သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ ကန် ရောက်မြန်မာတွေ ကန် အစိုးရကို တိုက်တွန်း 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ကန် ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော် ( ko Yin Aye FB)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့ ကန် ရောက်မြန်မာတွေ ဆန္ဒထုတ်ဖော် ( ko Yin Aye FB)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ပြသနေသူတွေကို ရှာဖွေဖမ်းဆီးမှု ခပ်စိပ်စိပ် လုပ်လာတာကြောင့် ၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ကို ထိရောက်တဲ့နည်းနဲ့ ဟန့်တားပေးဖို့ အမေရိကန်ရောက် မြန်မာတွေက တောင်းဆိုကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ချမှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ ဒီရက်ပိုင်းထဲ ညသန်းခေါင်အချိန် လူဖမ်းပွဲတွေ အရှိန်မြှင့်လုပ်နေတဲ့အပေါ် အမေရိကန်ရောက် မြန်မာတွေကြား စိုးရိမ်မှု တိုးလာနေပါတယ်။

စစ်တပ်ရဲ့ အဲဒီလုပ်ရပ် ရပ်တန့်သွားအောင်လို့ ဝါရှင်တန်ဒီစီမြို့တော်တဝိုက် မေရီလန်း ၊ ဗာဂျီးယားပြည်နယ်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ပြီး မေတ္တာရပ်ခံစာတစောင် ပေးခဲ့ကြောင်း မေရီလန်းပြည်နယ်မှာနေတဲ့ ဦးရင်အေးက VOA ကိုပြောပါတယ်။

“ အမေရိကန်သမ္မတ Joe Biden ဆီကို ကျနော်တို့ အမေရိကားမှာရှိကြတဲ့ မြန်မာ Community အသီးသီးကနေ ကျေးဇူးတင်ကြောင်းနဲ့ ဒီထက်ပိုပြီးထိရောက်တဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုတဲ့ စာပေါ့နော် ။ အဲဒီစာ copy ကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျနော်သွားပေးတာပေါ့နော်။ သွားပေးတဲ့ အခါမှာ အာရှ၊ ပစိဖိတ် ရေးရာ တာဝန်ရှိတဲ့ အရာရှိတယောက်က ဆင်းလာပြီးတော့ လက်ခံယူတယ်။ အဲလိုလက်ခံယူတဲ့အခါမှာ ကျနော်တို့က ပြောတယ် ဒီညမှာဆိုရင် စဖမ်းနေပြီ၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှာ ပါဝင်ကြတဲ့သူတွေကို တံခါးတွေ လိုက်ခေါက်ပြီးတော့ အတင်ဖမ်းတာတွေ လုပ်နေပြီ။ နောက်ပြီးလို့ရှိရင် CDM မှာပါတဲ့သူတွေ ဝန်ထမ်းတွေကိုလည်း စပြီးတော့ဖမ်းနေပြီ ၊ အဲဒါကြောင့် အမြန်ဆုံးအရေးယူမှု လုပ်ဖို့လိုပါတယ်လို့။ အဲဒါ သူတို့ကလည်း စိတ်ချပါတဲ့ သူတို့ စောင့်ကြည့်နေပါတယ်တဲ့ လိုအပ်ရင် လိုအပ်သလို တိုးမြှင့်ပြီး အရေးယူသွားမှာပါတဲ့ သမ္မတ Joe Biden ကိုယ်တိုင်က ဒီကိစ္စကို တက်တက်ကြွကြွလုပ်နေပါတယ်ဆိုပြီးတော့ လာပြောသွားပါတယ်ခင်ဗျ။”

အာရှ၊ ပစိဖိတ် ရေးရာ တာဝန်ရှိတဲ့ အရာရှိတယောက်က စာကို လက်ခံစဉ် ( ko Yin Aye FB)
အာရှ၊ ပစိဖိတ် ရေးရာ တာဝန်ရှိတဲ့ အရာရှိတယောက်က စာကို လက်ခံစဉ် ( ko Yin Aye FB)

အလားတူ ကန်တပ်ကီပြည်နယ်က ချင်းနဲ့မြန်မာ တွေကလည်း အမေရိကန် နိုင်ငံရေးလောကမှာ သြဇာရှိပြီး မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံအားပေးလာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့ Louisville မြို့က ရုံးအရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူ ဦးသောမတ်စ်လိန်းရွှေက ပြောပါတယ်။

“အဓိက ကျနော်တို့ ဆန္ဒပြတဲ့ အကြောင်းအရင်းကတော့ Mitch McConnell ရုံးရှေ့ပေါ့နော်၊ Federal building မှာ ကျနော်တို့က ပြတယ်။ ပြီးခဲ့တဲ့ အပတ်မှာလည်း ကျနော်တို့ ဆန္ဒပြတယ်။ ဒီနေ့လည်း ဒုတိယမြောက်ပေါ့နော် ။ ကျနော်တို့ ပြီးခဲ့တဲ့နေ့မှာပဲ Mitch McConnell နဲ့ သမ္မတ Joe Biden ကနေ sanction (ဒဏ်ခတ်ပိတ်ဆို့မှု) တွေအများကြီးလုပ်ထားပြီးပြီဆိုတာ ကျနော်တို့ ကြားရတယ်။ စစ်တပ်အကြီးအကဲတွေ ခေါင်းဆောင်တွေကိုပဲ ဒဏ်ခတ်တာနဲ့ မလုံလောက်ဘူးဆိုတာတော့ မှန်ပါတယ်။ ဒါက ပထမအချက်ပေါ့။ ဒုတိယအချက်အနေနဲ့ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေ မထိခိုက်အောင် မြန်မာစစ်ယန္တရားရဲ့ အလုပ်တွေ ထိခိုက်အောင်တော့ ဘယ်နည်းနဲ့ လုပ်သွားနိုင်မလဲဆိုတာ ကျနော်တို့ နည်းလမ်းရှာဖွေဖို့လိုတယ်။ ဖိအားဆက်လက်ပေးဖို့လိုတယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် ကျနေ်ာတို့ ကြိုးစားသွားမယ် ဖိအားပေးသွားမယ်။”

ဖေဖေါ်ဝါရီ(၁)ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတကာရောက် မြန်မာတွေ နိုင်ငံတချို့မှာ ခုလို ဆန္ဒပြနေတာဖြစ်ပြီး ၊ လာမယ့် ရက်ပိုင်းတွေမှာလည်း ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

............


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG