သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပ ျမန္မာ့ေလေၾကာင္းဝန္ထမ္းေတြ ဖမ္းဆီးခံေနရ


ေလေၾကာင္းလုိင္း၀န္ထမ္းမ်ား ခ်ီတက္ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။

[[Zawgyi/Unicode]]

အာဏာသိမ္းတဲ့လုပ္ရပ္ကို ဆန႔္က်င္ၿပီး အလုပ္မဆင္းတဲ့ လႈပ္ရွားမႈမွာပါတဲ့ ေလေၾကာင္းထိန္း ဝန္ထမ္းေတြနဲ႔ အရာရွိတခ်ိဳ႕ကို ဒီကေန႔ မနက္အေစာပိုင္းမွာပဲ လိုက္လံဖမ္းဆီးေနပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္ထက္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံေပၚက ျဖတ္သန္းသြားတဲ့ ႏိုင္ငံတကာေလယာဥ္ေတြကို ထိန္းေၾကာင္းေပးတဲ့လုပ္ငန္းက တာဝန္ရွိအမ်ားစုဟာ အလုပ္မဆင္းဘဲ အေထြေထြသပိတ္ လႈပ္ရွားမႈမွာ ပူးေပါင္း ပါဝင္လာလို႔ ရဲတပ္ဖြဲ႕က ေဖေဖာ္ဝါရီ ၁၂ ရက္ မနက္အေစာပိုင္းမွာ လိုက္လံဖမ္းဆီးတာေတြ ရွိပါတယ္။ ဝန္ထမ္းအင္အား မရွိေတာ့လို႔ ျဖတ္သြားမယ့္ ႏိုင္ငံတကာ ေလယာဥ္ေတြကို အခ်ိန္ခြာလိုက္ရၿပီး ဒီလုပ္ငန္းကေန အစိုးရက တႏွစ္ကို ေဒၚလာသန္းခ်ီရေနတာပါ။

ေလေၾကာင္းထိန္းအရာရွိအမ်ားစုက အလုပ္မဆင္းတဲ့ သပိတ္လႈပ္ရွားမႈမွာ ပါဝင္လာတဲ့အတြက္ လက္ရွိမွာ စစ္တပ္ကလူတခ်ိဳ႕နဲ႔ အစားထိုးထားေၾကာင္း ေလေၾကာင္းထိန္း အရာရွိတဦးျဖစ္တဲ့ ဦးဝင္းေအာင္ခန႔္က ေျပာပါတယ္။

“ ထိတာေပါ့ေလ ေလေၾကာင္းထိန္းမရွိရင္ေတာ့ ျပႆနာရွိတာေပါ့၊ အခုတပ္ကသူနဲ႔ အစားထိုးတယ္ဆိုရင္လည္း တကယ္တမ္း ဘယ္ေလာက္ကြၽမ္းက်င္လဲေပါ့။ သူတို႔က အဲေလာက္ ကြၽမ္းက်င္တဲ့အဆင့္ မဟုတ္ဘူးေပါ့ေနာ္ တစ္အခ်က္က၊ ႏွစ္အခ်က္က အရမ္းကြၽမ္းက်င္ရင္ေတာင္မွ သက္ဆိုင္ရာ လက္မွတ္ေတြ ထုတ္ေပးထားတာေတြ မရွိဘူးဆိုရင္ေတာ့ Control လုပ္ခြင့္မရွိဘူးေပါ့၊ တခုခု Accident ဘာညာဆိုရင္ေတာ့ ျပႆနာရွိတယ္ေပါ့။ အတင္းသူဖာသူ Control ဝင္လုပ္တယ္ ခ်က္ခ်င္း လက္မွတ္ အခုထုတ္ေပးလိုက္ ဆိုၿပီး Control ဝင္လုပ္မယ္ဆိုရင္ က်န္တဲ့ Consequences ေတြ ျဖစ္လာႏိုင္တယ္။”

ေလေၾကာင္းပို႔ေဆာင္ေရးက တာဝန္ရွိသူေတြလည္း အလုပ္မဆင္းတဲ့ လႈပ္ရွားမႈ CDM မွာပါဝင္လာၿပီး ေရွ႕ဆက္လည္း လုပ္ေဆာင္သြားမယ္လို႔ အရာရွိတဦးျဖစ္တဲ့ ေဒၚျမင့္ျမင့္သိန္းက ဗြီအိုေအကို ေျပာပါတယ္။

“ ဒါကက်မတို႔လည္း တရားမႈနဲ႔ မတရားမႈ ေပါ့ေနာ္ ဒါပါပဲ၊ မတရားမႈကို တိုက္ပြဲဝင္တာပါပဲ၊ က်မက သူမ်ားေတြအေနနဲ႔ေတာ့ မေျပာလိုပါဘူး ကိုယ့္အေနနဲ႔ကေတာ့ ကိုယ္ကေတာ့ ဆက္ၿပီးလုပ္မွပါပဲ။”

ျမန္မာ ေလေၾကာင္းလိုင္းေတြကို ေလာင္စာဆီအဓိက ေထာက္ပံ့ေနတဲ့ Puma စြမ္းအင္ကုမၸဏီဟာလည္း ျမန္မာျပည္တြင္း အေျခအေနေတြေၾကာင့္ ျပည္တြင္းမွာ သူ႔ရဲ႕ လုပ္ငန္းေတြကို ခဏရပ္ဆိုင္းထားမယ္လို႔ စာထုတ္ျပန္လိုက္ပါတယ္။ ေလာင္စာဆီအခက္အခဲေၾကာင့္ စစ္ဘက္ဆိုင္ရာ ေလယာဥ္ေတြကို ႐ုတ္တရက္ မထိခိုက္ႏိုင္ေသးေပမဲ့ ျပည္တြင္း ေလေၾကာင္းလိုင္းေတြကိုေတာ့ သက္ေရာက္မႈ ရွိလိမ့္မယ္လို႔ ေလေၾကာင္းထိန္းအရာရွိ ဦးဝင္းေအာင္ခန႔္ကေျပာပါတယ္။

လက္တေလာမွာ တာဝန္ရွိသူေတြက ေလယာဥ္ဆီ လိုအပ္ခ်က္ကို ဘယ္လိုစီစဥ္မယ္ဆိုတာ မသိရေသးေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“ ဥပမာအားျဖင့္ Operate လုပ္ေနတဲ့ အဖြဲ႕အစည္းေပါ့ေနာ္၊ Puma ေနရာမွာ ဘာနဲ႔အစားထိုးမလဲေပါ့။ MPE ကေတာ့ ခ်က္ခ်င္းေတာ့ လုပ္ႏိုင္လိမ့္မယ္လို႔ မထင္ဘူးေပါ့ေနာ္၊ သူ႔ေနရာမွာေတာ့ စစ္တပ္ဘက္က အင္ဂ်င္နီယာေတြ ဘက္ကပဲ၊ ေထာက္ပို႔ဘက္ကပဲ ဝင္လုပ္ေပးမလား၊ အဲဒီဟာကိုပဲ စဥ္းစားရမယ္ေပါ့ေနာ္။ ဒါ သူတို႔ (Puna Energy) ဘက္က ဘယ္လိုသြားလဲ မသိဘူး ဥပမာ သူ႔ရဲ႕ Logistics ကိုပဲ ရပ္လိုက္တာလား၊ က်န္တဲ့သူ႔ရဲ႕ Stock ေတြပါ ရပ္လိုက္တာလား။ အဲဒါကေတာ့ သူတို႔ အသိဆုံးပဲ ျဖစ္လိမ့္မယ္။”

ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီတခုျဖစ္တဲ့ Kirin ကုမၸဏီဟာ ျမန္မာ့စီးပြားေရး ဦးပိုင္လိမိတက္နဲ႔ လက္တြဲလုပ္ကိုင္တာကို ရပ္ဆိုင္းမယ္လို႔ ေဖေဖာ္ဝါရီ ၅ ရက္မွာ ေၾကညာလိုက္သလို တျခားျပည္ပ ကုမၸဏီတခ်ိဳ႕လည္း စစ္တပ္ပိုင္ လုပ္ငန္းေတြနဲ႔ လက္တြဲတာ ျဖဳတ္ေတာ့မယ္ဆိုတဲ့ သတင္းေတြလည္း ဒီရက္ပိုင္း ထြက္ေပၚေနတာပါ။

အာဏာသိမ္း စစ္ေကာင္စီအစိုးရ အာဏာယူထားတဲ့ တပတ္အတြင္းမွာ ျပည္သူ႔ဝန္ထမ္း သိန္းနဲ႔ခ်ီၿပီး အလုပ္မသြားတဲ့ လႈပ္ရွားမႈ (CDM) အားေကာင္းလာၿပီး အလုပ္ျပန္တက္ဖို႔၊ အလုပ္ထြက္ဖို႔ အရာရွိေတြရဲ႕ ဖိအားေပးတာေတြနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

ဆန္ဒပြ မြန်မာ့လေကြောင်းဝန်ထမ်းတွေ ဖမ်းဆီးခံနေရ

အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး အလုပ်မဆင်းတဲ့ လှုပ်ရှားမှုမှာပါတဲ့ လေကြောင်းထိန်း ဝန်ထမ်းတွေနဲ့ အရာရှိတချို့ကို ဒီကနေ့ မနက်အစောပိုင်းမှာပဲ လိုက်လံဖမ်းဆီးနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ထက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ နိုင်ငံတကာလေယာဉ်တွေကို ထိန်းကြောင်းပေးတဲ့လုပ်ငန်းက တာဝန်ရှိအများစုဟာ အလုပ်မဆင်းဘဲ အထွေထွေသပိတ် လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာလို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်။ ဝန်ထမ်းအင်အား မရှိတော့လို့ ဖြတ်သွားမယ့် နိုင်ငံတကာ လေယာဉ်တွေကို အချိန်ခွာလိုက်ရပြီး ဒီလုပ်ငန်းကနေ အစိုးရက တနှစ်ကို ဒေါ်လာသန်းချီရနေတာပါ။

လေကြောင်းထိန်းအရာရှိအများစုက အလုပ်မဆင်းတဲ့ သပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတဲ့အတွက် လက်ရှိမှာ စစ်တပ်ကလူတချို့နဲ့ အစားထိုးထားကြောင်း လေကြောင်းထိန်း အရာရှိတဦးဖြစ်တဲ့ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

“ ထိတာပေါ့လေ လေကြောင်းထိန်းမရှိရင်တော့ ပြဿနာရှိတာပေါ့၊ အခုတပ်ကသူနဲ့ အစားထိုးတယ်ဆိုရင်လည်း တကယ်တမ်း ဘယ်လောက်ကျွမ်းကျင်လဲပေါ့။ သူတို့က အဲလောက် ကျွမ်းကျင်တဲ့အဆင့် မဟုတ်ဘူးပေါ့နော် တစ်အချက်က၊ နှစ်အချက်က အရမ်းကျွမ်းကျင်ရင်တောင်မှ သက်ဆိုင်ရာ လက်မှတ်တွေ ထုတ်ပေးထားတာတွေ မရှိဘူးဆိုရင်တော့ Control လုပ်ခွင့်မရှိဘူးပေါ့၊ တခုခု Accident ဘာညာဆိုရင်တော့ ပြဿနာရှိတယ်ပေါ့။ အတင်းသူဖာသူ Control ဝင်လုပ်တယ် ချက်ချင်း လက်မှတ် အခုထုတ်ပေးလိုက် ဆိုပြီး Control ဝင်လုပ်မယ်ဆိုရင် ကျန်တဲ့ Consequences တွေ ဖြစ်လာနိုင်တယ်။”

လေကြောင်းပို့ဆောင်ရေးက တာဝန်ရှိသူတွေလည်း အလုပ်မဆင်းတဲ့ လှုပ်ရှားမှု CDM မှာပါဝင်လာပြီး ရှေ့ဆက်လည်း လုပ်ဆောင်သွားမယ်လို့ အရာရှိတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“ ဒါကကျမတို့လည်း တရားမှုနဲ့ မတရားမှု ပေါ့နော် ဒါပါပဲ၊ မတရားမှုကို တိုက်ပွဲဝင်တာပါပဲ၊ ကျမက သူများတွေအနေနဲ့တော့ မပြောလိုပါဘူး ကိုယ့်အနေနဲ့ကတော့ ကိုယ်ကတော့ ဆက်ပြီးလုပ်မှပါပဲ။”

မြန်မာ လေကြောင်းလိုင်းတွေကို လောင်စာဆီအဓိက ထောက်ပံ့နေတဲ့ Puma စွမ်းအင်ကုမ္ပဏီဟာလည်း မြန်မာပြည်တွင်း အခြေအနေတွေကြောင့် ပြည်တွင်းမှာ သူ့ရဲ့ လုပ်ငန်းတွေကို ခဏရပ်ဆိုင်းထားမယ်လို့ စာထုတ်ပြန်လိုက်ပါတယ်။ လောင်စာဆီအခက်အခဲကြောင့် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေကို ရုတ်တရက် မထိခိုက်နိုင်သေးပေမဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေကိုတော့ သက်ရောက်မှု ရှိလိမ့်မယ်လို့ လေကြောင်းထိန်းအရာရှိ ဦးဝင်းအောင်ခန့်ကပြောပါတယ်။

လက်တလောမှာ တာဝန်ရှိသူတွေက လေယာဉ်ဆီ လိုအပ်ချက်ကို ဘယ်လိုစီစဉ်မယ်ဆိုတာ မသိရသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ဥပမာအားဖြင့် Operate လုပ်နေတဲ့ အဖွဲ့အစည်းပေါ့နော်၊ Puma နေရာမှာ ဘာနဲ့အစားထိုးမလဲပေါ့။ MPE ကတော့ ချက်ချင်းတော့ လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူးပေါ့နော်၊ သူ့နေရာမှာတော့ စစ်တပ်ဘက်က အင်ဂျင်နီယာတွေ ဘက်ကပဲ၊ ထောက်ပို့ဘက်ကပဲ ဝင်လုပ်ပေးမလား၊ အဲဒီဟာကိုပဲ စဉ်းစားရမယ်ပေါ့နော်။ ဒါ သူတို့ (Puna Energy) ဘက်က ဘယ်လိုသွားလဲ မသိဘူး ဥပမာ သူ့ရဲ့ Logistics ကိုပဲ ရပ်လိုက်တာလား၊ ကျန်တဲ့သူ့ရဲ့ Stock တွေပါ ရပ်လိုက်တာလား။ အဲဒါကတော့ သူတို့ အသိဆုံးပဲ ဖြစ်လိမ့်မယ်။”

ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ Kirin ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ လက်တွဲလုပ်ကိုင်တာကို ရပ်ဆိုင်းမယ်လို့ ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာလိုက်သလို တခြားပြည်ပ ကုမ္ပဏီတချို့လည်း စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ လက်တွဲတာ ဖြုတ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ဒီရက်ပိုင်း ထွက်ပေါ်နေတာပါ။

အာဏာသိမ်း စစ်ကောင်စီအစိုးရ အာဏာယူထားတဲ့ တပတ်အတွင်းမှာ ပြည်သူ့ဝန်ထမ်း သိန်းနဲ့ချီပြီး အလုပ်မသွားတဲ့ လှုပ်ရှားမှု (CDM) အားကောင်းလာပြီး အလုပ်ပြန်တက်ဖို့၊ အလုပ်ထွက်ဖို့ အရာရှိတွေရဲ့ ဖိအားပေးတာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG