သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္က တိမ္းေရွာင္လာသူေတြကိစၥ မီဇိုရမ္ ၀န္ႀကီးခ်ဳပ္ နဲ႔ CRPH ေဒၚဇင္မာေအာင္ ေဆြးေႏြး


Mizoram Chief Minister Zoramthanga during the online meeting on Sunday. (Zoramthanga/Twitter)

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ရဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ အြန္လိုင္းကေန ေတြ႔ဆံုေဆြးေႏြးမႈဟာ အက်ိဳးရွိတဲ့ ေဆြးေႏြးမႈျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံ မီိဇိုရမ္ျပည္နယ္ အႀကီးအကဲ Zoramthanga က ေျပာၾကားလိုက္ပါတယ္။
ဒါ့အျပင္ ျမန္မာျပည္သူေတြရဲ့ ခံစားေနရမႈေတြ စိတ္ေသာကေရာက္ရမႈေတြ မၾကာခင္ေျပေလ်ာ့သြားေစဖို႔ ဆုေတာင္းေပးေနေၾကာင္းလည္း မတ္လ ၂၁ ရက္ တနဂၤေႏြေန႔ မနက္ပိုင္းမွာ ျပဳလုပ္တဲ့ အြန္လိုင္း ေဆြးေႏြးပြဲအၿပီး သူ႔တြစ္တာကေန ေျပာၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းဆန္႔က်င္မႈေတြကို အာဏာပိုင္ေတြက အၾကမ္းဖက္ၿဖိဳခြဲေနတာေၾကာင့္ အိမ္နီးခ်င္း အိႏၵိယ ႏိုင္ငံထဲကို ထြက္ေျပးတိမ္းေရွာင္သူေတြ တိုးလာေနခ်ိန္မွာပဲ အခုလို ျမန္မာနဲ႔နယ္စပ္ခ်င္းကပ္ရက္ မီဇိုရမ္ျပည္နယ္အႀကီးအကဲက ေဒၚဇင္မာေအာင္နဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့တာ ျဖစ္ေၾကာင္း အိႏၵိယကလာတဲ့ သတင္းေတြမွာ ေဖၚျပထားပါတယ္။

မီဇိုရမ္ျပည္နယ္အႀကီးအကဲက သူ႔ရဲ့တြစ္တာကို အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ထဲေရးဌာနအျပင္ ျမန္မာႏိုင္ငံ အိႏၵိယသံရံုးကိုပါ တြဲၿပီး ပို႔ေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘာေတြ ေဆြးေႏြးတယ္ဆိုတဲ့ အေသးစိတ္ကိုေတာ့ ေဖၚျပမထားပါဘူး။

အိႏၵိယျမန္မာ ၂ ႏိုင္ငံနယ္စပ္ဟာ ကီလိုမီတာ ၅၀၀ ေက်ာ္ထိစပ္ေနတာ ျဖစ္ၿပီး ေတာေတာင္ထူထပ္တဲ့ နယ္စပ္ကို ေက်ာ္ျဖတ္ၿပီး ဒုကၡသည္ေတြ ဝင္မလာေအာင္ တားဆီးဖို႔ အိႏၵိယဗဟိုအစိုးရက ျမန္မာႏုိင္ငံနဲ႔ ထိစပ္ေနတဲ့ ျပည္နယ္ ၄ ခုကို ညႊန္ၾကားထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္ မီဇိုရမ္ျပည္နယ္ အာဏာပိုင္ေတြကေတာ့ ဒီဒုကၡသည္ေတြအတြက္ နယ္စပ္မွာ စခန္းေတြဖြင့္အကူညီေတြ ေပးဖို႔ ဗဟိုအစိုးရကို ေတာင္းဆိုထားတပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------------------

မြန်မာဘက်က တိမ်းရှောင်လာသူတွေကိစ္စ မီဇိုရမ် ဝန်ကြီးချုပ် နဲ့ CRPH ဒေါ်ဇင်မာအောင် ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုဟာ အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကြီးအကဲ Zoramthanga က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ခံစားနေရမှုတွေ စိတ်သောကရောက်ရမှုတွေ မကြာခင်ပြေလျော့သွားစေဖို့ ဆုတောင်းပေးနေကြောင်းလည်း မတ်လ ၂၁ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲအပြီး သူ့တွစ်တာကနေ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲနေတာကြောင့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သူတွေ တိုးလာနေချိန်မှာပဲ အခုလို မြန်မာနဲ့နယ်စပ်ချင်းကပ်ရက် မီဇိုရမ်ပြည်နယ်အကြီးအကဲက ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်အကြီးအကဲက သူ့ရဲ့တွစ်တာကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဌာနအပြင် မြန်မာနိုင်ငံ အိန္ဒိယသံရုံးကိုပါ တွဲပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာတွေ ဆွေးနွေးတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖေါ်ပြမထားပါဘူး။

အိန္ဒိယမြန်မာ ၂ နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ ၅၀၀ ကျော်ထိစပ်နေတာ ဖြစ်ပြီး တောတောင်ထူထပ်တဲ့ နယ်စပ်ကို ကျော်ဖြတ်ပြီး ဒုက္ခသည်တွေ ဝင်မလာအောင် တားဆီးဖို့ အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ် ၄ ခုကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေကတော့ ဒီဒုက္ခသည်တွေအတွက် နယ်စပ်မှာ စခန်းတွေဖွင့်အကူညီတွေ ပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုထားတပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG