သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြကို ႏွိမ္နင္းရာမွာ တ႐ုတ္လုပ္ ဒ႐ုန္းယာဥ္ေတြကို စစ္ေကာင္စီအသံုးျပဳ


မႏၱေလးၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူေတြကို ပစ္ခတ္ ၿဖိဳခြဲေနတဲ့ျမင္ကြင္း။ (ဧၿပီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏုိင္ငံမွာ ဆႏၵျပျပည္သူေတြကို ၿဖိဳခြဲဖို႔အတြက္ ျမန္မာစစ္တပ္က တ႐ုတ္လုပ္ ဒ႐ုန္းယာဥ္ေတြကို သံုးေနတယ္လုိ႔ ANI သတင္းမွာ ေဖာ္ျပထားပါတယ္။

မၾကာေသးခင္က မႏၱေလးၿမိဳ႕ေပၚတဝိုက္မွာ ေတြ႔ေနရတဲ့ ဒ႐ုန္းယာဥ္ေတြဟာ ေျမျပင္က ဆႏၵျပလႈပ္ရွားသူေတြရဲ႕ အေနထားကိုသိဖို႔ သံုးတာျဖစ္ႏိုင္ေၾကာင္း Asia Time သတင္းကို ကိုးကားေဖာ္ျပထားသလို ျမန္မာစစ္တပ္သံုးေနတဲ့ ဒ႐ုန္းေတြဟာ တ႐ုတ္လုပ္ CH-3A ေတြျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ Janes International Defense Review နဲ႔ ဝါရွင္တန္အေျခစိုက္ CSIS မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာ ေလ့လာေရးအဖြဲ႔တို႔က အတည္ျပဳထားတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

ဒီတ႐ုတ္ဒ႐ုန္းယာဥ္ေတြကို မိတၳီလာ ရွမ္းတဲ ေလတပ္အေျခစိုက္စခန္းမွာ ေတြ႔ရတယ္လို႔ CSIS က ေကာင္းကင္ၿဂိဳဟ္တုဓာတ္ပံုေတြနဲ႔ အတည္ျပဳထားတာ ျဖစ္ၿပီး ဒီ CH-3A ဒ႐ုန္းေတြကို တ႐ုတ္အစိုးရ အာကာသသိပၸံနဲ႔ နည္းပညာဌာန CASC လက္ေအာက္က ေလေၾကာင္းဆိုင္ရာဌာန China Aerospace Long-March International က တည္ေဆာက္တာလို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံကို ၂၀၁၀ ကေန ၂၀၁၉ အတြင္း လက္နက္တင္ပို႔မႈမွာ တ႐ုတ္က ၅၆ ရာခုိင္ႏႈန္း၊ ႐ုရွားက ၃၁.၆ ရာခုိင္ႏႈန္းနဲ႔ က်န္တာကို ယူကရိန္း၊ ေျမာက္ကိုရီးယားနဲ႔ အစၥေရး အပါအဝင္ တျခားႏိုင္ငံေတြက တင္ပို႔တာျဖစ္ေၾကာင္း စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးသိပၸံ SIPRI ကရတဲ့ အခ်က္အလက္ေတြေပၚ မူတည္ၿပီး Asia Times မွာ ေဖာ္ျပထားတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ ၂၀၁၀ ကေန ၂၀၁၉ အတြင္း လက္နက္ဝယ္ယူတဲ့ ေငြပမာဏ စုစုေပါင္းဟာ အေမရိကန္ေဒၚလာ ၂.၅ ဘီလီယံ ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ တရုတ်လုပ် ဒရုန်းယာဉ်တွေကို စစ်ကောင်စီအသုံးပြု

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေကို ဖြိုခွဲဖို့အတွက် မြန်မာစစ်တပ်က တရုတ်လုပ် ဒရုန်းယာဉ်တွေကို သုံးနေတယ်လို့ ANI သတင်းမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က မန္တလေးမြို့ပေါ်တဝိုက်မှာ တွေ့နေရတဲ့ ဒရုန်းယာဉ်တွေဟာ မြေပြင်က ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အနေထားကိုသိဖို့ သုံးတာဖြစ်နိုင်ကြောင်း Asia Time သတင်းကို ကိုးကားဖော်ပြထားသလို မြန်မာစစ်တပ်သုံးနေတဲ့ ဒရုန်းတွေဟာ တရုတ်လုပ် CH-3A တွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Janes International Defense Review နဲ့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့က အတည်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတရုတ်ဒရုန်းယာဉ်တွေကို မိတ္ထီလာ ရှမ်းတဲ လေတပ်အခြေစိုက်စခန်းမှာ တွေ့ရတယ်လို့ CSIS က ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အတည်ပြုထားတာ ဖြစ်ပြီး ဒီ CH-3A ဒရုန်းတွေကို တရုတ်အစိုးရ အာကာသသိပ္ပံနဲ့ နည်းပညာဌာန CASC လက်အောက်က လေကြောင်းဆိုင်ရာဌာန China Aerospace Long-March International က တည်ဆောက်တာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်တင်ပို့မှုမှာ တရုတ်က ၅၆ ရာခိုင်နှုန်း၊ ရုရှားက ၃၁.၆ ရာခိုင်နှုန်းနဲ့ ကျန်တာကို ယူကရိန်း၊ မြောက်ကိုရီးယားနဲ့ အစ္စရေး အပါအဝင် တခြားနိုင်ငံတွေက တင်ပို့တာဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသိပ္ပံ SIPRI ကရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး Asia Times မှာ ဖော်ပြထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်ဝယ်ယူတဲ့ ငွေပမာဏ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG