သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္ဆန္႔က်င္ေရး မႏၲေလးဆႏၵျပပဲြ လူ ၁၀ ဦးမနည္းေသဆံုး


မတ္လ ၂၇ ရက္၊ စစ္အုပ္ခ်ဳပ္ေရးဆန္႔က်င္ကန္႔ကြက္ေနရင္း ဒဏ္ရာရသြားသူတဦးကို တြဲေခၚလာစဥ္။

Zawgyi/Unicode

ဖက္ဆစ္ေတာ္လွန္ေရးေန႔အျဖစ္ ျမန္မာႏိုင္ငံတ၀ွမ္းျပဳလုပ္ေနၾကတဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပမႈေတြကို စစ္တပ္နဲ႔ရဲက ပစ္ခတ္ႏွိမ္နင္းရာမွာ မႏၲေလးတၿမိဳ႕တည္းမွာပဲ လူ ၁၀ ဦးထက္မနည္း ေသဆံုးမႈရွိခဲ့ပါတယ္။ ဒီအေၾကာင္း မႏၲေလးကရတဲ့သတင္းကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။

ဒီကေန႔ မတ္လ ၂၇ ရက္ေန႔ ျမန္မာႏိုင္ငံတ၀ွမ္း ၿမိဳ႕ႀကီးေတြမွာ ဆႏၵထုတ္ေဖာ္သူေတြကို စစ္တပ္ရဲ႕ ရဲတပ္ဖြဲ႔က ပစ္ခတ္ၿဖိဳခြင္းတာေၾကာင့္ လူေသဆံုးတာေတြ ျဖစ္ေပၚခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဒုတိယၿမိဳ႕ႀကီးတၿမိဳ႕ျဖစ္တဲ့ မႏၱေလးၿမိဳ႕မွာေတာ ၁၀ ဦးထက္ မနည္းေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ အမ်ားအျပားရွိသလို လူအသြားအလာမရွိသေလာက္ျဖစ္ေနတယ္လို႔ မႏၱေလး ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“အေျခအေနက ၂ နာရီေလာက္ထိ ၁၀ ဦးလို႔ ၾကားသိရတယ္။ ဒဏ္ရာရတာက အခုခ်ိန္ထိေတာ့ confirm ေတာ့ မျဖစ္ေသးဘူး။ အေရအတြက္က ဘယ္ေလာက္မွန္းလည္းမသိဘူး။ ကြ်န္ေတာ္တို႔နားမွာက ေတာ္ေတာ္ မ်ားမ်ား ထိသြားတယ္ခင္ဗ်။ Machine Gun နဲ႔ကို ဆြဲတယ္ေျပာတယ္။ ရင္ဘတ္မွန္တာေတြရွိတယ္။ ဗိုက္မွန္တာေတြ ရွိတယ္။ ေျခေထာက္ အမ်ားဆံုုးမွန္ၾကတယ္ေပါ့ဗ်ာ။ မန္းေလးရဲ႕ လက္ရွိ အေနအထားကေတာ့ လမ္းေတြေပၚမွာေတာ့ တိတ္ဆိတ္ေနတယ္။ လမ္းတိုင္းလမ္းတိုင္းမွာေတာ့ တာယာပံုေတြ မီးေလာင္ေနတာေတြ လမ္းပိတ္ဆို႔တားမႈေတြ အခုခ်ိန္ထိ ရွိေသးတယ္ခင္ဗ်။ လမ္းေပၚမွာေတာ့ သြားလာေနတဲ့သူေတြ တေယာက္မွ ေတာ့ မရွိေတာ့ဘူး။”

ဒါ့အျပင္ ဆႏၵထုတ္ပစ္ခတ္ၿဖိဳခြင္းမႈေတြကို သတင္းရယူေနတဲ့ မႏၱေလးၿမိဳ႕ခံ သတင္းသမားတစ္ဦး လက္ခံုကို က်ည္ဆံထိမွန္ ေဖာက္၀င္သြားၿပီး ေဆးကုသမႈ ခံယူခဲ့ရပါတယ္။

ဒါ့အျပင္ မႏၱေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕မွာလည္း ပစ္ခတ္တာေၾကာင့္ ၂ ေယာက္ေသဆံုး သြားၿပီး ေသဆံုးသူေတြထဲ ကေလးငယ္တစ္ဦးပါ၀င္တယ္လို႔ ေက်ာက္ပန္းေတာင္းေဒသခံတဦးကေျပာပါတယ္။

“ထိခိုက္မႈကေတာ့ ေလာေလာဆယ္ ၄ ေယာက္ထိတယ္။ ၂ ေယာက္ကေတာ့ ေသသြားတယ္။ ၂ ေယာက္ ကေတာ့ ေဆးကုသမႈ ခံယူေနရတယ္။ အဲ့အနား ကပ္လို႔မရဘူး။ အဲ့နားနဲ႔ အနီးဆံုးမွာ ၾကည့္ေနတယ္။ က်တာ အမ်ိဳးသားေတြ။ တေယာက္ကေတာ့ ကေလး၊Headshot ။ ေနာက္တေယာက္ကေတာ့ လည္ပင္းနားထိတာ။ အဲ့ဒါကေတာ့ လူႀကီးပိုင္းေပါ့။ ပိတ္မိေနသူေတြလည္း ရွိတယ္။ ဖမ္းသြားသူေတြလည္း ရွိတယ္။ ျဖစ္တာက ေက်ာက္ပန္းေတာင္းၿမိဳ႕လယ္နား ဘူတာရံုလမ္းဘက္ေပါ့။ ထိခိုက္ဒဏ္ရာရတဲ့သူမ်ားမယ္။ သိေတာ့ မသိရေသးဘူး။”

ရွမ္းျပည္နယ္၊ လားရိႈးၿမိဳ႕မွာေတာ့ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ပစ္ခတ္လို႔ ၃ ဦးေသဆံုးခဲ့တယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

“ဒီကေန႔ က်မတို႔ ၇ နာရီမထိုးခင္မွာ လားရိႈးရပ္ကြက္ ၇ ေရႊေညာင္ပင္မွာ။ အဲ့မွာ က်မတို႔ေတြခ်ိန္းထားၾကတယ္။ စစ္ကားေတြအမ်ားႀကီးလာၿဖိဳခြဲေနၿပီ၊ သြားၿဖိဳခြဲေနၿပီတဲ့။ အစပဲရွိေသးတာကို သူတို႔က အင္အားသုံးၿပီး ၿဖိဳခြင္းတာ။ အဲ့မွာေယာက္က်ားေလး ၂ ေယာက္၊ မိန္းကေလး ၁ ေယာက္ကေတာ့ ေသနတ္က်ည္ထိတယ္။ ၃ ေယာက္က်တယ္။ မိန္းကေလးအေလာင္းကိုက်ေတာ့ စစ္တပ္က ေကာက္သြားလိုက္တယ္။ ေယာက္က်ားေလး တေယက္ကေတာ့ ဒီကေန႔ ရန္တိုင္းေအာင္ဘက္မွာ သၿဂၤဳိဟ္မယ္။”

စစ္တပ္နဲ႔ရဲတပ္ဖြဲ႕႔ယူေဆာင္သြားတဲ့အေလာင္းကိုေတာ့ သူတို႔မပစ္ေၾကာင္း မိသားစုက သိရွိနားလည္ေၾကာင္း လက္မွတ္ထိုးၿပီးမွ ထုတ္ေပးမယ္လုိ႔ ဆိုပါတယ္။

ဧရာတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕မွာေတာ့ ေသဆံုး ၂ သူ ၂ ဦးရွိတယ္လို႔ ေဒသခံ ၁ ဦးက အတည္ျပဳေျပာပါတယ္။

“အခုေလာေလာဆယ္ ရာမညမွာေတာ့ တေယာက္က ေပါင္မွာထိသြားတယ္။ ဆံုးသြားတယ္။ ေဆးရံု တင္ကားေတြ ၀င္လို႔မရဘူး။ ေသြးထြက္လြန္ၿပီး ေသသြားတယ္။ ဧရာမင္းမွာက ဗိုက္ကို တေယာက္ ထိသြားတယ္။ ဆံုးသြားတယ္။ ေလာေလာဆယ္ေတာ့ ၂ ေယာက္ေပါ့။ ပထမက သူတို႔က ဆႏၵျပတဲ့ စစ္ေၾကာင္းဘက္မွာ ရဲ ၁၀ ေယာက္ေလာက္က လာေစာင့္ေနတယ္။ ျပည္သူေတြကလည္း ဒီဘက္မွာ ဆႏၵမျပဘဲ အေျခအေန ေစာင့္ၾကည့္ေနၾကတယ္။ ေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာပဲ သူတို႔က အင္အားထပ္ ေခၚ လာၿပီးေတာ့၊ကားေတြ ထပ္ေရာက္လာၿပီးေတာ့ စတင္ပစ္ခတ္ ၿဖိဳခြင္းေတာတာပဲ။”

ဒီကေန႔ ဖက္ဆစ္ေတာ္လွန္ေရးေန႔မွာ ျမန္မာႏိုင္ငံအႏွံ႔ ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္တာကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္ၿဖိဳခြင္းခဲ့တာပါ။ ဒါ့အျပင္ မိုးကုတ္၊ ေရႊဘို၊ စစ္ကိုင္း၊ ဒိုက္ဦး၊ ဟိုပင္၊ မူဆယ္ စတဲ့ ၿမိဳ႕ေတြမွာလည္း စစ္တပ္နဲ႔ရဲက ပစ္ခတ္တာေၾကာင့္ လူေသဆံုးတာေတြျဖစ္ခဲ့ပါတယ္။ ေသဆံုးဒဏ္ရာရသူေတြထဲမွာ အသက္မ ျပည့္ေသးတဲ့ ကေလးငယ္ေတြပါ ပါ၀င္ပါတယ္။ VOA က ေနာက္ဆံုးရရွိတဲ့သတင္းအရ ဒီကေန႔ မြန္းလဲြပိုင္း အထိ ဒီေန႔တေန႔တည္း ေသနက္က်ည္ေၾကာင့္ ေသဆံုးသူ ၉၀ ထက္မနည္း ရွိသြားၿပီလို႔ သိရပါတယ္။

ပစ္ခတ္ၿဖိဳခြင္းတာေတြေၾကာင့္ လူေသဆံုး ဒဏ္ရာရရွိတာေတြရွိေပမယ့္ ျမန္မာႏိုင္ငံတ၀ွမ္းမွာ စစ္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြက အားေကာင္းေနဆဲပါ။

တိုက္႐ိုက္ လင့္ခ္


Unicode

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးဆန္ဒပြပွဲ လူ၁၀ ဦးမနည်းသေဆုံး

ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် မြန်မာနိုင်ငံတဝှမ်းပြုလုပ်နေကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းရာမှာ မန္တလေးတမြို့တည်းမှာပဲ လူ ၁၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပါတယ်။ ဒီအကြောင်း မန္တလေးကရတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မြန်မာနိုင်ငံတဝှမ်း မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်ရဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာကြောင့် လူသေဆုံးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ကြီးတမြို့ဖြစ်တဲ့ မန္တလေးမြို့မှာတော ၁၀ ဦးထက် မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိသလို လူအသွားအလာမရှိသလောက်ဖြစ်နေတယ်လို့ မန္တလေး မြို့ခံတစ်ဦးက ပြောပါတယ်။

“အခြေအနေက ၂ နာရီလောက်ထိ ၁၀ ဦးလို့ ကြားသိရတယ်။ ဒဏ်ရာရတာက အခုချိန်ထိတော့ confirm တော့ မဖြစ်သေးဘူး။ အရေအတွက်က ဘယ်လောက်မှန်းလည်းမသိဘူး။ ကျွန်တော်တို့နားမှာက တော်တော် များများ ထိသွားတယ်ခင်ဗျ။ Machine Gun နဲ့ကို ဆွဲတယ်ပြောတယ်။ ရင်ဘတ်မှန်တာတွေရှိတယ်။ ဗိုက်မှန်တာတွေ ရှိတယ်။ ခြေထောက် အများဆုံးမှန်ကြတယ်ပေါ့ဗျာ။ မန်းလေးရဲ့ လက်ရှိ အနေအထားကတော့ လမ်းတွေပေါ်မှာတော့ တိတ်ဆိတ်နေတယ်။ လမ်းတိုင်းလမ်းတိုင်းမှာတော့ တာယာပုံတွေ မီးလောင်နေတာတွေ လမ်းပိတ်ဆို့တားမှုတွေ အခုချိန်ထိ ရှိသေးတယ်ခင်ဗျ။ လမ်းပေါ်မှာတော့ သွားလာနေတဲ့သူတွေ တယောက်မှ တော့ မရှိတော့ဘူး။”

ဒါ့အပြင် ဆန္ဒထုတ်ပစ်ခတ်ဖြိုခွင်းမှုတွေကို သတင်းရယူနေတဲ့ မန္တလေးမြို့ခံ သတင်းသမားတစ်ဦး လက်ခုံကို ကျည်ဆံထိမှန် ဖောက်ဝင်သွားပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာလည်း ပစ်ခတ်တာကြောင့် ၂ ယောက်သေဆုံး သွားပြီး သေဆုံးသူတွေထဲ ကလေးငယ်တစ်ဦးပါဝင်တယ်လို့ ကျောက်ပန်းတောင်းဒေသခံတဦးကပြောပါတယ်။

“ထိခိုက်မှုကတော့ လောလောဆယ် ၄ ယောက်ထိတယ်။ ၂ ယောက်ကတော့ သေသွားတယ်။ ၂ ယောက် ကတော့ ဆေးကုသမှု ခံယူနေရတယ်။ အဲ့အနား ကပ်လို့မရဘူး။ အဲ့နားနဲ့ အနီးဆုံးမှာ ကြည့်နေတယ်။ ကျတာ အမျိုးသားတွေ။ တယောက်ကတော့ ကလေး၊ Headshot ။ နောက်တယောက်ကတော့ လည်ပင်းနားထိတာ။ အဲ့ဒါကတော့ လူကြီးပိုင်းပေါ့။ ပိတ်မိနေသူတွေလည်း ရှိတယ်။ ဖမ်းသွားသူတွေလည်း ရှိတယ်။ ဖြစ်တာက ကျောက်ပန်းတောင်းမြို့လယ်နား ဘူတာရုံလမ်းဘက်ပေါ့။ ထိခိုက်ဒဏ်ရာရတဲ့သူများမယ်။ သိတော့ မသိရသေးဘူး။”

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီကနေ့ ကျမတို့ ၇ နာရီမထိုးခင်မှာ လားရှိုးရပ်ကွက် ၇ ရွှေညောင်ပင်မှာ။ အဲ့မှာ ကျမတို့တွေချိန်းထားကြတယ်။ စစ်ကားတွေအများကြီးလာဖြိုခွဲနေပြီ၊ သွားဖြိုခွဲနေပြီတဲ့။ အစပဲရှိသေးတာကို သူတို့က အင်အားသုံးပြီး ဖြိုခွင်းတာ။ အဲ့မှာယောက်ကျားလေး ၂ ယောက်၊ မိန်းကလေး ၁ ယောက်ကတော့ သေနတ်ကျည်ထိတယ်။ ၃ ယောက်ကျတယ်။ မိန်းကလေးအလောင်းကိုကျတော့ စစ်တပ်က ကောက်သွားလိုက်တယ်။ ယောက်ကျားလေး တယေက်ကတော့ ဒီကနေ့ ရန်တိုင်းအောင်ဘက်မှာ သြင်္ဂိုဟ်မယ်။”

စစ်တပ်နဲ့ရဲတပ်ဖွဲ့ယူဆောင်သွားတဲ့အလောင်းကိုတော့ သူတို့မပစ်ကြောင်း မိသားစုက သိရှိနားလည်ကြောင်း လက်မှတ်ထိုးပြီးမှ ထုတ်ပေးမယ်လို့ ဆိုပါတယ်။

ဧရာတီတိုင်းဒေသကြီး ပုသိမ်မြို့မှာတော့ သေဆုံး ၂ သူ ၂ ဦးရှိတယ်လို့ ဒေသခံ ၁ ဦးက အတည်ပြုပြောပါတယ်။

“အခုလောလောဆယ် ရာမညမှာတော့ တယောက်က ပေါင်မှာထိသွားတယ်။ ဆုံးသွားတယ်။ ဆေးရုံ တင်ကားတွေ ဝင်လို့မရဘူး။ သွေးထွက်လွန်ပြီး သေသွားတယ်။ ဧရာမင်းမှာက ဗိုက်ကို တယောက် ထိသွားတယ်။ ဆုံးသွားတယ်။ လောလောဆယ်တော့ ၂ ယောက်ပေါ့။ ပထမက သူတို့က ဆန္ဒပြတဲ့ စစ်ကြောင်းဘက်မှာ ရဲ ၁၀ ယောက်လောက်က လာစောင့်နေတယ်။ ပြည်သူတွေကလည်း ဒီဘက်မှာ ဆန္ဒမပြဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်။ စောင့်ကြည့်နေတဲ့အချိန်မှာပဲ သူတို့က အင်အားထပ် ခေါ် လာပြီးတော့၊ ကားတွေ ထပ်ရောက်လာပြီးတော့ စတင်ပစ်ခတ် ဖြိုခွင်းတောတာပဲ။”

ဒီကနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ မြန်မာနိုင်ငံအနှံ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်တာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။ ဒါ့အပြင် မိုးကုတ်၊ ရွှေဘို၊ စစ်ကိုင်း၊ ဒိုက်ဦး၊ ဟိုပင်၊ မူဆယ် စတဲ့ မြို့တွေမှာလည်း စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် လူသေဆုံးတာတွေဖြစ်ခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာ အသက်မ ပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်ပါတယ်။ VOA က နောက်ဆုံးရရှိတဲ့သတင်းအရ ဒီကနေ့ မွန်းလွဲပိုင်း အထိ ဒီနေ့တနေ့တည်း သေနက်ကျည်ကြောင့် သေဆုံးသူ ၉၀ ထက်မနည်း ရှိသွားပြီလို့ သိရပါတယ်။

ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် လူသေဆုံး ဒဏ်ရာရရှိတာတွေရှိပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက အားကောင်းနေဆဲပါ။

#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanamr #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG