သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆႏၵျပသူေတြကို အၾကမ္းဖက္မႈ စင္ကာပူဒုဝန္ႀကီးခ်ဳပ္ တုန္လႈပ္မိေၾကာင္း ေျပာဆို


စကၤာပူ ဒု၀န္ႀကီးခ်ဳပ္ Heng Swee Keat။ (ေမ ၂၂၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ဆႏၵျပသူေတြအေပၚ အင္အားသံုးႏွိမ္နင္းေနတာကို အေနာက္ႏုိင္ငံေတြက ဆက္တုိက္ျပစ္တင္ရႈတ္ခ်ေနသလို ျပည္တြင္းေရး ၀င္မစြက္တဲ့မူ လက္ကိုင္ထားတဲ့ အိမ္နီးခ်င္းအာရွႏုိင္ငံေတြကလည္း ျမန္မာ့အေရး စိုးရိမ္မႈေတြ ေျပာဆိုေနၾကပါၿပီ။ ျမန္မာႏုိင္ငံမွာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းတဲ့ လုပ္ရပ္အေပၚ စကၤာပူႏုိင္ငံက တုန္လႈပ္မိပါတယ္လို႔ စကၤာပူ ဒု၀န္ႀကီးခ်ဳပ္ Heng Swee Keat ကဒီကေန႔က်င္းပတဲ့ လုပ္ငန္းရွင္းမ်ားညီလာခံမွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ ေရရွည္တည္ၿငိမ္ေအးခ်မ္းေရးန႔ဲ ဒီမိုကေရစီစနစ္ ျပန္လည္က်င့္သုံးေရးအတြက္ ဘက္ေပါင္းစုံ ပါ၀င္ေဆြးေႏြးအေျဖရွာဖို႔ အလြန္အေရးႀကီးပါတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။ ျမန္မာႏုိင္ငံလည္းအဖြဲ႔၀င္ျဖစ္တ့ဲ အာဆီယံအဖြဲ႔က ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ အဆင့္ျမင့္အစည္းအေ၀း တရပ္က်င္းပဖို႔ မေလးရွားနဲ႔ အင္ဒိုနီးရွားႏုိင္ငံတုိ႔ကလည္း အႀကံျပဳထားပါတယ္။ ဒီအခ်ိန္မွာပဲ စကၤာပူႏုိင္ငံျခားေရး၀န္ႀကီး Vivian Balakrishnan က မေလးရွားနဲ႔ အင္ဒိုနီးရွားႏုိင္ငံကို မသြားခင္ဒီကေန႔ တနလၤာေန႔မွာပဲ လက္ရွိအာဆီယံအဖြဲ႔ဥကၠ႒ ျဖစ္တဲ့ ဘရူႏိုင္းႏုိင္ငံကို သြားေရာက္ေဆြးေႏြးခဲ့ပါတယ္။

ျမန္မာ့အေရး ႏိုင္ငံတကာက ဖိအားေပးေနခ်ိန္မွာပဲ ျမန္မာစစ္တပ္က ျပည္တြင္းကေန ထြက္ခြာဖို႔ႀကိဳးစားတဲ့ ၾသစေၾတးလ်ႏုိင္ငံသား စိုက္ပ်ိဳးေရးလုပ္ငန္း အႀကံေပး ႏွစ္ ေယာက္ သူတို႔႔ေနအိမ္မွာ ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ ၾသစေၾတးလ်သတင္းမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ ဘာေၾကာင့္ဖမ္းဆီးထားသလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ ၾသစေၾတးလ်ဘက္က ေကာင္စစ္၀န္လုပ္ငန္းဆုိင္ရာ အကူအညီေတြေပးေနတယ္လို႔ ၾသစေၾတးလ်ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ဒါေပမဲ့လည္း ပုဂၢိဳလ္ေရးလုံၿခံဳမႈေၾကာင့္ဆိုၿပီး အေသးစိတ္ သတင္းေတြေတာ့ မထုတ္ျပန္ပါဘူး။

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔စီးပြါးေရးအႀကံေပးျဖစ္သူ ၾသစေၾတးလ်ႏိိုင္ငံသား Sean Turnell ကိုလည္း ျမန္မာစစ္တပ္က ၿပီးခဲ့တဲ့လကတည္းက ဖမ္းဆီးထားသလို ဘယ္လိုစြဲခ်က္နဲ႔ အေရးယူထားသလဲဆိုတာကိုလည္း စစ္တပ္က ထုတ္ျပန္ျခင္း မရိွေသးပါဘူး။ ခုဖမ္းခံရတဲ့ ၾသစေၾတးလ်ႏို္င္ငံသား ႏွစ္ ေယာက္တို႔ကလည္း မစၥတာ Turnell နဲ႔ သိကၽြမ္းသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။

စီးပြါးေရးအႀကံေပး Sean Turnell ကိုျပန္လႊတ္ေပးဖို႔ ၾသစေၾတးလ်ႏုိင္ငံက ဆက္တိုက္ေတာင္းဆိုလာတာပါ။ ၿပီးခဲ့ႏွစ္ပတ္ေလာက္ကေတာ့ ျမန္မာႏုိင္ငံနဲ႔ ကာကြယ္ေရးပူးေပါင္းေဆာင္ရြက္မႈေတြ ရပ္ဆို္င္းလိုက္ေၾကာင္း ၾသစေၾတးလ်အစိုးရက ေၾကျငာခဲ့ပါတယ္။ ျမန္မာစစ္တပ္ရဲ ႔ အာဏာသိမ္းမႈေၾကာင့္ေရာ မစၥတာ Turnell ကို ဖမ္းဆီးထိန္းသိမ္းထားတဲ့အတြက္ေၾကာင္႔ဆိုၿပီး လူသားခ်င္းစာနာမႈ အကူအညီေတြကိုလည္း ၾသစေၾတးလ်က ျပန္လည္ ရုပ္သိမ္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဆန္ဒပြသူတွေကို အကြမ်းဖက်မှု စင်ကာပူဒုဝန်ကြီးချုပ် တုန်လှုပ်မိကြောင်း ပြောဆို

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းနေတာကို အနောက်နိုင်ငံတွေက ဆက်တိုက်ပြစ်တင်ရှုတ်ချနေသလို ပြည်တွင်းရေး ဝင်မစွက်တဲ့မူ လက်ကိုင်ထားတဲ့ အိမ်နီးချင်းအာရှနိုင်ငံတွေကလည်း မြန်မာ့အရေး စိုးရိမ်မှုတွေ ပြောဆိုနေကြပါပြီ။ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အပေါ် စင်္ကာပူနိုင်ငံက တုန်လှုပ်မိပါတယ်လို့ စင်္ကာပူ ဒုဝန်ကြီးချုပ် Heng Swee Keat ကဒီကနေ့ကျင်းပတဲ့ လုပ်ငန်းရှင်းများညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေးအတွက် ဘက်ပေါင်းစုံ ပါဝင်ဆွေးနွေးအဖြေရှာဖို့ အလွန်အရေးကြီးပါတယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံလည်းအဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံအဖွဲ့က မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဆင့်မြင့်အစည်းအဝေး တရပ်ကျင်းပဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း အကြံပြုထားပါတယ်။ ဒီအချိန်မှာပဲ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကို မသွားခင်ဒီကနေ့ တနင်္လာနေ့မှာပဲ လက်ရှိအာဆီယံအဖွဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ မြန်မာစစ်တပ်က ပြည်တွင်းကနေ ထွက်ခွာဖို့ကြိုးစားတဲ့ သြစတြေးလျနိုင်ငံသား စိုက်ပျိုးရေးလုပ်ငန်း အကြံပေး နှစ် ယောက် သူတို့နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သြစတြေးလျသတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဘာကြောင့်ဖမ်းဆီးထားသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သြစတြေးလျဘက်က ကောင်စစ်ဝန်လုပ်ငန်းဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုကြောင့်ဆိုပြီး အသေးစိတ် သတင်းတွေတော့ မထုတ်ပြန်ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ ့စီးပွါးရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား Sean Turnell ကိုလည်း မြန်မာစစ်တပ်က ပြီးခဲ့တဲ့လကတည်းက ဖမ်းဆီးထားသလို ဘယ်လိုစွဲချက်နဲ့ အရေးယူထားသလဲဆိုတာကိုလည်း စစ်တပ်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ခုဖမ်းခံရတဲ့ သြစတြေးလျနိုင်ငံသား နှစ် ယောက်တို့ကလည်း မစ္စတာ Turnell နဲ့ သိကျွမ်းသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွါးရေးအကြံပေး Sean Turnell ကိုပြန်လွှတ်ပေးဖို့ သြစတြေးလျနိုင်ငံက ဆက်တိုက်တောင်းဆိုလာတာပါ။ ပြီးခဲ့နှစ်ပတ်လောက်ကတော့ မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်ကြောင်း သြစတြေးလျအစိုးရက ကြေငြာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့်ရော မစ္စတာ Turnell ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက်ကြောင့်ဆိုပြီး လူသားချင်းစာနာမှု အကူအညီတွေကိုလည်း သြစတြေးလျက ပြန်လည် ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG