(Zawgyi/Unicode)
ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီအေနနဲ႔ ျမန္မာႏုိင္ငံဆုိင္ရာ အထူးအစည္းအေ၀းတရပ္ကိုက်င္းပဖို႔ ၿဗိတိန္ႏုိင္ငံ နဲ႔ ဥေရာပသမဂၢတုိ႔က လူ႔အခြင့္အေရးေကာင္စီကို တုိက္တြန္းလိုက္ပါတယ္။ စစ္တပ္အာဏာသိမ္းမႈကို တုံ႔ျပန္တဲ့အေနနဲ႔ အခုလို တိုက္တြန္း ေတာင္းဆုိလိုက္တာျဖစ္တယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီဆုိင္ရာ ၿဗိတိန္သံအမတ္ကေျပာပါတယ္။ AFP သတင္းေဆာင္းပါးကို အေျခခံၿပီးေတာ့ ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။
ျမန္မာႏုိင္ငံမွ ာလက္ရွိျဖစ္ေနတဲ့ ႏုိင္ငံေရးအၾကပ္အတည္းကို ေျဖရွင္းဖို႔အတြက္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီအေနနဲ႔ အထူးအစည္းအေ၀းတရပ္က်င္းပဖို႔ ၿဗိတိန္ နဲ႔ ဥေရာပသမဂၢတုိ႔က တနလၤာေန႔မွာ ေတာင္းဆုိလိုက္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္ေခါင္းေဆာင္ေတြက အာဏာသိမ္းၿပီး တပတ္အၾကာ တနလၤာေန႔က ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕မွာ လုပ္တဲ့ လူ႔အခြင့္အေရးေကာင္စီရဲ႕အစည္းအေ၀းအတြင္း ၿဗိတိန္သံအမတ္ႀကီး Julian Braitwaite က ေျပာသြားတာျဖစ္ပါတယ္။
“ျမန္မာႏုိင္ငံကႏုိင္ငံေရးအၾကပ္အတည္းေတြေၾကာင့္ ျဖစ္လာမယ့္ လူ႔အခြင့္အေရးဆုိင္ရာဂယက္႐ုိက္ခတ္မႈေတြနဲ႔ပတ္သက္ၿပီး အထူးအစည္းအေ၀းတရပ္က်င္းပဖို႔ ၿဗိတိန္ႏုိင္ငံအေနနဲ႔ ဥေရာပသမဂၢနဲ႔ အတူ ေတာင္းဆုိထားတယ္လို႔ ဒီအစည္းအေ၀းမွာ တက္ေရာက္ေနတဲ့သူေတြကို အသိေပးေျပာၾကားလိုပါတယ္။”
ျမန္မာစစ္တပ္က ၿပီးခဲ့တဲ့ တပတ္က ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ သမၼတဦး၀င္းျမင့္အပါအ၀င္ NLD ပါတီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ၊ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ NLD အစိုးရဆီကေန အာဏာသိမ္းယူခဲ့တာပါ။ ျမန္မာစစ္တပ္က အဲဒီလို အာဏာသိမ္းခဲ့တဲ့အေပၚမွာ ႏုိင္ငံတကာအသုိင္းအ၀ုိင္းကလည္း ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်လိုက္ၿပီး၊ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို တုံ႔ျပန္တဲ့အေနနဲ႔ အခုလို လူ႔အခြင့္အေရးေကာင္စီမွာ အေရးေပၚ အထူးအစည္းအေ၀းက်င္းပဖို႔ ေတာင္းဆုိတာျဖစ္တယ္လို႔ ၿဗိတိန္သံအမတ္ႀကီး Braithwaite က ေျပာပါတယ္။
“ျမန္မာႏုိင္ငံမွာ ႏုိင္ငံေတာ္အေရးေပၚအေျခအေနေၾကျငာၿပီး၊ ဒီမုိကေရစီနည္းအရ ေရြးခ်ယ္တင္ေျမွာက္ထားတဲ့သူေတြ နဲ႔ အရပ္ဖက္အဖဲြ႔အစည္းေတြကို စစ္တပ္က ဥပေဒမဲ့ဖမ္းဆီးခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ အခုလို အထူးအစည္းအေ၀းတရပ္ကို က်င္းပဖုိ႔ေတာင္းဆုိလိုက္တာပါ။ အခုလို စစ္တပ္ကအာဏာသိမ္းတာဟာ ျမန္မာႏုိင္ငံရဲ႕ လူ႔အခြင့္အေရးအတြက္ အလြန္ကို စိုးရိမ္စရာေကာင္းတဲ့ အက်ိဳးဆက္ေတြရွိလာႏုိင္ပါတယ္။”
ျမန္မာႏုိင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနဟာ အလွ်င္အျမန္ကို ဆုိးရြားလာေနၿပီး၊ ျမန္မာျပည္သူေတြရဲ႕ ကံၾကမၼာကိုကယ္တင္ႏုိင္ဖို႔အတြက္ ဒီကိစၥကို ခ်က္ခ်င္းတုံ႔ျပန္ေဆာင္ရြက္သြားဖို႔လိုတယ္လို႔ Braithwaite က ေျပာလိုက္ပါတယ္။
“အရပ္သားအစိုးရကိုဖယ္ရွားၿပီး၊ ႏုိင္ငံေရးေခါင္းေဆာင္ေတြ၊ လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူေတြ၊ သတင္းေထာက္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြကို စစ္တပ္က ဖမ္းဆီးသြားတဲ့အေပၚမွာ လူ႔အခြင့္အေရးေကာ္မရွင္နာမင္ႀကီးက အထူးပဲ စိုးရိမ္ေၾကာင္း ေဖာ္ျပခဲ့ၿပီး၊ သူမရဲ႕ ေတာင္းဆုိမႈေတြကို က်ေနာ္တုိ႔ အေနနဲ႔ ုတံုံ႔ျပန္ေဆာင္ရြက္ဖို႔လိုပါတယ္။”
ဒီအထူးအစည္းေ၀းကိုေခၚယူဖို႔ ေထာက္ခံသူေတြအေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းတရပ္ကို လူ႔အခြင့္အေရးေကာင္စီရဲ႕ တျခားအဖဲြ႔အ၀င္ေတြကို မၾကာခင္မွာ အျမန္ဆုံးအသိေပးသြားမွာျဖစ္တယ္လို႔ သူကေျပာပါတယ္။
ဒီအဆိုျပဳခ်က္ဥပေဒၾကမ္းကို လူအခြင့္အေရေကာင္စီအဖဲြ႔၀င္ ၄၇ ႏုိင္ငံထဲက ေနာက္ထပ္ ၁၉ ႏုိင္ငံလည္း ေထာက္ခံတယ္လို႔ ေျပာပါတယ္။ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ ဒီပန္ၾကားခ်က္ကို လက္ခံဖို႔အတြက္ အဖဲြ႔၀င္ႏုိင္ငံေတြထဲက အနည္းဆုံး ၃ ပုံ ၁ ပုံ ေထာက္ခံဖို႔လိုအပ္ၿပီး၊ အခုလို ေထာက္ခံမႈရထားတဲ့အတြက္ မူအားျဖင့္ေတာ့ ၊လာမယ့္ ေဖေဖာ္၀ါရီ ၂၂ ရက္ေန႔မွာ က်င္းပမယ့္ လူအခြင့္အေရးေကာင္စီပုံမွန္အစည္ညအေ၀းမတုိင္ခင္ အထူးအစည္းအေ၀းတရပ္ကို က်င္းပသြားႏုိင္ဖို႔ လမ္းပြင့္သြားၿပီျဖစ္ပါတယ္။
.............
မြန်မာအရေး အထူးဆွေးနွေးပွဲ ကျင်းပဖို့ ကုလလူ့အခွင့်အရေးကောင်စီကို ဗြိတိန် နဲ့ EUတောင်းဆို
(Unicode)
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတရပ်ကိုကျင်းပဖို့ ဗြိတိန်နိုင်ငံ နဲ့ ဥရောပသမဂ္ဂတို့က လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်တွန်း တောင်းဆိုလိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင်ရာ ဗြိတိန်သံအမတ်ကပြောပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီးတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ အထူးအစည်းအဝေးတရပ်ကျင်းပဖို့ ဗြိတိန် နဲ့ ဥရောပသမဂ္ဂတို့က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းပြီး တပတ်အကြာ တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လုပ်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးအတွင်း ဗြိတိန်သံအမတ်ကြီး Julian Braitwaite က ပြောသွားတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံကနိုင်ငံရေးအကြပ်အတည်းတွေကြောင့် ဖြစ်လာမယ့် လူ့အခွင့်အရေးဆိုင်ရာဂယက်ရိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီး အထူးအစည်းအဝေးတရပ်ကျင်းပဖို့ ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ အတူ တောင်းဆိုထားတယ်လို့ ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့သူတွေကို အသိပေးပြောကြားလိုပါတယ်။”
မြန်မာစစ်တပ်က ပြီးခဲ့တဲ့ တပတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရဆီကနေ အာဏာသိမ်းယူခဲ့တာပါ။ မြန်မာစစ်တပ်က အဲဒီလို အာဏာသိမ်းခဲ့တဲ့အပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို လူ့အခွင့်အရေးကောင်စီမှာ အရေးပေါ် အထူးအစည်းအဝေးကျင်းပဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး Braithwaite က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံတော်အရေးပေါ်အခြေအနေကြေငြာပြီး၊ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားတဲ့သူတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို စစ်တပ်က ဥပဒေမဲ့ဖမ်းဆီးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို အထူးအစည်းအဝေးတရပ်ကို ကျင်းပဖို့တောင်းဆိုလိုက်တာပါ။ အခုလို စစ်တပ်ကအာဏာသိမ်းတာဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအတွက် အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အကျိုးဆက်တွေရှိလာနိုင်ပါတယ်။”
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အလျှင်အမြန်ကို ဆိုးရွားလာနေပြီး၊ မြန်မာပြည်သူတွေရဲ့ ကံကြမ္မာကိုကယ်တင်နိုင်ဖို့အတွက် ဒီကိစ္စကို ချက်ချင်းတုံ့ပြန်ဆောင်ရွက်သွားဖို့လိုတယ်လို့ Braithwaite က ပြောလိုက်ပါတယ်။
“အရပ်သားအစိုးရကိုဖယ်ရှားပြီး၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို စစ်တပ်က ဖမ်းဆီးသွားတဲ့အပေါ်မှာ လူ့အခွင့်အရေးကော်မရှင်နာမင်ကြီးက အထူးပဲ စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး၊ သူမရဲ့ တောင်းဆိုမှုတွေကို ကျနော်တို့ အနေနဲ့ ုတုံံ့ပြန်ဆောင်ရွက်ဖို့လိုပါတယ်။”
ဒီအထူးအစည်းဝေးကိုခေါ်ယူဖို့ ထောက်ခံသူတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို လူ့အခွင့်အရေးကောင်စီရဲ့ တခြားအဖွဲ့အဝင်တွေကို မကြာခင်မှာ အမြန်ဆုံးအသိပေးသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီအဆိုပြုချက်ဥပဒေကြမ်းကို လူအခွင့်အရေကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံထဲက နောက်ထပ် ၁၉ နိုင်ငံလည်း ထောက်ခံတယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေးကောင်စီအနေနဲ့ ဒီပန်ကြားချက်ကို လက်ခံဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေထဲက အနည်းဆုံး ၃ ပုံ ၁ ပုံ ထောက်ခံဖို့လိုအပ်ပြီး၊ အခုလို ထောက်ခံမှုရထားတဲ့အတွက် မူအားဖြင့်တော့ ၊လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျင်းပမယ့် လူအခွင့်အရေးကောင်စီပုံမှန်အစည်ညအဝေးမတိုင်ခင် အထူးအစည်းအဝေးတရပ်ကို ကျင်းပသွားနိုင်ဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။