သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္မႈေတြရပ္ဖုိ႔ ျပည္ပေရာက္ ျမန္မာေတြေတာင္းဆုိ


DC ဆႏၵျပပဲြ ( ဓါတ္ပုံ - ဦးခင္ေမာင္စိုးမင္း VOA )

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံတြင္း ဆႏၵျပေနသူေတြနဲ႔ အရပ္သားျပည္သူေတြကို စစ္တပ္နဲ႔ရဲက အခုရက္ပိုင္းအတြင္း အၾကမ္းဖက္ႏွိမ္နင္းမႈေတြ မ်ားလာတာေၾကာင့္ ဒီလုပ္ရပ္ေတြကို အျမန္ဆုံးရပ္တန္႔ေစဖို႔နဲ႔ တာဝန္ရွိသူေတြကို ႏိုင္ငံတကာက ထိေရာက္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြလုပ္ဖို႔ အေမရိကန္ ကေနဒါနဲ႔ ဂ်ပန္ႏိုင္ငံေတြမွာ ပုံသ႑ာန္မ်ဳိးစုံနဲ႔ ဆႏၵျပ တုိက္တြန္းၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု အစိုးရ ရုံးစိုက္ရာ ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာေတာ့ အလင္းေရာင္လူငယ္မ်ားအဖြဲ႔က ဦးစီးၿပီး ရာနဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြ စေနေန႔ ေန႔လည္ပိုင္းက စစ္သံရုံးေရွ႕နဲ႔ လြတ္လပ္ေရးေက်ာက္တိုင္ ကြင္းျပင္မွာ သြားေရာက္ ဆႏၵျပခဲ့ၾကပါတယ္။

" ဒီေန႔ဆိုရင္ ဒီမွာေတာ့ ေႏြဦးရဲ႕ ပထမဆုံးရက္ေပါ့ခင္ဗ်။ ဒီမွာရွိတဲ့ အလင္းေရာင္လူငယ္မ်ားအဖြဲ႔ကေန ဦးစီးၿပီးေတာ့မွ ဒီမွာရွိတဲ့ တုိင္းရင္းသားလူငယ္ အဖြဲ႔ေတြ အကုန္လုံးနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ဒီဆႏၵျပပဲြကို စီစဥ္ခဲ့တာျဖစ္ပါတယ္။ ၂ ေနရာမွာ လုပ္ပါတယ္။ ပထမ တေနရာက ျမန္မာစစ္သံရုံးေရွ႕မွာ ဆႏၵျပပါတယ္။ ၿပီးလို့ရွိရင္ ဒီေက်ာက္တုိင္ကို လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပပါတယ္။ ခုဆိုရင္ ျပည္တြင္းမွာ မ်ဳိးဆက္သစ္ တကယ့္အဖူးအငုံေတြ ဇီ-ဂ်န္နေရးရွင္း ေတြကို သူတို႔ေတြက လမ္းမေတြေပၚမွာ ရက္ရက္စက္စက္ ပစ္သတ္ေနတယ္။ သူတို႔ရဲ႕ မတရားသျဖင့္ လက္နက္အားကိုးနဲ႔ ျပည္သူေတြကို သတ္ျဖတ္ေနတာကို တကမၻာလုံးကလည္း ျမင္ေနပါတယ္။ အဲဒီေတာ့ ျမန္မာျပည္တြင္းမွာရွိတဲ့ လူငယ္ေတြ .. သူတို႔ေတြအကုန္လုံး ခံစားေနရတဲ့ဟာကို က်ေနာ္တုိ႔လည္း ခံစားေနရတယ္ ဆိုတာကိုရယ္ ၊ ၿပီးေတာ့ သူတုိ႔ေတြနဲ႔ က်ေနာ္တို႔ တေသြးထဲတသားထဲ ရွိေနတယ္ဆုိတာကို ထုတ္ေဖၚျပသခ်င္တဲ့အတြက္ ခုလို ဆႏၵျပေနၾကတာပါ။ "

အလင္းေရာင္လူငယ္အဖြဲ႔ တာဝန္ခံ ကိုထိုက္ ေျပာျပသြားတာပါ။

DC ဆႏၵျပပဲြ
DC ဆႏၵျပပဲြ


နယူးေယာက္ၿမဳိ႕ Time-Square ပန္းၿခံမွာလည္း အေမရိကန္လူမ်ဳိးေတြေရာ ျမန္မာျပည္သားေတြပါ စုေပါင္းဆႏၵထုတ္ေဖၚခဲ့ၾကၿပီး ျမန္မာစစ္တပ္ကို ဖိအားေတြ ပိုေပးႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ ဆႏၵျပပဲြမွာ ပါဝင္သူ မရွင္မင္းက ေျပာပါတယ္။

" အဓိကရည္ရြယ္ခ်က္ကေတာ့ အခုဟာက ျမန္မာျပည္မွာ အစိုးရ မဲ့ေနတာ မဟုတ္ဘူး။ အစိုးရကလက္ရွိမွာရွိေနတယ္။ ၂၀၂၀ ေရြးေကာက္ပဲြမွာ ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ ေရြးေကာက္ခံ ကုိယ္စားလွယ္ေတြနဲ႔ ဖဲြ႔ထားတဲ့ CRPH ဆိုတာက တကယ့္ တရားဝင္ ရွိေနပါတယ္။ ၿပီးေတာ့ မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္တပ္ကေန ႏိုင္ငံကိုအၾကမ္းဖက္ သိမ္းပိုက္ေနတာက မေအာင္ျမင္ေသးပါဘူး။ သူတုိ႔က သမီးတုိ႔ေတြရဲ႕ အစိုးရ မဟုတ္ပါဘူး။ CRPH ကသာ တရားဝင္ အစိုးရျဖစ္တယ္ ဆိုတာကို ဒီ အေမရိကန္နဲ႔ အျခားႏိုင္ငံေတြက ျပတ္ျပတ္သားသား ေထာက္ခံဖို႔အတြက္ကို ဒီဆႏၵျပပဲြကေန လႈံ႔ေဆာ္ေနတာပါ။ ၿပီးေတာ့ အေမရိကန္ ေအာက္လႊတ္ေတာ္အမတ္တခ်ဳိ႕က Bill -143 ဆိုတာ - ဥပေဒမူၾကမ္းတခု လႊတ္ေတာ္မွာ တင္ပါတယ္။ ျမန္မာႏိုင္ငံက အၾကမ္းဖက္တဲ့ အာဏာရွင္ေတြကို ထိထိေရာက္ေရာက္ ဒဏ္ခတ္ပိတ္ဆုိ႔ဖို႔ရယ္ ၊ ျမန္မာႏိုင္ငံက CDM လႈပ္ရွားမႈကုိ ေထာက္ခံဖို႔ အတြက္ကို ကြန္ဂရက္စ္မွာ တင္လုိက္ၿပီေလ။ အဲဒါကို ေအာက္လႊတ္ေတာ္ေရာ အထက္လႊတ္ေတာ္ကပါ လက္ခံဖို႔အတြက္ကို အခု အေမရိကန္ေတြကိုလည္း အဲဒါကို တုိက္တြန္းေနတာပါ ဒီေန႔ကေလ။ "

နယူးေယာက္ၿမဳိ႕က ဆႏၵျပပဲြ
နယူးေယာက္ၿမဳိ႕က ဆႏၵျပပဲြ


အေမရိကန္အေနာက္ဖက္ျခမ္း ဆန္ဖရန္စစၥကိုၿမဳိ႕ (ေဘး)ဧရိယာတဝုိက္မွာရွိတဲ့ ျမန္မာ(၂၀၀)ဝန္းက်င္ကလည္း တရုတ္ေကာင္စစ္ဝန္ရုံးအေရွ႕ သြားေရာက္ ဆႏၵျပခဲ့ၾကတယ္လို႔ ေဒၚျမတ္ျမတ္မုိးက ေျပာပါတယ္။

" က်မတို႔ ဒီေန႔ေလ ဆန္ဖရန္စစၥကိုၿမဳိ႕ေပၚမွာရွိတဲ့ တရုတ္-ေကာင္စစ္ဝန္ရုံးေရွ႕မွာ သြားၿပီးေတာ့ ဒုတိယအႀကိမ္ေျမာက္ က်မတို႔ ဆႏၵျပတာပါ။ ဆႏၵျပရတာကေတာ့ တရုတ္ျပည္ ကြန္ျမဴနစ္ပါတီကေနၿပီးေတာ့ ျမန္မာစစ္ေကာင္စီေပၚမွာ ခ်ဳပ္ကိုင္မႈနဲ႔ တရားမဲ့ အာဏာသိမ္းမႈကို သူတို႔အေနနဲ႔ ျပည္တြင္းေရးပါလို႔ ေျပာထားတဲ့အျပင္ ၊ အခုလို က်မတို႔ရဲ႕လူငယ္ေတြကို သတ္ျဖတ္ေနတဲ့ အေပၚမွာလည္း သူတို႔ဖက္က ျပင္းထန္တဲ့ရႈတ္ခ်မႈ မရွိတဲ့အတြက္ေၾကာင့္မုိ႔ က်မတို႔ ဆန္ဖရန္(ေဘး)ဧရိယာမွာရွိတဲ့ ျမန္မာမိသားစုေတြ စုၿပီး ဒီမွာလာေရာက္ဆႏၵျပၾကတာပါ။ "

DC ဆႏၵျပပဲြ
DC ဆႏၵျပပဲြ


အလားတူ ကေနဒါႏိုင္ငံ ကြိဘက္ျပည္နယ္ မြန္ထရီရယ္ၿမဳိ႕မွာရွိတဲ့ စစ္ေကာင္စီက ငွားရမ္းထားတဲ့ အစၥေရးလူမ်ဳိး ကေနဒါႏိုင္ငံသား Ari Ben-Menashe ရဲ႕ ေလာ္ဘီကုမၸဏီေရွ႕မွာ ျမန္မာနဲ႔တိုင္းရင္းသားေတြ စေနေန႔က ဆႏၵျပၾကတယ္လို႔ တုိရြန္တုိၿမဳိ႕က ကိုေအာင္မုိးက ေျပာပါတယ္။

" အဲဒီ အစၥေရးေလာ္ဘီက ကေနဒါထဲမွာ ရုံးနဲ႔ပါနဲ႔ ေသခ်ာဖြင့္ထားတာကို က်ေနာ္တုိ႔ စုံစမ္းေတြ႔ရွိရတယ္။ ေနာက္တခုက ဗမာျပည္မွာ သူက စစ္အုပ္စုနဲ႔ ေပါင္းၿပီးလုပ္တယ္ဆိုေတာ့ .. ဒီကေနဒါမွာက အေမရိကားလိုပဲေလ။ စစ္အုပ္စု အႀကီးပုိင္းေတြကို ပစ္မွတ္ထား ဒဏ္ခတ္ထားတယ္။ အဲဒီေတာ့ ကေနဒါ ဥပေဒအရ ၾကည့္မယ္ဆိုရင္ ေလာ္ဘီကုမၸဏီက လုပ္ေနတာက တရားမဝင္ လုပ္သလို ျဖစ္ေနတာေပါ့။ ခုလို သြားေရာက္ဆႏၵျပျခင္းအားျဖင့္ သူတို႔အဲလို လုပ္ေနတာကုိ အနည္းဆုံးေတာ့ သူတို႔ရဲ႕ ၿမဳိ႕ခံေတြ သိသြားမယ္၊ သူ႔ျပည္နယ္အစိုးရကလည္း သိသြားမယ္ သူတို႔အေရးယူခ်င္ရင္ ယူလို႔ရေအာင္ ျမန္မာေတြက သြားဆႏၵျပတာပါ။ "

ဂ်ပန္ႏုိင္ငံမွာလည္း တုိက်ဳိၿမဳိ႕မွာရွိတဲ့ ကုလသမဂၢရုံးေရွ႕မွာ ျမန္မာေတြစုေပါင္းၿပီး ေသာၾကာေန႔ညက စလို႔ (၄၈)နာရီၾကာ အစာငတ္ခံဆႏၵျပရင္း ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ ႏွိမ္နင္းခံေနရတဲ့ကိစၥ ရပ္တန္႔သ ြားေရးနဲ႔ အရပ္သားအစိုးရကို ႏိုင္ငံတကာက အသိမွတ္ျပဳေရး ေတာင္းဆုိေနၾကပါတယ္။

[ Unicode ]

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေရပ်ဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို

မြန်မာနိုင်ငံတွင်း ဆန္ဒပြနေသူတွေနဲ့ အရပ်သားပြည်သူတွေကို စစ်တပ်နဲ့ရဲက အခုရက်ပိုင်းအတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေ များလာတာကြောင့် ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်စေဖို့နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာက ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန် ကနေဒါနဲ့ ဂျပန်နိုင်ငံတွေမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆန္ဒပြ တိုက်တွန်းကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။


အမေရိကန်ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာတော့ အလင်းရောင်လူငယ်များအဖွဲ့က ဦးစီးပြီး ရာနဲ့ချီတဲ့ မြန်မာပြည်သူတွေ စနေနေ့ နေ့လည်ပိုင်းက စစ်သံရုံးရှေ့နဲ့ လွတ်လပ်ရေးကျောက်တိုင် ကွင်းပြင်မှာ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

" ဒီနေ့ဆိုရင် ဒီမှာတော့ နွေဦးရဲ့ ပထမဆုံးရက်ပေါ့ခင်ဗျ။ ဒီမှာရှိတဲ့ အလင်းရောင်လူငယ်များအဖွဲ့ကနေ ဦးစီးပြီးတော့မှ ဒီမှာရှိတဲ့ တိုင်းရင်းသားလူငယ် အဖွဲ့တွေ အကုန်လုံးနဲ့ ချိတ်ဆက်ပြီးတော့ ဒီဆန္ဒပြပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ၂ နေရာမှာ လုပ်ပါတယ်။ ပထမ တနေရာက မြန်မာစစ်သံရုံးရှေ့မှာ ဆန္ဒပြပါတယ်။ ပြီးလို့ရှိရင် ဒီကျောက်တိုင်ကို လမ်းလျှောက်ချီတက် ဆန္ဒပြပါတယ်။ ခုဆိုရင် ပြည်တွင်းမှာ မျိုးဆက်သစ် တကယ့်အဖူးအငုံတွေ ဇီ-ဂျန်နရေးရှင်း တွေကို သူတို့တွေက လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် ပစ်သတ်နေတယ်။ သူတို့ရဲ့ မတရားသဖြင့် လက်နက်အားကိုးနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို တကမ္ဘာလုံးကလည်း မြင်နေပါတယ်။ အဲဒီတော့ မြန်မာပြည်တွင်းမှာရှိတဲ့ လူငယ်တွေ .. သူတို့တွေအကုန်လုံး ခံစားနေရတဲ့ဟာကို ကျနော်တို့လည်း ခံစားနေရတယ် ဆိုတာကိုရယ် ၊ ပြီးတော့ သူတို့တွေနဲ့ ကျနော်တို့ တသွေးထဲတသားထဲ ရှိနေတယ်ဆိုတာကို ထုတ်ဖေါ်ပြသချင်တဲ့အတွက် ခုလို ဆန္ဒပြနေကြတာပါ။ "

အလင်းရောင်လူငယ်အဖွဲ့ တာဝန်ခံ ကိုထိုက် ပြောပြသွားတာပါ။

နယူးယောက်မြို့ Time-Square ပန်းခြံမှာလည်း အမေရိကန်လူမျိုးတွေရော မြန်မာပြည်သားတွေပါ စုပေါင်းဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး မြန်မာစစ်တပ်ကို ဖိအားတွေ ပိုပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ မရှင်မင်းက ပြောပါတယ်။

" အဓိကရည်ရွယ်ချက်ကတော့ အခုဟာက မြန်မာပြည်မှာ အစိုးရ မဲ့နေတာ မဟုတ်ဘူး။ အစိုးရကလက်ရှိမှာရှိနေတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ CRPH ဆိုတာက တကယ့် တရားဝင် ရှိနေပါတယ်။ ပြီးတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ နိုင်ငံကိုအကြမ်းဖက် သိမ်းပိုက်နေတာက မအောင်မြင်သေးပါဘူး။ သူတို့က သမီးတို့တွေရဲ့ အစိုးရ မဟုတ်ပါဘူး။ CRPH ကသာ တရားဝင် အစိုးရဖြစ်တယ် ဆိုတာကို ဒီ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပြတ်ပြတ်သားသား ထောက်ခံဖို့အတွက်ကို ဒီဆန္ဒပြပွဲကနေ လှုံ့ဆော်နေတာပါ။ ပြီးတော့ အမေရိကန် အောက်လွှတ်တော်အမတ်တချို့က Bill -143 ဆိုတာ - ဥပဒေမူကြမ်းတခု လွှတ်တော်မှာ တင်ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်တဲ့ အာဏာရှင်တွေကို ထိထိရောက်ရောက် ဒဏ်ခတ်ပိတ်ဆို့ဖို့ရယ် ၊ မြန်မာနိုင်ငံက CDM လှုပ်ရှားမှုကို ထောက်ခံဖို့ အတွက်ကို ကွန်ဂရက်စ်မှာ တင်လိုက်ပြီလေ။ အဲဒါကို အောက်လွှတ်တော်ရော အထက်လွှတ်တော်ကပါ လက်ခံဖို့အတွက်ကို အခု အမေရိကန်တွေကိုလည်း အဲဒါကို တိုက်တွန်းနေတာပါ ဒီနေ့ကလေ။ "

အမေရိကန်အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့ (ဘေး)ဧရိယာတဝိုက်မှာရှိတဲ့ မြန်မာ(၂၀၀)ဝန်းကျင်ကလည်း တရုတ်ကောင်စစ်ဝန်ရုံးအရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ ဒေါ်မြတ်မြတ်မိုးက ပြောပါတယ်။

" ကျမတို့ ဒီနေ့လေ ဆန်ဖရန်စစ္စကိုမြို့ပေါ်မှာရှိတဲ့ တရုတ်-ကောင်စစ်ဝန်ရုံးရှေ့မှာ သွားပြီးတော့ ဒုတိယအကြိမ်မြောက် ကျမတို့ ဆန္ဒပြတာပါ။ ဆန္ဒပြရတာကတော့ တရုတ်ပြည် ကွန်မြူနစ်ပါတီကနေပြီးတော့ မြန်မာစစ်ကောင်စီပေါ်မှာ ချုပ်ကိုင်မှုနဲ့ တရားမဲ့ အာဏာသိမ်းမှုကို သူတို့အနေနဲ့ ပြည်တွင်းရေးပါလို့ ပြောထားတဲ့အပြင် ၊ အခုလို ကျမတို့ရဲ့လူငယ်တွေကို သတ်ဖြတ်နေတဲ့ အပေါ်မှာလည်း သူတို့ဖက်က ပြင်းထန်တဲ့ရှုတ်ချမှု မရှိတဲ့အတွက်ကြောင့်မို့ ကျမတို့ ဆန်ဖရန်(ဘေး)ဧရိယာမှာရှိတဲ့ မြန်မာမိသားစုတွေ စုပြီး ဒီမှာလာရောက်ဆန္ဒပြကြတာပါ။ "


အလားတူ ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ် မွန်ထရီရယ်မြို့မှာရှိတဲ့ စစ်ကောင်စီက ငှားရမ်းထားတဲ့ အစ္စရေးလူမျိုး ကနေဒါနိုင်ငံသား Ari Ben-Menashe ရဲ့ လော်ဘီကုမ္ပဏီရှေ့မှာ မြန်မာနဲ့တိုင်းရင်းသားတွေ စနေနေ့က ဆန္ဒပြကြတယ်လို့ တိုရွန်တိုမြို့က ကိုအောင်မိုးက ပြောပါတယ်။

" အဲဒီ အစ္စရေးလော်ဘီက ကနေဒါထဲမှာ ရုံးနဲ့ပါနဲ့ သေချာဖွင့်ထားတာကို ကျနော်တို့ စုံစမ်းတွေ့ရှိရတယ်။ နောက်တခုက ဗမာပြည်မှာ သူက စစ်အုပ်စုနဲ့ ပေါင်းပြီးလုပ်တယ်ဆိုတော့ .. ဒီကနေဒါမှာက အမေရိကားလိုပဲလေ။ စစ်အုပ်စု အကြီးပိုင်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ထားတယ်။ အဲဒီတော့ ကနေဒါ ဥပဒေအရ ကြည့်မယ်ဆိုရင် လော်ဘီကုမ္ပဏီက လုပ်နေတာက တရားမဝင် လုပ်သလို ဖြစ်နေတာပေါ့။ ခုလို သွားရောက်ဆန္ဒပြခြင်းအားဖြင့် သူတို့အဲလို လုပ်နေတာကို အနည်းဆုံးတော့ သူတို့ရဲ့ မြို့ခံတွေ သိသွားမယ်၊ သူ့ပြည်နယ်အစိုးရကလည်း သိသွားမယ် သူတို့အရေးယူချင်ရင် ယူလို့ရအောင် မြန်မာတွေက သွားဆန္ဒပြတာပါ။ "

ဂျပန်နိုင်ငံမှာလည်း တိုကျိုမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာတွေစုပေါင်းပြီး သောကြာနေ့ညက စလို့ (၄၈)နာရီကြာ အစာငတ်ခံဆန္ဒပြရင်း မြန်မာနိုင်ငံမှာ အကြမ်းဖက် နှိမ်နင်းခံနေရတဲ့ကိစ္စ ရပ်တန့်သ ွားရေးနဲ့ အရပ်သားအစိုးရကို နိုင်ငံတကာက အသိမှတ်ပြုရေး တောင်းဆိုနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG