သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၀၈ ဖဲြ႕စည္းပံုဖ်က္သိမ္းေရး တိုင္းရင္းလူငယ္ေတြေတာင္းဆိုဆႏၵျပ


တုိင္းရင္းသား လူငယ္ေတြ အေမရိကန္သံ႐ုံးေရွ႕ ခ်ီတက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ကန္႔ကြက္တဲ့အေနနဲ႔ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာ ၄ ရက္ေျမာက္ ေန႔မွာေတာ့ ေထာင္ဂဏန္းရွိတဲ့ တုိင္းရင္းသား လူငယ္ေတြလည္း ပူးေပါင္းပါ၀င္လာပါတယ္။ ရန္ကုန္ၿမိဳ႕က အေမရိကန္သံ႐ုံးေရွ႕ကုိ ခ်ီတက္ဆႏၵျပခဲ့ၾကတဲ့ လႈပ္ရွားမႈမွာေတာ့ ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပံု အေျခခံဥပေဒ ဖ်က္သိမ္းေရးကိုပါ ထည့္သြင္းေတာင္းဆိုခဲ့ၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကုိယ္တုိင္သြားေရာက္ သတင္းယူခဲ့တဲ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ရန္ကုန္ၿမိဳ႕က ဒီကေန႔ ဆႏၵျပပဲြေတြအတြင္း ေထာင္ဂဏန္းရွိတဲ့ တိုင္းရင္းသားလူငယ္ေတြ ျပည္လမ္းမေပၚက ႏိုဗိုတယ္လ္ဟုိတယ္မွာ စုေ၀းၿပီး အေမရိကန္သံရံုးကို ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပပဲြကို ခ်င္းေက်ာင္းသားလူငယ္ေတြက ဦးေဆာင္ခဲ့ၿပီး ကရင္၊ ကခ်င္၊ ရွမ္း၊ ေတာင္ရိုး၊နာဂစတဲ့ တိုင္းရင္းသားေတြလည္း စုေပါင္းပါ၀င္ခဲ့ၾကပါတယ္။

ဒီဆႏၵျပပဲြမွာ ပါ၀င္ခဲ့တဲ့ ခ်င္း လူငယ္အဖဲြ႔က ဆလိုင္းေထာင္းေထာင္းက တိုင္းရင္းသားေတြရဲ့ အသံကို အေမရိကန္သံအမတ္ထံကတဆင့္ ေဖာ္ထုတ္ဖို႔ ရည္ရြယ္တာျဖစ္ေၾကာင္းနဲ႔ အဓိက ေတာင္းဆိုခဲ့တဲ့ အခ်က္ေတြကို အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီေန႔က်ေတာ့ အခ်က္ ၅ ခ်က္နဲ႔ သြားတယ္ေပါ့ေနာ္။ စစ္အာဏာရွင္စနစ္ က်ေနာ္တုိ႔ အလုိမရိွဘူး။ တပ္ရဲ့ အာဏာသိမ္းမႈ အလိုမရိွဘူး။ ၿပီးရင္ ၂၀၀၈ ခုႏွစ္အေျခခံဥပေဒဖ်က္သိမ္းေပးၿပီးမွ ဒီ တိုင္းရင္းသားေတြ လိုလားတဲ့ ဖက္ဒရယ္ဒီမုိကေရစီစနစ္နဲ႔ ကိုက္ညီတဲ့ ဖဲြ႔စည္းပံုအေျခခံဥပေဒအသစ္ျပန္ေရးဆဲြေပးဖုိ႔ရယ္။ ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေပးဖို႔ေတြ က်ေနာ္တုိ႔ ေအာ္ပါတယ္။”

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြကုိ အေၾကာင္းျပၿပီး စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ဟာ လက္ခံႏုိင္စရာ မရွိတာေၾကာင့္ ကန္႔ကြက္ဆႏၵျပရတာလုိ႔လည္း ဆလိုင္းေထာင္းေထာင္းက ေျပာပါတယ္။

“က်ေနာ္တုိ႔အားလံုးရဲ့ ေလာေလာဆယ္ ပထမဆံုးလုပ္ဖုိ႔ကေတာ့ ဒီ ျပည္သူေတြ ေရြးခ်ယ္တဲ့အဖဲြ႔ကိုေပါ့ေနာ္... ဒီလုိပံုစံနဲ႔ အာဏာသိမ္းတာကေတာ့ လံုး၀(လံုး၀)ကို မျဖစ္သင့္ဘူးလုိ႔ က်ေနာ္တုိ႔ ျမင္တယ္။ ၿပီးရင္ တစ္ျခား UEC ကိစၥေတြ သူတို႔ လုပ္ရင္လည္း တစ္ျခားနည္းလမ္းနဲ႔ အာဏာသိမ္းတဲ့နည္းလမ္းမဟုတ္ဘဲ လုပ္ခ်င္လုပ္ပါ။ က်ေနာ္တုိ႔အေနနဲ႔ လက္နက္ကိုအားကိုးၿပီးမွ အာဏာသိမ္းတာကေတာ့ လံုး၀ကို လက္မခံဘူးေပါ့ေနာ္။ ၿပီးရင္ ဒီကိစၥက NLD ပါတီနဲ႔ သီးသန္႔နဲ႔ ဆုိင္တဲ့ဟာ မဟုတ္ဘူး။ က်ေနာ္တုိ႔ ဆုိရင္လည္း NLD ပါတီကို ေ၀ဖန္ခဲ့တယ္။ အားမရခဲ့တာအမ်ားၾကီးရိွတယ္။ အခုအခ်ိန္မွာလည္း အားမရတာ တခ်ိဳ႔ ရိွတယ္။ ဒါေပမဲ့ ဒီ အရပ္သားအစိုးရကို က်ေနာ္တုိ႔ လုိခ်င္တယ္။ ဒါ ပါတီႏိုင္ငံေရးနဲ႔ လံုး၀မဆိုင္ဘူး။ စစ္အာဏာရွင္စနစ္ Dictatorship ဆိုတာ လံုး၀(လံုး၀) မလိုလားပါဘူး။”

ဆႏၵျပပဲြမွာ ပါ၀င္ခဲ့တဲ့ ကရင္လူငယ္ကြန္ရက္က ေနာ္အက္စ္တာခ်စ္ကေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ စစ္အာဏာရွင္စနစ္ ဖ်က္သိမ္းေရးအတြက္ ပါ၀င္ခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။

“အဓိက ထားတာက ဖက္ဒရယ္ျပည္ေထာင္စုေပါ့ေနာ္။ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ဖုိ႔ရယ္ ၿပီးသြားေတာ့ ၂၀၀၈ ဖဲြ႔စည္းပံု ဖ်က္သိမ္းဖို႔ရယ္။ ၿပီးသြားေတာ့ စစ္အာဏာရွင္စနစ္ ဖ်က္သိမ္းဖို႔ ေပါ့ေနာ္။ ဒီဟာက က်မတို႔ တုိင္းရင္းသားေတြခ်ည္း သီးသန္႔ၾကီးလုပ္လုိ႔ မရဘူး။ လက္ရိွျဖစ္ေနတဲ့ အေျခအေနမွာဆုိရင္ ျပည္မမွာရိွတဲ့ ဗမာတုိင္းရင္းသားေတြ လည္း ပူးေပါင္းဖုိ႔ လုိတယ္ေပါ့ေနာ္။ က်မတို႔ တုိင္းရင္းသားေတြ အထူးသျဖင့္ ကရင္ေတြဆုိ စစ္အာဏာရွင္ၾကီးကို ဖီဆန္လာတာ ျငင္းဆန္ၿပီး တံု႔ျပန္လာတာ ႏွစ္ ၇၀ေက်ာ္ၿပီ မရေသးဘူးဆိုေတာ့ ဒါကို ၾကည့္ျခင္းအားျဖင့္ က်မတို႔ စည္းလံုးမႈမရိွရင္ေတာ့ က်မတို႔ ဘံုရန္သူကိုေတာ့ က်မတို႔ ေခ်မႈန္းႏိုင္မွာ မဟုတ္ဘူးေပါ့ေနာ္။”

ဒီကေန႔ ဆႏၵျပပဲြမွာ တုိင္းရင္းသားလူငယ္ ေထာင္နဲ႔ခ်ီ ပူးေပါင္းပါ၀င္ခဲ့ေၾကာင္းနဲ႔ ဒီထက္ပိုၿပီး စုစည္းဖုိ႔ လိုအပ္ေနေၾကာင္းလည္း ဆက္ေျပာပါတယ္။

တိုင္းရင္းသားလူငယ္ေတြဟာ အေမရိကန္သံရံုးေရွ႔မွာ သူတုိ႔ေဟာေျပာဖုိ႔ ျပင္ဆင္ခဲ့ေပမဲ့ ဆႏၵျပသူေတြမ်ားျပားၿပီး ေနရာ မရတဲ့အတြက္ ေဟာေျပာႏိုင္ျခင္း မရိွခဲ့ပါဘူး။ ခ်င္းလူငယ္အဖဲြ႔က သံရံုးကို အိတ္္ဖြင့္ေပးစာတစ္ေစာင္ေပးခဲ့ၾကပါတယ္။

ဒီကေန႔ တကၠသိုလ္ရိပ္သာလမ္းက အေမရိကန္သံရံုးေရွ႔မွာမွာ အစိုးရ၀န္ထမ္းေတြအပါအ၀င္ ေသာင္းနဲ႔ခ်ီတဲ့ျပည္သူေတြစုရံုးၿပီး ေၾကြးေၾကာ္သံေတြ ဟစ္ေအာ္ဆႏၵျပခဲ့သလို ရဲတပ္ဖဲြ႔ကလည္း အဓိက လူစုရံုးရာ လွည္းတန္းနဲ႔ ဆက္သြယ္ထားတဲ့ တကၠသိုလ္ရိပ္သာလမ္းပိုင္းကို ပိတ္ဆို႔ဟန္႔တားတာေတြ ရိွခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး တိုင်းရင်းလူငယ်တွေတောင်းဆိုဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ၄ ရက်မြောက် နေ့မှာတော့ ထောင်ဂဏန်းရှိတဲ့ တိုင်းရင်းသား လူငယ်တွေလည်း ပူးပေါင်းပါဝင်လာပါတယ်။ ရန်ကုန်မြို့က အမေရိကန်သံရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ လှုပ်ရှားမှုမှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးကိုပါ ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့က ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း ထောင်ဂဏန်းရှိတဲ့ တိုင်းရင်းသားလူငယ်တွေ ပြည်လမ်းမပေါ်က နိုဗိုတယ်လ်ဟိုတယ်မှာ စုဝေးပြီး အမေရိကန်သံရုံးကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို ချင်းကျောင်းသားလူငယ်တွေက ဦးဆောင်ခဲ့ပြီး ကရင်၊ ကချင်၊ ရှမ်း၊ တောင်ရိုး၊နာဂစတဲ့ တိုင်းရင်းသားတွေလည်း စုပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ချင်း လူငယ်အဖွဲ့က ဆလိုင်းထောင်းထောင်းက တိုင်းရင်းသားတွေရဲ့ အသံကို အမေရိကန်သံအမတ်ထံကတဆင့် ဖော်ထုတ်ဖို့ ရည်ရွယ်တာဖြစ်ကြောင်းနဲ့ အဓိက တောင်းဆိုခဲ့တဲ့ အချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ကျတော့ အချက် ၅ ချက်နဲ့ သွားတယ်ပေါ့နော်။ စစ်အာဏာရှင်စနစ် ကျနော်တို့ အလိုမရှိဘူး။ တပ်ရဲ့ အာဏာသိမ်းမှု အလိုမရှိဘူး။ ပြီးရင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေဖျက်သိမ်းပေးပြီးမှ ဒီ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပြန်ရေးဆွဲပေးဖို့ရယ်။ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ပေးဖို့တွေ ကျနော်တို့ အော်ပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိတာကြောင့် ကန့်ကွက်ဆန္ဒပြရတာလို့လည်း ဆလိုင်းထောင်းထောင်းက ပြောပါတယ်။

“ကျနော်တို့အားလုံးရဲ့ လောလောဆယ် ပထမဆုံးလုပ်ဖို့ကတော့ ဒီ ပြည်သူတွေ ရွေးချယ်တဲ့အဖွဲ့ကိုပေါ့နော်... ဒီလိုပုံစံနဲ့ အာဏာသိမ်းတာကတော့ လုံးဝ(လုံးဝ)ကို မဖြစ်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်။ ပြီးရင် တစ်ခြား UEC ကိစ္စတွေ သူတို့ လုပ်ရင်လည်း တစ်ခြားနည်းလမ်းနဲ့ အာဏာသိမ်းတဲ့နည်းလမ်းမဟုတ်ဘဲ လုပ်ချင်လုပ်ပါ။ ကျနော်တို့အနေနဲ့ လက်နက်ကိုအားကိုးပြီးမှ အာဏာသိမ်းတာကတော့ လုံးဝကို လက်မခံဘူးပေါ့နော်။ ပြီးရင် ဒီကိစ္စက NLD ပါတီနဲ့ သီးသန့်နဲ့ ဆိုင်တဲ့ဟာ မဟုတ်ဘူး။ ကျနော်တို့ ဆိုရင်လည်း NLD ပါတီကို ဝေဖန်ခဲ့တယ်။ အားမရခဲ့တာအများကြီးရှိတယ်။ အခုအချိန်မှာလည်း အားမရတာ တချို့ ရှိတယ်။ ဒါပေမဲ့ ဒီ အရပ်သားအစိုးရကို ကျနော်တို့ လိုချင်တယ်။ ဒါ ပါတီနိုင်ငံရေးနဲ့ လုံးဝမဆိုင်ဘူး။ စစ်အာဏာရှင်စနစ် Dictatorship ဆိုတာ လုံးဝ(လုံးဝ) မလိုလားပါဘူး။”

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်လူငယ်ကွန်ရက်က နော်အက်စ်တာချစ်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ပါဝင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“အဓိက ထားတာက ဖက်ဒရယ်ပြည်ထောင်စုပေါ့နော်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ရယ် ပြီးသွားတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းဖို့ရယ်။ ပြီးသွားတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းဖို့ ပေါ့နော်။ ဒီဟာက ကျမတို့ တိုင်းရင်းသားတွေချည်း သီးသန့်ကြီးလုပ်လို့ မရဘူး။ လက်ရှိဖြစ်နေတဲ့ အခြေအနေမှာဆိုရင် ပြည်မမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေ လည်း ပူးပေါင်းဖို့ လိုတယ်ပေါ့နော်။ ကျမတို့ တိုင်းရင်းသားတွေ အထူးသဖြင့် ကရင်တွေဆို စစ်အာဏာရှင်ကြီးကို ဖီဆန်လာတာ ငြင်းဆန်ပြီး တုံ့ပြန်လာတာ နှစ် ၇၀ကျော်ပြီ မရသေးဘူးဆိုတော့ ဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ စည်းလုံးမှုမရှိရင်တော့ ကျမတို့ ဘုံရန်သူကိုတော့ ကျမတို့ ချေမှုန်းနိုင်မှာ မဟုတ်ဘူးပေါ့နော်။”

ဒီကနေ့ ဆန္ဒပြပွဲမှာ တိုင်းရင်းသားလူငယ် ထောင်နဲ့ချီ ပူးပေါင်းပါဝင်ခဲ့ကြောင်းနဲ့ ဒီထက်ပိုပြီး စုစည်းဖို့ လိုအပ်နေကြောင်းလည်း ဆက်ပြောပါတယ်။

တိုင်းရင်းသားလူငယ်တွေဟာ အမေရိကန်သံရုံးရှေ့မှာ သူတို့ဟောပြောဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဆန္ဒပြသူတွေများပြားပြီး နေရာ မရတဲ့အတွက် ဟောပြောနိုင်ခြင်း မရှိခဲ့ပါဘူး။ ချင်းလူငယ်အဖွဲ့က သံရုံးကို အိတ်ဖွင့်ပေးစာတစ်စောင်ပေးခဲ့ကြပါတယ်။

ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာမှာ အစိုးရဝန်ထမ်းတွေအပါအဝင် သောင်းနဲ့ချီတဲ့ပြည်သူတွေစုရုံးပြီး ကြွေးကြော်သံတွေ ဟစ်အော်ဆန္ဒပြခဲ့သလို ရဲတပ်ဖွဲ့ကလည်း အဓိက လူစုရုံးရာ လှည်းတန်းနဲ့ ဆက်သွယ်ထားတဲ့ တက္ကသိုလ်ရိပ်သာလမ်းပိုင်းကို ပိတ်ဆို့ဟန့်တားတာတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG