(Zawgyi/Unicode)
စစ္အာဏာသိမ္းအုပ္စုအေနနဲ႔ ေရြးေကာက္ပြဲအႏိုင္ရပါတီေခါင္းေဆာင္ေတြကို ဖမ္းဆီးအၿပီးမွာ၊ ၾကီးမားလာတဲ့ အၾကမ္းမဖက္၊မပူးေပါင္းမေဆာင္ရြက္ေရး CDM လုပ္ရွားမူစေပးခဲ့တဲ့ ဆရာဝန္ေတြကိုပစ္မွတ္ထားဖမ္းဆီးလာေနၿပီလို႔၊ ရန္ကုန္ေဆးတကၠသို္လ္ (၂) ေက်ာင္းသားသမဂၢဥကၠဌက ဆိုပါတယ္။
လူသူမသိႏိုင္တဲ့ ညည့္နက္သန္းေကာင္ေက်ာ္အခ်ိန္ေတြမွာ ဖမ္းဆီးမႈေတြကို ျပဳလုပ္ေနတာမို႔ အနီး၀န္းက်င္းမွာရွိတဲ့ ျပည္သူေတြက ဝိုင္းကာကြယ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။ ေဆးတကၠသိုလ္ (၂) ေနာက္ဆံုးႏွစ္ေဆးေက်ာင္းသားလည္းျဖစ္၊ ေက်ာင္းသားသမဂၢၢဥကၠဌလည္းျဖစ္တဲ့ ကိုဥကၠာျမတ္ကို ကို၀င္းမင္းက ဆက္သြယ္ ေမးျမန္းထားပါတယ္။
အခုလို ဘာေၾကာင့္ဖမ္းဆီးရပံုကို ကိုဥကၠာျမတ္က
“ဒီ CDM ကို အဓိကေထာက္ခံတဲ့ ဆရာ၀န္ေတြနဲ႔ က်န္းမာေရး၀န္ထမ္းေတြကို သူတုိ႔က ဖမ္းျပ ဆီးျပ လုပ္ၾကတာဗ်။ က်ေနာ္တို႔က ၿပီးခဲ့တဲ့ COVID ကာလမွာ ဒီဆရာ၀န္ေတြက အဓိက ေရွ႕တန္းကေန ဦးေဆာင္ၿပီးေတာ့ လုပ္ေပးခဲ့တာဆိုေတာ့ေလ က်န္းမာေရး၀န္ထမ္းေတြက လုပ္ေပးခဲ့တာဆိုေတာ့ CDM မွာ က်ေနာ္တို႔ ေဆးေလာကကေန စတယ္လို႔ ေျပာလို႔ရတယ္ဗ်။ အဲဒီေတာ့ ဒီ ဆရာ၀န္ေတြ ကိုယ္တိုင္က စၿပီးေတာ့ CDM ကို ဦးေဆာင္တဲ့အတြက္ ဒီ ဆရာ၀န္ေတြကို ဖမ္းျပတယ္လို႔ က်ေနာ္ထင္တယ္။ အဓိကေတာ့ ဒီ CDM ကို ဖိႏွိပ္ဖို႔ေပါ့ေနာ္။
ကို၀င္းမင္း။ ။ အဲဒီေတာ့ အခုေရာ ဘယ္လို စိုးရိမ္စရာေတြ ဆက္ရွိေနေသးသလဲ။
ကိုဥကၠာျမတ္။ ။ ဒီလိုအခ်ိန္ဆိုရင္ နည္းနည္းစိုးရိမ္ရၿပီ မေန႔က ညက်ေတာ့ ေဆးမန္း (မႏၱေလးေဆးတကၠသုိလ္) ပါခ်ဳပ္ အိမ္ကို ၿခံတံခါးကို ေက်ာ္ၿပီးေတာ့ ၀င္တယ္။ ၀င္ၿပီးေတာ့ ဆရာႀကီးကို ေခၚထုတ္တယ္။ ဒါေပမယ့္ ဆရာႀကီးသမီးက Live လႊင့္ၿပီးေတာ့ အကူအညီေတာင္းတယ္၊ သူတို႔ မဖြင့္ေပးဘူး ဆရာႀကီးကိုလည္း ေပးမသြားဘူး။ အဲဒီအခ်ိန္မွာ ျပည္သူေတြက အျပင္ကေနၿပီးေတာ့ ၀ိုင္းထားတဲ့အတြက္ သူတို႔ျပန္ထြက္သြားရတယ္။ အဲလိုမ်ိဳး လူေတြကလည္း အျမဲ Alert (ႏိုးႏိုးၾကားၾကား) လုပ္ေနတယ္ ဒီေန႔။ အဓိကေတာ့ ေဆးရံုအုပ္ႀကီးေတြ က်ေနာ္တို႔ နယ္ေတြမွာဆိုရင္ ဒီ တိုက္နယ္ဆရာ၀န္ေတြ သူတို႔ကိုနည္းနည္း ပစ္မွတ္ထားခံေနရတယ္။ မေန႔က ေဆး ၂ ထြက္ေပါ့ေနာ္ က်ေနာ္တို႔ အဂၤါပူၿမိဳ႕နယ္က တိုက္နယ္ဆရာ၀န္တေယာက္ကို သူတို႔ ေဆးရံုကေနၿပီးေတာ့ လာဖမ္းသြားတယ္။ ေန႔လည္ကဆိုရင္ ပခုကၠဴေဆးရံု မွာ သူတို႔က ေဆးရံုထဲမွာ ေရာက္ေနၿပီ လူေတြက အျပင္ကေန ၀ိုင္းထားလိုက္ေတာ့ ဒီအတိုင္းပဲ ျပန္ထြက္သြားလိုက္တယ္။
ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဒီအေပၚမွာ ေနာက္ထပ္ ရိုက္ခတ္လာတာေတြေရာ သတိျပဳမိေသးလား။
ကိုဥကၠာျမတ္။ ။ ညဦးပိုင္းကဆိုရင္ နည္းနည္း ရုတ္ရုတ္သဲသဲေတာင္ျဖစ္သြားတယ္ ပုသိမ္မွာဆိုရင္ ဆရာႀကီး ေဒါက္တာသန္းမင္းထြဋ္ကို ဖမ္းမယ္လို႔ သတင္းၾကားလို႔ ျပည္သူေတြက ၀ိုင္းသြားၾကတယ္။ ဒါေပမယ့္ တကယ္ေတာ့ မဟုတ္ဘူးေပါ့ေနာ္ သတင္းအဲလိုမ်ိဳး Fake news (သတင္းတု) ေတြလည္း ရွိတယ္ေပါ့ေနာ္။ ခုနကဆိုရင္ ဆရာ၀န္ေတြ ရန္ကုန္ဘက္မွာဆိုရင္ ၀င္စီးေနတဲ့ ပံုစံမ်ိဳးေတြ သတင္းေတြ တက္လာတယ္ လူေတြက အဲဒီကို ေရာက္သြားၾကတယ္။ ရန္ကုန္အေနာက္ပိုင္း ေဆးရံုလို႔ၾကားတယ္ခင္ဗ် ဘာမွေတာ့ မျဖစ္လိုက္ဘူးေပါ့ေနာ္။ ဆရာ၀န္ေတြကေတာ့ အခုလက္တေလာေတာ့ ေတာ္ေတာ္သတိထားေနရတယ္ခင္ဗ်။
ကို၀င္းမင္း။ ။ ေနာက္ေရာ အဓိက ပစ္မွတ္ထားႏိုင္တဲ့ လူေတြ ရွိေသးသလား။
ကိုဥကၠာျမတ္။ ။ ဒီ CDM လုပ္တဲ့ တကၠသိုလ္ ပါခ်ဳပ္ေတြ သူတို႔ေတြကို ေတာ္ေတ္ာ ပစ္မွတ္ထားတယ္ခင္ဗ်။ ဥပမာ- ေဆးမန္း ပါခ်ဳပ္တို႔ဆိုရင္ Figure (ထင္ရွားမူ) ရွိတဲ့ဆရာႀကီးေတြကို ပစ္မွတ္ထားခ်င္လာတဲ့ ပံုစံမ်ိဳးရွိတယ္။ ဆရာႀကီး ဦးေဇာ္ေဝစိုး ဆိုရင္ လြန္ခဲ့တဲ့ ၃၊၄၊ ၅ ရက္တုန္းက သူ႔အသံဖိုင္နဲ႔ CDM ကိုေထာက္ခံတယ္ဆိုတဲ့ ေျပာၾကားခ်က္တခု နဲ႔ ပတ္သက္ၿပီးေတာ့မွ ဆရာ၀န္အသိုင္းအ၀ိုင္းကလည္း အားတက္ၾကတယ္။ ဆရာႀကီးရဲ့ တပည့္ေတြ၊ ေက်ာင္းသားေတြလည္း အားတက္ၾကတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ဆရာႀကီးကို စိုးရိမ္ၾကတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၁ ရက္ ၂ ရက္တုန္းကေတာ့ ဆရာႀကီးကို ဖမ္းမယ္လို႔ သတင္းၾကားၿပီးေတာ့မွ ဒီအတိုင္းပဲ ေခၚေတြ႔ဆံုၿပီးေတာ့ ျပန္လႊတ္ေပးလိုက္တယ္လို႔လည္း ထပ္ၾကားတယ္။
ကို၀င္းမင္း။ ။ဘာေၾကာင့္မို႔လို႔ ျပန္လႊတ္ေပးလိုက္တယ္ထင္လဲ။
ကိုဥကၠာျမတ္။ ။ ဆရာႀကီး ဦးေဇာ္ေဝစိုး ဆိုရင္ ၿပီးခဲ့တဲ့ COVID ကာလမွာ ရန္ကုန္ COVID 19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ေကာ္မတီရဲ႕ ဒုဥကၠ႒ ေနာက္ၿပီး ရန္ကုန္မွာလည္း ဆရာႀကီးကေတာ္ေတာ္ ႀကိဳးပမ္းေပးခဲ့တာဆိုေတာ့ ဆရာႀကီးရဲ႕ ႀကိဳးပမ္းေဆာင္ရြက္မႈေတြ၊ လူထုက ဆရာႀကီးအေပၚမွာ သိရွိမႈ၊ ဆရာႀကီး ကို ယံုၾကည္မႈ ၊ ေက်ာင္းသားေတြရဲ႕ ခ်စ္ခင္မႈ အဲလိုရထားတဲ့ လူတေယာက္ကို သူတို႔အေနနဲ႔ အရမ္းႀကီးေတာ့ မဖမ္းဆီးရဲဘူးလို႔ ထင္တယ္။
ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ဘယ္လိုဖမ္းဆီးမႈမ်ိဳးျဖစ္လာမွာကို စိုးရိမ္ရသလဲ။
ကိုဥကၠာျမတ္။ ။ က်ေနာ္တို႔ စိုးရိမ္ရတာေတာ့ နယ္မွာရွိတဲ့ တုိက္နယ္ဆရာ၀န္ေတြ၊ ၿမိဳ႕နယ္ဆရာ၀န္ေတြဆိုရင္ သူတို႔ CDM လုပ္ၾကတဲ့ အခါက်ေတာ့ ေတာ္ေတာ္ affective (ထိိေရာက္မူ) ျဖစ္တယ္ခင္ဗ်။ အဲဒီအခါက်ေတာ့ နယ္ေတြမွာက်ေတာ့ တိုက္နယ္ဆရာ၀န္ level (အဆင့္) ေလာက္အထိကို သူတို႔က ဖမ္းခ်င္လာၾကတယ္ဆိုေတာ့ အကုန္လံုးေတာ့ မဟုတ္ဘူး၊ တေနရာ ၂ ေနရာ ၊ ၃ ေနရာေလာက္မွာ သူတို႔က ဖမ္းျပလိုက္ရင္ က်န္တဲ့လူေတြ ေၾကာက္သြားမယ္။ CDM ေဆးေလာက အသိုင္းအ၀ိုင္းကို သူတို႔ ေၾကာက္သြားေအာင္ လုပ္ႏိုင္မယ္လို႔ ထင္ေနၿပီးေတာ့မွ အဲလို မ်ိဳးေတြ ဖမ္းလာတာ။ ဒါက CDM လုပ္တဲ့လူေတြေၾကာက္ေအာင္ ဖိႏွိပ္တာလို႔ ျမင္ပါတယ္။
ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ အခုလို ဖမ္းဆီးလာႏိုင္မႈေတြအတြက္ ဘယ္လို ျပင္ဆင္ထားတာေတြေရာ ရွိထားသလဲ။
ကိုဥကၠာျမတ္။ ။ အခု လက္တေလာ က်ေန္ာျမင္ရသေလာက္ကေတာ့ လူထုေတြအခ်င္းခ်င္း ကာကြယ္ေပးၾကတာေပါေ့နာ္။ တခုခု ဆိုရင္ သူ႔ၿမိဳ႕နယ္အလိုက္ ၊ တိုက္နယ္အလိုက္ အဲလို ဆရာ၀န္ရွိတယ္ဆိုရင္ ရပ္ရြာမွာေတြ လူထုကေနၿပီးေတာ့မွ ဆရာ၀န္ပါမသြားဖို႔အေရး သူတို႔ ၀ိုင္း၀န္းကာကြယ္ၾကတယ္။ ဒီ COVID ကာလမွာ ဆရာ၀န္ေတြ က်န္းမာေရး၀န္ထမ္းေတြက ေရွ႕ဆံုးကေန ေဆာင္ရြက္ခ်က္ေတြရွိတယ္။ ဒါေပမယ့္ အခု စစ္အစိုးရ မတရားအာဏာသိမ္းတဲ့အခါမွာ ဆရာ၀န္ေတြကေနၿပီးေတာ့ ေရွ႕ဆံုးကေန ဒါ ေတာ္လွန္တယ္လို႔ ေျပာလို႔ရတယ္။ ဒါ လူထုအေနနဲ႔ ဆရာ၀န္ေတြဘက္ကေန ကူညီ ကာကြယ္ေပးၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။
.............
ဆန္ဒပြသူတွေကို ဖမ်းဆီးရင် ဝိုင်းကာကွယ်ပေးကြဖို့ ဆေးတက္ကသိုလ်ကျောင်းသားတွေ တောင်းဆို
(Unicode)
စစ်အာဏာသိမ်းအုပ်စုအနေနဲ့ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးအပြီးမှာ၊ ကြီးမားလာတဲ့ အကြမ်းမဖက်၊မပူးပေါင်းမဆောင်ရွက်ရေး CDM လုပ်ရှားမူစပေးခဲ့တဲ့ ဆရာဝန်တွေကိုပစ်မှတ်ထားဖမ်းဆီးလာနေပြီလို့၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားသမဂ္ဂဥက္ကဌက ဆိုပါတယ်။
လူသူမသိနိုင်တဲ့ ညည့်နက်သန်းကောင်ကျော်အချိန်တွေမှာ ဖမ်းဆီးမှုတွေကို ပြုလုပ်နေတာမို့ အနီးဝန်းကျင်းမှာရှိတဲ့ ပြည်သူတွေက ဝိုင်းကာကွယ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ဆေးတက္ကသိုလ် (၂) နောက်ဆုံးနှစ်ဆေးကျောင်းသားလည်းဖြစ်၊ ကျောင်းသားသမဂ္ဂ္ဂဥက္ကဌလည်းဖြစ်တဲ့ ကိုဥက္ကာမြတ်ကို ကိုဝင်းမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
အခုလို ဘာကြောင့်ဖမ်းဆီးရပုံကို ကိုဥက္ကာမြတ်က
“ဒီ CDM ကို အဓိကထောက်ခံတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သူတို့က ဖမ်းပြ ဆီးပြ လုပ်ကြတာဗျ။ ကျနော်တို့က ပြီးခဲ့တဲ့ COVID ကာလမှာ ဒီဆရာဝန်တွေက အဓိက ရှေ့တန်းကနေ ဦးဆောင်ပြီးတော့ လုပ်ပေးခဲ့တာဆိုတော့လေ ကျန်းမာရေးဝန်ထမ်းတွေက လုပ်ပေးခဲ့တာဆိုတော့ CDM မှာ ကျနော်တို့ ဆေးလောကကနေ စတယ်လို့ ပြောလို့ရတယ်ဗျ။ အဲဒီတော့ ဒီ ဆရာဝန်တွေ ကိုယ်တိုင်က စပြီးတော့ CDM ကို ဦးဆောင်တဲ့အတွက် ဒီ ဆရာဝန်တွေကို ဖမ်းပြတယ်လို့ ကျနော်ထင်တယ်။ အဓိကတော့ ဒီ CDM ကို ဖိနှိပ်ဖို့ပေါ့နော်။
ကိုဝင်းမင်း။ ။ အဲဒီတော့ အခုရော ဘယ်လို စိုးရိမ်စရာတွေ ဆက်ရှိနေသေးသလဲ။
ကိုဥက္ကာမြတ်။ ။ ဒီလိုအချိန်ဆိုရင် နည်းနည်းစိုးရိမ်ရပြီ မနေ့က ညကျတော့ ဆေးမန်း (မန္တလေးဆေးတက္ကသိုလ်) ပါချုပ် အိမ်ကို ခြံတံခါးကို ကျော်ပြီးတော့ ဝင်တယ်။ ဝင်ပြီးတော့ ဆရာကြီးကို ခေါ်ထုတ်တယ်။ ဒါပေမယ့် ဆရာကြီးသမီးက Live လွှင့်ပြီးတော့ အကူအညီတောင်းတယ်၊ သူတို့ မဖွင့်ပေးဘူး ဆရာကြီးကိုလည်း ပေးမသွားဘူး။ အဲဒီအချိန်မှာ ပြည်သူတွေက အပြင်ကနေပြီးတော့ ဝိုင်းထားတဲ့အတွက် သူတို့ပြန်ထွက်သွားရတယ်။ အဲလိုမျိုး လူတွေကလည်း အမြဲ Alert (နိုးနိုးကြားကြား) လုပ်နေတယ် ဒီနေ့။ အဓိကတော့ ဆေးရုံအုပ်ကြီးတွေ ကျနော်တို့ နယ်တွေမှာဆိုရင် ဒီ တိုက်နယ်ဆရာဝန်တွေ သူတို့ကိုနည်းနည်း ပစ်မှတ်ထားခံနေရတယ်။ မနေ့က ဆေး ၂ ထွက်ပေါ့နော် ကျနော်တို့ အင်္ဂါပူမြို့နယ်က တိုက်နယ်ဆရာဝန်တယောက်ကို သူတို့ ဆေးရုံကနေပြီးတော့ လာဖမ်းသွားတယ်။ နေ့လည်ကဆိုရင် ပခုက္ကူဆေးရုံ မှာ သူတို့က ဆေးရုံထဲမှာ ရောက်နေပြီ လူတွေက အပြင်ကနေ ဝိုင်းထားလိုက်တော့ ဒီအတိုင်းပဲ ပြန်ထွက်သွားလိုက်တယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီအပေါ်မှာ နောက်ထပ် ရိုက်ခတ်လာတာတွေရော သတိပြုမိသေးလား။
ကိုဥက္ကာမြတ်။ ။ ညဦးပိုင်းကဆိုရင် နည်းနည်း ရုတ်ရုတ်သဲသဲတောင်ဖြစ်သွားတယ် ပုသိမ်မှာဆိုရင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ကို ဖမ်းမယ်လို့ သတင်းကြားလို့ ပြည်သူတွေက ဝိုင်းသွားကြတယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ဘူးပေါ့နော် သတင်းအဲလိုမျိုး Fake news (သတင်းတု) တွေလည်း ရှိတယ်ပေါ့နော်။ ခုနကဆိုရင် ဆရာဝန်တွေ ရန်ကုန်ဘက်မှာဆိုရင် ဝင်စီးနေတဲ့ ပုံစံမျိုးတွေ သတင်းတွေ တက်လာတယ် လူတွေက အဲဒီကို ရောက်သွားကြတယ်။ ရန်ကုန်အနောက်ပိုင်း ဆေးရုံလို့ကြားတယ်ခင်ဗျ ဘာမှတော့ မဖြစ်လိုက်ဘူးပေါ့နော်။ ဆရာဝန်တွေကတော့ အခုလက်တလောတော့ တော်တော်သတိထားနေရတယ်ခင်ဗျ။
ကိုဝင်းမင်း။ ။ နောက်ရော အဓိက ပစ်မှတ်ထားနိုင်တဲ့ လူတွေ ရှိသေးသလား။
ကိုဥက္ကာမြတ်။ ။ ဒီ CDM လုပ်တဲ့ တက္ကသိုလ် ပါချုပ်တွေ သူတို့တွေကို တော်တေ်ာ ပစ်မှတ်ထားတယ်ခင်ဗျ။ ဥပမာ- ဆေးမန်း ပါချုပ်တို့ဆိုရင် Figure (ထင်ရှားမူ) ရှိတဲ့ဆရာကြီးတွေကို ပစ်မှတ်ထားချင်လာတဲ့ ပုံစံမျိုးရှိတယ်။ ဆရာကြီး ဦးဇော်ဝေစိုး ဆိုရင် လွန်ခဲ့တဲ့ ၃၊၄၊ ၅ ရက်တုန်းက သူ့အသံဖိုင်နဲ့ CDM ကိုထောက်ခံတယ်ဆိုတဲ့ ပြောကြားချက်တခု နဲ့ ပတ်သက်ပြီးတော့မှ ဆရာဝန်အသိုင်းအဝိုင်းကလည်း အားတက်ကြတယ်။ ဆရာကြီးရဲ့ တပည့်တွေ၊ ကျောင်းသားတွေလည်း အားတက်ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ဆရာကြီးကို စိုးရိမ်ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်တုန်းကတော့ ဆရာကြီးကို ဖမ်းမယ်လို့ သတင်းကြားပြီးတော့မှ ဒီအတိုင်းပဲ ခေါ်တွေ့ဆုံပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ထပ်ကြားတယ်။
ကိုဝင်းမင်း။ ။ဘာကြောင့်မို့လို့ ပြန်လွှတ်ပေးလိုက်တယ်ထင်လဲ။
ကိုဥက္ကာမြတ်။ ။ ဆရာကြီး ဦးဇော်ဝေစိုး ဆိုရင် ပြီးခဲ့တဲ့ COVID ကာလမှာ ရန်ကုန် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီရဲ့ ဒုဥက္ကဋ္ဌ နောက်ပြီး ရန်ကုန်မှာလည်း ဆရာကြီးကတော်တော် ကြိုးပမ်းပေးခဲ့တာဆိုတော့ ဆရာကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လူထုက ဆရာကြီးအပေါ်မှာ သိရှိမှု၊ ဆရာကြီး ကို ယုံကြည်မှု ၊ ကျောင်းသားတွေရဲ့ ချစ်ခင်မှု အဲလိုရထားတဲ့ လူတယောက်ကို သူတို့အနေနဲ့ အရမ်းကြီးတော့ မဖမ်းဆီးရဲဘူးလို့ ထင်တယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဘယ်လိုဖမ်းဆီးမှုမျိုးဖြစ်လာမှာကို စိုးရိမ်ရသလဲ။
ကိုဥက္ကာမြတ်။ ။ ကျနော်တို့ စိုးရိမ်ရတာတော့ နယ်မှာရှိတဲ့ တိုက်နယ်ဆရာဝန်တွေ၊ မြို့နယ်ဆရာဝန်တွေဆိုရင် သူတို့ CDM လုပ်ကြတဲ့ အခါကျတော့ တော်တော် affective (ထိရောက်မူ) ဖြစ်တယ်ခင်ဗျ။ အဲဒီအခါကျတော့ နယ်တွေမှာကျတော့ တိုက်နယ်ဆရာဝန် level (အဆင့်) လောက်အထိကို သူတို့က ဖမ်းချင်လာကြတယ်ဆိုတော့ အကုန်လုံးတော့ မဟုတ်ဘူး၊ တနေရာ ၂ နေရာ ၊ ၃ နေရာလောက်မှာ သူတို့က ဖမ်းပြလိုက်ရင် ကျန်တဲ့လူတွေ ကြောက်သွားမယ်။ CDM ဆေးလောက အသိုင်းအဝိုင်းကို သူတို့ ကြောက်သွားအောင် လုပ်နိုင်မယ်လို့ ထင်နေပြီးတော့မှ အဲလို မျိုးတွေ ဖမ်းလာတာ။ ဒါက CDM လုပ်တဲ့လူတွေကြောက်အောင် ဖိနှိပ်တာလို့ မြင်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုလို ဖမ်းဆီးလာနိုင်မှုတွေအတွက် ဘယ်လို ပြင်ဆင်ထားတာတွေရော ရှိထားသလဲ။
ကိုဥက္ကာမြတ်။ ။ အခု လက်တလော ကျနေ်ာမြင်ရသလောက်ကတော့ လူထုတွေအချင်းချင်း ကာကွယ်ပေးကြတာပေါေ့နာ်။ တခုခု ဆိုရင် သူ့မြို့နယ်အလိုက် ၊ တိုက်နယ်အလိုက် အဲလို ဆရာဝန်ရှိတယ်ဆိုရင် ရပ်ရွာမှာတွေ လူထုကနေပြီးတော့မှ ဆရာဝန်ပါမသွားဖို့အရေး သူတို့ ဝိုင်းဝန်းကာကွယ်ကြတယ်။ ဒီ COVID ကာလမှာ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့ဆုံးကနေ ဆောင်ရွက်ချက်တွေရှိတယ်။ ဒါပေမယ့် အခု စစ်အစိုးရ မတရားအာဏာသိမ်းတဲ့အခါမှာ ဆရာဝန်တွေကနေပြီးတော့ ရှေ့ဆုံးကနေ ဒါ တော်လှန်တယ်လို့ ပြောလို့ရတယ်။ ဒါ လူထုအနေနဲ့ ဆရာဝန်တွေဘက်ကနေ ကူညီ ကာကွယ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။