သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္နဲ႔ ရဲ ပစ္ခတ္မႈေၾကာင့္ မႏၲေလးမွာ ေလးဦး ေသဆံုး


မႏၱေလးၿမိဳ႕မွာ စစ္တပ္နဲ႔ ရဲ ပစ္ခတ္မႈေၾကာင့္ ေသဆံုးသြားသူတဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (မတ္ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ကန္႔ကြက္သူေတြကုိ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြေၾကာင့္ အသက္ဆုံးရႈံးရတဲ့ ၿမိဳ႕ေတြထဲမွာ မႏၱေလးၿမိဳ႕ဟာ ထိပ္ဆုံးကေန ပါ၀င္ေနတာပါ။ ဒီကေန႔မွာလည္း လက္နက္ကုိင္တပ္ဖြဲ႔ေတြရဲ႕ အၾကမ္းဖက္ တုိက္ခုိက္မႈေၾကာင့္ အသက္မျပည့္သူ ကေလးငယ္ေတြ အပါအ၀င္ အနည္းဆုံး လူ ေလး ဦး ေသဆုံးခဲ့ပါတယ္။ အျပည့္အစုံကုိေတာ့ ကိုေဇာ္ဝင္းလိႈင္က တင္ျပေပးပါမယ္။

မႏၱေလးၿမိဳ႕မွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္ေနတာေၾကာင့္ ေန႔စဥ္လူေသဆံုးမႈေတြ ျဖစ္ေပၚေနၿပီး ဒီကေန႔ မတ္လ ၂၃ ရက္ေန႔တည္းမွာ ေလး ေယာက္ေသဆံုးၿပီး ေသဆံုးသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါ၀င္လာတယ္လို႔ ေျမျပင္ကယ္ဆယ္ေရး ျပဳလုပ္ေနသူေတြက ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။

“၅၆ လမ္းကေန အေရွ႕ကို တန္းစီၿပီး ပစ္သြားတာ အသက္ ၃၀ ပတ္ခ်ာလည္ေလာက္က ဂ်ိဳင္းေအာက္မွာ တခ်က္ထိတယ္ ရင္ဘတ္က ဒိုးယိုးေပါက္ ေပါက္ၿပီး ေခ်ာင္းထဲမွာ ပုန္းရင္းနဲ႔ျဖစ္ပါလိမ့္မယ္။ ေခ်ာင္းထဲမွာ ေသသြားတယ္ေပါ့ေနာ္ တေယာက္။ တေယာက္ကေတာ့ သိပ္ေတာ့ မစိုးရိမ္ရဘူး ဗိုက္ထိတယ္နဲ႔တူတယ္။ ေသခ်ာေတာ့မျမင္လိုက္ရဘူး။ က်ေနာ္တုိ႔ အေရွ႕တင္ လူနာတင္ကားေပၚတင္သြားတယ္။ အဲ့ဒီတေယာက္က နည္းနည္း အေျခအေနေကာင္းေလာက္တယ္။ ၿပီးရင္ ၁၂ ႏွစ္ ကေလးမေလးတေယာက္က ကားနဲ႔ပို႔ေနရင္း ကားေပၚမွာပဲေသသြားတယ္။ ၿပီးရင္ လဖၻက္ရည္ဆိုင္ေပါ့ေနာ္ သီဟမင္းလားမသိဘူး အဲ့ဒီလဖၻက္ရည္ဆိုင္က ေကာင္ေလးက သူတို႔ေတြ လာလို႔ဆိုၿပီး ယင္းလိတ္တံခါးကို ဆြဲဲခ်လိုက္တဲ့အခ်ိန္မွာ အဲဒီယင္းလိတ္တံခါးကို ပစ္လိုက္တဲ့ဟာက နဖူးကို ဒိုးယိုေပါက္သြားၿပီး ဆံုးသြားတယ္။ အခု သံုး ေယာက္ရယ္ မနက္က ဒီဘက္မွာ တေယာက္ေသသြားေသးတယ္။”

မႏၱေလးၿမိဳ႕ ၿမိဳ႕သစ္ေတြျဖစ္တဲ့ ေအာင္ပင္လယ္၊ ျမရည္နႏၵာ၊ ထြန္တံုး၊ ေအာင္သာယာ ၿမိဳ႕သစ္ေတြမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ေန႔စဥ္ လမ္းေၾကာင္းရွင္းလင္းတာေတြ ျပဳလုပ္ၿပီး ပစ္ခတ္ၿဖိဳခြင္းတာေတြ ျပဳလုပ္လို႔ အခုလို ေန႔စဥ္ ေသဆံုးတာေတြ ျဖစ္ေပၚေနတာလည္း ျဖစ္ပါတယ္။

ညဘက္ေတြမွာလည္း ပစ္ခတ္တာေတြျပဳလုပ္တဲ့အတြက္ မတ္လ ၂၁ ရက္နဲ႔ ၂၂ ရက္ ညဘက္ေတြမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ လူ ၄ ဦးထက္မနည္း ေသဆံုးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။

အခုလို ၿမိဳ႕သစ္ဘက္ေတြမွာ ေန႔စဥ္ပစ္ခတ္ၿဖိဳခြင္းတာေတြနဲ႔ ပတ္သက္လို႔ ေဒသခံတစ္ဦးက အခုလို သံုးသပ္ပါတယ္။

“ဆင္ေျခဖံုးရပ္ကြက္ေပါ့ေလ ဥပမာ ရန္ကုန္ လိႈင္သာယာလို ဒီဘက္က ပုန္ကန္ထၾကြမွာကို စိုးရိမ္ၿပီးေတာ့ ဒီဘက္ကို အရင္ဖိႏွိပ္တဲ့သေဘာေပါ့။ ၿမိဳ႕ထဲက ပိုက္ဆံရွိလူတန္းစားမ်ားေတာ့ ေတာ္သင့္ပုန္ကန္ထၾကြမႈ အားနည္းတာေပါ့။ အဲ့ဒီေတာ့ ဒီဘက္ကို အရင္ဖိတဲ့ သေဘာေပါ့။ အထိုင္ခ်တဲ့ တပ္သေဘာမ်ိဳး တပ္စြဲေနတာ အဲ့ဒီမွာ လူထုက လက္မခံေတာ့ ညပိုင္းကို သူတို႔ လာတဲ့ဟာကို သူတို႔ကို ရန္မူမယ္ထင္ၿပီးေတာ့ အနားအကပ္ မခံပစ္တာခတ္တာလုပ္တယ္။ သူတို႔ ပစ္တာခတ္တာလုပ္ေတာ့ ဒီဘက္က လူထုကလည္း ကိုယ့္ဘက္ကလူထိေတာ့ မခံႏိုင္ေတာ့ အနားတိုးၾကနဲ႔ ထိေတြ႕မႈေတြ ျဖစ္ၾကတာ။ ေန႔ခင္းက အရန္အတားေတြ ဖယ္ရင္းနဲ႔ လမ္းျမင္သမွ်ပစ္တာ အဲ့ဒီလိုမ်ိဳးေတြဆိုေတာ့ ရမ္းကားတဲ့ အပိုင္းေတြဆိုေတာ့ ဘယ္သူမွ မခံႏိုင္ဘူးေလ မ်က္ျမင္ကိုယ္ေတြ႕ဆိုေတာ့ အိမ္ေရွ႕ထြက္ၾကည့္တဲ့သူလည္း ပစ္တာပဲ ဆိုင္ကယ္ေမာင္းတဲ့ သူလည္းပစ္တာပဲ လမ္းေလွ်ာက္ေနတဲ့ အဖြားႀကီးလည္း ပစ္တာပဲဆိုေတာ့ ဘယ္သူူမွ မခံႏိုင္ေတာ့ သူတို႔လာၿပီဆိုရင္ကို အၿမဲတမ္း သတိအေနအထားနဲ႔ ေစာင့္ၾကည့္ေနရတာေလ။ အဲ့ဒီလိုဆိုေတာ့ တေနရာမဟုတ္ တေနရာ ထိပ္တိုက္ေတြ႕ဆံုမႈက ျဖစ္ၾကတာပဲေလ။”

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္လို႔ ေသဆံုးတဲ့သူေတြထဲမွာ ၁၈ ႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါ၀င္သလို အသက္ ၂၀ ေက်ာ္အရြယ္ေတြလည္း ပါ၀င္ပါတယ္။ မေန႔ကလည္း စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ အသက္ မျပည့္ေသးတဲ့ ကေလးငယ္တဦးေသဆံုးခဲ့ပါေသးတယ္။ ဒါ့အျပင္ ဆႏၵထုတ္ေဖာ္သူေတြကို သိမ္းဆည္းထားတဲ့ အိမ္စီးကားေတြနဲ႔ပါ တိုက္ၿပီး ဖမ္းဆီးတာေတြလည္း ရွိပါတယ္။

အခုလို ပစ္ခတ္ၿဖိဳခြင္း လူေသဆံုးတာေတြျဖစ္ေနေပမဲ့ မႏၱေလးၿမိဳ႕မွာေတာ့ ဆႏၵထုတ္ေဖာ္မႈေတြကို ပံုသ႑န္မ်ိဳးစံုနဲ႔ ဆက္လက္ဆႏၵထုတ္ေဖာ္ေနၾကသလို အျခားၿမိဳ႕ႀကီးေတြျဖစ္တဲ့ ရန္ကုန္၊ မံုရြာ၊ ေတာင္ႀကီး၊ ကေလး၊ ထား၀ယ္ စတဲ့ ၿမိဳ႕ေတြမွာလည္း ဆႏၵထုတ္ေဖာ္တာေတြ ဆက္လက္ျပဳလုပ္ေနၾကပါတယ္။

[Unicode Version]

စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် မန္တလေးမှာ လေးဦး သေဆုံး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ မြို့တွေထဲမှာ မန္တလေးမြို့ဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ ဒီကနေ့မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်မပြည့်သူ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ လေး ဦး သေဆုံးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နေတာကြောင့် နေ့စဉ်လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး ဒီကနေ့ မတ်လ ၂၃ ရက်နေ့တည်းမှာ လေး ယောက်သေဆုံးပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်လာတယ်လို့ မြေပြင်ကယ်ဆယ်ရေး ပြုလုပ်နေသူတွေက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“၅၆ လမ်းကနေ အရှေ့ကို တန်းစီပြီး ပစ်သွားတာ အသက် ၃၀ ပတ်ချာလည်လောက်က ဂျိုင်းအောက်မှာ တချက်ထိတယ် ရင်ဘတ်က ဒိုးယိုးပေါက် ပေါက်ပြီး ချောင်းထဲမှာ ပုန်းရင်းနဲ့ဖြစ်ပါလိမ့်မယ်။ ချောင်းထဲမှာ သေသွားတယ်ပေါ့နော် တယောက်။ တယောက်ကတော့ သိပ်တော့ မစိုးရိမ်ရဘူး ဗိုက်ထိတယ်နဲ့တူတယ်။ သေချာတော့မမြင်လိုက်ရဘူး။ ကျနော်တို့ အရှေ့တင် လူနာတင်ကားပေါ်တင်သွားတယ်။ အဲ့ဒီတယောက်က နည်းနည်း အခြေအနေကောင်းလောက်တယ်။ ပြီးရင် ၁၂ နှစ် ကလေးမလေးတယောက်က ကားနဲ့ပို့နေရင်း ကားပေါ်မှာပဲသေသွားတယ်။ ပြီးရင် လဖ္ဘက်ရည်ဆိုင်ပေါ့နော် သီဟမင်းလားမသိဘူး အဲ့ဒီလဖ္ဘက်ရည်ဆိုင်က ကောင်လေးက သူတို့တွေ လာလို့ဆိုပြီး ယင်းလိတ်တံခါးကို ဆွဲချလိုက်တဲ့အချိန်မှာ အဲဒီယင်းလိတ်တံခါးကို ပစ်လိုက်တဲ့ဟာက နဖူးကို ဒိုးယိုပေါက်သွားပြီး ဆုံးသွားတယ်။ အခု သုံး ယောက်ရယ် မနက်က ဒီဘက်မှာ တယောက်သေသွားသေးတယ်။”

မန္တလေးမြို့ မြို့သစ်တွေဖြစ်တဲ့ အောင်ပင်လယ်၊ မြရည်နန္ဒာ၊ ထွန်တုံး၊ အောင်သာယာ မြို့သစ်တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေ့စဉ် လမ်းကြောင်းရှင်းလင်းတာတွေ ပြုလုပ်ပြီး ပစ်ခတ်ဖြိုခွင်းတာတွေ ပြုလုပ်လို့ အခုလို နေ့စဉ် သေဆုံးတာတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ညဘက်တွေမှာလည်း ပစ်ခတ်တာတွေပြုလုပ်တဲ့အတွက် မတ်လ ၂၁ ရက်နဲ့ ၂၂ ရက် ညဘက်တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို မြို့သစ်ဘက်တွေမှာ နေ့စဉ်ပစ်ခတ်ဖြိုခွင်းတာတွေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို သုံးသပ်ပါတယ်။

“ဆင်ခြေဖုံးရပ်ကွက်ပေါ့လေ ဥပမာ ရန်ကုန် လှိုင်သာယာလို ဒီဘက်က ပုန်ကန်ထကြွမှာကို စိုးရိမ်ပြီးတော့ ဒီဘက်ကို အရင်ဖိနှိပ်တဲ့သဘောပေါ့။ မြို့ထဲက ပိုက်ဆံရှိလူတန်းစားများတော့ တော်သင့်ပုန်ကန်ထကြွမှု အားနည်းတာပေါ့။ အဲ့ဒီတော့ ဒီဘက်ကို အရင်ဖိတဲ့ သဘောပေါ့။ အထိုင်ချတဲ့ တပ်သဘောမျိုး တပ်စွဲနေတာ အဲ့ဒီမှာ လူထုက လက်မခံတော့ ညပိုင်းကို သူတို့ လာတဲ့ဟာကို သူတို့ကို ရန်မူမယ်ထင်ပြီးတော့ အနားအကပ် မခံပစ်တာခတ်တာလုပ်တယ်။ သူတို့ ပစ်တာခတ်တာလုပ်တော့ ဒီဘက်က လူထုကလည်း ကိုယ့်ဘက်ကလူထိတော့ မခံနိုင်တော့ အနားတိုးကြနဲ့ ထိတွေ့မှုတွေ ဖြစ်ကြတာ။ နေ့ခင်းက အရန်အတားတွေ ဖယ်ရင်းနဲ့ လမ်းမြင်သမျှပစ်တာ အဲ့ဒီလိုမျိုးတွေဆိုတော့ ရမ်းကားတဲ့ အပိုင်းတွေဆိုတော့ ဘယ်သူမှ မခံနိုင်ဘူးလေ မျက်မြင်ကိုယ်တွေ့ဆိုတော့ အိမ်ရှေ့ထွက်ကြည့်တဲ့သူလည်း ပစ်တာပဲ ဆိုင်ကယ်မောင်းတဲ့ သူလည်းပစ်တာပဲ လမ်းလျှောက်နေတဲ့ အဖွားကြီးလည်း ပစ်တာပဲဆိုတော့ ဘယ်သူူမှ မခံနိုင်တော့ သူတို့လာပြီဆိုရင်ကို အမြဲတမ်း သတိအနေအထားနဲ့ စောင့်ကြည့်နေရတာလေ။ အဲ့ဒီလိုဆိုတော့ တနေရာမဟုတ် တနေရာ ထိပ်တိုက်တွေ့ဆုံမှုက ဖြစ်ကြတာပဲလေ။”

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးတဲ့သူတွေထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်သလို အသက် ၂၀ ကျော်အရွယ်တွေလည်း ပါဝင်ပါတယ်။ မနေ့ကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် အသက် မပြည့်သေးတဲ့ ကလေးငယ်တဦးသေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် ဆန္ဒထုတ်ဖော်သူတွေကို သိမ်းဆည်းထားတဲ့ အိမ်စီးကားတွေနဲ့ပါ တိုက်ပြီး ဖမ်းဆီးတာတွေလည်း ရှိပါတယ်။

အခုလို ပစ်ခတ်ဖြိုခွင်း လူသေဆုံးတာတွေဖြစ်နေပေမဲ့ မန္တလေးမြို့မှာတော့ ဆန္ဒထုတ်ဖော်မှုတွေကို ပုံသဏ္ဍန်မျိုးစုံနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်နေကြသလို အခြားမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မုံရွာ၊ တောင်ကြီး၊ ကလေး၊ ထားဝယ် စတဲ့ မြို့တွေမှာလည်း ဆန္ဒထုတ်ဖော်တာတွေ ဆက်လက်ပြုလုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG