သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါ လူထုအခ်င္းခ်င္းညီညီၫြတ္ၫြတ္ရင္ဆိုင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္မွာၾကား


ေနျပည္ေတာ္အစည္းအ၀ေးတခုမွာ ႏိုင္ငံေတာ္အတိုင္အပင္ခံ ေဒၚ ေအာင္ဆန္းစုၾကည္ မိန္ ့ခြန္းေျပာၾကားခဲ့စဥ္ ( ဓာတ္ပံု - VOA)

(Zawgyi/Unicode)

ျမန္မာႏိ္ုင္ငံ ကို႐ိုနာဗိုင္းရပ္ကူးစက္မႈေတြတိုးၿပီး ေသဆံုးႏႈန္းကလည္း မ်ားလာတဲ့အတြက္ ၊ ဖမ္းဆီးခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာလူထုအတြက္ စိုးရိမ္ပူပင္ေနတယ္လို႔ ေရွ႕ေနျဖစ္သူက ေျပာပါတယ္။ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ လူထုအခ်င္းခ်င္း ညီၫြတ္ဖို႔ ပန္ၾကားတယ္လို႔လည္း ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေတာ္ေတာ္ စိုးရိမ္ေနတယ္။ ဒီေရာဂါကို လူထုကပဲကိုယ့္အခ်င္းခ်င္း ညီညီညြတ္ညြတ္နဲ႔ တြန္းလွန္မွျဖစ္ေတာ့မယ္ထင္တယ္လို႔ သူက ေျပာတယ္၊ မွာတယ္။ သမၼတဦးဝင္းျမင့္ကလည္း ေန႔တုိင္း ဆုေတာင္း ေမတၱာပို႔ ေပးေနတဲ့အေၾကာင္း ေျပာပါတယ္။”

ႏိ္ုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ဖမ္းဆီးထိမ္းသိမ္းခံထားရၿပီး၊ သဘာ၀ေဘးဒဏ္စီမံခန္႕ခဲြမႈ ဥပေဒခ်ိဳးေဖာက္မႈအပါအ၀င္ စဲြခ်က္အေတာ္မ်ားမ်ားနဲ႔ တရားရင္ဆိုင္ေနရပါတယ္။

ကိုဗစ္ -၁၉ နဲ႔ေသဆံုးမႈႏႈန္း ေန႔စဥ္ျမင့္တက္လာေနတာေၾကာင့္ ရန္ကုန္နဲ႔ပဲခူးတုိင္းေတြမွာ အိမ္ျပင္မထြက္ဖို႔ ကန္႔သတ္ မိန္႔ ကို ဒီကေန႔ဇူလိုင္လ ၁၂ ရက္ကစၿပီး ( ၁၈) ၿမိဳ႕နယ္မွာ ထပ္တုိးထားပါတယ္။။ ဒါေၾကာင့္ ျမန္မာႏုိင္ငံတဝန္း Stay at home အိမ္မွာပဲ ေနၾကဖို႔ကန္႔သတ္တဲ့ၿမိဳ႕နယ္ေပါင္း (၆၀ )ေက်ာ္သြားၿပီျဖစ္ပါတယ္။

တနဂၤေႏြေန႔ ဓာတ္ခဲြစမ္းသပ္မႈ ၁ ေသာင္းေက်ာ္မွာ ၁ ရက္တည္း အတည္ျပဳလူနာ ၂၄၆၁ ေယာက္ရွိခဲ့ၿပီး ေသဆံုးသူ ၈၂ ဦးရွိေၾကာင္း စစ္ေကာင္စီရဲ႕က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

လက္ရွိအေျခအေနမွာ ေအာက္စီဂ်င္အခ်ိန္မီမရတာနဲ႔ လံုေလာက္မႈမရွိတာေတြေၾကာင့္ ေသဆံုးရတဲ့ ကိုဗစ္လူနာေတြ မ်ားလာေနေၾကာင္း အကူညီေပးေနတဲ့ ေစတနာ့ဝန္ထမ္းေတြနဲ႔ က်န္းမာေရးကၽြမ္းက်င္သူေတြက ေျပာၾကပါတယ္။ ကိုဗစ္ 19 ေရာဂါသည္ေတြအတြက္ ေအာက္စီဂ်င္ရွားပါးတဲ့ အခက္အခဲေတြ ၾကဳံေနရတဲ့အခ်ိန္မွာ ပုဂၢလိက ေအာက္စီဂ်င္စက္႐ုံေတြကို ထုတ္လုပ္ခြင့္ ပိတ္ပင္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနသလို၊ တခ်ဳိ႕စက္ေတြ စီးပြားကူးသန္း၀န္ႀကီးဌာနကသြင္းခြင့္မေပးဘူးဆိုတဲ့ သတင္းေတြ ထြက္ေနတာနဲ႔ပတ္သက္လို႔လည္း မဟုတ္မမွန္တဲ့ အေၾကာင္း စစ္ေကာင္စီဘက္က ျငင္းဆိုပါတယ္။ ေအာက္စီဂ်င္နဲ႔ ပတ္သက္ၿပီး ပုဂၢလိက ပိုင္ဆိ္ုင္မႈ တခ်ဳိ႕ ကန္႔သတ္တာကိုေတာ့ စစ္ေကာင္စီဘက္က ၀န္ခံေျပာဆိုၿပီး ဒါဟာ လိုအပ္ခ်က္အရ လုပ္ေဆာင္တာျဖစ္တယ္လို႔ ေခ်ပေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................................................................

ကိုဗစ်ရောဂါ လူထုအချင်းချင်းညီညီညွတ်ညွတ်ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာကြား

(Unicode)

မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်ကူးစက်မှုတွေတိုးပြီး သေဆုံးနှုန်းကလည်း များလာတဲ့အတွက် ၊ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူထုအတွက် စိုးရိမ်ပူပင်နေတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် လူထုအချင်းချင်း ညီညွတ်ဖို့ ပန်ကြားတယ်လို့လည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ တော်တော် စိုးရိမ်နေတယ်။ ဒီရောဂါကို လူထုကပဲကိုယ့်အချင်းချင်း ညီညီညွတ်ညွတ်နဲ့ တွန်းလှန်မှဖြစ်တော့မယ်ထင်တယ်လို့ သူက ပြောတယ်၊ မှာတယ်။ သမ္မတဦးဝင်းမြင့်ကလည်း နေ့တိုင်း ဆုတောင်း မေတ္တာပို့ ပေးနေတဲ့အကြောင်း ပြောပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး၊ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု ဥပဒေချိုးဖောက်မှုအပါအဝင် စွဲချက်အတော်များများနဲ့ တရားရင်ဆိုင်နေရပါတယ်။

ကိုဗစ် -၁၉ နဲ့သေဆုံးမှုနှုန်း နေ့စဉ်မြင့်တက်လာနေတာကြောင့် ရန်ကုန်နဲ့ပဲခူးတိုင်းတွေမှာ အိမ်ပြင်မထွက်ဖို့ ကန့်သတ် မိန့် ကို ဒီကနေ့ဇူလိုင်လ ၁၂ ရက်ကစပြီး ( ၁၈) မြို့နယ်မှာ ထပ်တိုးထားပါတယ်။။ ဒါကြောင့် မြန်မာနိုင်ငံတဝန်း Stay at home အိမ်မှာပဲ နေကြဖို့ကန့်သတ်တဲ့မြို့နယ်ပေါင်း (၆၀ )ကျော်သွားပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ဓာတ်ခွဲစမ်းသပ်မှု ၁ သောင်းကျော်မှာ ၁ ရက်တည်း အတည်ပြုလူနာ ၂၄၆၁ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၈၂ ဦးရှိကြောင်း စစ်ကောင်စီရဲ့ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေမှာ အောက်စီဂျင်အချိန်မီမရတာနဲ့ လုံလောက်မှုမရှိတာတွေကြောင့် သေဆုံးရတဲ့ ကိုဗစ်လူနာတွေ များလာနေကြောင်း အကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကိုဗစ် 19 ရောဂါသည်တွေအတွက် အောက်စီဂျင်ရှားပါးတဲ့ အခက်အခဲတွေ ကြုံနေရတဲ့အချိန်မှာ ပုဂ္ဂလိက အောက်စီဂျင်စက်ရုံတွေကို ထုတ်လုပ်ခွင့် ပိတ်ပင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို၊ တချို့စက်တွေ စီးပွားကူးသန်းဝန်ကြီးဌာနကသွင်းခွင့်မပေးဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ပတ်သက်လို့လည်း မဟုတ်မမှန်တဲ့ အကြောင်း စစ်ကောင်စီဘက်က ငြင်းဆိုပါတယ်။ အောက်စီဂျင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှု တချို့ ကန့်သတ်တာကိုတော့ စစ်ကောင်စီဘက်က ဝန်ခံပြောဆိုပြီး ဒါဟာ လိုအပ်ချက်အရ လုပ်ဆောင်တာဖြစ်တယ်လို့ ချေပပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG