သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အဆင့်မြင့်နိုင်ငံရေးနဲ့ စစ်ရေးဆက်ဆံမှု နယူးဇီလန်ရပ်ဆိုင်း


နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden။
နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden။

[Zawgyi/Unicode]

နယူးဇီလန်အစိုးရနဲ့ မြန်မာနိုင်ငံကြားက ရှိထားတဲ့ အဆင့်မြင့် နိုင်ငံရေးနဲ့ စစ်ဆေးအဆက်အသွယ်အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden က ဖေော်ဝါရီလ ၉ ရက်၊ အင်္ဂါနေ့မှာ ကြေငြာလိုက်ပါတယ်။

"မြန်မာနိုင်ငံနဲ့ ရှိထားတဲ့ အဆင့်မြင့်နိုင်ငံရေးနဲ့ စစ်ရေးဆက်သွယ်ဆောင်ရွက်မှုအားလုံးကို နယူးဇီလန်နိုင်ငံက ရပ်ဆိုင်းလိုက်ပါပြီ။ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ နယူးဇီလန်နိုင်ငံရဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်ထဲမှာလည်း စစ်အစိုးရကို အထောက်အကူဖြစ်စေတာ၊ ဒါမှမဟုတ် စစ်အစိုးရ အကျိုးအမြတ်ဖြစ်စေမယ့် အစီအစဉ်တွေ လုံးဝမပါအောင် ဝန်ကြီး Mahuta ကလည်း ညွှန်ကြားထားပါပြီ။" လို့ ဝန်ကြီးချုပ် Arden ကပြောဆိုသွားတာပါ။

မြန်မာစစ်ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်တားမြစ်ဖို့ကိုလည်း သူ့အစိုးရအဖွဲ့က သဘောတူထားကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ ဝန်ကြီးချုပ် Arden က ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta ကလည်း စစ်တပ်ကဦးဆောင်တဲ့အစိုးရရဲ့ တရားဝင်ဖြစ်မှုကို အသိအမှတ်မပြုသလို ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးပြီး အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ကြေငြာချက်တခု သီးခြားထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာကြောင့် မြန်မာနိုင်ငံနေရာအနှံ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်နေတာပါ။ စစ်အုပ်ချုပ်ရေးကို မလိုလားကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ civil disobedience လှုပ်ရှားမှုတွေထဲမှာလည်း ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေအပြင် အစိုးရဝန်ထမ်းတွေပါ ပါဝင်လာနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG