သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေက်ာင္းသားသမဂၢ နဲ႔ လူမႈေရးအဖြဲ႕အစည္းေတြ "ေႏြဦးေတာ္လွန္ေရး" နဲ႔အတူရပ္တည္မည္


ရခိုင္ျပည္ၿမိဳ႕ေတာ္ခန္းမေရွ႕ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢ သံုး ဦး။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းမႈကို လက္မခံပဲ ေႏြဦးေတာ္လွန္ေရး အျဖစ္သတ္မွတ္ၿပီး တိုက္ပြဲဝင္ေနၾကတဲ့ ႏိုင္ငံတလႊားက ေက်ာင္းသားေတြ ျပည္သူေတြနဲ႔အတူ ရခိုင္ေက်ာင္းသားအဖြဲ႔ ေတြကလည္း တသားတည္း ရပ္တည္မွာ ျဖစ္ေၾကာင္း ရခိုင္ေက်ာင္းသားသမဂၢ အဖြဲ႔ေပါင္း ၁၁ ဖြဲ႔က မတ္လ ၂၁ ရက္ေန႔မွာ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

တခ်ိန္ထည္းမွာပဲ အာဏာသိမ္းထားတဲ့စစ္တပ္က လက္နက္မဲ့ျပည္သူေတြ အေပၚ အင္အားအလြန္အကၽြံသံုး ၿဖိဳခြဲမႈကို လံုးဝရပ္ဆိုင္းဖို႔နဲ႔ စစ္တပ္အာဏာသိမ္းထားတာ ကို အျမန္ဆံုးစြန္႔လႊတ္ဖို႔ ရခိုင္ အရပ္ဘက္အဖြဲ႔အစည္းေပါင္း ၇၇ ဖြဲ႔ကလည္း တညီတညႊတ္ထည္း ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီ တရက္ကေန မတ္လ ၂၁ ရက္ေန႔အထိ ရက္ေပါင္းး ၄၈ ရက္အတြင္း စစ္တပ္အာဏာပိုင္ေတြရဲ့ အၾကမ္းဖက္ၿဖိဳခြဲမႈေၾကာင့္ ေသဆံုးသူ ၂၅၀ နီးပါးနဲ႔ ဖမ္းဆီး၊ အေရးယူအျပစ္ေပးခံရသူ ၂၃၀၀ ေက်ာ္ရွိေနၿပီျဖစ္ၿပီး ထိခိုက္ဆံုးရႈံးရသူေတြနဲ႔ ထပ္တူဝမ္းနည္းေၾကာင္းနဲ႔ အဖမ္းခံေနရသူ အားလံုးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ အေလးအနက္ ေတာင္းဆိုေၾကာင္းလည္း ေဖၚျပထားပါတယ္။


ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ဆန္႔က်င္ လွုပ္ရွားမႉေတြ ႏုိင္ငံအႏွံ႔ ႀကီးထြားလာေနေပမယ့္လည္း တပ္မေတာ္နဲ႔ တိုက္ပြဲအႀကီး အက်ယ္ျဖစ္ခဲ့တဲ့ ရခိုင္ေဒသမွာေတာ့ အာဏာရွင္ဆန္႔က်င္လႈုပ္ရွားမႉေတြ အနည္း အက်ဥ္း ေလာက္သာ ရွိေနတာပါ။

ရခိုင္ျပည္သူလူထု ေထာက္ခံမႉအမ်ားဆံုးရရွိထားတဲ့ AA ရခိုင္လက္နက္ကိုင္အဖဲြ႕ကို အရင္အစိုးရလက္ထက္က အၾကမ္းဖက္အဖြဲ႔အစည္း အျဖစ္သတ္မွတ္ထားရာကေန အာဏာသိမ္းစစ္တပ္က မတ္လ ၁၁ ရက္ေန႔မွာ အၾကမ္းဖက္အဖြဲ႔အျဖစ္ကေန ပယ္ဖ်က္ေၾကာင္း ထုတ္ျပန္ခဲ့သလို ျမန္မာႏိုင္ငံတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕အစည္းအားလံုးကို အၾကမ္းဖက္အဖဲြ႕ မတရားအသင္းအဖဲြ႕ေတြကေန ပယ္ဖ်က္ေၾကာင္း CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကလည္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

ရခိုင်ကျောင်းသားသမဂ္ဂ နဲ့ လူမှုရေးအဖွဲ့အစည်းတွေ "နွေဦးတော်လှန်ရေး" နဲ့အတူရပ်တည်မည်

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို လက်မခံပဲ နွေဦးတော်လှန်ရေး အဖြစ်သတ်မှတ်ပြီး တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံတလွှားက ကျောင်းသားတွေ ပြည်သူတွေနဲ့အတူ ရခိုင်ကျောင်းသားအဖွဲ့ တွေကလည်း တသားတည်း ရပ်တည်မှာ ဖြစ်ကြောင်း ရခိုင်ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း ၁၁ ဖွဲ့က မတ်လ ၂၁ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တချိန်ထည်းမှာပဲ အာဏာသိမ်းထားတဲ့စစ်တပ်က လက်နက်မဲ့ပြည်သူတွေ အပေါ် အင်အားအလွန်အကျွံသုံး ဖြိုခွဲမှုကို လုံးဝရပ်ဆိုင်းဖို့နဲ့ စစ်တပ်အာဏာသိမ်းထားတာ ကို အမြန်ဆုံးစွန့်လွှတ်ဖို့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၇ ဖွဲ့ကလည်း တညီတညွှတ်ထည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ တရက်ကနေ မတ်လ ၂၁ ရက်နေ့အထိ ရက်ပေါင်းး ၄၈ ရက်အတွင်း စစ်တပ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံးသူ ၂၅၀ နီးပါးနဲ့ ဖမ်းဆီး၊ အရေးယူအပြစ်ပေးခံရသူ ၂၃၀၀ ကျော်ရှိနေပြီဖြစ်ပြီး ထိခိုက်ဆုံးရှုံးရသူတွေနဲ့ ထပ်တူဝမ်းနည်းကြောင်းနဲ့ အဖမ်းခံနေရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ဖေါ်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှူတွေ နိုင်ငံအနှံ့ ကြီးထွားလာနေပေမယ့်လည်း တပ်မတော်နဲ့ တိုက်ပွဲအကြီး အကျယ်ဖြစ်ခဲ့တဲ့ ရခိုင်ဒေသမှာတော့ အာဏာရှင်ဆန့်ကျင်လှုုပ်ရှားမှူတွေ အနည်း အကျဉ်း လောက်သာ ရှိနေတာပါ။

ရခိုင်ပြည်သူလူထု ထောက်ခံမှူအများဆုံးရရှိထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အရင်အစိုးရလက်ထက်က အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားရာကနေ အာဏာသိမ်းစစ်တပ်က မတ်လ ၁၁ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့ မတရားအသင်းအဖွဲ့တွေကနေ ပယ်ဖျက်ကြောင်း CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG