သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေမ ၂၄ လူကိုယ္တိုင္ရံုးထုတ္စစ္ေဆးမည္


ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြအတြင္း ဆႏၵျပသူတဦး ကိုင္ေဆာင္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ပို႔စ္တာ တခု။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ေနျပည္ေတာ္မွာ အမႈ ၆ မႈနဲ႔ တရားစြဲဆိုခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေမလ ၂၄ ရက္ေန႔ ႐ံုးခ်ိန္က်ရင္ အြန္လိုင္းကတဆင့္ မဟုတ္ဘဲ တရားခြင္မွာ လူကိုယ္တုိင္ ႐ံုးထုတ္မွာ ျဖစ္ပါတယ္။ တရားစြဲခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တရားခြင္မွာ လာေရာက္ အမႈ ၾကားနာရမယ္လို႔ တရားသူႀကီးက ဒီေန႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔အမႈေတြနဲ႔ ပတ္သက္လို႔ အက်ဳိးေဆာင္အဖဲြ႔နဲ႔ ခုထိေတ႔ြဆံု တိုင္ပင္ေဆြးေႏြးခြင့္ မရေသးဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစံုကုိ မခင္ျဖဴေထြး ကတင္ျပပါမယ္။

ေနျပည္ေတာ္မွာ ပုဒ္မ ၅ ခုနဲ႔ တရားစြဲထားတဲ့ အမႈ ၆ မႈကို ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ကုိ ေနာက္တႀကိမ္႐ံုးခ်ိန္းက်ရင္ လူကိုယ္တိုင္ တရားခြင္ကုိ လာေရာက္ရမယ္လို႔ ဒီေန႔ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ တရား႐ံုး တရားသူႀကီးက ဒီေန႔ ဆံုးျဖတ္လိုက္ပါတယ္။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ ညႊန္ၾကားခ်က္အရ ေဒၚေအာင္ဆန္းစုၾကည္ေနတဲ့ အိမ္နားမွာ အမႈစစ္ေဆးႏုိင္မယ့္ အထူးေနရာတခု ျပင္ဆင္ရမယ္လို႔ တရားသူႀကီးက ဒီေန႔ အမိန္႔ေပးခဲ့ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

"က်ေနာ္တို႔ ပါဝါယူထားတာ ၃ေယာက္ပါ၊ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္ရယ္ပါ။ အဲဒီအမႈေတြအတြက္ video conferencing လုပ္ပါတယ္။ ၿပီးေတာ့ တရားသူႀကီးက တရားလႊတ္ေတာ္ခ်ဳပ္ကေန ၫႊန္ၾကားခ်က္ကို နံပါတ္နဲ႔ ရက္စြဲကိုေျပာျပပါတယ္။ ဒီအမႈေတြေပါ့.... ေဒၚေအာင္ဆန္းစုၾကည္ပါဝင္တဲ့ အမႈေတြ၊ ေနျပည္ေတာ္မွာ ရွိေနေသးတဲ့အမႈေတြကို အဲဒါေတြကို video conferencing နဲ႔ မစစ္ဘဲနဲ႔ ႐ုံးထုတ္ၿပီးစစ္ဖို႔ ၫႊန္ၾကားပါတယ္။ ႐ုံးထုတ္တာမွာလည္း ဒီတရားရံုးပဲ... ဇမၺဴသီရိ တရားသူႀကီးကေနၿပီးေတာ့မွ ဒီအမႈနံပါတ္နဲ႔ပဲ.... ဒါေပမဲ့ ႐ုံးေနရာကိုေတာ့ ေနရာေျပာင္းစစ္ဖို႔ ညႊန္ၾကားပါတယ္။ ေနရာကေတာ့ ေဇယ်သိဒၶိရပ္ကြက္ထဲက လမ္းတလမ္းေပါ့ဗ်ာ။ အဲဒီေနရာက က်ေနာ္တို႔ သိသေလာက္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္aနတဲ့ အိမ္နဲ႔ နီးတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။ အဲဒီမွာ စစ္ဖို႔ ၂၄ ရက္ေန႔ စစ္ဖို႔ ႐ုံးခ်ိန္းေပးပါတယ္။"

ဒီေန႔ အြန္လိုင္းေပၚကေန ႐ံုးထုတ္စဥ္ အမႈအတြက္ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ ေလ ွ်ာက္ထားခြင့္ရခဲ့ေပမ့ဲ အမႈသည္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သီးသန္႔ တုိင္ပင္ေဆြးေႏြးမႈေတြ ခုထိ လုပ္ခြင့္ မရေသးပါဘူး။

"ဒီကေန႔ စီစဥ္ထားတာက အမႈသည္နဲ႔ ေရွ႕ေနေတြ႔ဖို႔ဆိုတာမ်ိဳး ျဖစ္တဲ့အတြက္ေၾကာင့္ ရဲကို ေခၚၿပီးေတာ့ ေမးပါတယ္။ ရဲကို တင္ျပထားတုန္း ရွိပါေသးတယ္လို႔ ေျပာပါတယ္။ တရားသူၾကီးက ဘယ္သူပဲ ျဖစ္ျဖစ္ ဒီအခ်ိန္းမွာေတာ့ သူကိုယ္တိုင္ ရံုးကို ေရာက္လာေတာ့မယ္ျဖစ္တဲ့အတြက္ေၾကာင့္ အမႈသည္နဲ႔ ေရွ႕ေနေတြ႔တဲ့ ကိစၥကလည္း အလိုလို အဆင္ေျပသြားလိမ့္မယ္လို႔ တရားသူၾကီးက ေျပာပါတယ္ခင္ဗ်။ အဲဒီမွာ ေဒၚေအာင္ဆန္းစုၾကည္က ျဖတ္ေမးပါတယ္။ အလိုလိုအဆင္ေျပသြားမယ္ဆိုတာ ဘာကိုဆိုလိုသလဲတဲ့... အဲဒါနဲ႔ က်ေနာ္ထြက္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာျပပါတယ္။ အမႈသည္နဲ႔ ေရွ႕ေနေတြ႔ရတယ္ဆိုတာ စြပ္စဲြခံရသူ တေယာက္ရဲ႕ အခြင့္အေရး။ ဆိုေတာ့ အဲ့ဒီလို ေပးကိုေပးရမယ့္ အေျခအေနမွာ တဘက္က ေႏွာင့္ေႏွးေနတဲ့အခ်ိန္မွာ တရားသူၾကီးက ရံုးေရွ႕ကို ေရာက္လာၿပီဆိုရင္ တရားရံုးအေနနဲ႔လည္းပဲ စီစဥ္လို႔ရတဲ့ အေနအထားကို ေျပာျပတာပါလို႔၊ တဆက္တည္းမွာပဲ တရားသူၾကီးကို က်ေနာ္ ေမတၱာရပ္ခံပါတယ္။ က်ေနာ္တို႔ ရံုးေရွ႕မွာ စစ္ရသည္ဆိုရင္လည္း က်ေနာ္တို႔ တဦးခ်င္းပဲ instruction ယူနဲ႔နည္းနဲ႔ သီးျခားေနရာ တခုမွာ စီစဥ္ေပးဖို႔ က်ေနာ္ေျပာလိုက္ပါတယ္။"

ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္လႈံေဆာ္မႈဥပေဒ ပုဒ္မ ၁၂၄ (က) တို႔အျပင္ သဘာဝေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ေနျပည္ေတာ္မွာ အမႈ ၆ မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တရားရင္ဆိုင္ေနရပါတယ္။ ရန္ကုန္မွာေတာ့ အစိုးရလွ်ိဳ႕ဝွက္ခ်က္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ အမႈ ၁ ခု စြဲထားပါတယ္။ ဒီေန႔ ေနျပည္ေတာ္မွာ အမႈၾကားနာပြဲကို video conferencing နဲ႔ အြန္လိုင္းကေန လုပ္ခဲ့တာပါ။ ႏုိင္ငံေတာ္ အၾကည္အညိဳပ်က္ေအာင္လုပ္မႈ ဥပေဒ ပုဒ္မ ၁၂၄ (က) နဲ႔ အမႈမွာ ေဒၚေဆာင္ဆန္းစုၾကည္နဲ႔ အမႈတတဲြတည္းျဖစ္တဲ့ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တုိ႔ကိုလည္း ဒီေန႔ အြန္လိုင္းေပၚကေန ႐ံုးထုတ္ခဲ့ပါတယ္။ သူတို႔ အားလံုး က်န္းက်န္းမာမာ ႐ွိပံုရတယ္လို႔ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

"ဒီေန႔က video conferencing ဆိုေတာ့ ႐ုံးေပၚက နံရံႀကီးေပၚမွာေပါ့ဗ်ာ။ သူတို႔႐ုပ္ေတြ ထင္ထင္ရွားရွားပါပဲ။ ၃ ေယာက္စလုံး screen ေပၚမွာ သူတို႔ တေယာက္နဲ႔ တေယာက္ လည္း ျမင္ၾကရပါတယ္။ တေယာက္နဲ႔ တေယာက္ႏႈတ္ဆက္ၾကပါတယ္။ က်န္းမာၾကရဲ႕လား။ ေနေကာင္းရဲ႕လား အစရွိသျဖင့္ေပါ့။ ႐ုံးခ်ိန္းမွာေတာ့ ၃ေယာက္သလုံးက က်န္းက်န္းမာမာရွိတဲ့ ပံုေပၚပါတယ္။"

အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ တရားစြဲထားတဲ့ အမႈနဲ႔ ပတ္သက္လို႔ေတာ့ ေမလ ၂၀ ရက္ေန႔မွာ ႐ံုးခ်ိန္း႐ွိပါတယ္။ ခုလို ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာ စုစုေပါင္း အမႈ ၇ ခု စြဲဆိုထားေပမဲ့ အမႈေတြကို စတင္ စစ္ေဆးျခင္း မ႐ွိေသးတဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္က ေမးခြန္းထုတ္ထားပါတယ္။ လာမယ့္ ႐ံုးခ်ိန္းေတြက်ရင္ အမႈေတြကို စတင္စစ္ေဆးမွာလားဆိုတာကို မေျပာႏိုင္ေသးဘူးလုိ႔ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေါ်အောင်ဆန်းစုကြည်ကို မေ ၂၄ လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမည်

နေပြည်တော်မှာ အမှု ၆ မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၄ ရက်နေ့ ရုံးချိန်ကျရင် အွန်လိုင်းကတဆင့် မဟုတ်ဘဲ တရားခွင်မှာ လူကိုယ်တိုင် ရုံးထုတ်မှာ ဖြစ်ပါတယ်။ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ လာရောက် အမှု ကြားနာရမယ်လို့ တရားသူကြီးက ဒီနေ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အမှုတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်အဖွဲ့နဲ့ ခုထိတေ့ွဆုံ တိုင်ပင်ဆွေးနွေးခွင့် မရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခင်ဖြူထွေး ကတင်ပြပါမယ်။

နေပြည်တော်မှာ ပုဒ်မ ၅ ခုနဲ့ တရားစွဲထားတဲ့ အမှု ၆ မှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို နောက်တကြိမ်ရုံးချိန်းကျရင် လူကိုယ်တိုင် တရားခွင်ကို လာရောက်ရမယ်လို့ ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ညွှန်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်နားမှာ အမှုစစ်ဆေးနိုင်မယ့် အထူးနေရာတခု ပြင်ဆင်ရမယ်လို့ တရားသူကြီးက ဒီနေ့ အမိန့်ပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"ကျနော်တို့ ပါဝါယူထားတာ ၃ယောက်ပါ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်ရယ်ပါ။ အဲဒီအမှုတွေအတွက် video conferencing လုပ်ပါတယ်။ ပြီးတော့ တရားသူကြီးက တရားလွှတ်တော်ချုပ်ကနေ ညွှန်ကြားချက်ကို နံပါတ်နဲ့ ရက်စွဲကိုပြောပြပါတယ်။ ဒီအမှုတွေပေါ့.... ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ အမှုတွေ၊ နေပြည်တော်မှာ ရှိနေသေးတဲ့အမှုတွေကို အဲဒါတွေကို video conferencing နဲ့ မစစ်ဘဲနဲ့ ရုံးထုတ်ပြီးစစ်ဖို့ ညွှန်ကြားပါတယ်။ ရုံးထုတ်တာမှာလည်း ဒီတရားရုံးပဲ... ဇမ္ဗူသီရိ တရားသူကြီးကနေပြီးတော့မှ ဒီအမှုနံပါတ်နဲ့ပဲ.... ဒါပေမဲ့ ရုံးနေရာကိုတော့ နေရာပြောင်းစစ်ဖို့ ညွှန်ကြားပါတယ်။ နေရာကတော့ ဇေယျသိဒ္ဓိရပ်ကွက်ထဲက လမ်းတလမ်းပေါ့ဗျာ။ အဲဒီနေရာက ကျနော်တို့ သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် နေတဲ့ အိမ်နဲ့ နီးတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီမှာ စစ်ဖို့ ၂၄ ရက်နေ့ စစ်ဖို့ ရုံးချိန်းပေးပါတယ်။"

ဒီနေ့ အွန်လိုင်းပေါ်ကနေ ရုံးထုတ်စဉ် အမှုအတွက် ရှေ့နေကြီး ဦးခင်မောင်ဇော် လေ ျှာက်ထားခွင့်ရခဲ့ပေမဲ့ အမှုသည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တိုင်ပင်ဆွေးနွေးမှုတွေ ခုထိ လုပ်ခွင့် မရသေးပါဘူး။

"ဒီကနေ့ စီစဉ်ထားတာက အမှုသည်နဲ့ ရှေ့နေတွေ့ဖို့ဆိုတာမျိုး ဖြစ်တဲ့အတွက်ကြောင့် ရဲကို ခေါ်ပြီးတော့ မေးပါတယ်။ ရဲကို တင်ပြထားတုန်း ရှိပါသေးတယ်လို့ ပြောပါတယ်။ တရားသူကြီးက ဘယ်သူပဲ ဖြစ်ဖြစ် ဒီအချိန်းမှာတော့ သူကိုယ်တိုင် ရုံးကို ရောက်လာတော့မယ်ဖြစ်တဲ့အတွက်ကြောင့် အမှုသည်နဲ့ ရှေ့နေတွေ့တဲ့ ကိစ္စကလည်း အလိုလို အဆင်ပြေသွားလိမ့်မယ်လို့ တရားသူကြီးက ပြောပါတယ်ခင်ဗျ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြတ်မေးပါတယ်။ အလိုလိုအဆင်ပြေသွားမယ်ဆိုတာ ဘာကိုဆိုလိုသလဲတဲ့... အဲဒါနဲ့ ကျနော်ထွက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြပါတယ်။ အမှုသည်နဲ့ ရှေ့နေတွေ့ရတယ်ဆိုတာ စွပ်စွဲခံရသူ တယောက်ရဲ့ အခွင့်အရေး။ ဆိုတော့ အဲ့ဒီလို ပေးကိုပေးရမယ့် အခြေအနေမှာ တဘက်က နှောင့်နှေးနေတဲ့အချိန်မှာ တရားသူကြီးက ရုံးရှေ့ကို ရောက်လာပြီဆိုရင် တရားရုံးအနေနဲ့လည်းပဲ စီစဉ်လို့ရတဲ့ အနေအထားကို ပြောပြတာပါလို့၊ တဆက်တည်းမှာပဲ တရားသူကြီးကို ကျနော် မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ ရုံးရှေ့မှာ စစ်ရသည်ဆိုရင်လည်း ကျနော်တို့ တဦးချင်းပဲ instruction ယူနဲ့နည်းနဲ့ သီးခြားနေရာ တခုမှာ စီစဉ်ပေးဖို့ ကျနော်ပြောလိုက်ပါတယ်။"

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အကြည်ညိုပျက်အောင်လှုံဆော်မှုဥပဒေ ပုဒ်မ ၁၂၄ (က) တို့အပြင် သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း နေပြည်တော်မှာ အမှု ၆ မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရပါတယ်။ ရန်ကုန်မှာတော့ အစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ အမှု ၁ ခု စွဲထားပါတယ်။ ဒီနေ့ နေပြည်တော်မှာ အမှုကြားနာပွဲကို video conferencing နဲ့ အွန်လိုင်းကနေ လုပ်ခဲ့တာပါ။ နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု ဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ အမှုမှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အမှုတတွဲတည်းဖြစ်တဲ့ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း ဒီနေ့ အွန်လိုင်းပေါ်ကနေ ရုံးထုတ်ခဲ့ပါတယ်။ သူတို့ အားလုံး ကျန်းကျန်းမာမာ ရှိပုံရတယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒီနေ့က video conferencing ဆိုတော့ ရုံးပေါ်က နံရံကြီးပေါ်မှာပေါ့ဗျာ။ သူတို့ရုပ်တွေ ထင်ထင်ရှားရှားပါပဲ။ ၃ ယောက်စလုံး screen ပေါ်မှာ သူတို့ တယောက်နဲ့ တယောက် လည်း မြင်ကြရပါတယ်။ တယောက်နဲ့ တယောက်နှုတ်ဆက်ကြပါတယ်။ ကျန်းမာကြရဲ့လား။ နေကောင်းရဲ့လား အစရှိသဖြင့်ပေါ့။ ရုံးချိန်းမှာတော့ ၃ယောက်သလုံးက ကျန်းကျန်းမာမာရှိတဲ့ ပုံပေါ်ပါတယ်။"

အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့တော့ မေလ ၂၀ ရက်နေ့မှာ ရုံးချိန်းရှိပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်နဲ့ ရန်ကုန်မှာ စုစုပေါင်း အမှု ၇ ခု စွဲဆိုထားပေမဲ့ အမှုတွေကို စတင် စစ်ဆေးခြင်း မရှိသေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ထားပါတယ်။ လာမယ့် ရုံးချိန်းတွေကျရင် အမှုတွေကို စတင်စစ်ဆေးမှာလားဆိုတာကို မပြောနိုင်သေးဘူးလို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG