သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ဗလီဝန်းပစ်ခတ်မှု တစ်ဦးသေဆုံး၊ မြစ်ငယ်တစ်မြို့လုံးနီးပါး တိမ်းရှောင်


မန္တလေးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် အကာအကွယ်ယူနေတရတဲ့ ဆန္ဒပြသူများ။ (ဧပြီ ၃၊ ၂၀၂၁)
မန္တလေးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် အကာအကွယ်ယူနေတရတဲ့ ဆန္ဒပြသူများ။ (ဧပြီ ၃၊ ၂၀၂၁)

{{Zawgyi/Unicode}}

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေဟာ မန္တလေးမြို့က ဆူးလေဗလီဝန်းထဲကို ဒီနေ့ ဝင်ရောက် ပစ်ခတ်လို့ ၁ ဦးသေဆုံးခဲ့ပါတယ်။ မန္တလေးမြို့က အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆေးပညာမိသားစုသပိတ်ကိုလည်း ဖြိုခွဲ ဖမ်းဆီးခဲ့ပါတယ်။ မြစ်ငယ်မြို့မှာတော့ အဖမ်းခံရမှာစိုးတဲ့ ဆန္ဒပြသူဝန်ထမ်းတွေအပါအဝင် မြို့ခံအများအပြား တိမ်းရှောင်နေကြပါတယ်။ မန္တလေးဖက်ကလာတဲ့ သတင်းအပြည့် အစုံကို ကိုကျော်ကျော်သိန်းကပြောပြထားပါတယ်။

ဒီကနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ သင်္ကြန်ရေကစားမယ့်အစား စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မန္တလေးမြို့က ဆေးဘက်ဆိုင်ရာမိသားစု သပိတ်ကို စစ်တပ်နဲ့ရဲက ဖြိုခွဲ ဖမ်းဆီးခဲ့ပါတယ်။ ဆရာဝန်တွေ ဆေးကျောင်းသားတွေပါဝင်တဲ့ ဆန္ဒပြသူတွေကို မနက်အစောပိုင်းက ဖမ်းဆီးခဲ့ကြောင်း သပိတ်မှာ ပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က ၉ ခွဲကို စုဖို့ပြောထားတာပေါ့။ ၉ ခွဲမှာ စုရပ် ၃၄-၇၆ မှာ အဲ့မှာ စုရပ်လုပ်ထားတာ။ ကျနော်တို့က စုချိန်မတိုင်ခင် ကြိုရောက်သွားတော့ အဲ့နားတဝိုက်မှာတော့ စောင့်နေတာပေါ့။ ၉ နာရီခွဲလည်း ရောက်ကော လူစုရုံပဲရှိသေးတယ်။ စစုရုံပဲရှိသေးတယ် သေနတ်သံ ၂ ချက် စကြားရတာ။ ကျနော်တို့က ဆိုင်ကယ် Strike လုပ်ထားတာပေါ့နော်။ ကျနော်ကတော့ ရှေ့က မောင်းတဲ့သူဆိုတော့ သူတို့က ကိုယ့်ရဲ့ အနောက်ဖက်က ရောက်လာတာ။ စစ်တပ်က အနောက်ဖက်ကရောက်လာတာ ကျနော်က အရှေ့ဘက်က မောင်းတဲ့သူဆိုတော့ မြင်ကွင်းတော့ မရှင်းဘူးပေါ့။ ရောက်လာပြီး သေနတ်သံ ၂ ချက်ကြားတော့ အရှေ့ကိုပဲ မောင်းလိုက်တာပေါ့။ ၆ ယောက်ဝန်းကျင်ပေါ့ ၆ ယောက်အနည်းဆုံး ဝန်းကျင်တော့ ဆေးသပိတ်ထဲက ပါတယ်။ ကျန်တာကတော့ အဲ့ကနယ်ခံတွေဖြစ်ဖို့များတယ် ဈေးသူဈေးသားတွေဖြစ်ပုံရတယ်။ Medical Family ထဲကတော့ ၆ ယောက်လောက် ပါသွားတယ်လို့ လောလောဆယ် ကြားထားတာ။”

ခုလိုဆေးပညာမိသားစု သပိတ်ကို တပ်တွေက ဖြိုခွဲခဲ့ပြီး မကြာခင်မှာပဲ အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ ဆူးလေဗလီရှိရာဘက်မှာ ပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးခဲ့ပါတယ်။ ဗလီဝန်းထဲ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတဲ့အတွက် ဗလီထဲမှာရှိနေတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ အဖမ်းခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

“အဝေးကလှမ်းမြင်ရတာ ကားရပ်ပြီး ဝုန်းဝုန်းဆိုပြီး ဆင်းပစ်တာပဲ။ ဘာကြောင့် ဘယ်လိုဆိုတာလည်း မသိရဘူး။ ကျနော် အဲ့အနားကလူတွေကိုမေးကြည့်တော့ သူတို့က ကားရပ်တော့ ဝင်ပြေးကြတယ်ပြောတယ်။ ဝင်ပစ်တော့ လှမ်းပစ်တယ်ပြောတယ်။ သေဆုံးကျဆုံးတာက ၁ ယောက်၊ ဒဏ်ရာရတာက ၂ ယောက်၊ အသက်မပြည့်တဲ့ ကလေးတွေက အဖမ်းခံရတာ။ ဒီဟာက ဥပုသ်လဆိုတော့ ဗလီပေါ်မှာ အိပ်ကြတဲ့သူတွေရှိတယ်၊ နားကြတဲ့သူတွေရှိတယ်၊ ရွတ်ကြဖတ်ကြတဲ့သူတွေရှိတယ်၊ ၄ ယောက်လား ၅ ယောက်လားမသိဘူး အဖမ်းခံရတယ်။”

မန္တလေးတိုင်းထဲမှာရှိတဲ့ မြစ်ငယ်မြို့မှာတော့ ဧပြီ ၁၃ ရက်ညပိုင်းနဲ့ ၁၄ ရက်နေ့တွေတုန်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် အဖမ်းခံရမှာ စိုးရိမ်တဲ့ မြို့ခံတော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အဲဒီပစ်ခတ်မှုတွေအတွင်း သေဆုံးသူ ၈ ယောက်ထက် မနည်းရှိခဲ့တာပါ။

“လောလောဆယ်တော့ ငြိမ်နေတယ်ခင်ဗျ။ ငြိမ်နေတယ်ဆိုတာ တမြို့လုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်သူမှ မရှိတော့ဘူးခင်ဗျ။ လူနည်းစုလောက်ပဲကျန်တော့တာ၊ တမြို့လုံးက ရွှေ့သွားကြပြီ၊ ဝန်ထမ်းတွေ အကုန်လုံးက၊ သူတို့ကဘယ်လိုပြောမတုံး၊ ဝရမ်းတွေလည်း ထုတ်ထားတာဗျ၊ာ အကုန်လုံးက ရွှေ့သွားကြပြီ၊ လာဖမ်းမယ်ဆို တဲ့ သတင်းတွေ ထွက်ပြီး ကျန်ခဲ့တဲ့မိသားစုဝင်တွေကို လာဖမ်းမယ်ဆိုပြီး ပြောနေကြတော့ အကုန်လုံးက ရွှေ့သွားကြပြီ။”

မြစ်ငယ်မြို့ဟာ ဝန်ထမ်းအများစုရှိတဲ့ မြို့ဖြစ်ပြီး CDM ပြုလုပ်တဲ့ဝန်ထမ်း ထောင်နဲ့ချီရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာရသူတွေဟာ ခွဲစိတ်ကုသဖို့ ငွေကြေး အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ မန္တလေးတိုင်းထဲက မြို့တွေအပါအဝင် မြန်မာနိုင်ငံတဝန်းက မြို့တွေမှာတော့ ခုလို ပစ်ခတ် ဖမ်းဆီးနေတဲ့ကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြပါတယ်။

...............................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG