သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးဆႏၵျပမႈ ပစ္ခတ္ခံရ၊ ဆႏၵျပသူ သံုးဦးထပ္မံေသဆံုး


မႏၱေလးၿမိဳ႕ ဆႏၵျပပဲြ ျဖိဳခြင္းခံရတဲ့ ျမင္ကြင္း။ (မတ္ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

မႏၲေလးၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ေရးသပိတ္ေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ႏွိမ္နင္းေနရာမွာ ဒီကေန႔ မွာေတာ့ ဆႏၵျပသူ သံုးဦး ေသဆံုးၿပီး အေတာ္မ်ားမ်ား ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ မႏၲေလးကရတဲ့သတင္းကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။

ဒီကေန႔ မတ္လ ၂၂ ရက္ေန႔ မႏၱေလးၿမိဳ႕ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာၿမိဳ႕သစ္ ထြန္တံုးၿမိဳ႕သစ္ ေအာင္သာယာ ၿမိဳ႕သစ္တို႔မွာ စစ္တပ္နဲဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ၃ ဦးေသဆံုးၿပီး ၁၅ ဦးထက္မနည္း ဒဏ္ရာ ရရွိခဲ့ပါတယ္။ ဒီကေန႔ ေသဆံုး ဒဏ္ရာရတာနဲ႔ပတ္သက္လို႔ ေဒသခံတဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“လက္ရွိအေျခအေနက မနက္ ၈ နာရီကတည္းက ခ်မ္းျမသာစည္ၿမိဳ႕နယ္ထဲကို ၀င္လာၿပီးေတာ့ ပစ္ခတ္မႈေတြ လုပ္ပါတယ္။ အင္အားေတာ္ေတာ္မ်ားပါတယ္။ စစ္ေၾကာင္း ၄ ေၾကာင္း၊ ၅ ေၾကာင္းေလာက္ ခြဲၿပီး၀င္လာတယ္။ အဓိကက ဒီေန႔က ေအာင္သာယာ ထြန္တံုးကိုအရင္၀င္တယ္ ထြန္တံုးကေန ေအာင္သာယာ ၿပီးေတာ့ ျမရည္နႏၵကို ၀င္တယ္။ ၿပီးေတာ့အခု ညေနပိုင္းမွာ ေအာင္သာယာဘက္မွာ ကားရပ္ထားၿပီေတာ့ ပစ္ခတ္သြား ပါတယ္။ ေသဆံုးက လက္ရွိ အတည္ျပဳလို႔ရတာက ၃ ေယာက္ေသဆံုးလို႔ အတည္ျပဳလုိ႔ရပါတယ္။ လက္ေတြ႕သိတာ ၃ ေယာက္ပါ ဒဏ္ရာရတာကေတာ့ လက္လွမ္းမွီသေလာက္ စံုစမ္းၾကည့္တာက ၁၀ ေယာက္နဲ႔ အထက္မွာ ရွိပါတယ္။ ၁၀ ေယာက္နဲ႔ ၁၅ ေယာက္ၾကားမွာပါ။ အဲ့ဒါကြ်န္ေတာ္တုိ႔ လက္လွမ္းမွီသေလာက္ပါ။ က်ေနာ္တို႔ လက္လွမ္းမမွီတဲ့ ေနရာေတြမွာလည္း အသံေတြေတာ့ ၾကားပါတယ္။ အဲ့ဒါကေတာ့ အတည္ျပဳလို႔မရပါဘူး။”

ဒီကေန႔ မနက္ပိုင္းမွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပိတ္ထားတဲ့ အတားအဆီးေတြကို လာေရာက္ရွင္းလင္းရာမွာ ပစ္ခတ္တာေတြ ျပဳလုပ္ခဲ့တာျဖစ္သလို ျမရည္နႏၵာ တန္ဖိုးနည္းအိမ္ယာဘက္မွာလည္း ကားေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ဖ်က္ဆီးတာေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ ျမရည္နႏၵၿမိဳ႕သစ္ဘက္မွာလည္း ညဘက္က ပစ္ခတ္တာေတြ ရွိခဲ့လို႔ ေသဆံုးခဲ့တာေတြလည္းရွိတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“သူတို႔၀င္လာေတာ့ အရင္ဆုံး က်ေနာ္တို႔က အင္အားနည္းတယ္ထင္ၿပီး ဒီဘက္က ကေလးေတြက ျပန္ၿပီးခုခံေတာ့ ခဏေနက်ေတာ့ အင္အားေတြ မ်ားလာေတာ့ ၄၄ ဘက္ကေရာ၊ ၄၅ ဘက္ကေရာ အင္အားေတြ တအားမ်ားလာေတာ့ ၀င္ပစ္တယ္ေပါ့။ ကားေတြအကုန္ရိုက္ခြဲ ကားမွန္ေတြလည္း ရိုက္ခြဲ ကေလး ၂ ေယာက္ကေတာ့ ေပါင္ထိသြားတယ္။ ညကလည္း က်ေနာ္တို႔ ေသနတ္သံကို အေ၀းကေန လွမ္းၾကည့္ေတာ့ ၁၀ နာရီေလာက္မွာ ကင္းသမားေတြက ဟိုဘက္မွာ ပစ္သံၾကားတယ္ဆိုၿပီး သြားၾကည့္ၾကေတာ့ ၄၆ မင္းႀကီးရန္ေနာင္ဘက္ကေန အေ၀းက လွမ္းပစ္လိုက္တာ ဦးေခါင္းတေယာက္ ထိသြားတယ္။ ကေလးတေယာက္ေလ အဲ့ဒီကေလးကေတာ့ ပစ္လဲသြားတယ္။ က်န္းမာေရးဌာနကပဲ လာေကာက္သြားတယ္။”

မႏၱေလးၿမိဳ႕မွာ ပစ္ခတ္ၿဖိဳခြင္းလို႔ ေသဆံုးဒဏ္ရာရတာေတြ ရွိေနေပမဲ့ စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္မႈေတြကလည္း ေန႔တိုင္း ရွိေနပါတယ္။ မနက္အေစာ အာရုဏ္ဦး သပိတ္၊ ဆိုင္ကယ္ သပိတ္စစ္ေၾကာင္း၊ ျမေတာင္ သပိတ္စစ္ေၾကာင္းစတဲ့ သပိတ္စစ္ေၾကာင္းေတြက ဆက္လက္ ဆႏၵထုတ္ေဖာ္ေနၾကသလို ညဘက္မွာလည္း သံပံုးတီးၿပီး ညသပိတ္ေတြ ဆက္လက္ျပဳလုပ္ေနတာျဖစ္ပါတယ္။

မႏၱေလးမွာ စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ျပဳလုပ္တဲ့အခ်ိန္ကစလို႔ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ပစ္ခတ္ ၿဖိဳခြင္းတာေၾကာင့္ ေသဆံုးသူ ၃၀ ဦးထက္မနည္း ရွိေနၿပီး ေသဆံုးသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြပါ ပါ၀င္ေနပါတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးဆန္ဒပြမှု ပစ်ခတ်ခံရ၊ ဆန္ဒပြသူ သုံးဦးထပ်မံသေဆုံး

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်နှိမ်နင်းနေရာမှာ ဒီကနေ့ မှာတော့ ဆန္ဒပြသူ သုံးဦး သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မန္တလေးကရတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် ထွန်တုံးမြို့သစ် အောင်သာယာ မြို့သစ်တို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီကနေ့ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်လို့ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“လက်ရှိအခြေအနေက မနက် ၈ နာရီကတည်းက ချမ်းမြသာစည်မြို့နယ်ထဲကို ဝင်လာပြီးတော့ ပစ်ခတ်မှုတွေ လုပ်ပါတယ်။ အင်အားတော်တော်များပါတယ်။ စစ်ကြောင်း ၄ ကြောင်း၊ ၅ ကြောင်းလောက် ခွဲပြီးဝင်လာတယ်။ အဓိကက ဒီနေ့က အောင်သာယာ ထွန်တုံးကိုအရင်ဝင်တယ် ထွန်တုံးကနေ အောင်သာယာ ပြီးတော့ မြရည်နန္ဒကို ဝင်တယ်။ ပြီးတော့အခု ညနေပိုင်းမှာ အောင်သာယာဘက်မှာ ကားရပ်ထားပြီတော့ ပစ်ခတ်သွား ပါတယ်။ သေဆုံးက လက်ရှိ အတည်ပြုလို့ရတာက ၃ ယောက်သေဆုံးလို့ အတည်ပြုလို့ရပါတယ်။ လက်တွေ့သိတာ ၃ ယောက်ပါ ဒဏ်ရာရတာကတော့ လက်လှမ်းမှီသလောက် စုံစမ်းကြည့်တာက ၁၀ ယောက်နဲ့ အထက်မှာ ရှိပါတယ်။ ၁၀ ယောက်နဲ့ ၁၅ ယောက်ကြားမှာပါ။ အဲ့ဒါကျွန်တော်တို့ လက်လှမ်းမှီသလောက်ပါ။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေမှာလည်း အသံတွေတော့ ကြားပါတယ်။ အဲ့ဒါကတော့ အတည်ပြုလို့မရပါဘူး။”

ဒီကနေ့ မနက်ပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ထားတဲ့ အတားအဆီးတွေကို လာရောက်ရှင်းလင်းရာမှာ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာဖြစ်သလို မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ယာဘက်မှာလည်း ကားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြရည်နန္ဒမြို့သစ်ဘက်မှာလည်း ညဘက်က ပစ်ခတ်တာတွေ ရှိခဲ့လို့ သေဆုံးခဲ့တာတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဝင်လာတော့ အရင်ဆုံး ကျနော်တို့က အင်အားနည်းတယ်ထင်ပြီး ဒီဘက်က ကလေးတွေက ပြန်ပြီးခုခံတော့ ခဏနေကျတော့ အင်အားတွေ များလာတော့ ၄၄ ဘက်ကရော၊ ၄၅ ဘက်ကရော အင်အားတွေ တအားများလာတော့ ဝင်ပစ်တယ်ပေါ့။ ကားတွေအကုန်ရိုက်ခွဲ ကားမှန်တွေလည်း ရိုက်ခွဲ ကလေး ၂ ယောက်ကတော့ ပေါင်ထိသွားတယ်။ ညကလည်း ကျနော်တို့ သေနတ်သံကို အဝေးကနေ လှမ်းကြည့်တော့ ၁၀ နာရီလောက်မှာ ကင်းသမားတွေက ဟိုဘက်မှာ ပစ်သံကြားတယ်ဆိုပြီး သွားကြည့်ကြတော့ ၄၆ မင်းကြီးရန်နောင်ဘက်ကနေ အဝေးက လှမ်းပစ်လိုက်တာ ဦးခေါင်းတယောက် ထိသွားတယ်။ ကလေးတယောက်လေ အဲ့ဒီကလေးကတော့ ပစ်လဲသွားတယ်။ ကျန်းမာရေးဌာနကပဲ လာကောက်သွားတယ်။”

မန္တလေးမြို့မှာ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးဒဏ်ရာရတာတွေ ရှိနေပေမဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေကလည်း နေ့တိုင်း ရှိနေပါတယ်။ မနက်အစော အာရုဏ်ဦး သပိတ်၊ ဆိုင်ကယ် သပိတ်စစ်ကြောင်း၊ မြတောင် သပိတ်စစ်ကြောင်းစတဲ့ သပိတ်စစ်ကြောင်းတွေက ဆက်လက် ဆန္ဒထုတ်ဖော်နေကြသလို ညဘက်မှာလည်း သံပုံးတီးပြီး ညသပိတ်တွေ ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။

မန္တလေးမှာ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြုလုပ်တဲ့အချိန်ကစလို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာကြောင့် သေဆုံးသူ ၃၀ ဦးထက်မနည်း ရှိနေပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေပါတယ်လို့ သိရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG