလာပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ လက္ရွိအေနအထားမွာ ေအာက္စီဂ်င္လုံလုံေလာက္ေလာက္ရွိတယ္လို႔ လူေျပာမ်ားေနတဲ့အေပၚ တုံ႔ျပန္ထားပါတယ္။ ဒါ့အျပင္ ေၾကာက္လန႔္စိုးရိမ္ၿပီး ႀကိဳတင္ဝယ္ယူထားတာ၊ မသမာတဲ့နည္းလမ္းနဲ႔ လုပ္ဖို႔ ေဆာင္႐ြက္တာေတြရွိေနတယ္လို႔လည္း ေျပာပါတယ္။ ေန႔စဥ္နဲ႔အမွ် ကိုဗစ္အတည္ျပဳလူနာေတြနဲ႔ သံသယလူနာေတြအတြက္ ေအာက္စီဂ်င္လိုအပ္ခ်က္ ႀကီးမားေနတဲ့ ကေလးၿမိဳ႕မွာေတာ့ အရင္ကထက္ ေအာက္စီဂ်င္ရႏိုင္ဖို႔ဟာ ပိုခက္ခဲလာပါတယ္။ အရင္က မုံ႐ြာၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕ေတြအထိ ေအာက္စီဂ်င္ျဖည့္ဆည္းၿပီး ေဒသရဲ႕လိုအပ္ခ်က္ကို လူမႈကူညီေရးအသင္းေတြ ပူးေပါင္းၿပီးေဆာင္႐ြက္ခဲ့ေပမဲ့ ဒီကေန႔မွာေတာ့ ကေလးၿမိဳ႕မွာ ေအာက္စီဂ်င္ျဖည့္ေပးႏိုင္တဲ့ေနရာ တေနရာမွာမရွိေတာ့ဘူးလို႔ ကူညီေဆာင္႐ြက္ေပးေနသူတဦးက ေျပာပါတယ္။

"ဒီေန႔ ျပင္ပမွာ တဘူးမွေဝတဲ့ေနရာ မရွိဘူးဗ်။ အရင္ကသြားယူေနတဲ့ မႏၲေလးမွာလည္း လူငွားၿပီးေတာ့ တန္းစီေနရတယ္ဗ်။ အရင္ကထက္ကို ေတာ္ေတာ္ကိုၾကပ္တယ္ဗ်။ က်ေနာ္တို႔ ကေလးၿမိဳ႕မွာေတာ့ ေအာက္စီဂ်င္ႀကိဳေဆာင္ထားတယ္ဆိုတာ မရွိပါဘူး၊ မွ်ေဝၿပီးေပးေနၾကတာပဲ။ ေအာက္စီဂ်င္သြားယူရင္ အရင္ကဆို တညအိပ္နဲ႔ ျပန္ေရာက္လာတယ္။ အခု က်ေနာ္လႊတ္ထားတဲ့ကားက မႏၲေလးမွာတင္ ၃ ရက္ရွိၿပီဗ်၊ ဘူး ၅၀ ေက်ာ္ေလးေတာင္မွ အခုထိမရေသးဘူးဗ်။ ေျပာရရင္ လူနာေတြေသဆုံးေနၾကတာပါပဲ၊ ေအာက္စီဂ်င္လုံေလာက္မႈ မရေတာ့။ တခ်ိဳ႕ဆို ငိုယိုၿပီးေတာ့ မေပးႏိုင္ေတာ့ဘူးလားေပါ့၊ က်ေနာ္တို႔မွာလည္း မရွိေတာ့ ဘယ္လိုမွလုပ္ေပးလို႔ မရဘူးေလ။ ရွိသမွ်ကိုေတာ့ တန္းစီထားတဲ့ဘူးေတြအကုန္ ရရင္ရသလို ျဖည့္ေပးေနတယ္ဗ်။"

ေရာဂါကူးစက္ခံရသူ အတည္ျပဳလူနာတိုးလာလို႔ ျမစ္ႀကီးနားၿမိဳ႕ကိုလည္း ဒီကေန႔ကစၿပီး Stay at Home သတ္မွတ္လိုက္ပါတယ္။ ၿမိဳ႕ေပၚမွာ အတည္ျပဳႏိုင္တဲ့ လူနာအေရအတြက္ထက္ ေရာဂါသံသယရွိၿပီး စစ္ေဆးမႈမခံယူဘဲ ကိုယ့္ရဲ႕ေနအိမ္မွာသာ ေနထိုင္ၿပီးကုသေနသူေတြက ပိုမ်ားေနတယ္လို႔ လူမႈကူညီေရးအသင္းေတြက ေျပာပါတယ္။ ေအာက္စီဂ်င္လိုအပ္ခ်က္ကို ပရဟိတအသင္းေတြက ေပးႏိုင္ဖို႔အတြက္ ေဆးစာေထာက္ခံခ်က္ လိုအပ္ေနၿပီး၊ ေတာ္ေတာ္မ်ားမ်ားက ဆရာဝန္ဆီကေန ေဆးစာယူဖို႔ အခက္အခဲရွိေနလို႔ ေအာက္စီဂ်င္ဟာ လိုအပ္သူတိုင္းအတြက္ ရႏိုင္ဖို႔ခက္ခဲေနတယ္လို႔ ကိုဗစ္လူနာေတြကို ကူညီေပးေနသူတဦးက ေျပာပါတယ္။

"ေတာ္ေတာ္မ်ားမ်ားက ေဆး႐ုံ၊ ေဆးေပးခန္းေတြကို သြားျပၿပီးကုတဲ့သူရယ္လို႔ ရာခိုင္ႏႈန္းအျပည့္ရွိ မေနဘူးေပါ့ေနာ္။ အဲဒီေတာ့ တဘက္ကေနမွ ေဆးစာျပပါလို႔ ေျပာလို႔ရွိရင္ ေဆးစာသြားယူဖို႔အတြက္ ဆရာဝန္ေတြ႕ဖို႔အတြက္ အခက္အခဲရွိေနၾကတာေပါ့။ အဲဒီေတာ့ ေလာေလာဆယ္ ေအာက္စီဂ်င္ကေတာ့ ေပးဆပ္သူ နာေရး ကူညီမႈအသင္းကေန အဓိက သူတို႔ပံ့ပိုးေနတယ္။ ဆိုေတာ့ ေအာက္စီဂ်င္က အေရးေပၚ ျဖစ္လာၿပီဆိုရင္ ျပင္ပကေန လိုက္ၿပီးရွာဝင္မယ္ဆိုရင္ ေအာက္စီဂ်င္က ဆိုင္တိုင္းမွာျပတ္တာ မ်ားတယ္။ ၿပီးခဲ့တဲ့ ၃ ရက္ေလာက္ကပဲ မိတ္ေဆြတေယာက္က အကူအညီေတာင္းလို႔ ေအာက္စီဂ်င္လိုက္ရွာေပးတဲ့အခ်ိန္မွာ ဂတ္စ္ေရာင္းတဲ့ဆိုင္တိုင္းမွာ ေအာက္စီဂ်င္ေတြျပတ္ေနတာေပါ့ေနာ္။ ခုဏက လူမႈေရးအသင္းကလည္း သူတို႔ရဲ႕ဥပေဒေၾကာင္းအရ ကူညီမယ္ဆိုရင္ ေဆးစာပါမွ ကူညီလို႔ရမယ္ဆိုေတာ့ ေဆးစာမရွိတဲ့သူေတြမွာက ဒီျပႆနာေတာ့ ရွိတယ္။"

ေအာက္စီဂ်င္လိုအပ္ခ်က္ဟာ ေဆး႐ုံ၊ ေဆးခန္းနဲ႔ ပရဟိတ လူမႈကယ္ဆယ္ေရး အသင္းေတြ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္ၿမိဳ႕မွာေတာင္ လိုအပ္သူတိုင္း ရႏိုင္ဖို႔ခက္ခဲေနပါတယ္။ အခေၾကးေငြယူၿပီး ေအာက္စီဂ်င္ျဖည့္ေပးေနတဲ့ စက္မႈဇုုန္ေတြေရွ႕ လူအစုလိုက္ တန္းစီေစာင့္ဆိုင္းတာေတြ၊ လူမႈကူညီေရးအသင္းေတြကေန ေအာက္စီဂ်င္အခမဲ့ ရႏိုင္ဖို႔ ႀကိဳးပမ္းေနရသူေတြ ေန႔စဥ္နဲ႔အမွ် ရွိေနပါတယ္။ လူေနထူထပ္ၿပီး စက္႐ုံလုပ္သားအမ်ားစု ေနထိုင္ရာ လႈိင္သာယာၿမိဳ႕နယ္မွာလည္း လူနာေတြ က်န္းမာေရးကုသမႈ ခံယူဖို႔ ခက္ခဲေနပါတယ္။ လူနာေတြကို ေဆး႐ုံ၊ ေဆးခန္းသြားပို႔ရင္ လက္မခံဘဲ ကိုယ့္ရဲ႕ေနအိမ္မွာသာ ေနေစဖို႔ ျပန္လႊတ္တာေတြႀကဳံေနရၿပီး၊ ေအာက္စီဂ်င္ျပတ္လတ္ၿပီး ေသဆုံးသူေတြမ်ားလာတယ္လို႔ ကိုဗစ္လူနာေတြကို ကူညီေပးေနတဲ့ ဇီဝိတပရဟိတ ဥကၠ႒ ဆရာေတာ္ ရွင္ေကာသလက မိန႔္ပါတယ္။

"ဘုန္းဘုန္းတို႔က ဒီကိစၥနဲ႔ပတ္သက္ၿပီး တာဝန္ရွိရာ စစ္ေကာင္စီေတြကို ဖုန္းဆက္ၿပီးေတာ့ ဝိုင္းဝန္းကူညီၾကဖို႔ ေျပာဆိုတဲ့အခါမွာ သူတို႔က ေဆး႐ုံအုပ္ကိုပဲ လႊဲတယ္။ ေဆး႐ုံအုပ္ကို ဖုန္းဆက္ျပန္ေတာ့ ေဆး႐ုံအုပ္က ဘာေျပာလဲဆိုရင္ ဒီအထက္က ဘာမွၫႊန္ၾကားထားတာ မရွိတဲ့အတြက္ေၾကာင့္ သူတို႔ဘာမွလုပ္ေပးလို႔ မရဘူး။ ေဆး႐ုံ၊ ေဆးခန္းေတြ သြားတဲ့အခါမွာလည္း အနံ႔ေပ်ာက္တယ္၊ အသက္ရႉၾကပ္တယ္ဆိုရင္ လူနာကိုအခ်မခံဘူး၊ ျပန္ေခၚသြားဖို႔၊ အေနာက္ျပန္လွည့္ဖို႔ပဲ ေျပာတယ္။ ဘုန္းဘုန္းတို႔ရဲ႕ မ်က္စိေရွ႕မွာကိုပဲ ေအာက္စီဂ်င္မရဘဲနဲ႔ ေသသြားတဲ့သူေတြတင္ မနည္းေတာ့ဘူး။ အခုလည္း ဘုန္းဘုန္းတို႔က ေအာက္စီဂ်င္အတြက္ လိုက္လုပ္ေပးေနရတယ္။ ေတာ္ေတာ္မ်ားမ်ား စက္႐ုံေတြကလည္း ပိတ္ထားတယ္၊ ဘယ္လိုေၾကာင့္ ပိတ္ထားလဲကို မသိဘူး။"

ေအာက္စီဂ်င္ထုတ္လုပ္မႈနဲ႔ ပတ္သက္လို႔ ပုဂၢလိကပိုင္စက္႐ုံေတြမွာ တဦးခ်င္းေအာက္စီဂ်င္ဗူးေတြ လာျဖည့္ေနတာ မျဖည့္ေပးဘဲ အဓိကလုပ္ေနတဲ့ ေဆး႐ုံ၊ ေဆးခန္းေတြအတြက္သာ ျဖည့္ေပးဖို႔ ကန႔္သတ္ထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မေန႔ကသတင္းစာရွင္းလင္းပြဲမွာ ေျပာထားပါတယ္။ ျပည္သူေတြအေနနဲ႔ ေအာက္စီဂ်င္အေရးေပၚ လိုအပ္ခ်က္ကို ရွာေဖြရင္း လူနာအသက္မမီလိုက္တဲ့ အျဖစ္ဆိုးေတြလည္း ရွိေနပါတယ္။ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ထုတ္ထားတဲ့ ၿမိဳ႕နယ္ေပါင္း ၇၄ ခုရွိပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့ အခက်အခဲကြီးနေဆဲ

ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ နေမကောင်းသူတော်တော်များများ ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပမာဏကျလို့ အောက်စီဂျင် အလွန်အမင်းလိုအပ်နေကြပါတယ်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ အောက်စီဂျင်လုံလုံလောက်လောက်ရှိတယ်လို့ ပြောပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး မြေပြင်မှာ လက်တွေ့ဆောင်ရွက်နေသူတွေကရော အောက်စီဂျင်အလုံအလောက်ရှိနေတယ်ဆိုတဲ့ ပြောကြားချက်အပေါ် ဘယ်လိုတုံ့ပြန်ကြပါသလဲ၊ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံ မဆုမွန်ပြောပြပါမယ်။

ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်အလုံအလောက် မရရှိတဲ့ ပြဿနာဟာ နိုင်ငံတဝန်း ကပ်ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့ ဒေသတိုင်းလိုလိုမှာ ရင်ဆိုင်နေရတာပါ။ အောက်စီဂျင်ရရှိဖို့ တော်တော်ခက်ခဲလာတဲ့ မြေပြင်မှာကြုံတွေ့နေတဲ့ အခက်အခဲဟာ လူမှုကွန်ယက်ပေါ်မှာလည်း လူပြောများလာပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိအနေအထားမှာ အောက်စီဂျင်လုံလုံလောက်လောက်ရှိတယ်လို့ လူပြောများနေတဲ့အပေါ် တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် ကြောက်လန့်စိုးရိမ်ပြီး ကြိုတင်ဝယ်ယူထားတာ၊ မသမာတဲ့နည်းလမ်းနဲ့ လုပ်ဖို့ ဆောင်ရွက်တာတွေရှိနေတယ်လို့လည်း ပြောပါတယ်။ နေ့စဉ်နဲ့အမျှ ကိုဗစ်အတည်ပြုလူနာတွေနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက် ကြီးမားနေတဲ့ ကလေးမြို့မှာတော့ အရင်ကထက် အောက်စီဂျင်ရနိုင်ဖို့ဟာ ပိုခက်ခဲလာပါတယ်။ အရင်က မုံရွာမြို့နဲ့ မန္တလေးမြို့တွေအထိ အောက်စီဂျင်ဖြည့်ဆည်းပြီး ဒေသရဲ့လိုအပ်ချက်ကို လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ကလေးမြို့မှာ အောက်စီဂျင်ဖြည့်ပေးနိုင်တဲ့နေရာ တနေရာမှာမရှိတော့ဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"ဒီနေ့ ပြင်ပမှာ တဘူးမှဝေတဲ့နေရာ မရှိဘူးဗျ။ အရင်ကသွားယူနေတဲ့ မန္တလေးမှာလည်း လူငှားပြီးတော့ တန်းစီနေရတယ်ဗျ။ အရင်ကထက်ကို တော်တော်ကိုကြပ်တယ်ဗျ။ ကျနော်တို့ ကလေးမြို့မှာတော့ အောက်စီဂျင်ကြိုဆောင်ထားတယ်ဆိုတာ မရှိပါဘူး၊ မျှဝေပြီးပေးနေကြတာပဲ။ အောက်စီဂျင်သွားယူရင် အရင်ကဆို တညအိပ်နဲ့ ပြန်ရောက်လာတယ်။ အခု ကျနော်လွှတ်ထားတဲ့ကားက မန္တလေးမှာတင် ၃ ရက်ရှိပြီဗျ၊ ဘူး ၅၀ ကျော်လေးတောင်မှ အခုထိမရသေးဘူးဗျ။ ပြောရရင် လူနာတွေသေဆုံးနေကြတာပါပဲ၊ အောက်စီဂျင်လုံလောက်မှု မရတော့။ တချို့ဆို ငိုယိုပြီးတော့ မပေးနိုင်တော့ဘူးလားပေါ့၊ ကျနော်တို့မှာလည်း မရှိတော့ ဘယ်လိုမှလုပ်ပေးလို့ မရဘူးလေ။ ရှိသမျှကိုတော့ တန်းစီထားတဲ့ဘူးတွေအကုန် ရရင်ရသလို ဖြည့်ပေးနေတယ်ဗျ။"

ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတိုးလာလို့ မြစ်ကြီးနားမြို့ကိုလည်း ဒီကနေ့ကစပြီး Stay at Home သတ်မှတ်လိုက်ပါတယ်။ မြို့ပေါ်မှာ အတည်ပြုနိုင်တဲ့ လူနာအရေအတွက်ထက် ရောဂါသံသယရှိပြီး စစ်ဆေးမှုမခံယူဘဲ ကိုယ့်ရဲ့နေအိမ်မှာသာ နေထိုင်ပြီးကုသနေသူတွေက ပိုများနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ အောက်စီဂျင်လိုအပ်ချက်ကို ပရဟိတအသင်းတွေက ပေးနိုင်ဖို့အတွက် ဆေးစာထောက်ခံချက် လိုအပ်နေပြီး၊ တော်တော်များများက ဆရာဝန်ဆီကနေ ဆေးစာယူဖို့ အခက်အခဲရှိနေလို့ အောက်စီဂျင်ဟာ လိုအပ်သူတိုင်းအတွက် ရနိုင်ဖို့ခက်ခဲနေတယ်လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"တော်တော်များများက ဆေးရုံ၊ ဆေးပေးခန်းတွေကို သွားပြပြီးကုတဲ့သူရယ်လို့ ရာခိုင်နှုန်းအပြည့်ရှိ မနေဘူးပေါ့နော်။ အဲဒီတော့ တဘက်ကနေမှ ဆေးစာပြပါလို့ ပြောလို့ရှိရင် ဆေးစာသွားယူဖို့အတွက် ဆရာဝန်တွေ့ဖို့အတွက် အခက်အခဲရှိနေကြတာပေါ့။ အဲဒီတော့ လောလောဆယ် အောက်စီဂျင်ကတော့ ပေးဆပ်သူ နာရေး ကူညီမှုအသင်းကနေ အဓိက သူတို့ပံ့ပိုးနေတယ်။ ဆိုတော့ အောက်စီဂျင်က အရေးပေါ် ဖြစ်လာပြီဆိုရင် ပြင်ပကနေ လိုက်ပြီးရှာဝင်မယ်ဆိုရင် အောက်စီဂျင်က ဆိုင်တိုင်းမှာပြတ်တာ များတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ မိတ်ဆွေတယောက်က အကူအညီတောင်းလို့ အောက်စီဂျင်လိုက်ရှာပေးတဲ့အချိန်မှာ ဂတ်စ်ရောင်းတဲ့ဆိုင်တိုင်းမှာ အောက်စီဂျင်တွေပြတ်နေတာပေါ့နော်။ ခုဏက လူမှုရေးအသင်းကလည်း သူတို့ရဲ့ဥပဒေကြောင်းအရ ကူညီမယ်ဆိုရင် ဆေးစာပါမှ ကူညီလို့ရမယ်ဆိုတော့ ဆေးစာမရှိတဲ့သူတွေမှာက ဒီပြဿနာတော့ ရှိတယ်။"

အောက်စီဂျင်လိုအပ်ချက်ဟာ ဆေးရုံ၊ ဆေးခန်းနဲ့ ပရဟိတ လူမှုကယ်ဆယ်ရေး အသင်းတွေ အများဆုံးရှိနေတဲ့ ရန်ကုန်မြို့မှာတောင် လိုအပ်သူတိုင်း ရနိုင်ဖို့ခက်ခဲနေပါတယ်။ အခကြေးငွေယူပြီး အောက်စီဂျင်ဖြည့်ပေးနေတဲ့ စက်မှုဇုန်တွေရှေ့ လူအစုလိုက် တန်းစီစောင့်ဆိုင်းတာတွေ၊ လူမှုကူညီရေးအသင်းတွေကနေ အောက်စီဂျင်အခမဲ့ ရနိုင်ဖို့ ကြိုးပမ်းနေရသူတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ လူနေထူထပ်ပြီး စက်ရုံလုပ်သားအများစု နေထိုင်ရာ လှိုင်သာယာမြို့နယ်မှာလည်း လူနာတွေ ကျန်းမာရေးကုသမှု ခံယူဖို့ ခက်ခဲနေပါတယ်။ လူနာတွေကို ဆေးရုံ၊ ဆေးခန်းသွားပို့ရင် လက်မခံဘဲ ကိုယ့်ရဲ့နေအိမ်မှာသာ နေစေဖို့ ပြန်လွှတ်တာတွေကြုံနေရပြီး၊ အောက်စီဂျင်ပြတ်လတ်ပြီး သေဆုံးသူတွေများလာတယ်လို့ ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ဇီဝိတပရဟိတ ဥက္ကဋ္ဌ ဆရာတော် ရှင်ကောသလက မိန့်ပါတယ်။

"ဘုန်းဘုန်းတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိရာ စစ်ကောင်စီတွေကို ဖုန်းဆက်ပြီးတော့ ဝိုင်းဝန်းကူညီကြဖို့ ပြောဆိုတဲ့အခါမှာ သူတို့က ဆေးရုံအုပ်ကိုပဲ လွှဲတယ်။ ဆေးရုံအုပ်ကို ဖုန်းဆက်ပြန်တော့ ဆေးရုံအုပ်က ဘာပြောလဲဆိုရင် ဒီအထက်က ဘာမှညွှန်ကြားထားတာ မရှိတဲ့အတွက်ကြောင့် သူတို့ဘာမှလုပ်ပေးလို့ မရဘူး။ ဆေးရုံ၊ ဆေးခန်းတွေ သွားတဲ့အခါမှာလည်း အနံ့ပျောက်တယ်၊ အသက်ရှူကြပ်တယ်ဆိုရင် လူနာကိုအချမခံဘူး၊ ပြန်ခေါ်သွားဖို့၊ အနောက်ပြန်လှည့်ဖို့ပဲ ပြောတယ်။ ဘုန်းဘုန်းတို့ရဲ့ မျက်စိရှေ့မှာကိုပဲ အောက်စီဂျင်မရဘဲနဲ့ သေသွားတဲ့သူတွေတင် မနည်းတော့ဘူး။ အခုလည်း ဘုန်းဘုန်းတို့က အောက်စီဂျင်အတွက် လိုက်လုပ်ပေးနေရတယ်။ တော်တော်များများ စက်ရုံတွေကလည်း ပိတ်ထားတယ်၊ ဘယ်လိုကြောင့် ပိတ်ထားလဲကို မသိဘူး။"

အောက်စီဂျင်ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ပုဂ္ဂလိကပိုင်စက်ရုံတွေမှာ တဦးချင်းအောက်စီဂျင်ဗူးတွေ လာဖြည့်နေတာ မဖြည့်ပေးဘဲ အဓိကလုပ်နေတဲ့ ဆေးရုံ၊ ဆေးခန်းတွေအတွက်သာ ဖြည့်ပေးဖို့ ကန့်သတ်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ပြည်သူတွေအနေနဲ့ အောက်စီဂျင်အရေးပေါ် လိုအပ်ချက်ကို ရှာဖွေရင်း လူနာအသက်မမီလိုက်တဲ့ အဖြစ်ဆိုးတွေလည်း ရှိနေပါတယ်။ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်ပေါင်း ၇၄ ခုရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG