သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူကိုပစ္ခတ္ရင္က်င့္ဝတ္မညီိတဲ့ဥပေဒမဲ့စစ္တပ္


ျပည္သူကိုပစ္ခတ္ရင္က်င့္ဝတ္မညီိတဲ့ဥပေဒမဲ့စစ္တပ္

{{Zawgyi/Unicode}}

ဦးသန္လြင္ထြန္း ။ ။ ဟုတ္ကဲ့ မဂၤလာပါခင္ဗ်ာ။
ေဒၚမိမိဝင္းဘတ္ ။ ။ မဂၤလာ့ပါရွင္
ဦးသန္လြင္ထြန္း ။ ။ ေဒၚမီမီဝင္းဘတ္ က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ရွိရင္ စစ္ဖက္ အရပ္ဖက္ဆုိင္ရာ ကိစၥေတြကို သင္တန္းေတြေပးခဲ့ ႏွီးေႏွာ္ဖလွယ္ပြဲေတြလုပ္ေဆာင္ေပးခဲ့သူဆိုေတာ့ အခုဗမာျပည္မွာျဖစ္ေနတဲ့အေျခအေနက ေလာေလာဆယ္ကေတာ့ စစ္အာဏာသိ္မ္းတာေပါ့ေနာ္။ ေနာက္ထပ္ျဖစ္လာတဲ့အေျခအေနကဘာလဲဆိုေတာ့ လမ္းမေပၚထြက္ဆႏၵျပသူေတြနဲ႔ ျမန္မာစစ္တပ္နဲ႔ လုံၿခဳံေရးေတြနဲ႔ ထိပ္တိုက္ေတြ႔ရမယ္အေျခအေနျဖစ္ေနၿပီ။ ျမန္မာႏိုင္ငံမွာ ဆိုလုိ႔ရွိရင္ ၁၉၈၈ လိုအခ်ိန္တုံးက စစ္တပ္က ပစ္ခတ္လို႔ လမ္းမေပၚမွာ လူေတြေသေၾကၾကတယ္။ ေသြးထြက္သံယုိအႀကီးက်ယ္ျဖစ္ခဲ့တယ္။ အဲဒီအတြက္ေၾကာင့္ပဲ ျမန္မာႏိုင္ငံရဲ႕ စစ္တပ္ကို အားလုံးက ေဝဖန္ၾကတာေတြရွိတာေပါ့။ အဲဒီေတာ့ ျမန္မာစစ္တပ္က အရာရွိႀကီးေတြေကာ ျမန္မာစစ္တပ္ကိုေကာ အရမ္းကို ရင္းႏွီးၾကြမ္းဝင္မႈရွိတဲ့ အေမရိကန္တပ္မေတာ္ရဲ႕အရာရွိေဟာင္းတေယာက္ျဖစ္တဲ့ ေဒၚမီမီဝင္းဘတ္ အေနနဲ႔ အခုလက္ရွိအေျခအေနကို ဘယ္လိုျမင္လဲ။ ဒါမ်ဳိးေတြ ပစ္ခတ္မႈေတြ ေသြးထြက္သံယုိမႈေတြ ေပၚလာလိမ့္မယ္ထင္လား။

ေဒၚမီမီဝင္းဘတ္။. ။ က်မကေတာ့ မျဖစ္ေစခ်င္ဘူး။ မျဖစ္လည္း မျဖစ္သင့္ဘူး။ က်မတို႔စင္တာမွာသင္သြားတဲ့ ဗိုလ္မွဴးႀကီးေတြဟာ အရမ္းပဲေတာ္တယ္။ လူေတာ္လူေကာင္းေတြ ေနာက္ၿပီး သူတို႔ေတြဟာ အရမ္းလည္းႀကိဳးစားတယ္။ သူတို႔ေတြဟာ ေနာက္ၿပီးႏိုင္ငံေတာ္လည္း ခ်စ္ၾကတာေတြ႔ရတယ္။ အခုခ်ိန္မွာက ဒီလက္နက္မရွိတဲ့ ျပည္သူလူထုကို ပစ္တယ္ဆိုလို႔ရွိရင္ ကမၻာႀကီးက လက္မခံၾကေတာ့ဘူး။ က်မတို႔ရဲ႕ အေမရိကန္တင္မကပါဘူး ကမၻာႀကီးက Soldier လို႔ေျပာလိုက္လို႔ရွိရင္ Standard Army, Professional Army Soldier ဆိုလို႔ရွိရင္ အဲလိုမ်ဳိး Code of Conduct က လုံးဝလုပ္လို႔မရဘူး။

ဦးသန္လြင္ထြန္း ။ ။ ဒါက်င့္ဝတ္နဲ႔ညီရမယ္ေပါ့ေနာ္ ။ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ုိးေဖာက္လို႔မရဘူးေပါ့ေနာ္။ ဒီလိုကိစၥမ်ဳိးနဲ႔ပတ္သက္လို႔ရွိရင္ ဒါက အေမရိကန္ျပည္ေထာင္စုမွာဆိုလို႔ရွိရင္ စစ္တပ္မွာ ဒီလိုအေၾကာင္းအရာ ဒီလိုက်င့္ဝတ္ေတြ နဲ႔ ပတ္သက္လို႔ရွိရင္ ဘယ္လိုသတ္မွတ္ထားတာရွိလဲခင္ဗ်ာ။ ျပည္သူနဲ႔ဆက္ဆံတဲ့ကိစၥ၊ လုံၿခဳံေရးဆုိင္ရာကိစၥေတြမွာ စစ္တပ္က ဝင္ေရာက္စြက္ဖက္မႈရွိႏိုင္တဲ့ရွိလာတဲ့အခါမ်ုိးမွာ ဘယ္လိုေတြမ်ား က်င့္ဝတ္သိကၡာေတြရွိလဲ။

ေဒၚမီမီဝင္းဘတ္။. ။ က်မတို႔ကိုယ္တိုင္ကေတာ့ က်မတို႔ရဲ႕ အေမရိကန္တပ္မေတာ္က ျပည္ထဲေရးထဲမွာ လုံးဝဝင္စြက္လို႔မရဘူး။ လုံၿခဳံေရးနဲ႔ပတ္သက္လို႔လိုအပ္လာလို႔ရွိရင္ ပထမဆုံးက ရဲေပါ့ေနာ္။ ရဲမႏိုင္လို႔ရွိရင္ က်မတို႔မွာက National Guard ျပည္ေစာင့္တပ္ ဆိုတာရွိတယ္။ သူတို႔ေတြက လူထုေတြကို ဘယ္လိုအေသအျခားထိန္းႏိုင္တယ္ဆိုတဲ့ Training ရလာတယ္။ က်မတို႔ စစ္တပ္ၾကေတာ့ အဲလိုမ်ဳိးသင္ထားတာမဟုတ္ဘူးေလ။ ဥပေဒအရလည္း ျပည္တြင္းထဲမွာ ဘာမွဝင္စြက္လို႔မရဘူး။

ဦးသန္လြင္ထြန္း ။ ။ စစ္တပ္ကေနဝင္စြက္မယ္အစားကို ဒီရဲတပ္ဖြဲ႔ကေနၿပီး မႏိုင္တဲ့ကိစၥေတြလိုအပ္တဲ့အခါၾကရင္ National Guard လို႔ေခၚတဲ့ ျပည္နယ္အရံတပ္ဖြဲ႔ေတြနဲ႔ ထိန္းသိ္မ္းေပးရတာေပါ့။ အဲလိုအေျခအေနမ်ဳိးေတြက ဘယ္တုံးကျဖစ္ခဲ့လဲ။ အခုက်ေနာ္တို႔ေနာက္ဆုံးၾကားတာကေတာ့ ဒီဇန္နဝါရီလ ၆ ရက္တုံးကဆိုလိုရွိရင္ ေတာ္ေတာ္အၾကမ္းဖက္တဲ့ကိစၥလို႔ေျပာလို႔ရပါတယ္။ ဆႏၵျပတဲ့သူေတြ လႊတ္ေတာ္ထဲကို အတင္းဝင္ေျပးတယ္။ ရဲေတြအေနနဲ႔ ကိုယ္ကိုကုိယ္ကာကြယ္တဲ့အေနနဲ႔ပဲ ေတာ္ရုံတန္ရုံခုခံၿပီး ေနာက္ဆုံး အေလွ်ာ့ေပးလိုက္လို႔ ဝင္စီးခံလိုက္ရတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ National Guard Force မွာေတြ႔တယ္။ ဒါၿပီးထူးထူးျခားျခားမျဖစ္ဘူးေပါ့။ ဒီ National Guard Force ေတြကပဲ အေမရိကန္ျပည္ေထာင္စုမွာ ဒီထက္ပိုၿပီးစြက္ဖက္ရတဲ့ သမုိင္းေၾကာင္းေတြ႔ရွိခဲ့လား။

ေဒၚမီမီဝင္းဘတ္။. ။ ဟုတ္ကဲ့ ဒါေပမဲ့ ဇန္နဝါရီ ၆ရက္ေန႔မွာေတာင္မွပဲ သူတို႔ရဲ႕ေသနတ္မသုံးလုိက္ဘူး။ အၾကမ္းဖက္ဆႏၵျပတဲ့သူေတြကို နည္းမ်ုိးစုံနဲ႔ ၿပီးေအာင္လုပ္လိုက္တယ္။ ေနာက္ဆႏၵျပမႈအႀကီးဆုံးတခုက ေလာ့စ္အိန္ဂ်လိၿမိဳ႕မွာ ၁၉၉၂ခုလားမသိဘူး။ အဲဒီအခ်ိန္မွာလည္းပဲ အေမရိကန္စစ္တပ္က လုံးဝမပါဘူး။ ဒါေပမဲ့ ကယ္လီဖိုးနီးယား National Guard ဝင္ၿပီး ကူညီေပးတယ္။ အဲဒီမွာဆႏၵျပတာက လူသိန္းေက်ာ္နဲ႔ ဆႏၵျပတာ။ လူတေယာက္ပဲေသသြားတယ္။ စစ္သားက သူကိုတိုက္ခုိက္လို႔ ခုခံလိုက္တာ။

ဦးသန္လြင္ထြန္း ။ ။ စစ္တပ္ကေတာ့ျပည္တြင္းေရးကိစၥေတြမွာ လမ္းေပၚထြက္ၿပီး ဆႏၵျပတာမွာ ထြက္ၿပီးစြက္ဖက္တာမရွိဘူး။ ဒါေပမဲ့ အေမရိကန္တပ္ဖြဲ႔ေတြမွာ ႏိုင္ငံတကာမွာရွိေနၾကေတာ့ ႏိုင္ငံတကာကိစၥေတြမွာ ေဆာင္ရြက္ရတာရွိတယ္။ ဟိုးတုံးက ဆိုရင္ ဗီယက္နမ္တို႔ ၊ ေနာက္ၿပီးတို႔ ကိုရီးယားတို႔ရွိတယ္။ အခုလတ္တေလာမွာဆိုရင္ အီရတ္ တို႔ အာဖဂန္နစၥတန္တို႔မွာရွိတယ္။ ဒီေနရာမွာဆိုရင္ တခ်ဳိ႕သတင္းေတြမွာ ၾကားရပါတယ္။ အေမရိကန္ မရိမ္းတပ္ဖြဲ႔ေတြက အရပ္သားေတြကိုပစ္လိုက္မိလုိ႔အေရးယူခံရတဲ့ကိစၥေတြရွိတယ္။ အဲလိုကိစၥေတြနဲ႔ပတ္သက္လို႔ အေမရိကန္တပ္ဖြဲ႔ေတြက ျပည္တြင္းမွာေတာ့ ဝင္မစြက္ဖူး၊ ျပည္ပမွာေတာ့ အရပ္ဖက္ျပည္သူေတြကိုပစ္ခတ္တယ္ဆိုတဲ့ကိစၥေတြမွာ ဒါေတြနဲ႔ပတ္သက္လို႔ အထူးတလည္ တားျမစ္ခ်က္ေတြရွိလား၊ အေရးယူမႈေတြရွိလား။

ေဒၚမီမီဝင္းဘတ္ ။ ။ အေရးယူမႈေတြရွိတယ္။ သူတို႔ Court Martial စစ္ခုံရုံးတင္ခံရမယ္။ ေထာင္က်တာေတြလည္း အမ်ားႀကီးရွိတယ္။ က်မမွတ္မိတာ General Stanley A. McChrystal သူက အီရတ္မွာ ၂ဝဝ၉ ခုႏွစ္ထဲမွာ ။ အဲဒီမွာသူေျပာတာက ျပည္သူလူထု႔ကို အကာကြယ္ေပးရမယ္တဲ့။ ကာကြယ္မွ ေထာက္ခံလိမ့္မယ္လို႔ သူကအၿမဲေျပာတယ္။ လက္နက္မရွိတဲ့ ျပည္သူလူထု႔ကို သတ္တာက Immoral Unethical က်င့္ဝတ္သိကၡာမရွိတဲ့ အျပဳအမူ လို႔ ယူဆတယ္။ က်မတို႔တင္မဟုတ္ပါဘူး။ Standard Army , Professional Army ဆုိရင္ မပစ္ရဘူး။ စစ္ဆင္ေရးေတြလုပ္တဲ့အခါမွာ ျပည္သူလူထု႔ရဲ႕ ေထာက္ခံမႈမရဘူးဆိုရင္ က်မတို႔အတြက္ ပိုၿပီးေတာ့ ခက္ခဲတယ္။ အဲဒါနဲ႔ပတ္သက္လို႔လည္းက်မတို႔ရဲ႕ Operation of Reason ေပါ့ေနာ္။ ျပည္သူလူထုရဲ႕ ေထာက္ခံမႈ ေလးစားမႈ ယုံၾကည္မႈက အရမ္းလိုအပ္တယ္။ ႏိုင္ငံတြင္းသာမက အျပင္သြားလည္း အတူတူပဲ။

ဦးသန္လြင္ထြန္း ။ ။ အဲေတာ့ ေဒၚမီမီဝင္းဘတ္ေျပာတဲ့သေဘာကေတာ့ တကယ္ကို က်င့္ဝတ္သိကၡာနဲ႔ ျပည္ဝတဲ့စစ္တပ္တခုအေနနဲ႔က လက္နက္မဲ့တဲ့ ျပည္သူေတြကို ပစ္ခတ္မယ္ဆိုရင္ က်င့္ဝတ္သိကၡာကို ခ်ဳိးေဖာက္သလို လူထု႔ေထာက္ခံမႈမရပဲနဲ႔ စစ္ဆင္ေရးေတြမွာ ေအာင္ျမင္မွာမဟုတ္ဘူး။ အဆင္ေျပမွာမဟုတ္ဘူးဆိုတဲ့သေဘာေျပာတာေပါ့ေနာ္။ အေမရိကန္စစ္တပ္အေနနဲ႔ ႏိုင္ငံရပ္ျခားကိစၥေတြမွာ ျပည္သူေတြနဲ႔ ပတ္သက္ၿပီး နာမည္ပ်က္လုပ္ခဲ့တာေတြရွိခဲ့တာပဲ။ ဒါေတြနဲ႔ပတ္သက္ၿပီး သခၤန္းစာယူစရာဘာေတြျဖစ္ခဲ့သလဲ။ ဥပမာအားျဖင့္ အေမရိကန္တပ္ဖြဲေတြ နဲ႔ပတ္သက္ၿပီး ရုပ္ရွင္ေတြမွာလည္း ျမင္ဖူးတာရွိခဲ့တယ္။ အဲဒါေလးေတြေျပာျပပါလား။

ေဒၚမီမီဝင္းဘတ္ ။. ။ ကိုသန္းလြင္ထြန္း ေျပာတဲ့ဟာ Platoon လို႔ထင္ပါတယ္။ သင္ခန္းစာအမ်ားႀကီး။ က်မတို႔ ဗိုလ္ေလာင္းဘဝကတည္းက အဲဒါကို သင္ရပါတယ္။ The Mỹ Lai massacre ဆိုတာ ၁၉ ၆၈ခုႏွစ္မွာ Lieutenant Carry နဲ႔သူတပ္စုေပါ့ေနာ္ Mỹ Lai ဆိုတဲ့ေက်းရြာေလးကိုဝင္ခဲ့တယ္။ အဲဒီေက်းရြာက သူပုန္ကိုေထာက္ပံေနတယ္ၾကားလို႔ဝင္ခဲ့တယ္။ သြားလုိက္ေတာ့ ေက်းရြာက လက္နက္ကိုင္ေတြမဟုတ္ဘူး။ သာမန္လူေတြပဲ။ ဘာမွမေတြခါေတာ့ အဲဒီလူေတြကို သတ္ေကာ။ အဲဒီအခ်ိန္မွာ ရဟတ္ယာဥ္က Lieutenant William Calley ကို ေထာက္ကူဖို႔လာတာ။ အဲဒါကို ေတြ႔သြားတဲ့အခါ Lieutenant William Calley မပစ္ေအာင္ လုိက္တားတယ္။ မေသတဲ့သူေတြကို ကူညီၿပီးေတာ့ တျခားေနရာကို ေရာက္ေအာက္ ကူညီေပးလိုက္တယ္။ ၿပီးလည္း ၿပီးေရာ Lieutenant William Calley ကိုသြားတိုင္လုိက္တယ္။ Lieutenant William Calley သူတပ္သား ၂၅ ေယာက္လုံး စစ္ခုံရုံးတင္ေထာင္က်ကုန္တယ္။

ဦးသန္လြင္ထြန္း ။ ။ စစ္ခုံရုံးတင္တဲ့ကိစၥေပါ့ေနာ္ ။ ဆင္ေျခေပါ့။ စစ္တပ္ဆိုတာအမိန္႔နဲ႔လုပ္ခဲ့ၾကေတာ့ ဆင္ေျခေတြ အမိန္႔ေတြေျပာစရာရွိတယ္ေလ။ အထူးသျဖင့္ ဒီလိုစစ္ေျမျပင္ အေရးေပၚကိစၥေတြမွာဆိုလို႔ရွိရင္ ေအာက္ေျခကေနလုိက္နာၿပီးေတာ့ ပစ္ဆိုလည္းပစ္ရမွာေပါ့ေလ။ ဒီလိုစစ္သားေတြဟာ အထူးသျဖင့္ Lieutenant William Calleyတို႔လို စစ္သားေတြဟာ အဲလိုဆင္ေျခေပးၿပီးေတာ့ ေထာင္ဒဏ္အပစ္ဒဏ္ကေန လြတ္ေျမာက္တာမရွိဘူးလား။

ေဒၚမီမီဝင္းဘတ္ ။. ။ မရွိဘူး။ ဘာလို႔လည္းဆိုေတာ့ Lieutenant William Calley ေပးလိုက္တဲ့အမိန္႔က Illegal and immoral ျဖစ္ေနလို႔ ။ ဥပေဒနဲ႔မညီတဲ့ က်င့္ဝတ္သိကၡာနဲ႔ မညီတဲ့အမိန္႔ေပါ့။ ျပစ္မႈက်ဴးလြန္တဲ့ ၂၅ ေယာက္က အဲဒါကို ဆင္ေျခေပးေပမဲ့ မရပါဘူး။ မေအာင္ျမင္ဘူး။ အေမရိကန္စစ္တပ္တင္မက တျခား Standard Army, Professional Army ေတြမွာ ဒီက်င့္ဝတ္အားလုံးရွိၾကပါတယ္။

ဦးသန္လြင္ထြန္း ။ ။ အဲေတာ့ က်င့္ဝတ္သိကၡာနဲ႔ ညီတဲ့ အမိန္႔ဟုတ္မဟုတ္ဆိုတာ ေလ့က်င္သင္ယူၾကရတယ္ဆိုတာေတာ့ ေဒၚမီမီဝင္းဘတ္ ေျပာလို႔သိရပါတယ္ ။ ျမန္မာစစ္တပ္နဲ႔ ေတာ္ေတာ္ေလးကို အနီးဆက္ဆံခဲ့ဘူးတဲ့ ဆရာမအေနနဲ႔ေကာ ျမန္မာစစ္တပ္မွာ ဒီလိုက်င့္ဝတ္သိကၡာေတြကို အေလးေပးေျပာလာတာေတြရွိလားခင္ဗ်ာ။ ျဖစ္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္လို႔ စစ္တပ္က ေတာ္ေတာ္ေလး ေဝဖန္ခံရတယ္။ လူထု႔ကလည္း ရြ႕ံမုန္းတာခံရတယ္ေပါ့။ ဒီေနာက္ပိုင္းမွာ အေမရိကန္နဲ႔ သင္တန္းေတြေပးတယ္။ ႏွီေနွာ္ဖလွယ္ပြဲေတြလုပ္တယ္ဆိုေတာ့ က်င့္ဝတ္သိကၡာနဲ႔ ညီတဲ့အမိန္႔တို႔ ဒီကိစၥေတြနားလည္ႏိုင္ဖို႔ဆိုတာက ျမန္မာစစ္တပ္ထဲမွာ ဘယ္ေလာက္အထိ က်ယ္က်ယ္ျပန္႔ျပန္႔ရွိလဲခင္ဗ်ာ။

ေဒၚမီမီဝင္းဘတ္ ။. ။ သူတို႔ရဲ႕ Code of Conduct ကိုၾကည့္လိုက္လို႔ရွိရင္ေတာ့ပါပါတယ္။ လက္နက္မရွိတဲ့ ျပည္သူလူထုကို ေသနတ္နဲ႔ပစ္ရင္ေတာ့ ဒါကေတာ့ ျပည္သူလူထု႔ကို ကာကြယ္တယ္ေျပာလို႔မရဘူး။

ဦးသန္လြင္ထြန္း ။ ။ ဟုတ္ကဲ့ခင္ဗ်။ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ လက္ရွိအေျခေနနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံက စစ္ဖက္ဆိုင္ရာ အရာရွိႀကီးေတြနဲ႔ ရင္းႏွီးစြာ ႏွီးေႏွာ္ဖလွယ္ပြဲေတြျပဳလုပ္ခဲ့တဲ့ ေဒၚမီမီဝင္းဘတ္ အေနနဲ႔ ထူးထူးျခားျခား ဘာမ်ားေျပာခ်င္ပါလဲခင္ဗ်ာ။

ေဒၚမီမီဝင္းဘတ္ ။ ။ က်မတို႔စင္တာလာသြားတဲ့ ဗိုလ္မွဴးႀကီးေတြေပါ့ေနာ္။ သူတို႔က အရမ္းေတာ္တယ္။ ႀကိဳးစားတယ္။ ကိုယ္ႏိုင္ငံကိုယ္လည္းခ်စ္တယ္။ အဲဒီလိုမ်ဳိးကေန တကယ္လို႔ ၁၉ ၈၈ ကလိုျဖစ္သြားခဲ့လို႔ရွိရင္ ျမန္မာတပ္မေတာ္ရဲ႕ဂုဏ္သိကၡာက်မယ္။ ေနာက္ၿပီးေတာ့ အျပည္ျပည္ဆိုင္ရာ စစ္တပ္အသိုင္းအဝိုင္းမွာလည္း လူဆိုး. လူရိုင္းဆိုၿပီး အထင္ခံရမွာ က်မအရမ္းစိတ္ပူပါတယ္။

ဦးသန္လြင္ထြန္း ။ ။ ဟုတ္ကဲ့ခင္ဗ်။ေက်းဇူးတင္ပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဦးသန်လွင်ထွန်း ။ ။ ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။
ဒေါ်မိမိဝင်းဘတ် ။ ။ မင်္ဂလာ့ပါရှင်
ဦးသန်လွင်ထွန်း ။ ။ ဒေါ်မီမီဝင်းဘတ် က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် စစ်ဖက် အရပ်ဖက်ဆိုင်ရာ ကိစ္စတွေကို သင်တန်းတွေပေးခဲ့ နှီးနှော်ဖလှယ်ပွဲတွေလုပ်ဆောင်ပေးခဲ့သူဆိုတော့ အခုဗမာပြည်မှာဖြစ်နေတဲ့အခြေအနေက လောလောဆယ်ကတော့ စစ်အာဏာသိမ်းတာပေါ့နော်။ နောက်ထပ်ဖြစ်လာတဲ့အခြေအနေကဘာလဲဆိုတော့ လမ်းမပေါ်ထွက်ဆန္ဒပြသူတွေနဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ရမယ်အခြေအနေဖြစ်နေပြီ။ မြန်မာနိုင်ငံမှာ ဆိုလို့ရှိရင် ၁၉၈၈ လိုအချိန်တုံးက စစ်တပ်က ပစ်ခတ်လို့ လမ်းမပေါ်မှာ လူတွေသေကြေကြတယ်။ သွေးထွက်သံယိုအကြီးကျယ်ဖြစ်ခဲ့တယ်။ အဲဒီအတွက်ကြောင့်ပဲ မြန်မာနိုင်ငံရဲ့ စစ်တပ်ကို အားလုံးက ဝေဖန်ကြတာတွေရှိတာပေါ့။ အဲဒီတော့ မြန်မာစစ်တပ်က အရာရှိကြီးတွေကော မြန်မာစစ်တပ်ကိုကော အရမ်းကို ရင်းနှီးကြွမ်းဝင်မှုရှိတဲ့ အမေရိကန်တပ်မတော်ရဲ့အရာရှိဟောင်းတယောက်ဖြစ်တဲ့ ဒေါ်မီမီဝင်းဘတ် အနေနဲ့ အခုလက်ရှိအခြေအနေကို ဘယ်လိုမြင်လဲ။ ဒါမျိုးတွေ ပစ်ခတ်မှုတွေ သွေးထွက်သံယိုမှုတွေ ပေါ်လာလိမ့်မယ်ထင်လား။

ဒေါ်မီမီဝင်းဘတ်။. ။ ကျမကတော့ မဖြစ်စေချင်ဘူး။ မဖြစ်လည်း မဖြစ်သင့်ဘူး။ ကျမတို့စင်တာမှာသင်သွားတဲ့ ဗိုလ်မှူးကြီးတွေဟာ အရမ်းပဲတော်တယ်။ လူတော်လူကောင်းတွေ နောက်ပြီး သူတို့တွေဟာ အရမ်းလည်းကြိုးစားတယ်။ သူတို့တွေဟာ နောက်ပြီးနိုင်ငံတော်လည်း ချစ်ကြတာတွေ့ရတယ်။ အခုချိန်မှာက ဒီလက်နက်မရှိတဲ့ ပြည်သူလူထုကို ပစ်တယ်ဆိုလို့ရှိရင် ကမ္ဘာကြီးက လက်မခံကြတော့ဘူး။ ကျမတို့ရဲ့ အမေရိကန်တင်မကပါဘူး ကမ္ဘာကြီးက Soldier လို့ပြောလိုက်လို့ရှိရင် Standard Army, Professional Army Soldier ဆိုလို့ရှိရင် အဲလိုမျိုး Code of Conduct က လုံးဝလုပ်လို့မရဘူး။

ဦးသန်လွင်ထွန်း ။ ။ ဒါကျင့်ဝတ်နဲ့ညီရမယ်ပေါ့နော် ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့မရဘူးပေါ့နော်။ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်လို့ရှိရင် ဒါက အမေရိကန်ပြည်ထောင်စုမှာဆိုလို့ရှိရင် စစ်တပ်မှာ ဒီလိုအကြောင်းအရာ ဒီလိုကျင့်ဝတ်တွေ နဲ့ ပတ်သက်လို့ရှိရင် ဘယ်လိုသတ်မှတ်ထားတာရှိလဲခင်ဗျာ။ ပြည်သူနဲ့ဆက်ဆံတဲ့ကိစ္စ၊ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ စစ်တပ်က ဝင်ရောက်စွက်ဖက်မှုရှိနိုင်တဲ့ရှိလာတဲ့အခါမျိုးမှာ ဘယ်လိုတွေများ ကျင့်ဝတ်သိက္ခာတွေရှိလဲ။

ဒေါ်မီမီဝင်းဘတ်။. ။ ကျမတို့ကိုယ်တိုင်ကတော့ ကျမတို့ရဲ့ အမေရိကန်တပ်မတော်က ပြည်ထဲရေးထဲမှာ လုံးဝဝင်စွက်လို့မရဘူး။ လုံခြုံရေးနဲ့ပတ်သက်လို့လိုအပ်လာလို့ရှိရင် ပထမဆုံးက ရဲပေါ့နော်။ ရဲမနိုင်လို့ရှိရင် ကျမတို့မှာက National Guard ပြည်စောင့်တပ် ဆိုတာရှိတယ်။ သူတို့တွေက လူထုတွေကို ဘယ်လိုအသေအခြားထိန်းနိုင်တယ်ဆိုတဲ့ Training ရလာတယ်။ ကျမတို့ စစ်တပ်ကြတော့ အဲလိုမျိုးသင်ထားတာမဟုတ်ဘူးလေ။ ဥပဒေအရလည်း ပြည်တွင်းထဲမှာ ဘာမှဝင်စွက်လို့မရဘူး။

ဦးသန်လွင်ထွန်း ။ ။ စစ်တပ်ကနေဝင်စွက်မယ်အစားကို ဒီရဲတပ်ဖွဲ့ကနေပြီး မနိုင်တဲ့ကိစ္စတွေလိုအပ်တဲ့အခါကြရင် National Guard လို့ခေါ်တဲ့ ပြည်နယ်အရံတပ်ဖွဲ့တွေနဲ့ ထိန်းသိမ်းပေးရတာပေါ့။ အဲလိုအခြေအနေမျိုးတွေက ဘယ်တုံးကဖြစ်ခဲ့လဲ။ အခုကျနော်တို့နောက်ဆုံးကြားတာကတော့ ဒီဇန်နဝါရီလ ၆ ရက်တုံးကဆိုလိုရှိရင် တော်တော်အကြမ်းဖက်တဲ့ကိစ္စလို့ပြောလို့ရပါတယ်။ ဆန္ဒပြတဲ့သူတွေ လွှတ်တော်ထဲကို အတင်းဝင်ပြေးတယ်။ ရဲတွေအနေနဲ့ ကိုယ်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ပဲ တော်ရုံတန်ရုံခုခံပြီး နောက်ဆုံး အလျှော့ပေးလိုက်လို့ ဝင်စီးခံလိုက်ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ National Guard Force မှာတွေ့တယ်။ ဒါပြီးထူးထူးခြားခြားမဖြစ်ဘူးပေါ့။ ဒီ National Guard Force တွေကပဲ အမေရိကန်ပြည်ထောင်စုမှာ ဒီထက်ပိုပြီးစွက်ဖက်ရတဲ့ သမိုင်းကြောင်းတွေ့ရှိခဲ့လား။

ဒေါ်မီမီဝင်းဘတ်။. ။ ဟုတ်ကဲ့ ဒါပေမဲ့ ဇန်နဝါရီ ၆ရက်နေ့မှာတောင်မှပဲ သူတို့ရဲ့သေနတ်မသုံးလိုက်ဘူး။ အကြမ်းဖက်ဆန္ဒပြတဲ့သူတွေကို နည်းမျိုးစုံနဲ့ ပြီးအောင်လုပ်လိုက်တယ်။ နောက်ဆန္ဒပြမှုအကြီးဆုံးတခုက လော့စ်အိန်ဂျလိမြို့မှာ ၁၉၉၂ခုလားမသိဘူး။ အဲဒီအချိန်မှာလည်းပဲ အမေရိကန်စစ်တပ်က လုံးဝမပါဘူး။ ဒါပေမဲ့ ကယ်လီဖိုးနီးယား National Guard ဝင်ပြီး ကူညီပေးတယ်။ အဲဒီမှာဆန္ဒပြတာက လူသိန်းကျော်နဲ့ ဆန္ဒပြတာ။ လူတယောက်ပဲသေသွားတယ်။ စစ်သားက သူကိုတိုက်ခိုက်လို့ ခုခံလိုက်တာ။

ဦးသန်လွင်ထွန်း ။ ။ စစ်တပ်ကတော့ပြည်တွင်းရေးကိစ္စတွေမှာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာမှာ ထွက်ပြီးစွက်ဖက်တာမရှိဘူး။ ဒါပေမဲ့ အမေရိကန်တပ်ဖွဲ့တွေမှာ နိုင်ငံတကာမှာရှိနေကြတော့ နိုင်ငံတကာကိစ္စတွေမှာ ဆောင်ရွက်ရတာရှိတယ်။ ဟိုးတုံးက ဆိုရင် ဗီယက်နမ်တို့ ၊ နောက်ပြီးတို့ ကိုရီးယားတို့ရှိတယ်။ အခုလတ်တလောမှာဆိုရင် အီရတ် တို့ အာဖဂန်နစ္စတန်တို့မှာရှိတယ်။ ဒီနေရာမှာဆိုရင် တချို့သတင်းတွေမှာ ကြားရပါတယ်။ အမေရိကန် မရိမ်းတပ်ဖွဲ့တွေက အရပ်သားတွေကိုပစ်လိုက်မိလို့အရေးယူခံရတဲ့ကိစ္စတွေရှိတယ်။ အဲလိုကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်တပ်ဖွဲ့တွေက ပြည်တွင်းမှာတော့ ဝင်မစွက်ဖူး၊ ပြည်ပမှာတော့ အရပ်ဖက်ပြည်သူတွေကိုပစ်ခတ်တယ်ဆိုတဲ့ကိစ္စတွေမှာ ဒါတွေနဲ့ပတ်သက်လို့ အထူးတလည် တားမြစ်ချက်တွေရှိလား၊ အရေးယူမှုတွေရှိလား။

ဒေါ်မီမီဝင်းဘတ် ။ ။ အရေးယူမှုတွေရှိတယ်။ သူတို့ Court Martial စစ်ခုံရုံးတင်ခံရမယ်။ ထောင်ကျတာတွေလည်း အများကြီးရှိတယ်။ ကျမမှတ်မိတာ General Stanley A. McChrystal သူက အီရတ်မှာ ၂ဝဝ၉ ခုနှစ်ထဲမှာ ။ အဲဒီမှာသူပြောတာက ပြည်သူလူထု့ကို အကာကွယ်ပေးရမယ်တဲ့။ ကာကွယ်မှ ထောက်ခံလိမ့်မယ်လို့ သူကအမြဲပြောတယ်။ လက်နက်မရှိတဲ့ ပြည်သူလူထု့ကို သတ်တာက Immoral Unethical ကျင့်ဝတ်သိက္ခာမရှိတဲ့ အပြုအမူ လို့ ယူဆတယ်။ ကျမတို့တင်မဟုတ်ပါဘူး။ Standard Army , Professional Army ဆိုရင် မပစ်ရဘူး။ စစ်ဆင်ရေးတွေလုပ်တဲ့အခါမှာ ပြည်သူလူထု့ရဲ့ ထောက်ခံမှုမရဘူးဆိုရင် ကျမတို့အတွက် ပိုပြီးတော့ ခက်ခဲတယ်။ အဲဒါနဲ့ပတ်သက်လို့လည်းကျမတို့ရဲ့ Operation of Reason ပေါ့နော်။ ပြည်သူလူထုရဲ့ ထောက်ခံမှု လေးစားမှု ယုံကြည်မှုက အရမ်းလိုအပ်တယ်။ နိုင်ငံတွင်းသာမက အပြင်သွားလည်း အတူတူပဲ။

ဦးသန်လွင်ထွန်း ။ ။ အဲတော့ ဒေါ်မီမီဝင်းဘတ်ပြောတဲ့သဘောကတော့ တကယ်ကို ကျင့်ဝတ်သိက္ခာနဲ့ ပြည်ဝတဲ့စစ်တပ်တခုအနေနဲ့က လက်နက်မဲ့တဲ့ ပြည်သူတွေကို ပစ်ခတ်မယ်ဆိုရင် ကျင့်ဝတ်သိက္ခာကို ချိုးဖောက်သလို လူထု့ထောက်ခံမှုမရပဲနဲ့ စစ်ဆင်ရေးတွေမှာ အောင်မြင်မှာမဟုတ်ဘူး။ အဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့သဘောပြောတာပေါ့နော်။ အမေရိကန်စစ်တပ်အနေနဲ့ နိုင်ငံရပ်ခြားကိစ္စတွေမှာ ပြည်သူတွေနဲ့ ပတ်သက်ပြီး နာမည်ပျက်လုပ်ခဲ့တာတွေရှိခဲ့တာပဲ။ ဒါတွေနဲ့ပတ်သက်ပြီး သင်္ခန်းစာယူစရာဘာတွေဖြစ်ခဲ့သလဲ။ ဥပမာအားဖြင့် အမေရိကန်တပ်ဖွဲတွေ နဲ့ပတ်သက်ပြီး ရုပ်ရှင်တွေမှာလည်း မြင်ဖူးတာရှိခဲ့တယ်။ အဲဒါလေးတွေပြောပြပါလား။

ဒေါ်မီမီဝင်းဘတ် ။. ။ ကိုသန်းလွင်ထွန်း ပြောတဲ့ဟာ Platoon လို့ထင်ပါတယ်။ သင်ခန်းစာအများကြီး။ ကျမတို့ ဗိုလ်လောင်းဘဝကတည်းက အဲဒါကို သင်ရပါတယ်။ The Mỹ Lai massacre ဆိုတာ ၁၉ ၆၈ခုနှစ်မှာ Lieutenant Carry နဲ့သူတပ်စုပေါ့နော် Mỹ Lai ဆိုတဲ့ကျေးရွာလေးကိုဝင်ခဲ့တယ်။ အဲဒီကျေးရွာက သူပုန်ကိုထောက်ပံနေတယ်ကြားလို့ဝင်ခဲ့တယ်။ သွားလိုက်တော့ ကျေးရွာက လက်နက်ကိုင်တွေမဟုတ်ဘူး။ သာမန်လူတွေပဲ။ ဘာမှမတွေခါတော့ အဲဒီလူတွေကို သတ်ကော။ အဲဒီအချိန်မှာ ရဟတ်ယာဉ်က Lieutenant William Calley ကို ထောက်ကူဖို့လာတာ။ အဲဒါကို တွေ့သွားတဲ့အခါ Lieutenant William Calley မပစ်အောင် လိုက်တားတယ်။ မသေတဲ့သူတွေကို ကူညီပြီးတော့ တခြားနေရာကို ရောက်အောက် ကူညီပေးလိုက်တယ်။ ပြီးလည်း ပြီးရော Lieutenant William Calley ကိုသွားတိုင်လိုက်တယ်။ Lieutenant William Calley သူတပ်သား ၂၅ ယောက်လုံး စစ်ခုံရုံးတင်ထောင်ကျကုန်တယ်။

ဦးသန်လွင်ထွန်း ။ ။ စစ်ခုံရုံးတင်တဲ့ကိစ္စပေါ့နော် ။ ဆင်ခြေပေါ့။ စစ်တပ်ဆိုတာအမိန့်နဲ့လုပ်ခဲ့ကြတော့ ဆင်ခြေတွေ အမိန့်တွေပြောစရာရှိတယ်လေ။ အထူးသဖြင့် ဒီလိုစစ်မြေပြင် အရေးပေါ်ကိစ္စတွေမှာဆိုလို့ရှိရင် အောက်ခြေကနေလိုက်နာပြီးတော့ ပစ်ဆိုလည်းပစ်ရမှာပေါ့လေ။ ဒီလိုစစ်သားတွေဟာ အထူးသဖြင့် Lieutenant William Calleyတို့လို စစ်သားတွေဟာ အဲလိုဆင်ခြေပေးပြီးတော့ ထောင်ဒဏ်အပစ်ဒဏ်ကနေ လွတ်မြောက်တာမရှိဘူးလား။

ဒေါ်မီမီဝင်းဘတ် ။. ။ မရှိဘူး။ ဘာလို့လည်းဆိုတော့ Lieutenant William Calley ပေးလိုက်တဲ့အမိန့်က Illegal and immoral ဖြစ်နေလို့ ။ ဥပဒေနဲ့မညီတဲ့ ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့အမိန့်ပေါ့။ ပြစ်မှုကျူးလွန်တဲ့ ၂၅ ယောက်က အဲဒါကို ဆင်ခြေပေးပေမဲ့ မရပါဘူး။ မအောင်မြင်ဘူး။ အမေရိကန်စစ်တပ်တင်မက တခြား Standard Army, Professional Army တွေမှာ ဒီကျင့်ဝတ်အားလုံးရှိကြပါတယ်။

ဦးသန်လွင်ထွန်း ။ ။ အဲတော့ ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့ အမိန့်ဟုတ်မဟုတ်ဆိုတာ လေ့ကျင်သင်ယူကြရတယ်ဆိုတာတော့ ဒေါ်မီမီဝင်းဘတ် ပြောလို့သိရပါတယ် ။ မြန်မာစစ်တပ်နဲ့ တော်တော်လေးကို အနီးဆက်ဆံခဲ့ဘူးတဲ့ ဆရာမအနေနဲ့ကော မြန်မာစစ်တပ်မှာ ဒီလိုကျင့်ဝတ်သိက္ခာတွေကို အလေးပေးပြောလာတာတွေရှိလားခင်ဗျာ။ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်တပ်က တော်တော်လေး ဝေဖန်ခံရတယ်။ လူထု့ကလည်း ရွံ့မုန်းတာခံရတယ်ပေါ့။ ဒီနောက်ပိုင်းမှာ အမေရိကန်နဲ့ သင်တန်းတွေပေးတယ်။ နှီနှော်ဖလှယ်ပွဲတွေလုပ်တယ်ဆိုတော့ ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့အမိန့်တို့ ဒီကိစ္စတွေနားလည်နိုင်ဖို့ဆိုတာက မြန်မာစစ်တပ်ထဲမှာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ရှိလဲခင်ဗျာ။

ဒေါ်မီမီဝင်းဘတ် ။. ။ သူတို့ရဲ့ Code of Conduct ကိုကြည့်လိုက်လို့ရှိရင်တော့ပါပါတယ်။ လက်နက်မရှိတဲ့ ပြည်သူလူထုကို သေနတ်နဲ့ပစ်ရင်တော့ ဒါကတော့ ပြည်သူလူထု့ကို ကာကွယ်တယ်ပြောလို့မရဘူး။

ဦးသန်လွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လက်ရှိအခြေနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက စစ်ဖက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ ရင်းနှီးစွာ နှီးနှော်ဖလှယ်ပွဲတွေပြုလုပ်ခဲ့တဲ့ ဒေါ်မီမီဝင်းဘတ် အနေနဲ့ ထူးထူးခြားခြား ဘာများပြောချင်ပါလဲခင်ဗျာ။

ဒေါ်မီမီဝင်းဘတ် ။ ။ ကျမတို့စင်တာလာသွားတဲ့ ဗိုလ်မှူးကြီးတွေပေါ့နော်။ သူတို့က အရမ်းတော်တယ်။ ကြိုးစားတယ်။ ကိုယ်နိုင်ငံကိုယ်လည်းချစ်တယ်။ အဲဒီလိုမျိုးကနေ တကယ်လို့ ၁၉ ၈၈ ကလိုဖြစ်သွားခဲ့လို့ရှိရင် မြန်မာတပ်မတော်ရဲ့ဂုဏ်သိက္ခာကျမယ်။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ စစ်တပ်အသိုင်းအဝိုင်းမှာလည်း လူဆိုး. လူရိုင်းဆိုပြီး အထင်ခံရမှာ ကျမအရမ်းစိတ်ပူပါတယ်။

ဦးသန်လွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ကျေးဇူးတင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG