သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ရဲ႕ ျမန္မာအေရးယူမႈစာရင္း ထပ္တိုး


မႏၱေလးၿမိဳ႕ရွိ လမ္တခုေပၚတြင္ လံုျခံဳေရးယူထားတဲ့ ရဲနဲ႔ စစ္တပ္ တပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာစစ္တပ္၊ ဒီမိုကေရစီေရး ေတာင္းဆို ဆႏၵျပၾကသူေတြအေပၚ စစ္တပ္ရဲ႕ အၾကမ္းဖက္ ဖိႏွိပ္မႈေတြနဲ႔ ဆက္စပ္ေနတဲ႔ စစ္အရာရွိ ႏွစ္ဦးနဲ႔ တပ္မ ၂ ခုကို အေမရိကန္က တနလာၤေန႔မွာ အေရးယူ ဒဏ္ခတ္ပါတယ္။

ရဲခ်ဳပ္ တာ၀န္လည္း ယူထားတဲ႔ ဒုတိယ ျပည္ထဲေရး ၀န္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလိႈင္၊ စစ္ဆင္ေရး အထူးအဖြဲ႔မွဴး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုး၊ တပ္မ ၃၃၊ တပ္မ ၇၇ တို႔ရဲ႕ ပိုင္ဆိုင္မႈေတြ၊ အက်ိဳးစီးပြားေတြကို အေမရိကန္က ပိတ္ပင္ ကန္႔သတ္ေၾကာင္း အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက မတ္လ ၂၂ ရက္မွာ ေၾကညာခဲ႔တာပါ။

ေဖေဖာ္၀ါရီလ ၂ ရက္ေန႔ကမွ ရဲခ်ဳပ္နဲ႔ ျပည္ထဲေရး ဒု၀န္ႀကီး ျဖစ္လာတဲ႔ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး သန္းလိႈင္ လက္ေအာက္မွာ ရဲတပ္ဖြဲ႔ဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အဓိကရုဏ္းႏွိမ္နင္းေရး လက္နက္ေတြ၊ က်ည္ အစစ္ေတြ သံုး တိုက္ခုိက္လာတာေၾကာင့္ မတ္လ ၁၄ ရက္ေန႔မွာ လိႈင္သာယာက ဆႏၵျပသူ ၃၇ ဦး ေသဆံုးရမႈ အပါအ၀င္ ႏုိင္ငံတ၀န္း ဆႏၵျပသူ ဒါဇင္နဲ႔ခ်ီ ေသဆံုးခဲ႔ရေၾကာင္း အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာန ေၾကညာခ်က္ ေဖာ္ျပပါတယ္။

တပ္မ ၃၃ ကို မႏၱေလးမွာ တပ္ခ်ၿပီး ရန္ကုန္မွာ တပ္မ ၇၇ တို႔ကို တပ္ခ်မႈေတြေၾကာင့္ လံုၿခံဳေရး တပ္ဖြဲ႔ေတြရဲ႕ သတ္ျဖတ္မႈေတြ အပါအ၀င္ အင္အားအလြန္အကြ်ံသံုးတာေတြ ျဖစ္လာတယ္လို႔ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ေထာက္ျပထားပါတယ္။ တပ္မ ၃၃ ဟာဆိုရင္ ၂၀၁၈ ခုႏွစ္တုန္းက ရိုဟင္ဂ်ာေတြ အေပၚ ဆိုးဆိုးရြားရြား လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေၾကာင့္ အေမရိကန္ အေရးယူ ဒဏ္ခတ္ခံထားရတာ ျဖစ္ပါတယ္။ မႏၱေလး ရတနာပံု သေဘာၤဆိပ္မွာ လူ ၂ ဦး ေသဆံုး၊ အမ်ားအျပား ဒဏ္ရာရ ခဲ႔တဲ႔ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔ ဆႏၵျပသူေတြကို က်ည္အစစ္နဲ႔ ပစ္ခတ္မႈမွာ တပ္မ ၃၃ က စစ္သားေတြ ပါ၀င္တယ္လို႔ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက ေျပာပါတယ္။

ဆႏၵျပသူေတြကို သတ္ျဖတ္၊ ေနာက္ ေသေၾက ဒဏ္ရာ ရေစတဲ႔ အထိ အင္အားသံုးၿပီး အကြက္ခ် ၿဖိဳခြင္းတဲ႔ လံုၿခံဳေရး တပ္ဖြဲ႔ေတြထဲမွာ တပ္မ ၃၃ နဲ႔ တပ္မ ၇၇ ႏွစ္ခုစလံုး ပါ၀င္တယ္လို႔လည္း ေဖာ္ျပပါတယ္။ ေနာက္ထပ္ အေရးယူခံရတဲ႔ စစ္ဆင္ေရး အထူးအဖြဲ႔မွဴး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးကေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို တိုက္ရိုက္ အစီရင္ခံရသူ ျဖစ္ၿပီး သူထိန္းခ်ဳပ္တဲ႔ ေဒသေတြမွာလည္း ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ ရက္ရက္စက္စက္ တိုက္ခုိက္ခံရတယ္လို႔ ေဖာ္ျပပါတယ္။ လက္နက္ကိုင္ စစ္သားေတြဟာ စစ္ေျမျပင္ အတြက္သာ ျဖစ္ၿပီး ရဲတပ္ဖြဲ႔ လုပ္ငန္းေတြ အတြက္ မဟုတ္ေၾကာင္း၊ လူေသေၾက ေစတဲ႔ အထိ အင္အားသံုးတာဟာဆိုရင္ စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပသူေတြကို အကြက္ခ် ႀကံစည္ ႏွိမ္နင္းမႈသာ ျဖစ္တယ္လုိ႔လည္း အေမရိကန္က ေျပာဆိုထားပါတယ္။

အေမရိကန္ရဲ႕ ျမန္မာအေရးယူမႈစာရင္း ထပ္တိုး
please wait

No media source currently available

0:00 0:02:22 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မြန်မာစစ်တပ်၊ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြကြသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ ဆက်စပ်နေတဲ့ စစ်အရာရှိ နှစ်ဦးနဲ့ တပ်မ ၂ ခုကို အမေရိကန်က တနလာၤနေ့မှာ အရေးယူ ဒဏ်ခတ်ပါတယ်။

ရဲချုပ် တာဝန်လည်း ယူထားတဲ့ ဒုတိယ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ တပ်မ ၃၃၊ တပ်မ ၇၇ တို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေကို အမေရိကန်က ပိတ်ပင် ကန့်သတ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ်လ ၂၂ ရက်မှာ ကြေညာခဲ့တာပါ။

ဖေဖော်ဝါရီလ ၂ ရက်နေ့ကမှ ရဲချုပ်နဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဖြစ်လာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် လက်အောက်မှာ ရဲတပ်ဖွဲ့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး လက်နက်တွေ၊ ကျည် အစစ်တွေ သုံး တိုက်ခိုက်လာတာကြောင့် မတ်လ ၁၄ ရက်နေ့မှာ လှိုင်သာယာက ဆန္ဒပြသူ ၃၇ ဦး သေဆုံးရမှု အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကြေညာချက် ဖော်ပြပါတယ်။

တပ်မ ၃၃ ကို မန္တလေးမှာ တပ်ချပြီး ရန်ကုန်မှာ တပ်မ ၇၇ တို့ကို တပ်ချမှုတွေကြောင့် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေ အပါအဝင် အင်အားအလွန်အကျွံသုံးတာတွေ ဖြစ်လာတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထောက်ပြထားပါတယ်။ တပ်မ ၃၃ ဟာဆိုရင် ၂၀၁၈ ခုနှစ်တုန်းက ရိုဟင်ဂျာတွေ အပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် အမေရိကန် အရေးယူ ဒဏ်ခတ်ခံထားရတာ ဖြစ်ပါတယ်။ မန္တလေး ရတနာပုံ သဘောၤဆိပ်မှာ လူ ၂ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်မှုမှာ တပ်မ ၃၃ က စစ်သားတွေ ပါဝင်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဆန္ဒပြသူတွေကိုသတ်ဖြတ်၊ နောက် သေကြေ ဒဏ်ရာ ရစေတဲ့ အထိ အင်အားသုံးပြီး အကွက်ချ ဖြိုခွင်းတဲ့ လုံခြုံရေး တပ်ဖွဲ့တွေထဲမှာ တပ်မ ၃၃ နဲ့ တပ်မ ၇၇ နှစ်ခုစလုံး ပါဝင်တယ်လို့လည်း ဖော်ပြပါတယ်။ နောက်ထပ် အရေးယူခံရတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးကတော့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက် အစီရင်ခံရသူ ဖြစ်ပြီး သူထိန်းချုပ်တဲ့ ဒေသတွေမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ရက်ရက်စက်စက် တိုက်ခိုက်ခံရတယ်လို့ ဖော်ပြပါတယ်။ လက်နက်ကိုင် စစ်သားတွေဟာ စစ်မြေပြင် အတွက်သာ ဖြစ်ပြီး ရဲတပ်ဖွဲ့ လုပ်ငန်းတွေ အတွက် မဟုတ်ကြောင်း၊ လူသေကြေ စေတဲ့ အထိ အင်အားသုံးတာဟာဆိုရင် စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြသူတွေကို အကွက်ချ ကြံစည် နှိမ်နင်းမှုသာ ဖြစ်တယ်လို့လည်း အမေရိကန်က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG