သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းအတြင္းသုႆန္ေတြ မီးသၿဂိဳလ္ေပးရမႈ ပံုမွန္ထက္အဆမ်ားစြာတိုးလာ


လည္းကူးသုႆန္သို ့ ကိုဗစ္ျဖင့္ေသဆံုးသူတဦးအား ပရဟိတအဖြဲ႕တခုက သယ္ေဆာင္စဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရန္ကုန္တိုင္းထဲက သုႆန္ေတြမွာ မီးသၿဂိဳလ္ဖို႔ေစာင့္ဆိုင္းေနရတဲ့ အေလာင္းေတြ အရင္ကထက္ ၁၀ ဆေလာက္ ပိုမ်ားေနပါတယ္။ ေသဆံုးသူသြားသူေတြအားလံုး ကိုဗစ္ကပ္ေရာဂါေၾကာင့္လားဆိုတာ အတည္မျပဳႏိုင္ေပမဲ့ ကိုဗစ္တတိယလႈိင္းျဖစ္ေနခ်ိန္ ေသဆံုးသူ မီးသၿဂိဳလ္ရတဲ့ ႏႈန္းက စိုးရိမ္စရာျမင့္တက္ေနတယ္လို႔ က်န္းမာေရးနဲ႔ နာေရးပရဟိတလုပ္ေနၾကသူေတြက ေျပာပါတယ္။ ခုလို အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ရန္ကုန္တိုင္းတြင္းက သုသာန္ေတြမွာ မီးသၿဂိဳလ္ေပးေနရတဲ့ အေရအတြက္ အခုရက္ပိုင္းမွာ ထူးထူးျခားျခား မ်ားလာေနတာမွာ ေရေဝးသုသာန္တခုတည္းမွာတင္ ဒီကေန႔ အေစာပိုင္း မီးသၿဂိဳလ္ေပးခဲ့ရတဲ့အေရအတြက္က ၂၃၀ ေက်ာ္ရွိတယ္လို႔ ပရဟိတအဖြဲ႕ေတြက ေျပာပါတယ္။ အဲဒီလို မီးသၿဂိဳလ္တဲ့အေလာင္းေတြမွာ ကိုဗစ္အတည္ျပဳလူနာေတြပါေပမဲ့ အေရအတြက္ အတိအက် မေျပာႏုိင္ဘူးလို႔ ေရေဝးသုသာန္ စည္ပင္ဌာနက တာဝန္ခံဦးျမင့္ႏိုင္က ေျပာပါတယ္။

မွန္ပါတယ္ခင္ဗ်၊ ပုံမွန္ထက္ေတာ့ မ်ားပါတယ္။ ဒီမွာကေတာ့ က်ေနာ္တို႔ Covid ေတြကေတာ့ ရႈိ႕ပါတယ္ မွန္ပါတယ္ခင္ဗ်။ ဒါေပမဲ့ စာရင္းဇယားကေတာ့ က်ေနာ္တို႔ဆီမွာ မရွိပါဘူး ႐ုံးခ်ဳပ္မွာရွိပါတယ္။”

ေရေဝးသုသာန္မွာ မီးသၿဂိဳလ္စက္သုံးလုံးရွိေပမဲ့ မီးသၿဂိဳလ္ရမယ့္ အေလာင္းေတြ မ်ားေနတာေၾကာင့္ ေန႔ခ်င္းၿပီးသၿဂိဳလ္ႏိုင္ဖို႔ ပရဟိတအဖြဲ႕ေတြ တေနကုန္ တန္းစီၿပီး ေစာင့္ဆိုင္းေနရတာပါ။ ဒီအေျခအေနကို ရန္ကုန္တိုင္းပရဟိတကြန္ရက္က ကိုေလးျမတ္က ဗြီအိုေအကို ခုလိုေျပာျပပါတယ္။

“ ေနအိမ္ကေန တခါတည္းသၿဂိဳလ္တာေတြကေတာ့ မ်ားေနတယ္။ ပုံမွန္ Covid third wave မလာခင္တုန္းက က်ေနာ္တို႔အသင္းကေန သယ္ေပးရတာ လမ္းေၾကာင္း အေၾကာင္း ၂၀/ ၃၀ ေလာက္ပဲရွိတာ။ အခုဆိုရင္ ၅၀ ေက်ာ္သြားၿပီ။ မႏိုင္ေတာ့တဲ့အေျခအေန ျဖစ္ေနတယ္ဗ်ာ ပရဟိတအသင္းေတြ။ က်ေနာ္တို႔လည္း ျငင္းထုတ္ရတာေတြလည္းရွိတယ္။ လုံးဝ ကားနဲ႔လူအင္အားနဲ႔ မေလာက္ေတာ့လို႔။ ဘာေရာဂါနဲ႔လည္း ဆုံးမွန္းလည္းမသိဘူး၊ က်ေနာ္တို႔ကေတာ့ သယ္ေပးရတယ္။ က်ေနာ္တို႔အသင္းတင္ ၅၀ ေက်ာ္ဆိုရင္ အသင္းေပါင္းစုံဆိုရင္ ေရေဝးသုသာန္တခုတည္းတင္ ခန႔္မွန္းေျခ ၂၀၀ ေက်ာ္မယ္ထင္တယ္။ တျခားက်ီစုတို႔၊ ထိန္ပင္တို႔၊ ထားဝယ္ေခ်ာင္တို႔ မပါေသးဘူး။”

လႈိင္သာယာ စည္ပင္သာယာေရးေကာ္မတီ၊ ထိန္ပင္သုသာန္ဌာနဘက္ကေတာ့ ဒီရက္ပိုင္း မီးသၿဂိဳလ္ေပးရတဲ့ အေရအတြက္နဲ႔ပတ္သက္လို႔ အတိအက် ေျပာျပလို႔မရေၾကာင္း ဗြီအိုေအကို တုံ႔ျပန္ခဲ့ပါတယ္။

“အခုကေတာ့ (အေရအတြက္ကို) မသိႏိုင္ေသးပါဘူးခင္ဗ်ာ၊ ခန႔္မွန္းလို႔ မရပါဘူးခင္ဗ်ာ၊ ဒီကာလ ဒီကိစၥကေတာ့ေနာ္။ က်ေနာ္တို႔ အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးေနပါတယ္ ခင္ဗ်ာ။ က်ေနာ္တို႔ကေတာ့ က်န္းမာေရးက ေဆးခန္းလက္မွတ္ရရင္ က်ေနာ္တို႔ သၿဂိဳလ္ေပးပါတယ္ခင္ဗ်ာ။”

က်ီစုသုသာန္ စည္ပင္သာယာဌာနကလည္း လက္တေလာအေျခအေနကို ေျဖဆိုဖို႔ ျငင္းဆိုခဲ့ပါတယ္။ မိတ္ေဆြေကာင္း နာေရးကူညီမႈက ဦးတင္ေမာင္ေဌးကေတာ့ က်ီစုသုသာန္မွာ မေန႔ကလူတရာေက်ာ္ မီးသၿဂိဳလ္ခဲ့ရလို႔ ပုံမွန္ထက္ မ်ားေနေၾကာင္း ေျပာပါတယ္။

“ဒီက်ီစုဘက္က အေျခအေနကေတာ့ မေန႔ကအေနအထားကေတာ့ အားလုံးတန္းခ်ေတြေရာ အကုန္လုံးကို ၁၀၀ နီးပါးေလာက္ရွိတယ္။ ဒီရက္ပိုင္းအတြင္း ဖ်ားနာမႈေတြေၾကာင့္ ေအာက္စီဂ်င္ျပတ္တဲ့ ျပႆနာေတြနဲ႔ပဲ ႐ုတ္တရက္ဆုံးပါးသြားတဲ့သူေတြရဲ႕ အေနအထားေတြပဲ မ်ားတယ္။ ပုံမွန္အေနအထားက အဲဒီေလာက္ မရွိပါဘူး။”

အစိုးရနဲ႔ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းအားလုံးက ကိုဗစ္ေရာဂါလကၡဏာနဲ႔ ေရာက္လာတဲ့ လူနာတိုင္းကို လက္မခံေတာ့လို႔ အေျခအေနက အရင္ကထက္ ပိုမိုဆိုး႐ြားလာေၾကာင္း ရန္ကုန္ေက်ာင္းပရဟိတရဲ႕ ဥကၠ႒ ဦးဥတၱမက မိန႔္ပါတယ္။ လက္ရွိအေျခအေနမွာ ေဆး႐ုံ၊ ေဆးခန္းသြားဖို႔ထက္ ႐ုတ္တရက္ အသက္ရႈက်ပ္ၿပီး ေအာက္စီဂ်င္မရလို႔ ေသဆုံးရတဲ့သူေတြ အမ်ားအျပားရွိေနတာပါ။ အထူးသျဖင့္ အေျခခံလူတန္းစားေတြမ်ားတဲ့ ေနရာေတြမွာ ဒီျပႆနာေတြ ႀကဳံေနရတယ္လို႔ ဆရာေတာ္က မိန႔္ပါတယ္။

“ ေတာ္ေတာ္အရမ္းဆိုးေနတယ္။ အသက္ရႈက်ပ္ၿပီးေတာ့ ေအာက္စီဂ်င္က်ၿပီးေတာ့ ေသဆုံးတဲ့သူ အမ်ားႀကီးျဖစ္ေနတယ္။ တရက္တရက္ကိုဆိုရင္ ဒီထန္းတပင္နဲ႔ လႈိင္သာယာကိုေတာင္မွ စာရင္းျပဳစုမယ္ဆိုရင္ ခန႔္မွန္းလို႔မရဘူး ျဖစ္ေနတယ္။ ဒီနာေရးသြားတဲ့ အသင္းအဖြဲ႕ေတြကစၿပီးမွ အေလာင္းေတြက အခုအခ်ိန္အထိ မသၿဂိဳဟ္ရေသးဘူးဆိုၿပီးေတာ့ ဘုန္းဘုန္းတို႔ရဲ႕ မိတ္ဖက္အသင္းေတြက ဖုန္းဆက္ၿပီးေတာ့ အေၾကာင္းၾကားေပးတယ္။”

ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ကိုဗစ္တတိယလႈိင္းမွာ ကူးစက္ျမန္ ဗီဇေျပာင္း Delta ကိုဗစ္မ်ဳိးကဲြလည္း ကူးစက္ေနတယ္လို႔ က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာထားပါတယ္။ ျမန္မာႏိုင္ငံမွာ လတ္တေလာေသဆံုးေနၾကသူအမ်ားစုက ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနသလားဆိုတာ စစ္ေဆးႏိုင္တဲ့ အေျခအေနမ႐ွိခင္မွာကို ေသဆံုးေနၾကတာျဖစ္ၿပီး အမ်ားစုက ေအာက္စီဂ်င္ျပတ္လပ္ၿပီး အသက္႐ႈၾကပ္ေသဆံုးၾကတာျဖစ္တယ္လို႔ က်န္ရစ္သူမိသားစုေတြက ေျပာျပၾကပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ရန်ကုန်တိုင်းအတွင်းသုဿန်တွေ မီးသဂြိုလ်ပေးရမှု ပုံမှန်ထက်အဆများစွာတိုးလာ

(Unicode)

ရန်ကုန်တိုင်းထဲက သုဿန်တွေမှာ မီးသဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အလောင်းတွေ အရင်ကထက် ၁၀ ဆလောက် ပိုများနေပါတယ်။ သေဆုံးသူသွားသူတွေအားလုံး ကိုဗစ်ကပ်ရောဂါကြောင့်လားဆိုတာ အတည်မပြုနိုင်ပေမဲ့ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် သေဆုံးသူ မီးသဂြိုလ်ရတဲ့ နှုန်းက စိုးရိမ်စရာမြင့်တက်နေတယ်လို့ ကျန်းမာရေးနဲ့ နာရေးပရဟိတလုပ်နေကြသူတွေက ပြောပါတယ်။ ခုလို အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရန်ကုန်တိုင်းတွင်းက သုသာန်တွေမှာ မီးသဂြိုလ်ပေးနေရတဲ့ အရေအတွက် အခုရက်ပိုင်းမှာ ထူးထူးခြားခြား များလာနေတာမှာ ရေဝေးသုသာန်တခုတည်းမှာတင် ဒီကနေ့ အစောပိုင်း မီးသဂြိုလ်ပေးခဲ့ရတဲ့အရေအတွက်က ၂၃၀ ကျော်ရှိတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ အဲဒီလို မီးသဂြိုလ်တဲ့အလောင်းတွေမှာ ကိုဗစ်အတည်ပြုလူနာတွေပါပေမဲ့ အရေအတွက် အတိအကျ မပြောနိုင်ဘူးလို့ ရေဝေးသုသာန် စည်ပင်ဌာနက တာဝန်ခံဦးမြင့်နိုင်က ပြောပါတယ်။

မှန်ပါတယ်ခင်ဗျ၊ ပုံမှန်ထက်တော့ များပါတယ်။ ဒီမှာကတော့ ကျနော်တို့ Covid တွေကတော့ ရှို့ပါတယ် မှန်ပါတယ်ခင်ဗျ။ ဒါပေမဲ့ စာရင်းဇယားကတော့ ကျနော်တို့ဆီမှာ မရှိပါဘူး ရုံးချုပ်မှာရှိပါတယ်။”

ရေဝေးသုသာန်မှာ မီးသဂြိုလ်စက်သုံးလုံးရှိပေမဲ့ မီးသဂြိုလ်ရမယ့် အလောင်းတွေ များနေတာကြောင့် နေ့ချင်းပြီးသဂြိုလ်နိုင်ဖို့ ပရဟိတအဖွဲ့တွေ တနေကုန် တန်းစီပြီး စောင့်ဆိုင်းနေရတာပါ။ ဒီအခြေအနေကို ရန်ကုန်တိုင်းပရဟိတကွန်ရက်က ကိုလေးမြတ်က ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ နေအိမ်ကနေ တခါတည်းသဂြိုလ်တာတွေကတော့ များနေတယ်။ ပုံမှန် Covid third wave မလာခင်တုန်းက ကျနော်တို့အသင်းကနေ သယ်ပေးရတာ လမ်းကြောင်း အကြောင်း ၂၀/ ၃၀ လောက်ပဲရှိတာ။ အခုဆိုရင် ၅၀ ကျော်သွားပြီ။ မနိုင်တော့တဲ့အခြေအနေ ဖြစ်နေတယ်ဗျာ ပရဟိတအသင်းတွေ။ ကျနော်တို့လည်း ငြင်းထုတ်ရတာတွေလည်းရှိတယ်။ လုံးဝ ကားနဲ့လူအင်အားနဲ့ မလောက်တော့လို့။ ဘာရောဂါနဲ့လည်း ဆုံးမှန်းလည်းမသိဘူး၊ ကျနော်တို့ကတော့ သယ်ပေးရတယ်။ ကျနော်တို့အသင်းတင် ၅၀ ကျော်ဆိုရင် အသင်းပေါင်းစုံဆိုရင် ရေဝေးသုသာန်တခုတည်းတင် ခန့်မှန်းခြေ ၂၀၀ ကျော်မယ်ထင်တယ်။ တခြားကျီစုတို့၊ ထိန်ပင်တို့၊ ထားဝယ်ချောင်တို့ မပါသေးဘူး။”

လှိုင်သာယာ စည်ပင်သာယာရေးကော်မတီ၊ ထိန်ပင်သုသာန်ဌာနဘက်ကတော့ ဒီရက်ပိုင်း မီးသဂြိုလ်ပေးရတဲ့ အရေအတွက်နဲ့ပတ်သက်လို့ အတိအကျ ပြောပြလို့မရကြောင်း ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။

“အခုကတော့ (အရေအတွက်ကို) မသိနိုင်သေးပါဘူးခင်ဗျာ၊ ခန့်မှန်းလို့ မရပါဘူးခင်ဗျာ၊ ဒီကာလ ဒီကိစ္စကတော့နော်။ ကျနော်တို့ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။ ကျနော်တို့ကတော့ ကျန်းမာရေးက ဆေးခန်းလက်မှတ်ရရင် ကျနော်တို့ သဂြိုလ်ပေးပါတယ်ခင်ဗျာ။”

ကျီစုသုသာန် စည်ပင်သာယာဌာနကလည်း လက်တလောအခြေအနေကို ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ မိတ်ဆွေကောင်း နာရေးကူညီမှုက ဦးတင်မောင်ဌေးကတော့ ကျီစုသုသာန်မှာ မနေ့ကလူတရာကျော် မီးသဂြိုလ်ခဲ့ရလို့ ပုံမှန်ထက် များနေကြောင်း ပြောပါတယ်။

“ဒီကျီစုဘက်က အခြေအနေကတော့ မနေ့ကအနေအထားကတော့ အားလုံးတန်းချတွေရော အကုန်လုံးကို ၁၀၀ နီးပါးလောက်ရှိတယ်။ ဒီရက်ပိုင်းအတွင်း ဖျားနာမှုတွေကြောင့် အောက်စီဂျင်ပြတ်တဲ့ ပြဿနာတွေနဲ့ပဲ ရုတ်တရက်ဆုံးပါးသွားတဲ့သူတွေရဲ့ အနေအထားတွေပဲ များတယ်။ ပုံမှန်အနေအထားက အဲဒီလောက် မရှိပါဘူး။”

အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းအားလုံးက ကိုဗစ်ရောဂါလက္ခဏာနဲ့ ရောက်လာတဲ့ လူနာတိုင်းကို လက်မခံတော့လို့ အခြေအနေက အရင်ကထက် ပိုမိုဆိုးရွားလာကြောင်း ရန်ကုန်ကျောင်းပရဟိတရဲ့ ဥက္ကဋ္ဌ ဦးဥတ္တမက မိန့်ပါတယ်။ လက်ရှိအခြေအနေမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ထက် ရုတ်တရက် အသက်ရှုကျပ်ပြီး အောက်စီဂျင်မရလို့ သေဆုံးရတဲ့သူတွေ အများအပြားရှိနေတာပါ။ အထူးသဖြင့် အခြေခံလူတန်းစားတွေများတဲ့ နေရာတွေမှာ ဒီပြဿနာတွေ ကြုံနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ တော်တော်အရမ်းဆိုးနေတယ်။ အသက်ရှုကျပ်ပြီးတော့ အောက်စီဂျင်ကျပြီးတော့ သေဆုံးတဲ့သူ အများကြီးဖြစ်နေတယ်။ တရက်တရက်ကိုဆိုရင် ဒီထန်းတပင်နဲ့ လှိုင်သာယာကိုတောင်မှ စာရင်းပြုစုမယ်ဆိုရင် ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်။ ဒီနာရေးသွားတဲ့ အသင်းအဖွဲ့တွေကစပြီးမှ အလောင်းတွေက အခုအချိန်အထိ မသဂြိုဟ်ရသေးဘူးဆိုပြီးတော့ ဘုန်းဘုန်းတို့ရဲ့ မိတ်ဖက်အသင်းတွေက ဖုန်းဆက်ပြီးတော့ အကြောင်းကြားပေးတယ်။”

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မြန် ဗီဇပြောင်း Delta ကိုဗစ်မျိုးကွဲလည်း ကူးစက်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောသေဆုံးနေကြသူအများစုက ကိုဗစ်ကပ်ရောဂါ ကူးစက်နေသလားဆိုတာ စစ်ဆေးနိုင်တဲ့ အခြေအနေမရှိခင်မှာကို သေဆုံးနေကြတာဖြစ်ပြီး အများစုက အောက်စီဂျင်ပြတ်လပ်ပြီး အသက်ရှုကြပ်သေဆုံးကြတာဖြစ်တယ်လို့ ကျန်ရစ်သူမိသားစုတွေက ပြောပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG