သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ထမ်းများ CDM မှာ မဖြစ်မနေ ပါဝင်ရေး CRPH ကြေညာချက်ထုတ်


Protesters hold up signs supporting the Civil Disobedience Movement (CDM) at a demonstration against the military coup in Yangon on February 14, 2021. (Photo by YE AUNG THU / AFP)
Protesters hold up signs supporting the Civil Disobedience Movement (CDM) at a demonstration against the military coup in Yangon on February 14, 2021. (Photo by YE AUNG THU / AFP)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အမိန့်ကို အကြမ်းမဖက် ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်မှုကို မတ်လ ၃၁ ရက်နေ့ အထိသာ လက်ခံတော့မှာ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ သမ္မတရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က မတ်လ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပြည်သူနဲ့အတူရပ်တည်ပြီး အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဦးဆောင်မှုကဏ္ဍမှာ တာဝန်ပေးပြီး နိုင်ငံတော် စီမံအုပ်ချုပ်မှု ယန္တရား အသစ်ကို တည်ဆောက်မှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုမှာ ဖြစ်သလို CDM မှာ မပါပဲ အာဏာသိမ်းထားတဲ့စစ်တပ်ရဲ့ ဦးဆောင်မှုအောက်မှာ ဆက်ပြီးအလုပ်လုပ်နေသူတွေကိုတော့ ထိရောက်စွာ အရေးယူမှာ ဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။ CDM မှာ မပါ သေးတဲ့ဝန်ထမ်းတွေ အချိန်မီ ပါဝင်ဖို့လည်း နှိုးဆော်ထားတာပါ။
CRPH ရဲ့ အလုပ်သမားဝန်ကြီးဌာန နဲ့ ပညာရေးဝန်ကြီးဌာနတွေရဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း စစ်တပ်အာဏာပိုင်တွေရဲ့ မတ်လ ၂၂ ရက်ကစပြီး ရုံးတွေ ကျောင်းတွေ ပြန်တက်ဖို့၊ မလိုက်နာရင် အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေဟာ တရားမဝင်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်တာဟာ တရားမဲ့ပြုကျင့်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့မှာပဲ ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုပါတယ်။
ဒါ့အပြင် အခုလို စစ်ဘက်က ချိုးဖေါက်မှုတွေကို တရားစွဲဆို အပြစ်ပေးသွားမှာ ဖြစ်သလို မတရား အရးယူခံရတဲ့ ဝန်ထမ်းတွေခံစားရတဲ့ အလုပ်အကိုင်၊ နစ်နာမှုတွေအတွက်လည်း မူလအတိုင်း ပြန်ရဖို့ အာမခံကြောင်း ပြောကြားထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေနဲ့အတူ အလုပ်မဆင်းပဲ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကြောင့် အစိုးရလုပ်ငန်းတွေ တော်တော်များများလည်း ရပ်ဆိုင်းနေပါတယ်။ အာဏာပိုင်တွေက ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းအောင် ဖိအားပေးခြိမ်းခြောက်နေပေမဲ့ ပြည်တွင်း၊ ပြည်ပ CDM လှုပ်ရှားမှုမှာ ပူးပေါင်းလာသူတွေလည်း ရှိနေဆဲပါ။

တိုက်ရိုက် လင့်ခ်

-------------------------------------------



XS
SM
MD
LG