သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပမႈလူထုကို KIO အကာအကြယ္ေပးမည္


ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၀၉၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြကုိ အာဏာပုိင္ေတြ အင္အားသုံး ႏွိမ္နင္းလာမယ္ဆုိရင္ လူထုဘက္က ကာကြယ္ေပးမွာျဖစ္ေၾကာင္း ကခ်င္တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔တခုျဖစ္တဲ့ KIO ကေျပာလုိက္ပါတယ္။ အာဏာသိမ္းၿပီးေနာက္ ေပၚေပါက္လာတဲ့ ႏုိင္ငံေရး ျပႆနာကုိ ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔လည္း တုိက္တြန္းထားပါတယ္။ အျပည့္အစံုကုိေတာ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အရပ္သားအစုိးရ ေခါင္းေဆာင္ေတြကုိ ဖမ္းဆီးလုိက္ၿပီး တပ္မေတာ္က အာဏာသိမ္းလုိက္တဲ့ေနာက္ လူထုအုံၾကြမႈေတြ ေပၚေပါက္ေနတဲ့အေပၚ ပထမဆုံးအႀကိမ္အျဖစ္ ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO က သေဘာထား ထုတ္ျပန္ရာမွာ လူထုကုိ အကာအကြယ္ေပးမယ့္အေၾကာင္း ေျပာဆုိလုိက္တာပါ။

KIO ရဲ႕ သေဘာထားကုိလည္း တပ္မေတာ္ထံ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔ PCG ကတဆင့္ ေပးပုိ႔ခဲ့ပါတယ္။ တပ္မေတာ္နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြမွာ ၾကား၀င္ေဆာင္ရြက္ေပးေနတဲ့ PCG အဖဲြ႔ကို KIO က ေခၚယူေတြ႔ဆံုၿပီး သတင္းစကားပါးခဲ့တာ ျဖစ္ေၾကာင္းလည္း PCG အဖဲြ႔၀င္ ဦးလမုိင္ဂြန္ဂ်ာက ဗီြအိုေအ ကို ေျပာပါတယ္။

“KIO ဘက္က သေဘာထားကေတာ့ ျပည္သူလူထုေတြက သူတုိ႔ရဲ့ Rights ပဲ ေပါ့ေလ။ သူတုိ႔ရဲ့ သေဘာထား၊ သူတို႔ရဲ့ဆႏၵထုတ္ေဖာ္တဲ့အေပၚမွာ သူတုိ႔က ဘာမွ ေျပာစရာမရိွဘူးေပါ့။ အေျပာင္းအလဲအခ်ိန္မွာ ျပည္သူလူထုက ပါ၀င္လာတာ ျဖစ္တဲ့အတြက္ေၾကာင့္ ျပည္သူလူထုနဲ႔၊ တပ္မေတာ္နဲ႔၊ ရဲေတြနဲ႔ ထိပ္တုိက္ အဓိကရုဏ္းျဖစ္ၿပီးေတာ့မွ ထိခိုက္ဒဏ္ရာ ေသေၾကပ်က္ဆီးတာမ်ိဳး မျဖစ္ရေလေအာင္ ျပည္သူလူထုကို ၀ိုင္း၀န္းထိန္းဖို႔ အတြက္၊ အစိုးရဘက္ကေရာ၊ စစ္တပ္ဘက္ကေရာ ဒီလုိမ်ိဳး ပဋိပကၡျဖစ္မွာကို ေရွာင္ရွားၿပီးေတာ့မွ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ျဖစ္ဖုိ႔ အေရးၾကီးပါတယ္။ မေန႔ကေပါ့ေလ... ၁၄၄ လည္း ဒီဘက္မွာ ျပန္ထုတ္လိုက္တဲ့အခါက်ေတာ့ မေမွ်ာ္လင့္ဘဲ ျပႆနာအမ်ိဳးမ်ိဳးျဖစ္သြားမွာေၾကာင့္မို႔ သူတုိ႔ဘက္လည္း ေတာ္ေတာ္ေလး စိုးရိမ္တယ္ဆုိတဲ့အေၾကာင္းကို သူတုိ႔ မွာလုိက္တာျဖစ္ပါတယ္။”

ဆႏၵျပသူေတြကုိ ရဲတပ္ဖဲြ႔က ပစ္ခတ္တာ အပါအ၀င္ အင္အားသုံး ႏွိမ္နင္းတဲ့ သတင္းတခ်ဳိ႕ ထြက္ေပၚလာၿပီးေနာက္မွာပဲ KIO ရဲ႕ သေဘာထား ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ PCG အဖဲြ႔က ဦးလမုိင္ဂြန္ဂ်ာကေတာ့ လူထုကို အၾကမ္းဖက္ႏွိမ္နင္းမယ္ဆိုရင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြမွာပါ ထိခုိက္လာႏိုင္တဲ့အထိ ျဖစ္လာႏုိင္တယ္လုိ႔ KIO က သတိေပးထားတယ္လုိ႔လည္း ေျပာပါတယ္။

“ေနာက္တစ္ခုက အစိုးရတပ္မေတာ္ကို မွာလုိက္တာလည္းပဲ ေသြးထြက္သံယိုျဖစ္လာလုိ႔ ရိွရင္ေတာ့ သူတို႔အေနနဲ႔လည္း ေျပာရဆုိရတာမ်ိဳးေတြ ျဖစ္လာမွာေပါ့ေလ။ ေျပာရဆုိရတာမ်ိဳးေတြဆိုတဲ့ေနရာမွာ တဘက္နဲ႔ တဘက္ မေကာင္းဘူးေပါ့ဗ်ာ။ ဒါေၾကာင့္ မျဖစ္ေအာင္ ထိန္းသိမ္းဖို႔ ဆုိတဲ့ ပံုစံမ်ိဳးနဲ႔ မွာလုိက္တာျဖစ္ပါတယ္။”

ႏုိဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ အႏုိင္ရခဲ့တဲ့ NLD အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္က ဦးေဆာင္ၿပီး အစုိးရသစ္နဲ႔ လႊတ္ေတာ္ေတြ စတင္ဖဲြ႔စည္းဖုိ႔ ရွိေနခ်ိန္မွာပဲ စစ္တပ္က ေရြးေကာက္ပဲြလုပ္ငန္းစဥ္က အားနည္းခ်က္ေတြကုိ အေၾကာင္းျပၿပီး အာဏာသိမ္းလုိက္ၿပီးေနာက္ပုိင္း ေပၚေပါက္ေနတဲ့ ႏုိင္ငံေရးျပႆနာေတြကုိ ေစာင့္ၾကည့္ေနေၾကာင္းလည္း KIO ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူက ေျပာပါတယ္။ စစ္တပ္က အာဏာသိမ္းလုိက္တဲ့အေပၚ ႏုိင္ငံအႏွံ႔ လူထုအုံၾကြမႈေတြ ေပၚေပါက္ေနတာေၾကာင့္ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကုိပါ ႐ုိက္ခတ္လာမွာ စုိးရိမ္ေၾကာင္းလည္း ဗိုလ္မွဴးၾကီးေနာ္ဘူက ေျပာပါတယ္။

“ဆႏၵျပေနတဲ့ မၿငိမ္မသက္ျဖစ္မႈကေတာ့ မထိန္းခ်ဳပ္ႏိုင္ရင္ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးကိုလည္း ထိခိုက္ႏိုင္တာေပါ့။ ေနာက္ၿပီးေတာ့ ျပည္သူလူထုအတြက္လည္း အခက္အခဲပိုၿပီးေတာ့ ၾကံဳႏိုင္တဲ့ အေၾကာင္းကိုေတာ့ က်ေနာ္တုိ႔က စိုးရိမ္တာပါ။ ဒုတိယအခ်က္အေနနဲ႔ကေတာ့ က်ေနာ္တုိ႔ရဲ့ ေဒသမွာ ျပည္သူလူထုကို အၾကမ္းဖက္တာေတြ ထိခိုက္နစ္နာမႈ ရိွေစလုိ႔ရိွရင္ေတာ့ က်ေနာ္တုိ႔ KIO အေနနဲ႔လည္း ျပည္သူလူထုကိုေတာ့ ကာကြယ္ဖုိ႔ တာ၀န္ယူရမွာျဖစ္ပါတယ္။ အဲဒီအေျခအေနေရာက္လုိ႔ရိွရင္ေတာ့ အေျခအေနက ပိုၿပီးေတာ့ ဆုိးသြားႏိုင္တာကို က်ေနာ္တုိ႔လည္း စုိးရိမ္တာေပါ့။ ဒီၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အဆင္ေျပေအာင္ေျဖရွင္းဖုိ႔ကေတာ့ အားလံုးအတြက္ ပိုၿပီးမွ အက်ိဳးရိွလာမယ္လုိ႔ က်ေနာ္တုိ႔ကေတာ့ အဲဒီလုိပဲ ယူဆပါတယ္။ အဲဒီလုိပဲ ေျပာလုိပါတယ္။”

တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္္မွာေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ တႏုိင္ငံလုံးအပစ္အခတ္ရပ္စဲေရး NCA သေဘာတူညီခ်က္ေတြအတုိင္း တတ္ႏုိင္သမွ် ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားၿပီး၊ အဖဲြ႔၀င္ ၄ ဦးပါ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေကာ္မတီကုိလည္း အဖဲြ႔၀င္ ၇ ဦးနဲ႔ တုိးခ်ဲ႕ဖဲြ႔စည္းလုိက္ေၾကာင္း ေျပာဆုိထားပါတယ္။

KIO အဖဲြ႔ဟာ ၁၉၉၄ ခုႏွစ္က ႏိုင္ငံေတာ္ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရးအဖဲြ႔ေခၚ န၀တ အစုိးရနဲ႔ အပစ္အခတ္ ရပ္စဲခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္ သမၼတ ဦးသိန္းစိန္အစိုးရတာ၀န္ယူခ်ိန္မွာ တိုက္ပဲြေတြ ျပန္လည္ျဖစ္ပြားခဲ့ၿပီး အခုအခါမွာ ေျမာက္ပုိင္းမဟာမိတ္ေခၚ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔၊ AA ရခုိင္စတဲ့အဖဲြ႔ေတြနဲ႔အတူ Bilateral ေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုေရးအတြက္ ေဆြးေႏြးေနတဲ့ အဖဲြ႔ျဖစ္ပါတယ္။

ဆန္ဒပြမှုလူထုကို KIO အကာအကွယ်ပေးမည်
please wait

No media source currently available

0:00 0:04:02 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆန္ဒပြမှုလူထုကို KIO အကာအကွယ်ပေးမည်

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အင်အားသုံး နှိမ်နင်းလာမယ်ဆိုရင် လူထုဘက်က ကာကွယ်ပေးမှာဖြစ်ကြောင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ KIO ကပြောလိုက်ပါတယ်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့နောက် လူထုအုံကြွမှုတွေ ပေါ်ပေါက်နေတဲ့အပေါ် ပထမဆုံးအကြိမ်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သဘောထား ထုတ်ပြန်ရာမှာ လူထုကို အကာအကွယ်ပေးမယ့်အကြောင်း ပြောဆိုလိုက်တာပါ။

KIO ရဲ့ သဘောထားကိုလည်း တပ်မတော်ထံ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကတဆင့် ပေးပို့ခဲ့ပါတယ်။ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ PCG အဖွဲ့ကို KIO က ခေါ်ယူတွေ့ဆုံပြီး သတင်းစကားပါးခဲ့တာ ဖြစ်ကြောင်းလည်း PCG အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ဗွီအိုအေ ကို ပြောပါတယ်။

“KIO ဘက်က သဘောထားကတော့ ပြည်သူလူထုတွေက သူတို့ရဲ့ Rights ပဲ ပေါ့လေ။ သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ဆန္ဒထုတ်ဖော်တဲ့အပေါ်မှာ သူတို့က ဘာမှ ပြောစရာမရှိဘူးပေါ့။ အပြောင်းအလဲအချိန်မှာ ပြည်သူလူထုက ပါဝင်လာတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုနဲ့၊ တပ်မတော်နဲ့၊ ရဲတွေနဲ့ ထိပ်တိုက် အဓိကရုဏ်းဖြစ်ပြီးတော့မှ ထိခိုက်ဒဏ်ရာ သေကြေပျက်ဆီးတာမျိုး မဖြစ်ရလေအောင် ပြည်သူလူထုကို ဝိုင်းဝန်းထိန်းဖို့ အတွက်၊ အစိုးရဘက်ကရော၊ စစ်တပ်ဘက်ကရော ဒီလိုမျိုး ပဋိပက္ခဖြစ်မှာကို ရှောင်ရှားပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ဖို့ အရေးကြီးပါတယ်။ မနေ့ကပေါ့လေ... ၁၄၄ လည်း ဒီဘက်မှာ ပြန်ထုတ်လိုက်တဲ့အခါကျတော့ မမျှော်လင့်ဘဲ ပြဿနာအမျိုးမျိုးဖြစ်သွားမှာကြောင့်မို့ သူတို့ဘက်လည်း တော်တော်လေး စိုးရိမ်တယ်ဆိုတဲ့အကြောင်းကို သူတို့ မှာလိုက်တာဖြစ်ပါတယ်။”

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်တာ အပါအဝင် အင်အားသုံး နှိမ်နင်းတဲ့ သတင်းတချို့ ထွက်ပေါ်လာပြီးနောက်မှာပဲ KIO ရဲ့ သဘောထား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ PCG အဖွဲ့က ဦးလမိုင်ဂွန်ဂျာကတော့ လူထုကို အကြမ်းဖက်နှိမ်နင်းမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာပါ ထိခိုက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ KIO က သတိပေးထားတယ်လို့လည်း ပြောပါတယ်။

“နောက်တစ်ခုက အစိုးရတပ်မတော်ကို မှာလိုက်တာလည်းပဲ သွေးထွက်သံယိုဖြစ်လာလို့ ရှိရင်တော့ သူတို့အနေနဲ့လည်း ပြောရဆိုရတာမျိုးတွေ ဖြစ်လာမှာပေါ့လေ။ ပြောရဆိုရတာမျိုးတွေဆိုတဲ့နေရာမှာ တဘက်နဲ့ တဘက် မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် မဖြစ်အောင် ထိန်းသိမ်းဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ မှာလိုက်တာဖြစ်ပါတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အစိုးရသစ်နဲ့ လွှတ်တော်တွေ စတင်ဖွဲ့စည်းဖို့ ရှိနေချိန်မှာပဲ စစ်တပ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်က အားနည်းချက်တွေကို အကြောင်းပြပြီး အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို စောင့်ကြည့်နေကြောင်းလည်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံအနှံ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်နေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဆန္ဒပြနေတဲ့ မငြိမ်မသက်ဖြစ်မှုကတော့ မထိန်းချုပ်နိုင်ရင် ကျနော်တို့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်နိုင်တာပေါ့။ နောက်ပြီးတော့ ပြည်သူလူထုအတွက်လည်း အခက်အခဲပိုပြီးတော့ ကြုံနိုင်တဲ့ အကြောင်းကိုတော့ ကျနော်တို့က စိုးရိမ်တာပါ။ ဒုတိယအချက်အနေနဲ့ကတော့ ကျနော်တို့ရဲ့ ဒေသမှာ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ထိခိုက်နစ်နာမှု ရှိစေလို့ရှိရင်တော့ ကျနော်တို့ KIO အနေနဲ့လည်း ပြည်သူလူထုကိုတော့ ကာကွယ်ဖို့ တာဝန်ယူရမှာဖြစ်ပါတယ်။ အဲဒီအခြေအနေရောက်လို့ရှိရင်တော့ အခြေအနေက ပိုပြီးတော့ ဆိုးသွားနိုင်တာကို ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ဒီငြိမ်းချမ်းတဲ့နည်းနဲ့ အဆင်ပြေအောင်ဖြေရှင်းဖို့ကတော့ အားလုံးအတွက် ပိုပြီးမှ အကျိုးရှိလာမယ်လို့ ကျနော်တို့ကတော့ အဲဒီလိုပဲ ယူဆပါတယ်။ အဲဒီလိုပဲ ပြောလိုပါတယ်။”

တပ်မတော်က အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်တွေအတိုင်း တတ်နိုင်သမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပြီး၊ အဖွဲ့ဝင် ၄ ဦးပါ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း အဖွဲ့ဝင် ၇ ဦးနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ပြောဆိုထားပါတယ်။

KIO အဖွဲ့ဟာ ၁၉၉၄ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေါ် နဝတ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရတာဝန်ယူချိန်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အခုအခါမှာ မြောက်ပိုင်းမဟာမိတ်ခေါ် TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်စတဲ့အဖွဲ့တွေနဲ့အတူ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG